"အဲ့ဒါက ဘာကြောင့်လဲဆိုတော့ သူတို့ကို အစ်ကို မကြိုက်လို့လေ။"
"မဟုတ်ဘူး!" ကျန်းယန် ရပ်လိုက်ပြီး ဆက်ပြောလိုက်တယ် "ဘာကြောင့်လဲ?သူက ဒီထက်ဆက် မသွားတော့တာ ဘာကြောင့်လဲဆိုတာ သိချင်နေမိလို့ မင်း နောင်တရနေတာမလား?"
"လုံးဝမဖြစ်နိုင်ဘူး!ဒါနဲ့ အစ်ကို ဘယ်လိုလို့သိလဲ?အစ်ကို အဲ့နေရာမှာပဲ ရပ်နေပြီး အဆုံးထိ ညီမတို့ကို ကြည့်နေလို့လား?"
"ဟားဟား!မဟုတ်ပါဘူးကွ!သူ ပြန်လာတာ ငါ့ထက် ဆယ်မိနစ်တောင် နောက်ကျတယ် ပြီးတော့ သူ့ပုံစံကြည့်ရတာ ဘာမှမဖြစ်ခဲ့သလိုပဲ အဲ့ဒါကြောင့် ဒါကို နားလည်သွားတာလေ"
"လူတွေနဲ့ အခြေအနေတွေကို စိစစ်တဲ့ အစ်ကို့ရဲ့ ကျွမ်းကျင်မှုကတော့ အ့ံဩစရာပဲနော်"
"ဒါက ငါ့အလုပ်လေ။စကားမစပ် မင်း သူနဲ့ ရှိတဲ့အချိန်တုန်းက မင်း ဘယ်လိုခံစားရလဲ?"
"ညီမ သူနဲ့သာ တူတူ ထပ်ရှိမယ်ဆိုရင် ညီမ ရူးသွားလိမ့်မယ်တောင် ထင်တယ်"စိတ်အနှောင့်အယှက်ဖြစ်လျက် သူမ ဒီစကားကို ပြောလိုက်တယ်။
"မင်း သိပါတယ်!ငါက အကျဥ်းချုပ်မဟုတ်ပဲ စာစီစာကုံးကိုပဲ ကြိုက်တာ"
"ညီမ သူနဲ့ ရှိတဲ့အချိန်တုန်းက နားပင်းသွားလောက်အောင်ကို နှလုံးခုန်သံတွေ ညီမ နားထဲမှာ ပြန်ကြားနိုင်တယ်။ဉာဏ်မရှိတဲ့ လူတစ်ယောက်လိုမျိုး ညီမစိတ်က လုံးဝ ဗလာကြီးပဲ။ညီမရဲ့ အသက်ရှူသံကလည်း ပုံမှန်မဟုတ်ဘူး သူ့ရဲ့အန့ံကြောင့်လေ ပြီးတော့ အဲ့တာက အရမ်းကို..."သူမ ဇာတ်လမ်းအကြောင်းအစုံကို အသက်တစ်ချက် မျှရှူချိန်မှာ ကတိုက်ကရိုက် စပြောလာခဲ့သော်လည်း အဆုံးမှာတော့ မည်မည်ရရ စကားလုံးတောင် ရှာမတွေ့ပေ။
"ဖြားယောင်းသွေးဆောင်တာပဲ"
"Mmmm!"
"နောက်ဆုံးမှာတော့!"သူက သက်ပြင်းလေးလေး တစ်ချက်ချလေ၏။
"နောက်ဆုံးမှာတော့က ဘာလဲ?"
"နောက်ဆုံးမှာတော့ တစ်စုံတစ်ယောက်ရဲ့ အနံ့က ငါ့ညီမရဲ့ sexဟော်မုန်းကို အောင်အောင်မြင်မြင် ခလုတ်ဖွင့်လိုက်ပြီပဲ"
"မဟုတ်တရုတ်တွေ"
"ဟားဟား!မင်း သူ့ကို သဘောကျလို့လား?"
