Numéro neuf

1.5K 357 26
                                    

Unicode

" ငါ့ကို မကျေနပ်တာ တစ်ခုခုများရှိနေတာလား ? "

Jimin မနေနိုင်ဘဲ မေးမိသွားသည်။ Lauterburnnenကနေ ပြန်လာကတည်းက Jungkookသည် သူနှင့်အကြည့်ချင်းဆုံပါက လွှဲသွားပြီး မျက်နှာလည်း မကောင်းတာကို သူသည် ရိပ်မိသည်။ ဘာမှဖြစ်တာ မဟုတ်လောက်ပါဘူးဟု ထင်ထားသော်လည်း စိတ်ထဲတမျိုး ခံစားနေရတာကြောင့် မေးလိုက်မိသွား၏။

ခေါင်းလည်းမခါ၊ ခေါင်းလည်းမညိတ်။ သည်အတိုင်းပဲ ဟိုးအမြင့်က တောင်ကုန်းကြီးတွေကိုသာ ကြည့်နေသည့် Jungkookဟာ သူ့ကို မကျေနပ်နေမှန်း သူသဘောပေါက်လိုက်သည်။ Jungkookက စကားမပြောနိုင်ပေမယ့် မညာတတ်ဘူးလေ။ အထူးသဖြင့် သူ၏တောက်ပနေသည့် မျက်ဝန်းတွေပေါ့။

" ပြောပါဆိုကွာ ... ၊ ပြောမှ ငါကသိပြီး ဘာအမှားလုပ်မိလဲဆိုတာ သိမှာပေါ့လို့။ "

ပေတေတေကောင်လေးက တစ်ခွန်းတစ်လေတောင် ဟခြင်းမရှိ။ ပေကပ်ကပ်လုပ်နေသည့်သူ့ကိုကြည့်ပြီး မျက်ပေတုံးလေးသည် သက်ပြင်းချမိသည်။ အနေအေးသည့် Jungkookသည် စိတ်ဆိုးစိတ်ကောက်တတ်မှန်း သူ,မထင်ထားရိုးအမှန်ပါ။

ဟုတ်တော့လည်းဟုတ်ပါသည်။ Jungkookကလည်း သွေးသားဖြင့် တည်ဆောက်ထားသည့် သာမန်ကောင်ငယ်လေး တစ်ယောက် မဟုတ်ပါလား။ ဘယ်လောက် ရင့်ကျက်ပြီး တည်ငြိမ်သည့်ပုံစံမျိုး ဖြစ်နေပါစေ။ သူလည်း စိတ်ဆိုးစိတ်ကောက်တတ်မှာပေါ့လေဟု Jiminသည် ဖြည့်တွေးလိုက်သည်။ သို့သော်လည်း ဘာကြောင့် သူ့အား စိတ်ဆိုးနေသလဲဆိုတာကိုတော့ သူ,မသိတာကြောင့် သိချင်နေမိသည်။

" မင်းပြောဖို့ အစီအစဉ်မရှိတော့ဘူးလား ? "

လေသံမာမာဖြင့် မေးလိုက်ခြင်းသည် ဘာကြောင့်မှတော့မဟုတ်။ မပြော,ပြောလာအောင် ခြောက်လိုက်ခြင်း ဖြစ်၏။ သို့သော်လည်း ပေတေတေလုပ်နေသည့် ကောင်လေးဆီမှ တုံ့ပြန်မှု တစ်စက်ကလေးတောင် မလာတာကြောင့် မျက်ပေတုံးလေးကသာ ဟူးလ်ခနဲ မြည်အောင် လေပူတွေကို မှုတ်ထုတ်လိုက်ပြီး စိတ်ပျက်လက်ပျက် နေလိုက်မိ၏။

" ဒါနဲ့ မင်းက ဘယ်ကျောင်းမှာတက်တာလဲ ? ကျောင်းတက်တယ်မလား ? "

IN THE HEART AND HALF Where stories live. Discover now