Numéro vingt-cing

1.3K 315 192
                                    

Unicode

" လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ... "

" ဟာ ... တကယ်ပါပဲ !! "

" ဘာဖြစ်တာလဲ ငါ့ကောင်ကြီး "

ဆိုင်ထဲက လူတချို့တလေ လှည့်ကြည့်လာကြတာမြင်သော်လည်း ဂရုမစိုက်အားဘဲ ခေါင်းကိုငိုက်စိုက်ချလိုက်ပြီး အော်လိုက်ပြန်သည်။ ဘေးနားက သူ့သူငယ်ချင်းကလည်း စိတ်ပူသလိုကြည့်နေတုန်းဖြစ်သလို အရှေ့က Théodoreကလည်း ကြည့်နေဆဲဖြစ်သည်။

" တကယ်ပဲ ဘာဖြစ်နေတာလဲကွာ !! "

တကယ်ပါ၊ Jungkookနဲ့ပတ်သက်လာလျှင် မျက်ရည်က သိပ်လွယ်တာ ကိုယ့်ကိုယ်ကို အသိဆုံးပဲ။ ဒုတိယနှစ်စာမေးပွဲကြီး မဖြေခင်ကတည်းက Jungkookဘက်ကနေ အဆက်အသွယ် မလုပ်လာတာ။ ထားပါတော့လေ၊ စာတွေနဲ့ပိနေလို့ မအားတာဖြစ်မှာပါဆိုပြီး ဖြည့်တွေးပေးခဲ့သည်။ အခု ကျောင်းပိတ်တဲ့ကာလက တစ်လတောင်ပြည့်တော့မည်။ နောက်တစ်လပြီးလျှင် တတိယနှစ် တက်ရမှာ။ သူဆို နောက်ဆုံးနှစ်ပေါ့။ Jungkookကတော့ တတိယနှစ်။

ဘာလို့ အဆက်အသွယ်မလုပ်သလဲဆိုတာ အဖြေရှာလို့မရ။ ဖုန်းဆက်တိုင်း သည်လိုဖြစ်နေကတည်းက Blockခံထားရမှန်း သဘောပေါက်သော်လည်း အကြောင်းအရင်းမသိ၊ အကြောင်းအရင်း မရှိဘဲ အဲ့လိုအလုပ်ခံရသည်မို့ သေလောက်အောင် ခံပြင်းမိသည်။ ကျောင်းပိတ်ရက်မို့ ကတိပေးထားခဲ့တဲ့အတိုင်း သည်တစ်ခေါက်တော့ ပြန်လာမယ်လို့ မျှော်လင့်ခဲ့သော်လည်း အချည်းနှီးပါပဲ။ သူ့(Jungkook)အမေကလည်း မျှော်နေရှာတာကို အဆက်အသွယ် တစ်ချက်ကလေးတောင် မလုပ်ဘဲ နေနိုင်ရက်တာ တကယ်ချီးကျူးသင့်ပါသည်။

လက်ခုပ်လက်ဝါး တဖြောင်းဖြောင်း တီးပြီး ချီးကျူးဂုဏ်မြှောက်လိုက်ချင်မိပါဘိ ဟက် !

" ဘယ်သူ့ကိုဆက်နေတာလဲ။ အခုတလော ဖုန်းနဲ့လူနဲ့ကို မခွာဘူး။ "

" ကျောင်းပိတ်တုန်းလေး relaxဖြစ်အောင် နေစမ်းပါ "

Beau ရော Théodoreရောက ရှေ့ဆင့်နောက်ဆင့် ပြောလာတာမို့ ခေါင်းကိုပြန်မော့လိုက်ပြီး ဖုန်းကို ချလိုက်ကာ သူတို့နှစ်ယောက်ကို ပြုံးပြလိုက်သည်။

IN THE HEART AND HALF Where stories live. Discover now