"ညီမတော့ မသေချာဘူး။ညီမ သူ့ကို အဲ့လောက် အများကြီး မသိသေးဘူး"ထို့နောက် ကျန်းယွီယန်က သက်ပြင်းချပြန်တယ်။
"သူက ငါတို့ရဲ့ ငယ်သူငယ်ချင်းလေ။အချိန်အကြာကြီး ငါတို့ တစ်ယောက်နဲ့ တစ်ယောက် သိခဲ့တာပဲ"
"ညီမတို့ ကလေးတုန်းကလေ ဒါပေမယ့် အခုတော့ လူတွေနဲ့ အရာအားလုံးက ပြောင်းလဲသွားပြီ"
"Huu!ငါတို့အတိတ်ကို ပြန်သွားလို့ရနိုင်ဖို့ ငါဆုတောင်းတယ်"
"ညီမရောပဲ ဒါပေမယ့် တစ်ခြားတစ်ဖက်ကတော့အမေရိကမှာ ညီမတို့နေခဲ့တုန်းက ဖြစ်ပျက်ခဲ့တဲ့ အရာတွေနဲ့ အတိတ်ကို ညီမ ပြန်ရင်မဆိုင်ချင်ဘူး"
"အဲ့ဒါကို မေ့လိုက်တော့" ကျန်းယန်က မိနစ်အနည်းငယ်လောက် တိတ်ဆိတ်သွားကာ တစ်ခုခုကို စဥ်းစားနေလေတယ်၊ထို့နောက် သူက ပြော၏"မင်းမှတ်မိလား?စနေနေ့ တနင်္ဂနွေနေ့ဆို အချိန်ဖြုန်းဖို့ လုစံအိမ်ကို သွားကြတယ်လေ၊အဲ့ဒီနေ့က အတန်းထဲက ကောင်လေးတွေက မင်းကို အနိုင်ကျင့်ပြီး ဘယ်သူမှ မင်းကို လက် မထပ်ဘူးပြောလို့ မင်း ငိုတယ်လေ"
"Huu!ညီမ မှတ်မိတယ်၊ဘယ်လိုတောင် မိုက် မဲတဲ့ ငါလည်း"
"ကောင်းပြီ ဒါက ကလေးတစ်ယောက် ဖြစ်ရခြင်းရဲ့ အလှတရားလေ၊မင်း မှတ်မိသေးလား?လုချောင် မင်းကို လက်ထပ်မယ်လို့ ကတိပေးခဲ့တယ်"
"Huu!ညီမ မှတ်မိတာပေါ့ အဲ့တာပြီးသွားတာနဲ့ ညီမ တော်တော့်ကို ပျော်နေခဲ့တာလေ"
"ဒီကတိကို သူက ဖြည့်ဆည်းချင်တယ်ဆိုရင်ရော?"
"အဟွတ်..အဟွတ်!ညီမက ငယ်သေးတဲ့အတွက် မဖြစ်နိုင်ဘူး။ဒါ့အပြင့် ဒီကတိကို သူ အခုထိ မှတ်မိမယ်လို့လည်း ညီမ မထင်ပါဘူး။အဲ့ဒါမဟုတ်ရင်တောင် တစ်ယောက်ယောက်နဲ့ လက်ထပ်ဖို့ ညီမမှာ တကယ် အစီအစဥ်မရှိဘူး။ညီမ အိမ်မ က်တွေနောက် လိုက်ရင်း ညီမ ဘဝကို ကုန်ဆုံးချင်တာ"
"မင်းချစ်သွားပြီဆိုရင်ရော?"
