ရောင်စုံမီးသီးများဖြင့် အလှဆင်ထားသော မြက်ခင်းပြင်ကျယ်ကြီးထက် တစ်စတစ်စ လူ လျော့နဲလာတယ် ။
ရုတ်ရုတ်သဲသဲဆူညံနေတဲ့ ပတ်ဝန်းကျင်က တစ်ခနအတွင်း သူမဟုတ်တော့သလိုဘဲ။ဝမ်ရိပေါ် တစ်ယောက် ထဲ ငေါင်စင်းစင်းထိုင်နေရာမှ ထရပ်လိုက်တော့ ကောင်လေးတစ်ယောက်က သူ့ဆီအမြန်ပြေးလာတာ တွေ့ရတယ်။
"သခင်လေး....ဟ်ိုလေ..''
"ဘာဖြစ်လို့လည်း?''
" boss အရမ်းမူးနေလို့ အဲဒါ...သူအခုအိမ်ပြန်မယ်ချည်းပြောနေလို့''
သူခေါင်းတစ်ချက်ညိမ့်ပြလိုက်တယ်။
"ကောင်းပြီ...ဘယ်အခန်းလည်းလိုက်ပြ!''
ကျန်နေသေးတဲ့ ဧည့်သည့်အနည်းငယ်ကိုဧည့်ခံနေတဲ့ ရှောင်းသခင်ကြီးနဲ့ သခင်မကိုသူနှုတ်ဆက်စကားပြောပြီး ထွက်လာခဲ့လိုက်တယ်။
ထင်တဲ့အတိုင်းဘဲ ရှောင်းကျန့်က စားပွဲဝိုင်းမှာ ခေါင်းမထူနိူင်တော့ဘူး။
ဘေးနားက အပေါင်းအသင်းတွေကလည်း လဲပြိုနေကြပြီ။
အရက်နံ့တွေနဲ့ ပွေပွနေတဲ့ စားပွဲကနေ သူရှောင်းကျန့်ကို ဆွဲထူလိုက်တယ်။မူးနေတဲ့ သူ့ခန္ဓာကိုယ် ကို ရိပေါ်တကယ် မနိုင်ဘူး။
အလုပ်သမားလေးအကူအညီနဲ့ဘဲ ကားထဲရောက်အောင်သွင်းရတယ်။ဒရိုင်ဘာ ကို အချက်ပြလို့အိမ်ကိုတန်းမောင်းခိုင်းခဲ့တယ်။
ဝတ်ထားတဲ့ suit ကို ချွတ်ပြစ်ချင်နေပြီ။
လည်ပင်းက နက်ခ်တိုင် ကို အသာလျော့လိုက်တယ်။မူးနေတဲ့ရှောင်းကျန်က တစ်ကိုယ်လုံး သူပေါ်ပြိုလဲကျနေတယ်။
စိတ်မသက်သာစွာနဲ့ဘဲ သက်ပြင်းအသာချလိုက်ရတယ်။
အနီရောင်တွေနဲ့ အလှဆင်ထားတဲ့ ကုတင်ကျယ်ကြီးပေါ် သူရှောင်းကျန့်ကို အသာ ချပြီး အဝတ်လဲ ရေပတ်တိုက်ပေးလိုက်တယ်။
မူးနေတဲ့လူက မျက်လုံးမသဲမကွဲပွင့်လာတယ်။
ရီဝေဝေမျက်ဝန်းအိမ်တွေက ရိပေါ်မျက်နှာကို ငေးကြည့်နေတယ်။" ယူရီ...''
အသစ်စက်စက်ခင်ပွန်းနှုတ်မှ တစ်ခြားတစ်ယောက်ရဲ့ နာမည်ထွက်လာတယ်။
ရိပေါ်မျက်ဝန်းကို ဘေးဘက်ရွှေ့လိုက်တယ်။