အပြင်က ရာသီဥတုက မိုးတစ်ဖြောက်ဖြောက်နဲ့မို့ ရိပေါ်တစ်ယောက်အိပ်ရာထဲကွေးနေမိတယ်။
ကျောင်းသွားဖို့အတွက်ရော၊ ရှောင်းကျန့် အတွက်ပါ နံနက်စာ ပြင်ပေးရမှာမို့ သူတစ်ချက်သန်းဝေရင်း ထလိုက်တယ်။ ညကအိပ်ရာပြောင်းခါစမို့သူအတော်နဲ့အိပ်မရဘူး။ ခရီးဘဲသွားသွား သူငယ်ချင်း တွေနဲ့ဘဲအိပ်အိပ် ရိပေါ်အတွက် ပထမဆုံးညက အကျင့်မဖြစ်သေးတော့ မျက်လုံးကြောင်မြဲဘဲ။
အိပ်ရာဘေးက ဖုန်းကို ဖွင့်ကြည့်တော့ မနက် 5နာရီထိုးနေပြီမလို့ ဒေါ်လေးနဲ့ဝိုင်းကူဖို့ထလိုက်တယ်။
What the fuck .?ဘယ်သူကြီးလဲ!!!
လက်တစ်ဖက်က သူ့ခါးမှ ကန့်လန့်ဖြတ်တင်ထားတာမို့ ဆတ်ခနဲထကာ ရုန်းဖို့ပြင်လိုက်ပေမဲ့ လက်ချောင်းရှည်သွယ်သွယ်တွေကြားမှ လက်ထပ်လက်စွပ်ကို မြင်သွားတာမို့ ပြန်ငြိမ်နေလိုက်တယ်။
ဟုတ်သားဘဲ။ သူဌေးရှောင်း ကလွဲပြီး ဘယ်သူက ငါ့ကိုအဲ့လိုဖက်ခွင့်ရှိမှာလည်း?
ကျောပြင်တစ်လျောက် နွေးထွေးနေတာမို့ ရှောင်းကျန့် က သူ့စောင်ကိုပါယူလာပြီး အတူခြုံထားတာသိလိုက်ရတယ်။
အလုပ်သမားတွေအတွက် အခန်းဆို!
ဘာလို့များ သူဌေးရှောင်း က ငါနဲ့လာအိပ်ရတာတဲ့လည်း?တစ်ယောက်အိပ်ကုတင်လေးမို့ နှစ်ယောက်တက်အိပ်နေတော့ ကြပ်ကြပ်ညက်ညက်လေးဖြစ်နေတာ မထူးဆန်း။
သို့ပေမဲ့ ရှောင်းကျန့် နဲ့ ခုလို နီးနီးကပ်ကပ်မနေဖူးတာမို့ ရိပေါ်ရင်တွေ ခုန်လာရတယ်။အလုပ်လုပ်စရာလည်းရှိသေးတာမို့ သူမထလို့မဖြစ်ပြန်တော့ တင်းတင်း ဖက်ထားတဲ့ ရှောင်းကျန့်ရဲ့လက်ကို အသာမကာ ဖယ်ဖို့ပြင်လိုက်တယ်။
"ငြိမ်ငြိမ်နေ!''
ရ်ိပေါ်နားရွက်ဖျားကို လေပူလေးတွေဝေ့သွားပြီး ရှောင်းကျန့်အသံတိုးတိုးလေးထွက်လာသည်။
အိုက်ယား...သူနိုးနေတာလား?
"ကျွန်တော် မနက်စာပြင်ရအုံးမယ် ။ သူဌေးရှောင်းအိပ်ချင်ရင် ဆက်အိပ်နေလိုက်လေ''