"မချစ်ဘူးလို့ ညီမထင်တယ်၊ညီမ ချစ်သွားရင်တောင် အဲ့ဒီအရာက အချစ် ဒါမှမဟုတ် တစ်ခြားပဲဖြစ်ဖြစ် ညီမ နားလည်လိမ့်မှာမဟုတ်ဘူး။
"မင်း နားလည်လာပါလိမ့်မယ်၊ မဖြစ်လာရင်တောင် မင်းကို ပြောပြဖို့ အစ်ကို ဒီမှာရှိတယ်။"
"ကြည့်ကြသေးတာပေါ့၊တစ်ခြား ဦးနှောက် မရှိတဲ့ မိန်းကလေးတွေလို ရင်ကွဲနာပြဇာတ်နဲ့ ညီမ ဝေဒနာမခံစားချင်ဘူး။"
"မင်း အဲ့လိုလုပ်ခဲ့ရင်တောင် စိတ်မပူပါနဲ့ မင်းကို ဂရုစိုက်ဖို့ ဒီမှာ အစ်ကို တစ်ယောက်လုံး ရှိပါတယ်ကွ၊မင်းမှတ်မိရဲ့လား?အဲ့ဒီနေ့က လုချောင်နဲ့ လုဖန်းပြီးတော့ သူတို့နဲ့အတူ ငါလည်း မင်းကို ကတိတစ်ခုပေးခဲ့တယ်လေ"
"ညီမ မှတ်မိပြီ"
"မင်း ခက်ခဲတဲ့ အချိန်တိုင်း မင်းကို အမြဲဂရုစိုက်ပေးမယ်လို့ ငါ ကတိထားခဲ့တယ်။"
"ပြီးတော့ ဒီကတိကို အစ်ကိုက အမြဲတည်တယ်လေ၊အစ်ကိုရဲ့ ကတိကိုတည်ပြီး ညီမ အစ်ကို ဖြစ်ပေးလို့ အစ်ကို့ကို ကျေးဇူးအများကြီးတင်ပါတယ်။"
"ငါ့ညီမ ဖြစ်ပေးလို့လည်း ကျေးဇူးတင်တယ်။"
နှစ်ယောက်လုံး ပြုံးလိုက်ကာ တစ်ခဏလောက် စကားမပြောတော့ပဲ ကောင်းကင်ကို ကြည့်ရင်း ငြိမ်းချမ်းတဲ့ လေထုမှာ ပျော်ရွှင်နေကြသည်။
ကျန်းယန် သူမကို ကတိပေးခဲ့တဲ့ နေ့တစ်နေ့ဖြစ်၏။လုချောင်က သူမကို လက်ထပ်မယ်လို့ ကတိပေးခဲ့တယ်။လုဖန်းက သူမကို အမြဲ
ကာကွယ်ပါ့မယ်လို့ ကတိပေးခဲ့တယ်။ကျန်းယွီယန်က ပျော်ရွှင်နေပြီး လုဖန်းရဲ့ ကင်မရာအသစ်နဲ့ ဓာတ်ပုံရိုက်ရင်း လေးယောက်လုံး အလုပ်ရှုပ်နေကြသည်။ရုတ်တရက် ကျန်းယွီယန်က သူ့ အစ်ကိုကို ကြည့်ပြီးမေးလိုက်တယ်
"အစ်ကို၊သူတို့နှစ်ယောက်လုံးက ညီမကို ကတိပေးပင်မယ့် အစ်ကို မပေးဘူးနော်" ထို့နောက် သူမက နှုတ်ခမ်းဆူလိုက်၏။
"Yeh!သူမ မှန်တယ်" လုချောင်က ဝင်ပြောတယ်။
"မင်းလည်း သူမကို ကတိပေးသင့်တယ်" လုဖန်းကလည်း ဝင်ဖြည့်၏။
ကျန်းယန် သူ့ညီမကို ကြည့်ပြီး ပြောလိုက်တယ်
"မင်းမွေးလာကတည်းက ငါ့မှာ ရှိတဲ့ အရာအားလုံးနဲ့ မင်းကို ကတိပေးမယ်"
"Umm!ပြီးတော့ အဲ့ဒါက ဘာလဲ?" ကျန်းယွီယန်က ပြန်ပြောတယ်။
"မင်းကို အမြဲဂရုစိုက်ပေးမယ်။မင်းရဲ့ နေ့ရက်ဆိုးတွေမှာ မင်းကို အားပေးဖို့အတွက် မင်းနဲ့အတူ ငါ ဒီနေရာမှာ အမြဲတမ်း ရှိနေမယ်၊တကယ်လို့ မင်းနဲ့အတူရှိဖို့ တစ်ခုခုက တားဆီးနေရင်တောင် ငါ့ အဲ့အရာကို စွန့်လွှတ်လိုက် မယ်။မိုးအရမ်းရွာတဲ့နေ့တွေမှာဆိုရင် ငါက မင်းရဲ့ ခိုလှုံရာလေး ဖြစ်ပေးမယ်"
