Part 31

3.9K 275 13
                                    

ရိပေါ် toilet ဝင်ချင်တာကြောင့် တစ်ယောက်ထဲ ထွက်လာလိုက်သည်။
toilet က ယောက်ျားလေးသီးသန့် မိန်းကလေးသီးသန့်ခွဲထားပြီး လမ်းတစ်လျှောက်မှာလည်း မှန်တွေအပြည့်ကာထားကာ ကိုယ့်ပုံရိပ်ကို လှည့်ပတ်ကြည့်လို့ရသည်။

စားသောက်ဆိုင်ရဲ့ အနောက်ဘက်မှာမို့ လူရှင်းကာ ဒီဘက်ကိုလဲ လာသူဘယ်သူမှ မတွေ့တာကြောင်​့ ရိပေါ်မှန်ရှေ့ရပ်ကာ ကိုယ့်ဘာသာ လှည့်ပတ်ကြည့်နေလိုက်သည်။

သူက ဒီနေ့ကို ခါတိုင်းလိုဘောင်းဘီတိုတွေ ဆံပင်ထိုးထိုးထောင်ထောင်တွေလုပ်ထားတာမဟုတ်ပဲ တစ်ခါတစ်လေ night out ထွက်တာကြောင့်  သပ်သပ်ရပ်ရပ်ပြင်ဆင်ထားတာဖြစ်သည်။

မှန်ရှေ့မှာပေါ်နေတဲ့ က်ိုယ့်ရုပ်သွင်ကိုစိတ်ကျေနပ်လောက်အောင်ကြည့်ပြီး နောက်လှည့်ထွက်တော့

"Oh!!!''

သူ့နောက်မှာ ဘယ်ချိန်ထဲက ရောက်နေမှန်းမသိတဲ့ လူဖြူအမျိုးသားတစ်ယောက်က်ို ဝင်တိုက်မိသွားသည်။

" Sorry!''

သူတောင်းပန်ပြီးလှည့်ထွက်ဖို့ပြင်တော့ ထိုသူက ပုခုံးကို ဆွဲထားသည်။

အရပ်ရှည်ရှည် ရွှေရောင်ဆံပင်တွေကိုပိုင်ဆိုင်ထားတဲ့ထိုလူက သူ့မျက်ဝန်းပြာပြာတွေနဲ့ ရိပေါ်ကို ငုံ့ကြည့်ပြီး ပြုံးစိစိလုပ်လာ၏။

"တစ်ယောက်ထဲလား?''

ထိုသူက တရုတ်စကားကို ကျွမ်းကျင်စွာ ပြောနိုင်တာမို့ရိပေါ်မျက်ဝန်းတွေ ဝိုင်းသွားကာ နှုတ်ခမ်းဖူးဖူးလေးတွေက ဟသွားရသည်။

" မဟုတ်ဖူးဗျ ၊ အဖော်က အထဲမှာကျန်ခဲ့တယ်''

သူက ခေါင်းညိမ့်ရင်း သူ့မျက်နှာသူလက်ညှိုးညွှန်ပြသည်။

" ကိုယ့်ကို သိလား?''

ဒီလိုသားသားနားနားဝတ်ထားတဲ့ foreigner က ဒီည ကိုကိုတို့နဲ့ အတူပါလာသူတစ်ယောက်ယောက်ဖြစ်နိုင်သည်။

ရိပေါ်က ဂိမ်းကလွဲပြီး ဘယ်movie ၊ ဘယ် drama မှ သိပ်စိတ်မဝင်စားသူမို့ မခန့်မှန့်တတ်ပေ။

မင်းသားလား? ဒါရိုက်တာလား? တစ်ခြားဧည့်သည့်တွေများလား?

မျက်မှောင်ကို ကုပ်ကာ စဥ်းစားနေတဲ့ သူ့ကိုကြည့်ရင်း ထိုလူက ခပ်တ်ိုးတိုးရယ်၏။

LORD OF THE HEART (နှလုံးသားရဲ့ အရှင်သခင်)//completed//Where stories live. Discover now