ခမ်းနားလှတဲ့ စားသောက်ဆိုင်တစ်ခုရဲ့ သီးသန့်ခန်းအတွင်းမှာတော့ရှောင်းကျန့်တစ်ယောက်ထိုင်နေသည်။ လက်မှနာရီကိုတစ်ချက်ကြည့်လိုက်ရင်း လက်ပိုက်ကာ နောက်ကျောကိုသက်တောင့်သက်သာမှီထိုင်နေ၏။
ခနအကြာ ကုတ်အရှည်ကိုအပေါ်ကထပ်ဝတ်ထားပြီး ဦးထုပ်အဝိုင်းကိုခပ်ငိုက်ငိုက်ဆောင်းလျက် မျက်မှန်အနက်တပ်ထားသော မိန်းမငယ်လေး တစ်ယောက်ဆိုင်ထဲဝင်လာ၏
သူမ လမ်းလျောက်ဟန်နဲ့ကိုယ်အနေအထားကြောင့် ဝိုင်းအုံအကြည့်ခံရပေမဲ့ မျက်နှာကိုသေချာစွာမမြင်ရသောကြောင့် ဘယ်သူမှန်းမသိကြပေ။သီးသန့်ခန်းရဲ့ တံခါး ကိုနှစ်ချက်ခေါက်လိုက်ပြီးနောက်အထဲဝင်သွားလိုက်သည်။
ကုတ်အရှည်ကြီးကို ချွတ်ချလိုက်ပြီး ဘေးမှထိုင်ခုံပေါ်တင်လိုက်ကာ ခေါင်းမှဦးထုပ်ကိုလည်းဆွဲချွတ်လိုက်ပြီး ရှောင်းကျန့်ကိုပြုံးပြလိုက်သည်။
" ကျန့်ကျန့် နေကောင်းတယ်နော်၊ မတွေ့ရတာအတော်ကြာပြီ''
သူမက မျက်မှန်ကိုခုံပေါ်တင်ရင်းပြော၏။
ရှောင်းကျန့်ပြန်ပြုံးပြလိုက်ပြီး သူ့ရှေ့ က မီနူးကိုတွန်းပေးလျက်" ဘာစားမလည်း မှာလိုက်လေ''
ယူရီက စားပွဲထိုးကိုခေါ်ကာ ဟင်းနှစ်မျိူးသုံးမျိုးမှာလိုက်ပြီး သူ့ကိုမော့ကြည့်လာသည်။
" ဟိုနေ့ကပွဲကို လာမယ်ထင်ထားတာ၊ မလာတာနဲ့ ကျိုးကတစ်ဆင့်တွေ့ဖို့ပြောလိုက်တာ။အရမ်းတွေအလုပ်ရှုပ်နေလား?တို့ တကယ်အားနာပါတယ်''
"အလုပ်က ဒီညတောင် ပွဲတစ်ပွဲတက်ဖို့ရှိသေးတယ်။ နောက်ရက်ကိုလည်း အလုပ်ကိစ္စနဲ့ခရီးထွက်ရအုံးမှာ၊ ခုဆောက်လက်စ အဆောက်အဦး ဆီတောင် မရောက်သေးဘူး ၊ဆိုတော့ကား အရင်အတိုင်းအလုပ်က အရင်အတိုင်းပါဘဲ''
ယူရီက ခေါင်းညိမ့်သည်။
"ဟုတ်တာပေါ့၊ ကျန့်ကျန့် ကအမြဲအလုပ်များနေတာ မတွေ့ရတာလည်းကြာပြီဆိုတော့ ဒီတိုင်းတစ်ခေါက်လောက်တွေ့ကြည့်တာ''
" အဆင်ပြေခဲ့တယ်မဟုတ်လား? နယူးဇီလန်မှာ ပျော်ခဲ့ရဲ့လား?''
"ဒါ ပထမဆုံး ရောက်ဖူးတာဆိုတော့ မဆိုးပါဘူး ''