ကျန်းယန် မျက်လုံး ဖွင့်လိုက်ပြီး မသဲမကွဲ ပြောလိုက်တယ်"ငါ့ရဲ့ ကတိတွေကို အခုထိ ဖြည့်လာပေးနိုင်လို့ ဝမ်းသာပေမယ့် သူမနဲ့ ပတ်သက်ပြီး ထပ်ပြီး စိုးရိမ်စရာမလိုတော့ဖို့ ငါ မျှော်လင့်တယ်"
"ဘာကြီးလဲ?" ကျနး်ယွီယန်က ထိုစကားကို သေချာ မကြားလို်က်ပေ။
"ငါပြောတာက ဝမ်းမြောက်ပါတယ်လို့"
"ဘာ့အတွက်လဲ"
"မင်းရဲ့ ပထမဆုံး အနမ်းအတွက်"
"ဒါ ပထမဆုံးမှ မဟုတ်တာ"
"ဒါဆို?ပထမဆုံးက ဘယ်အချိန်ကလဲ?ငါ ဘယ်လိုတောင် ဒီအကြောင်းကို မသိကတာလဲ?ဂရုစိုက်တဲ့ အစ်ကိုဆိုတဲ့ ငါ့ရဲ့ ပုံရိပ်ကို မင်း ဖျက်ဆီးလိုက်တာပဲ"
"ဒါက ဂရုစိုက်တာ မဟုတ်ပါဘူး၊ ဒါက စပ်စုပြီး နှောင့်ယှက်တဲ့ အစ်ကိုပါနော်"အပြုံးတစ်ပွင့်နှင့် သူမက တည်ငြိမ်စွာပြောလိုက်တယ်။
"ဘာပဲဖြစ်ဖြစ်!အခု ငါ့ကို ပြောပြတော့"
သူမ စားသောက်ဆိုင်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ကြောင်းကုန်စင်ကို သူ့ကို ပြောပြလိုက်၏။
"ဟားဟား!မင်း ကိုရိုးကားယားနိုင်တာကို ငါမသိခဲ့ဘူး။သူ့ရဲ့ ယောကျာ်း ဂုဏ်ရည်ကို မင်းဖျက်စီးလုနီးပါးပဲ"
"စိတ်မပူနဲ့ သူက အကောင်းကြီးပဲ"
"မင်း ဘယ်လိုသိလဲ?"
ကျန်းယွီယန်က ကောင်းကင်ကို တည်ငြိမ်စွာ ကြည့်နေခဲ့သော်လည်း သူမ အစ်ကို့ရဲ့မေးခွန်းက သူမကို လန့်သွားစေတယ်။
"အဟွတ်...အဟွတ်"
"ဘယ်လိုလဲ?"
"ဒီလိုမျိုးပဲ"
" 'ဒီလိုမျိုးပဲ'ဆိုတာက ဘာလဲ?"
"ညီမ မသိဘူး။ ညီမ အခု အိပ်ချင်လာပြီ.... Good night!"
သူမ ထိုင်ခုံက ထလိုက်ပြီး သူ့ကို တစ်ချက်တောင် ပြန်မကြည့်ပဲ သူမ အခန်းကို ပြန်သွားတော့သည်။သူမရဲ့ တုံ့ပြန်မှုကို ကြည့်ပြီးနောက် အပြုံးတစ်ပွင့်က ကျန်းယန် မျက်နှာတွင် ပေါ်လာ၏။သူလည်း သူ့အခန်းကို ပြန်သွားရင်း ပြောလိုက်တယ် "Good night"
.................................................................
(Zawgyi)
"အဲ့ဒါက ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ကို အစ္ကို မႀကိဳက္လို႔ေလ။"
"မဟုတ္ဘူး!" က်န္းယန္ ရပ္လိုက္ၿပီး ဆက္ေျပာလိုက္တယ္ "ဘာေၾကာင့္လဲ?သူက ဒီထက္ဆက္ မသြားေတာ့တာ ဘာေၾကာင့္လဲဆိုတာ သိခ်င္ေနမိလို႔ မင္း ေနာင္တရေနတာမလား?"
