Part 25

4.6K 309 9
                                    

ရှောင်းကျန့် ရောက်သွားတဲ့အချိန်မှာ ကျန်တဲ့ ခုံတွေစားပွဲတွေက လူပြည့်နေပြီး ယူရီဘေးခုံတစ်ခုသာ လွတ်နေသည်။
အနုပညာအသိုင်းအဝိုင်းက လူအနည်းငယ်လောက်ဘဲရှိပြီး အကုန်လုံးက ယူရီနဲ့ ရင်းနှီးသည့်လူများဖြစ်ကာ ရှောင်းကျန့် နဲ့သိသူ တစ်ယောက်နှစ်ယောက်သာပါသည်။

သီချင်းတွေ ဖွင့်လျက် ဆူညံနေကြသည့် ဒီလို ရုပ်စိရုပ်စိပွဲကိုခုချိန်မှာသူစိတ်မဝင်စားပေ။ ရှောင်ကျိုး ကလည်း သူတို့ဝိုင်းမှာ ထိုင်ကာ စိတ်လွတ်ကိုယ်လွတ်ပျော်နေသည်။
သူလည်းပင်ပန်းရှာမှာဘဲ၊ တစ်ခါတစ်လေ ပျော်ပါစေဟုသာ ကိုယ်ချင်းစာစိတ်အပြည့်နဲ့ လွှတ်ထားပေးလိုက်သည်။

ဘယ်တုန်းထဲက သောက်နေမှန်းမသ်ိသည့် ယူရီက စံချိန်ကိုက်ကာ ပါးစပ်ကလည်း ခက်သွက်သွက်ဖြစ်လို့နေ၏။

သို့ပေမဲ့ မူးတာတောင် လှလှပပမူးတုန်း

"ကျန့်ကျန့်....တကယ်လို့များ တို့သာ နယူးဇီလန်ကိုမသွားဖြစ်ရင် ယူလည်း သူနဲ့လက်ထပ်ရမှာမဟုတ်ဘူး''

ခေါင်းကို သူ့ဘက်စောင်းငဲ့ကြည့်လျက် စားပွဲပေါ်လက်ထောက်ကာပြောတော့ ရှောင်းကျန့်နဲ့ နီးကပ်စွာ..
ရှောင်းကျန့် မသိချင်ယောင်သာ ဆောင်နေလိုက်သည်။

ဝန်ထမ်းလေးတွေ လာချပေးသော အသားကင်တဖတ်က်ို ဆော့စ်နဲ့ တို့ပြီး ပါးစပ်ထဲ ထပ်ဝါးလိုက်သည်။
ယူရီတော့ ကို့ဘာသာ မထိန်းချုပ်နိုင်လောက်အောင်မူးနေပြီဆိုတာသူသိသည်။ မဟုတ်ရင် သူမလိုလူက ဒီစကားတွေ လွယ်လွယ်ဘယ်ထွက်ပါ့မလည်း..

" အဲ့ကောင်လေး ဝမ်ရိပေါ် ၊ သူက ယူ့အကြိုက်မဟုတ်ဘူး ၊ တို့သာ ဟိုကိုမသွားခဲ့ရင် လမ်းမခွဲဖြစ်ခဲ့ရင် ယူ့ကို တို့ဘဲ ပိုင်ဆိုင်ရမှာ၊ ဟုတ်တယ်မလား... အေ့..''

မျက်နှာက ဘီယာအရှိန်ကြောင့် နီးမြန်းမြန်းဖြစ်လျက် ယူရီကပြောသည်။
ဝမ်ရိပေါ်နာမည်ပါလာတော့ ရှောင်းကျန့်အပြုအမူတွေ တုန့်ဆိုင်းကုန်၏။

"ယူရီ၊ မင်း မူးနေရင် သွားနားသင့်ပြီ''

"မဟုတ်တာ၊ တို့မမူးဘူး.. ပြောပါအုံး.၊ ဝမ်ရိပေါ်သာ ပေါ်မလာခဲ့ရင် ယူက တို့အပိုင်ဖြစ်လာမှာ ၊ တို့မှာ စိတ်ကူးထားတာတွေ မျှော်လင့်ထားတာတွေ အများကြီးရှိတာ ၊ တို့ရဲ့အနာဂတ်က ယူနဲ့ဘဲ ပက်သက်နေတာ သိလား? "

LORD OF THE HEART (နှလုံးသားရဲ့ အရှင်သခင်)//completed//Where stories live. Discover now