နောက်နေ့မှာ ဝမ်ရိပေါ် အစောကြီးနိုးလာခဲ့တယ်။
ပင်ပန်းလွန်းတာကြောင့်လူက အိပ်ရာကမထချင်ဘူး။
ကိုယ့်အိမ်မဟုတ်ဘူးဆိုတဲ့အသ်ိကြောင့်ရော အိမ်ထောင်သည်ဖြစ်ပြီဆိုသောအသိကြောင့်ပါ သူအိပ်ရာက ထလိုက်တယ်။တဖက်မှာ တော့ ရှောင်းကျန့် ဟာ အိပ်မောကျလျက်သား။
မျက်လွှကိုအသာချလျက် အပူပင်ကင်းကင်းနဲ့ အိပ်နေတဲ့ လူကြီးက အရမ်းချောတယ်။နိုးနေတဲ့အချိန်တွေလို အေးစက်စက်အရှိန်အဝါတွေသူ့မှာ ရှိမနေဘူး။
ဝမ်ရိပေါ် မျက်နှာချောချောကို အနီးကပ်ကြည့်နေလိုက်တယ်။
သူတကယ် အရမ်းချောတဲ့လူကို ခင်ပွန်းအဖြစ်တော်ထားရတာဘဲ။
အရာအားလုံးက ပုံမှန်သာဆို နုနယ်တဲ့ ကောင်လေးတစ်ယောက်ရဲ့နှလုံးသားထဲမှာ ဒီလူကိုချစ်မိဖို့ အချိန်ကြာကြာ မလိုလောက်ဘူး။
သူရဲ့ရုပ်ရည် သူ့ရဲ့အရှိန်အဝါ အရာအားလုံးက ပြည့်စုံနေပြီးသား။
ဒါပေမဲ့.....ဝမ်ရိပေါ် အနေနဲ့ ရှောင်းကျန့် ကို ချစ်သွားပိုင်ခွင့်မရှ်ိဘူး။
*မင်းကိုယ့်ကို မချစ်မိစေနဲ့ ရိပေါ်။ ကိုယ့်ကြောင့် တစ်စုံတစ်ယောက်နာကျင်နေလို့အားနာပြီး အနေရခက်တာမျိူးမလိုချင်ဘူး။ ကိုယ်လည်း မင်းကိုချစ်လာမှာမဟုတ်ဘူး*
*ကိုယ်တို့အိမ်ထောင်ရေးက ဒီအတိုင်း အေးအေးဆေးဆေး ဖြစ်သွားရုံဘဲ။
ကိုယ်လည်းမင်းကို ညစ်နွမ်းအောင်လုပ်မှာမဟုတ်ဘူး*အင်းလေ။
သူပြောသလိုက ပိုအဆင်ပြေတာဘဲ။
တစ်ယောက်နဲ့တစ်ယောက် လင်မယားအရာတွေ လည်း လုပ်စရာမလိုဘူး။
သူ့ကိုချစ်ပေးစရာလည်းမလိုဘူး။ဒီထက်ကောင်းတာဘာရှိအုံးမလည်း?
သူရှောင်းကျန့်နိုးလာမှာစိုး၍ လှုပ်ရှားမှု မှန်သမျှ ကို တိုးတိတ်စွာလုပ်ပြီး အောက်ထပ်ဆင်းလာခဲ့သည်။
"ရိပေါ်လေး နိုးလာပြီလား''
မီးဖိုဆောင်ထဲ ရှောင်းကျန့် မေမေက ထမင်းချက်အန်တီကြီးနှင့်အတူ ကူလုပ်နေတယ်။