"လုံးဝမျဖစ္နိုင္ဘူး!ဒါနဲ႕ အစ္ကို ဘယ္လိုလို႔သိလဲ?အစ္ကို အဲ့ေနရာမွာပဲ ရပ္ေနၿပီး အဆုံးထိ ညီမတို႔ကို ၾကည့္ေနလို႔လား?"
"ဟားဟား!မဟုတ္ပါဘူးကြ!သူ ျပန္လာတာ ငါ့ထက္ ဆယ္မိနစ္ေတာင္ ေနာက္က်တယ္ ၿပီးေတာ့ သူ႕ပုံစံၾကည့္ရတာ ဘာမွမျဖစ္ခဲ့သလိုပဲ အဲ့ဒါေၾကာင့္ ဒါကို နားလည္သြားတာေလ"
"လူေတြနဲ႕ အေျခအေနေတြကို စိစစ္တဲ့ အစ္ကို႔ရဲ႕ ကြၽမ္းက်င္မႈကေတာ့ အ့ံဩစရာပဲေနာ္"
"ဒါက ငါ့အလုပ္ေလ။စကားမစပ္ မင္း သူနဲ႕ ရွိတဲ့အခ်ိန္တုန္းက မင္း ဘယ္လိုခံစားရလဲ?"
"ညီမ သူနဲ႕သာ တူတူ ထပ္ရွိမယ္ဆိုရင္ ညီမ ႐ူးသြားလိမ့္မယ္ေတာင္ ထင္တယ္"စိတ္အႏွောင့္အယွက္ျဖစ္လ်က္ သူမ ဒီစကားကို ေျပာလိုက္တယ္။
"မင္း သိပါတယ္!ငါက အက်ဥ္းခ်ဳပ္မဟုတ္ပဲ စာစီစာကုံးကိုပဲ ႀကိဳက္တာ"
"ညီမ သူနဲ႕ ရွိတဲ့အခ်ိန္တုန္းက နားပင္းသြားေလာက္ေအာင္ကို ႏွလုံးခုန္သံေတြ ညီမ နားထဲမွာ ျပန္ၾကားနိုင္တယ္။ဉာဏ္မရွိတဲ့ လူတစ္ေယာက္လိုမ်ိဳး ညီမစိတ္က လုံးဝ ဗလာႀကီးပဲ။ညီမရဲ႕ အသက္ရႉသံကလည္း ပုံမွန္မဟုတ္ဘူး သူ႕ရဲ႕အန႕ံေၾကာင့္ေလ ၿပီးေတာ့ အဲ့တာက အရမ္းကို..."သူမ ဇာတ္လမ္းအေၾကာင္းအစုံကို အသက္တစ္ခ်က္ မွ်ရႉခ်ိန္မွာ ကတိုက္ကရိုက္ စေျပာလာခဲ့ေသာ္လည္း အဆုံးမွာေတာ့ မည္မည္ရရ စကားလုံးေတာင္ ရွာမေတြ႕ေပ။
"ျဖားေယာင္းေသြးေဆာင္တာပဲ"
"Mmmm!"
"ေနာက္ဆုံးမွာေတာ့!"သူက သက္ျပင္းေလးေလး တစ္ခ်က္ခ်ေလ၏။
"ေနာက္ဆုံးမွာေတာ့က ဘာလဲ?"
"ေနာက္ဆုံးမွာေတာ့ တစ္စုံတစ္ေယာက္ရဲ႕ အနံ႕က ငါ့ညီမရဲ႕ sexေဟာ္မုန္းကို ေအာင္ေအာင္ျမင္ျမင္ ခလုတ္ဖြင့္လိုက္ၿပီပဲ"
"မဟုတ္တ႐ုတ္ေတြ"
"ဟားဟား!မင္း သူ႕ကို သေဘာက်လိဳ႕လား?"
