Part 10

4.7K 375 6
                                    

"ဒီနေ့ရာသီဉတုက အရမ်းအေးတယ်နော် ၊မနက်ကကျ အရမ်းနှင်းကျပြီး နေ့လည် ပိုင်းကျ ​နေပူရင်ပူနေတာ''

"အင်း"

" ကျောင်းလည်း ပြီးတော့မယ်၊ ငါဘွဲ့ရဖို့ လည်းနှစ်နှစ်လောက်လိုသေးတာဘဲ ''

"ငါရောဘဲလေ ''

ဝမ်ရိပေါ် က တန်ပူရာကျော်တစ်ခုကို ပါးစပ်ထဲ ကောက်ထည့်လိုက်ပြီး စုန့်ယီ ကိုကြည့်လိုက်တယ်။

"ဒီဆိုင်က အစားအသောက်တွေ ငါမကြိုက်ဘူး တကယ်က ငါ ထိုင်းအစားအစာရတဲ့ဆိုင်ကောင်းကောင်းကိုသိတယ် ''

စုန့်ယီ က တစ်ရှုးဘောက်ထဲမှ တစ်ရွက်နှစ်ရွက်ဆွဲထုတ်ပြီးရိပေါ်ကိုပေးတယ်။

"သွားမလား? မင်းပြောတဲ့ဆိုင်''

"ဟင်!''

"ထိုင်းအစားအစာ စားချင်တယ်ဆို''

ရိပေါ်က စုန့်ယီ ကိုပြူးကြောင်ကြောင်လေးကြည့်နေတယ်။
သူ့ရှေ့မှာတော့ ထိတောင်မထိရသေးတဲ့ အူဒုံခေါက်ဆွဲပန်းကန်...

"အာ....နေပါစေ၊ ငါကဒီအတိုင်းလျှောက်ပြောနေတာ၊ တကယ်က ဗိုက်လည်းသိပ်မဆာပါဘူး''

မျက်လုံးကို ပုတ်ခတ် ပုတ်ခတ်လုပ်လျက် ခေါက်ဆွဲတွေပါးစပ်ထဲ အတင်းထိုးထည့်နေတော့ စုန့်ယီ က ရိပေါ်လက်ကိုအတင်းပြန်ဆွဲထားလိုက်တယ်။

"ငိုချလိုက်ပါလား?''

"ဟင့်အင်း!''

ခေါင်းခါပြတဲ့ကောင်လေးက မျက်လုံးတွေရဲလို့။
ခေါင်းငုံ့ပြီးအတင်းခေါက်ဆွဲတွေ ထိုးထည့်ဖို့ဘဲ ပြင်နေတယ်။

" သူက အရမ်းချောတာဘဲ၊ မင်းသဘောကျတာမင်းအမှားမဟုတ်ဘူး''

ရိပေါ်လက်တွေ တုန့်ဆိုင်းသွားတယ်။

"သူက ကြိုပြောထားတာ ၊ငါ့ကိုသဘောမကျဖို့အကြောင်း''

"ရိပေါ်.... မြိုသိပ်မထားနဲ့ ၊ငါဒီမှာရှိနေတယ် မင်းပြောချင်တာပြောလို့ရတယ်''

ရဲရဲနီနေတဲ့နှုတ်ခမ်းလေးတွေက ပြုံးနေတယ်။ မျက်လုံးတွေကမျက်ရည်ဝိုင်းလို့.....

"စုန့်ယီ.. မင်းကငါ့အပေါ်အရမ်းကောင်းတာဘဲ၊ အဲ့လောက်ကောင်းပေးဖို့ မလိုပါဘူး။ ဒီနေ့ကမင်းမွေးနေ့ကို ငါ့ကြောင့်စိတ်ညစ်ရပြီ ''

LORD OF THE HEART (နှလုံးသားရဲ့ အရှင်သခင်)//completed//Where stories live. Discover now