Part 14

4.2K 378 22
                                    

ရှောင်းကျန့်ဟာ အလုပ်ထဲမှာစိတ်ရှုပ်ထွေးမှုများစွာနဲ့စဥ်းစားခန်းဝင်ပြီးသည့်နောက် အိမ်သ်ို့ပြန်လာခဲ့သည်။

ယူရီဟာ သူ့ဘဝရဲ့ အချစ်ဦးဖြစ်သလို ရိပေါ်ကလည်း တရားဝင်လက်ထပ်ထားသည့် သူ့တစ်ဘဝလုံးစောင့်ရှောက်ပေးချင်သည့် ခင်ပွန်းသည် လေးဖြစ်၏.

ခုမှ ကျောင်းတက်နေဆဲကလေးတစ်ယောက်ကို ဒီအရှုပ်အထွေးတွေကြောင့်စိတ်မညစ်စေရ။

ခြံစောင့်ဒရိုင်ဘာလုပ်သည့်ဦးလေးက ကားကို ရေဆေးနေရာမှလှမ်းကြည့်သည်။
ထိုကားက ရိပေါ်ကို အကြိုအပို့လုပ်ရန်အတွက် သီးသန့်ဝယ်ထားတာပင်။

"ကျန့်ကျန့် ပြန်လာတာစောတယ်နော်၊ ဦးလေးတစ်ခါထဲ ကားကိုရေဆေးလိုက်မယ်''

"အာ.ဟုတ်ကဲ့ဦးလေး!''

ဒီဦးလေးက ထမင်းချက်အဒေါ်ကြီးနှင့်လင်မယားဖြစ်ပြီး သူတို့က ခြံထဲရှိအလုပ်သမားတန်းလျားမှာသာ သပ်သပ်နေကြသည်။ခြံရှင်းဖို့ကိစ္စ၊တစ်ခြားအလုပ်ကိစ္စများရှိလျင် အလုပ်သမားသီးသန့်ငှားလုပ်တာမို့ ရှောင်းကျန့် တို့ခြံက ပုံမှန်ထက် တိတ်ဆိတ်နေတတ်၏။

ဒီလင်မယားကငယ်ငယ်ထဲက ရှောင်းကျန့်တို့ဆီမှာ နေလာခဲ့သူတွေမို့ ဆွေမျိုးလိုပင်ဖြစ်နေပြီ။ပြီးတော့ သူတို့ကိစ္စကိုလည်း စပ်စပ်စုစုမရှိတာမို့ ရှောင်းကျန့်က သဘောကျလှသည်။

အိမ်မကြီးမှာတော့ ရှောင်းကျန့် နဲ့ရိပေါ်နှစ်ယောက်သာရှိပြီး သူတို့မနိုးခင် ဒေါ်လေးက မီးဖိုဆောင်ဝင်ကာ ချက်ပြုတ်တတ်သည်။

ခုလည်း ရှောင်းကျန့် အိမ်ထဲဝင်သည့်တိုင် မီးဖိုဆောင်မှ ညစာအတွက်ပြင်ဆင်နေသည့်အသံများထွက်လာသည်။

သူလည်းအသံပေးမနေတော့ဘဲ အပေါ်ထပ် ကိုယ့်အခန်းရှိရာသို့တန်းဝင်လာခဲ့သည်။

အလုပ်ထဲ လူရှိန်အောင်ဝတ်ထားရသော စိတ်ကျဥ်းကြပ်သည့်ဝတ်စုံကို  အိမ်နေရင်း ချည်သားပေါင်းဘီအပွနှင့် စွတ်ကျပ် လတ်ပြတ်တစ်ထည်ကောက်စွပ်ပြီးသကာလ ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းသို့ဝင်ခဲ့၏.

LORD OF THE HEART (နှလုံးသားရဲ့ အရှင်သခင်)//completed//Where stories live. Discover now