"ညီမေတာ့ မေသခ်ာဘူး။ညီမ သူ႕ကို အဲ့ေလာက္ အမ်ားႀကီး မသိေသးဘူး"ထို႔ေနာက္ က်န္းယြီယန္က သက္ျပင္းခ်ျပန္တယ္။
"သူက ငါတို႔ရဲ႕ ငယ္သူငယ္ခ်င္းေလ။အခ်ိန္အၾကာႀကီး ငါတို႔ တစ္ေယာက္နဲ႕ တစ္ေယာက္ သိခဲ့တာပဲ"
"ညီမတို႔ ကေလးတုန္းကေလ ဒါေပမယ့္ အခုေတာ့ လူေတြနဲ႕ အရာအားလုံးက ေျပာင္းလဲသြားၿပီ"
"Huu!ငါတို႔အတိတ္ကို ျပန္သြားလို႔ရနိုင္ဖို႔ ငါဆုေတာင္းတယ္"
"ညီမေရာပဲ ဒါေပမယ့္ တစ္ျခားတစ္ဖက္ကေတာ့အေမရိကမွာ ညီမတို႔ေနခဲ့တုန္းက ျဖစ္ပ်က္ခဲ့တဲ့ အရာေတြနဲ႕ အတိတ္ကို ညီမ ျပန္ရင္မဆိုင္ခ်င္ဘူး"
"အဲ့ဒါကို ေမ့လိုက္ေတာ့" က်န္းယန္က မိနစ္အနည္းငယ္ေလာက္ တိတ္ဆိတ္သြားကာ တစ္ခုခုကို စဥ္းစားေနေလတယ္၊ထို႔ေနာက္ သူက ေျပာ၏"မင္းမွတ္မိလား?စေနေန႕ တနဂၤႏြေေန႕ဆို အခ်ိန္ျဖဳန္းဖို႔ လုစံအိမ္ကို သြားၾကတယ္ေလ၊အဲ့ဒီေန႕က အတန္းထဲက ေကာင္ေလးေတြက မင္းကို အနိုင္က်င့္ၿပီး ဘယ္သူမွ မင္းကို လက္ မထပ္ဘူးေျပာလို႔ မင္း ငိုတယ္ေလ"
"Huu!ညီမ မွတ္မိတယ္၊ဘယ္လိုေတာင္ မိုက္ မဲတဲ့ ငါလည္း"
"ေကာင္းၿပီ ဒါက ကေလးတစ္ေယာက္ ျဖစ္ရျခင္းရဲ႕ အလွတရားေလ၊မင္း မွတ္မိေသးလား?လုေခ်ာင္ မင္းကို လက္ထပ္မယ္လို႔ ကတိေပးခဲ့တယ္"
"Huu!ညီမ မွတ္မိတာေပါ့ အဲ့တာၿပီးသြားတာနဲ႕ ညီမ ေတာ္ေတာ့္ကို ေပ်ာ္ေနခဲ့တာေလ"
"ဒီကတိကို သူက ျဖည့္ဆည္းခ်င္တယ္ဆိုရင္ေရာ?"
"အဟြတ္..အဟြတ္!ညီမက ငယ္ေသးတဲ့အတြက္ မျဖစ္နိုင္ဘူး။ဒါ့အျပင့္ ဒီကတိကို သူ အခုထိ မွတ္မိမယ္လို႔လည္း ညီမ မထင္ပါဘူး။အဲ့ဒါမဟုတ္ရင္ေတာင္ တစ္ေယာက္ေယာက္နဲ႕ လက္ထပ္ဖို႔ ညီမမွာ တကယ္ အစီအစဥ္မရွိဘူး။ညီမ အိမ္မ က္ေတြေနာက္ လိုက္ရင္း ညီမ ဘဝကို ကုန္ဆုံးခ်င္တာ"
"မင္းခ်စ္သြားၿပီဆိုရင္ေရာ?"
