Part 11

4.5K 385 7
                                    

ရှောင်းကျန့် ပြန်ရောက်တဲ့အချိန်မှာ ဝမ်ရိပေါ် ဟာ သူ့ရဲ့အောက်ထပ်ကအခန်းကျဥ်းလေးထဲမှာဘဲရှိနေတယ်။
ရှောင်းကျန့် လည်း ရေချိုးခန်းထဲ ဝင်ရေချိုးပြီး သူ့ရဲ့ကုတင်ကျယ်ကြီးထက်လှဲရင်း စဥ်းစားမိတယ်။

ခုလိုအပြင်မှာဆုံတဲ့အခိုက်အတန့်မှာသူနဲ့ဝမ်ရိပေါ်ရဲ့ ဆက်ဆံရေးက ပိုသိသာတယ်။ နှစ်ယောက်သားက အသိတွေ ရုတ်တရက် တွေ့လို့ နေကောင်းလား၊ကျန်းမာပါစေ အဲ့လိုဆက်ဆံရေးအပြင်မပိုဘူး။

ဒီထက်ပိုပြောရရင် နောက်တခါအပြင်မှာတွေ့ခဲ့ရင်တောင် ရိပေါ်က မသိချင်ယောင်၊ မမြင်ချင်ယောင်ပါဆောင်သွားနိူင်တဲ့အထိ သူ့တို့ဆက်ဆံရေးကဆိုးရွားနေတယ်။
ဘယ်နေရာကြည့််ကြည့်လင်မယားနဲ့မတူဘူး။
ညီအစ်ကိုတွေနဲ့လည်းမတူဘူး။

သူဟာ ဟိုချာတိတ်လောက်တောင် ရိပေါ်ဆီက အားကိုးမှုမရဘူး။
ပြီးတော့ဒီည ရိပေါ်ရဲ့မျက်နှာမကောင်းဘူး။
ရိပေါ်ဘာပြသနာများရှိနေလို့လည်း?

ရှောင်းကျန့် ဟာ ကုတင်ပေါ်ကထပြီး အောက်ထပ်အလုပ်သမားအခန်းလေးဆီပြေးသွားခဲ့တယ်။

ရိပေါ်ဟာ ဘယ်တော့မှ တံခါးလော့ချအိပ်တဲ့အကျင့်မရှိတာမို့ သူအခန်းထဲအလွယ်တကူဝင်လို့ရတယ်။
မှောင်အတိကျနေတဲ့အခန်းက ဘာသံမှမကြားရဘဲတိတ်ဆိတ်နေတယ်။

ဝမ်ပေါက်စ အိပ်ပျော်နေပြီလား?
ကုတင်ရှိရာ စမ်းသွားလို့ ရိပေါ်ကိုစမ်းမိတော့ ပုံမှန်အသက်ရှုသံဖြေးဖြေးလေးကြားရတယ်။

သူဘာမှ စဥ်းစားမနေတော့ဘဲ ဒူးအောက်မှ လျိုသွင်းလို့ ပွေ့ချီလိုက်တော့ ဝမ်ပေါက်စ ခန္ဓာကိုယ် လေးက ဆတ်ခနဲတုန်သွားတယ်။

" သူဌေး ၊ သူဌေးရှောင်း''

"အွန်း၊ ငြိမ်ငြိမ်လေးနေ ''

ရိပေါ်ကို ပွေ့ချီလျက် သူ့အခန်းထဲဝင်ခဲ့တော့ ဝမ်ပေါက်စ မျက်လုံးတွေက အံသြဟန်အပြည့်နဲ့ ပြူးကြည့်နေတယ်။

သူကုတင်ပေါ်မှာ နေရာချပေးတော့  မအိပ်သေးဘဲ ဆတ်ခနဲ  ထထိုင်လို့ ရှောင်းကျန့် က တွန်းလှဲပြီး ပြန်အိပ်စေလိုက်တယ်။

LORD OF THE HEART (နှလုံးသားရဲ့ အရှင်သခင်)//completed//Where stories live. Discover now