Numéro douze

1.5K 332 76
                                    


Unicode

" အဖေ နိုးပြီလား ? "

မျက်နှာသစ်ဖို့အတွက် ရေချိုးခန်းထဲဝင်တော့ သူ့ကို ရယ်ပြကာ မှန်ကြည့်နေသည့် ကောင်လေးကြောင့် နာရီကို ကမန်းကတန်း ကြည့်လိုက်မိသည်။ ခုနစ်နာရီသာ ရှိသေး။ စောစောစီးစီး နိုးနေသည့် သားဖြစ်သူကြောင့် ပြုံးလိုက်တော့ ကောင်လေးက ရှက်သလိုဖြစ်သွားသည်။ သူ့အပြုံးကို သိလို့ထင်ပါ့။

" ညက အစောကြီးအိပ်လိုက်လို့ နိုးနေတာ။ အဲ့တာနဲ့ ပြန်အိပ်လို့မရတော့လို့။ "

Jemond တစ်ချက်ရယ်လိုက်ပြီး ...

" အဖေ ဘာပြောလို့လဲ ငါ့သားရဲ့ "

" မသိဘူးဗျာ၊ မနက်စာစားပြီးရင် cable car သွားစီးရအောင်နော်။ "

ရယ်ကျဲကျဲဖြင့် ပြောလာသူကို မငြင်းရက်။ သူ၏သားငယ်က တအားချစ်ဖို့ကောင်းနေတာကြောင့် ဖြစ်မည်ထင်၏။

" အံမယ် ... Danton Fortinတို့က ဘယ်သွားရမယ်၊ ဘာလုပ်ရမယ်ဆိုတာတောင် အစီအစဉ်ချထားပြီးပြီ ဆိုပါတော့။ "

" ဟီးးး "

Jemondကို ဘာမှပြန်မပြောဘဲ မျက်နှာချိုသွေးကာ ရေချိုးခန်းထဲမှ ထွက်လာလိုက်သည်။ အပြင်သွားရမည်ဆိုသည့် အသိကြောင့်လားမသိ။ Jiminစိတ်အစုံက ကြည်လင်ပြီး ပျော်ရွှင်နေသည်။ သူ့အား အလိုလိုက်သည့် ဖခင်ဖြစ်သူက လိုက်ပို့ခြင်းကြောင့် ပို၍ပျော်ရွှင်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

Jemond ပြင်ဆင်ပြီးတော့ Hotelက ဝန်ဆောင်မှုပေးထားသည့် အရသာရှိသော နံနက်စာကို သူတို့သားအဖနှစ်ယောက် မြိန်ရည်ယှက်ရည် စားသောက်ကြသည်။ ဗိုက်တင်းသွားတော့ ခဏလောက်နားနေကြ၏။ အနည်းငယ် ပူနေသည့် ဗိုက်နှစ်လုံးကို အပြန်အလှန်ကြည့်ပြီး သားအဖနှစ်ယောက်သည် ပွဲကျသွားကြပါတော့သည်။

" Mr.Jemond Fortinရဲ့ ဗိုက်က ပူနေတာပဲ။ ကြည့်ပါဦး ဟားဟား ! "

" ဘာထူးသလဲ။ Mr.Danton Fortinရဲ့ ဗိုက်ကလေးကရော လုံးတစ်နေတာပဲ "

Jimin၏ဗိုက်ကလေးကို မနာအောင် ခပ်ဖွဖွလေး ရိုက်လိုက်ပြီး Jemondက ပြန်၍စ,နောက်စကား ဆိုသည်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးစိပြုံးစိ လုပ်လို့ကောင်းနေကြတုန်း။

IN THE HEART AND HALF Where stories live. Discover now