Part 32 (Final)💖💚

5.7K 293 22
                                    

" မောင်​လေးရေ ဒီမှာ ဦးငယ် အံပေါင်းပေးတော့မယ် ၊လာခဲ့!''

ရှောင်းကျန့်က အခန်းထဲမှစာအိတ်နီနှစ်ခုကိုယူလာတာမြင်သည်နှင့် နဂိုထဲက ချောင်းကြည့်နေတဲ့ ရှောင်းကျန့်ရဲ့တူမကြီး ရှောင်းယာယာ က မီးဖိုဆောင်မှာ ချက်ပြုတ်နေတဲ့ ရှောင်းသခင်မကြီး နားကပ်ရှုပ်နေသော သူ့မောင်ငယ်ကိုလှမ်းခေါ်သည်။

ရှောင်ကျန့်က သူတို့ကို တစ်​ယောက်တစ်အိတ်ပေးလိုက်လျှင် ရှောင်းပိုင်ရယ် တစ်ယောက် စပ်ဖြီးဖြီးဖြင့် စမ်းကြည့်နေသည်။

" အထူကြီးပဲ အတော်များမဲ့ပုံပဲ''

ရှောင်းကျန့်က သူ့တူကိုခေါင်းတစ်ချက်ပိတ်ခေါက်လိုက်သည်။

" မင်းတို့မောင်နှစ်မက ရလေလိုလေပဲ၊ ငါ့အစ်ကိုက တစ်ခါမှ မုန့်ဖိုးမပေးဖူးဘူးထင်တယ် ''

ဝမ်ရိပေါ်နဲ့ ဝရံတာမှာ ချက်ထိုးနေတဲ့ ရှောင်းကျန့်ရဲ့အကိုကြီး ရှောင်းသွမ့်က လှမ်းကြည့်လာသည်။

"မင်းတူတွေ ၊ တူမတွေကိုပဲ နိုင်အောင်ပြောလေ ညီငယ်၊ ငါ့ကိုဆွဲမထည့်ပါနဲ့ ''

" အိုး၊ ဦးငယ် ဆီက မုန့်ဖိုးရတော့ ကိုကိုလေးဝမ်ကရော ယာယာတို့အတွက် မုန့်ဖိုးမစီစဥ်ထားဘူးလား? "

ဝမ်ရိပေါ်ဆီသွားရှုပ်ဖို့ပြင်နေတဲ့ ရှောင်းယာယာကို ရှောင်းကျန့်က ဂုတ်ကပြန်ဆွဲထားသည်။

" နင့်ကို ဘယ်နှစ်ခါပြောရမလည်း? ရိပေါ်ကို ကိုကိုလို့မခေါ်ပါနဲ့ဆိုတာ၊ ဦးငယ်ရဲ့ ယောကျ်ားက ဝမ်ဦးငယ်လို့ပဲ ဖြစ်သင့်တာပေါ့ ''

" မခေါ်နိုင်ပါဘူး ၊ ယာယာ့ထက် နှစ်နှစ်ပဲပိုကြီးတာ ဘယ်လိုကြောင့် ဦးထည့်ခေါ်ရမလည်း? ကိုကိုက ကိုကိုပေါ့၊ ဦးထည့်ခေါ်စေချင်ရင် အစောကြီးထဲက အသက်ကြီးကြီးယူထားပါ့လား? "

ရှောင်းကျန့်မကြိုက်မှန်းသိ၍ ရှောင်းယာယာက မခံချင်အောင်ပြောသည်။
တကယ်လည်း ဝမ်ရိပေါ်နှင့် ရှောင်းယာယာက အသက် နှစ်နှစ်သာကွာသည်။
ရှောင်းကျန့်ရဲ့အကိုကြီးက ရှောင်းကျန့်ထက်အသက် ဆယ်နှစ်ပိုကြီးပြီး ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျကာ သူ့အမျိုးသမီးရှိတဲ့ အမေရိကကိုလိုက်နေပြီး အဲ့က အလုပ်တွေကို ဦးစီးနေတာဖြစ်သည်။

LORD OF THE HEART (နှလုံးသားရဲ့ အရှင်သခင်)//completed//Où les histoires vivent. Découvrez maintenant