လရောင်ဖြာကျနေတဲ့သဲသောင်လွလွပေါ်လမ်းလျှောက်ရင်း ကျိုးတစ်ယောက် လေညှင်းခံကာ အဝေးမှလှိုင်းပုတ်သံတွေကို နားထောင်နေလိုက်သည်။
ခု ချိန်လောက်ဆို boss လည်း အိပ်နေလောက်ပြီမို့ သူအေးအေးဆေးဆေး ကျောက်ဆောင်တစ်ခုပေါ်ထိုင်ဖို့ဆုံးဖြတ်လိုက်သည်။
ဒီနေရာက ဟိုတယ်နဲ့သိပ်မဝေးတာမို့ အိပ်ချိန်တန်မှ ကိုယ့်အခန်းထဲ ကို ပြန်ဝင်ရုံဘဲ။
ခုလို ပျင်းစရာကောင်းတဲ့အချိန်မှာ ချစ်သူလေးနဲ့သာ ဖုန်းပြောနေရရင်ဘယ်လောက်ကောင်းလိုက်မလည်းလို့တွေးနေမိသည်။
လူသံတိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာ လှိုင်းသံတွေကိုနားထောင်လို့ ကြယ်ရောင်စုံဖြာနေတဲ့ကောင်းကင်ကိုမော့ကြည့်ရင်း ချစ်သူလေးနဲ့သာ ဖုန်းပြောနေလိုက်ရင်. အမလေး! ! လောက စည်းစိမ်ဘဲ။
ခက်တာက ခုလက်ရှိမှာ fa သက်တမ်းက ရင့်နေပြီ။ ခုချိန် ဖုန်းဆက်ဖို့ ချစ်သူမပြောနဲ့..ကြွေးသမားတောင်မရှိဘူး!!"🎼🎼🎼🎼''
ရုတ်တရက်ကြီး ထမြည်လာတဲ့ ဖုန်းသံကြောင့်သူလန့်သွားရသည်။
"အိုး ! ဒီအချိန်ကြီး ဘယ်သူကများ? ဖိုးလမင်းကြီးက ငါ့ရင်ထဲက စကားတွေကြားသွားတာလား ဟိ ဟ်ိ''
ဖုန်းနံပါတ်စိမ်းတစ်ခုကို တွေဝေစွာ ကြည့်နေပြီး အချိန်အတော်ကြာမှ ကိုင်လ်ိုက်သည်။
" hello ''
တစ်ဖက်က အသက်ရှုသံ ပျင်းပျင်းကိုကြားနေရသည်။အတန်ကြာမှ
" အတွင်းရေးမှုးကျိုးလား? "
လုံးဝစိမ်းသက်နေသော အသံတစ်ခုက သွားကြားထဲမှ ထွက်လာတဲ့လေသံမျိုးနဲ့ အေးစက်စက်မေးလာသည်။
"ဟုတ်ပါတယ်ခင်ဗျာ.အခုပြောနေတာဘယ်သူလဲခင်ဗျ''
" ခင်ဗျားရဲ့ boss Xiao ကို ဖုန်းပေးလိုက်!''
သူမေးတာကိုပြန်မဖြေဘဲ တဖက်က သူလိုရာကိုဆွဲသွားတာမို့ သူမျက်မှောင်ကုပ်လိုက်သည်။
" အခုပြောနေတာကရော ဘယ်သူလဲ ၊ ကျွန်တော့boss က ဘယ်သူမှန်းမသိတဲ့လူနဲ့ဘယ်လိုစကားပြောမလဲ၊ ပြီးတော့ အချိန်ကိုလည်းကြည့်အုံးလေဗျာ...အရေးကြီးရင် boss ဖုန်းကို တိုက်ရိုက်ဆက်လိုက်ပါလား? "