"မခ်စ္ဘူးလို႔ ညီမထင္တယ္၊ညီမ ခ်စ္သြားရင္ေတာင္ အဲ့ဒီအရာက အခ်စ္ ဒါမွမဟုတ္ တစ္ျခားပဲျဖစ္ျဖစ္ ညီမ နားလည္လိမ့္မွာမဟုတ္ဘူး။
"မင္း နားလည္လာပါလိမ့္မယ္၊ မျဖစ္လာရင္ေတာင္ မင္းကို ေျပာျပဖို႔ အစ္ကို ဒီမွာရွိတယ္။"
"ၾကည့္ၾကေသးတာေပါ့၊တစ္ျခား ဦးႏွောက္ မရွိတဲ့ မိန္းကေလးေတြလို ရင္ကြဲနာျပဇာတ္နဲ႕ ညီမ ေဝဒနာမခံစားခ်င္ဘူး။"
"မင္း အဲ့လိုလုပ္ခဲ့ရင္ေတာင္ စိတ္မပူပါနဲ႕ မင္းကို ဂ႐ုစိုက္ဖို႔ ဒီမွာ အစ္ကို တစ္ေယာက္လုံး ရွိပါတယ္ကြ၊မင္းမွတ္မိရဲ႕လား?အဲ့ဒီေန႕က လုေခ်ာင္နဲ႕ လုဖန္းၿပီးေတာ့ သူတို႔နဲ႕အတူ ငါလည္း မင္းကို ကတိတစ္ခုေပးခဲ့တယ္ေလ"
"ညီမ မွတ္မိၿပီ"
"မင္း ခက္ခဲတဲ့ အခ်ိန္တိုင္း မင္းကို အၿမဲဂ႐ုစိုက္ေပးမယ္လို႔ ငါ ကတိထားခဲ့တယ္။"
"ၿပီးေတာ့ ဒီကတိကို အစ္ကိုက အၿမဲတည္တယ္ေလ၊အစ္ကိုရဲ႕ ကတိကိုတည္ၿပီး ညီမ အစ္ကို ျဖစ္ေပးလို႔ အစ္ကို႔ကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။"
"ငါ့ညီမ ျဖစ္ေပးလို႔လည္း ေက်းဇူးတင္တယ္။"
ႏွစ္ေယာက္လုံး ၿပဳံးလိုက္ကာ တစ္ခဏေလာက္ စကားမေျပာေတာ့ပဲ ေကာင္းကင္ကို ၾကည့္ရင္း ၿငိမ္းခ်မ္းတဲ့ ေလထုမွာ ေပ်ာ္႐ႊင္ေနၾကသည္။
က်န္းယန္ သူမကို ကတိေပးခဲ့တဲ့ ေန႕တစ္ေန႕ျဖစ္၏။လုေခ်ာင္က သူမကို လက္ထပ္မယ္လို႔ ကတိေပးခဲ့တယ္။လုဖန္းက သူမကို အၿမဲ
ကာကြယ္ပါ့မယ္လို႔ ကတိေပးခဲ့တယ္။က်န္းယြီယန္က ေပ်ာ္႐ႊင္ေနၿပီး လုဖန္းရဲ႕ ကင္မရာအသစ္နဲ႕ ဓာတ္ပုံရိုက္ရင္း ေလးေယာက္လုံး အလုပ္ရႈပ္ေနၾကသည္။႐ုတ္တရက္ က်န္းယြီယန္က သူ႕ အစ္ကိုကို ၾကည့္ၿပီးေမးလိုက္တယ္
"အစ္ကို၊သူတို႔ႏွစ္ေယာက္လုံးက ညီမကို ကတိေပးပင္မယ့္ အစ္ကို မေပးဘူးေနာ္" ထို႔ေနာက္ သူမက ႏႈတ္ခမ္းဆူလိုက္၏။
"Yeh!သူမ မွန္တယ္" လုေခ်ာင္က ဝင္ေျပာတယ္။
"မင္းလည္း သူမကို ကတိေပးသင့္တယ္" လုဖန္းကလည္း ဝင္ျဖည့္၏။
က်န္းယန္ သူ႕ညီမကို ၾကည့္ၿပီး ေျပာလိုက္တယ္
