နေရောင်ခြည်ဟာ ပြတင်းတံခါးကနေ ကျိုးတိုးကျဲတဲဖြာကျနေ၏။ညက နှစ်ယောက်သား အလုပ်များနေသဖြင့် လိုက်ကာစ ကိုပိတ်ဖို့ပင်မေ့သွားတာဖြစ်သည်။
ရိပေါ် ဟာ နိုးနိုးချင်းမှာဘဲ လည်ချောင်းက ခြောက်ကပ်နေတာကိုခံစားရသည်။
လူက ပင်ပန်းနေကာ နေထိုင်လို့သိပ်အဆင်မပြေ။
ကိုကိုက ဘယ်ချိန်ထဲကပင်ထသွားမှန်းမသိတာကြောင့် ကိုယ့်ဘာသာ ရေထသောက်ရန် ထိုင်လိုက်သည်။"အား..''
ခန္ဓာကိုယ် အောက်ပိုင်းကဆိုးဆိုးရွားရွား နာကျင်မှူကြောင့် သူအော်မိသည်အထိ..
ရှောင်းကျန့်က အခန်းတံခါးတွန်းဖွင့်ကာ လင်ဗန်းကိုင်လျက်အထဲသို့ဝင်လာ၏။"ဘယ်လိုဖြစ်လို့ ကိုယ့်ဘာသာထထိုင်နေတာလဲ ကိုကိုလာအောင် စောင့်ပါအုံးလား''
ရိပေါ်မျက်နှာရှုံ့မဲ့စွာဖြင့်
"ရေသောက်မလို့ ထလိုက်တာ ၊ ဟူး...အရမ်းနာတာဘဲ''
ရှောင်းကျန့်က သူ့နောက်ကျောတွင် ခေါင်းအုံးတွေ ဆင့်ခုကာ သက်တောင့်သက်သာဖြစ်အောင်ပြင်ပေး၏။
ပြီးမှ ရေတစ်ခွက်ခပ်ကာပေးရင်း" ပထမဆုံးအကြိမ်မို့ အရမ်းနာနေတာပါ၊ နောက်ကျ ကျင့်သားရသွားရင် ဒါမျိူးတွေ မဖြစ်တော့ဘူးနော် ကလေးပေါက်''
သူ့ခေါင်းကို ဖွဖွပွတ်ပေးရင်းဆို၏။
လည်ချောင်းတစ်လျောက် ရေဝင်သွားမှ အနဲငယ်သက်သာသွားသလိုရှ်ိသည်။
" ကိုကိုက ဘယ်လိုသိလဲ? နောက်အခေါက်တွေကျ ဒီ့ထက်ပိုဆ်ိုးမလားဆိုတာ မပြောနိုင်ဘူးလေ ''
ရှုံ့မဲ့မဲ့ပြောနေတဲ့သူ့ကို ဘေးနားဝင်ထိုင်ကာ ရင်ခွင်ထဲဆွဲသွင်းထားရင်း ပြောသည်။
" လေ့လာထားတာပေါ့ကွ ၊ မင်းကိုချစ်မိနေပါပြီဆိုတာစသိထဲက ဒါတွေ ကြိုလေ့လာရတာပေါ့၊ မဟုတ်ရင် ခုလိုသက်တောင့်သက်သာနဲ့ ပထမဆုံးအကြိမ်ကို ဘယ်ဖြတ်ကျော်နိုင်မလဲ? ကိုကို့ရဲ့လေ့လာမှူအားကောင်းလို့ မင်းလေး သာသာယာယာနဲ့ဖြတ်ကျော်န်ိုင်သွားပြီ၊ ဘယ်လိုလဲ? မင်းယောကျ်ားကို မချီးကျူးချင်ဘူးလား ကလေးပေါက်''