"မင္းေမြးလာကတည္းက ငါ့မွာ ရွိတဲ့ အရာအားလုံးနဲ႕ မင္းကို ကတိေပးမယ္"
"Umm!ၿပီးေတာ့ အဲ့ဒါက ဘာလဲ?" က်န္းယြီယန္က ျပန္ေျပာတယ္။
"မင္းကို အၿမဲဂ႐ုစိုက္ေပးမယ္။မင္းရဲ႕ ေန႕ရက္ဆိုးေတြမွာ မင္းကို အားေပးဖို႔အတြက္ မင္းနဲ႕အတူ ငါ ဒီေနရာမွာ အၿမဲတမ္း ရွိေနမယ္၊တကယ္လို႔ မင္းနဲ႕အတူရွိဖို႔ တစ္ခုခုက တားဆီးေနရင္ေတာင္ ငါ့ အဲ့အရာကို စြန့္လႊတ္လိုက္ မယ္။မိုးအရမ္း႐ြာတဲ့ေန႕ေတြမွာဆိုရင္ ငါက မင္းရဲ႕ ခိုလႈံရာေလး ျဖစ္ေပးမယ္"
က်န္းယန္ မ်က္လုံး ဖြင့္လိုက္ၿပီး မသဲမကြဲ ေျပာလိုက္တယ္"ငါ့ရဲ႕ ကတိေတြကို အခုထိ ျဖည့္လာေပးနိုင္လို႔ ဝမ္းသာေပမယ့္ သူမနဲ႕ ပတ္သက္ၿပီး ထပ္ၿပီး စိုးရိမ္စရာမလိုေတာ့ဖို႔ ငါ ေမွ်ာ္လင့္တယ္"
"ဘာႀကီးလဲ?" က်နး္ယြီယန္က ထိုစကားကို ေသခ်ာ မၾကားလို္က္ေပ။
"ငါေျပာတာက ဝမ္းေျမာက္ပါတယ္လို႔"
"ဘာ့အတြက္လဲ"
"မင္းရဲ႕ ပထမဆုံး အနမ္းအတြက္"
"ဒါ ပထမဆုံးမွ မဟုတ္တာ"
"ဒါဆို?ပထမဆုံးက ဘယ္အခ်ိန္ကလဲ?ငါ ဘယ္လိုေတာင္ ဒီအေၾကာင္းကို မသိကတာလဲ?ဂ႐ုစိုက္တဲ့ အစ္ကိုဆိုတဲ့ ငါ့ရဲ႕ ပုံရိပ္ကို မင္း ဖ်က္ဆီးလိုက္တာပဲ"
"ဒါက ဂ႐ုစိုက္တာ မဟုတ္ပါဘူး၊ ဒါက စပ္စုၿပီး ႏွောင့္ယွက္တဲ့ အစ္ကိုပါေနာ္"အၿပဳံးတစ္ပြင့္ႏွင့္ သူမက တည္ၿငိမ္စြာေျပာလိုက္တယ္။
"ဘာပဲျဖစ္ျဖစ္!အခု ငါ့ကို ေျပာျပေတာ့"
သူမ စားေသာက္ဆိုင္မွာ ျဖစ္ခဲ့တဲ့ ျဖစ္ေၾကာင္းကုန္စင္ကို သူ႕ကို ေျပာျပလိုက္၏။
"ဟားဟား!မင္း ကိုရိုးကားယားနိုင္တာကို ငါမသိခဲ့ဘူး။သူ႕ရဲ႕ ေယာက်ာ္း ဂုဏ္ရည္ကို မင္းဖ်က္စီးလုနီးပါးပဲ"
"စိတ္မပူနဲ႕ သူက အေကာင္းႀကီးပဲ"
"မင္း ဘယ္လိုသိလဲ?"
က်န္းယြီယန္က ေကာင္းကင္ကို တည္ၿငိမ္စြာ ၾကည့္ေနခဲ့ေသာ္လည္း သူမ အစ္ကို႔ရဲ႕ေမးခြန္းက သူမကို လန့္သြားေစတယ္။
"အဟြတ္...အဟြတ္"
"ဘယ္လိုလဲ?"
"ဒီလိုမ်ိဳးပဲ"
" 'ဒီလိုမ်ိဳးပဲ'ဆိုတာက ဘာလဲ?"
"ညီမ မသိဘူး။ ညီမ အခု အိပ္ခ်င္လာၿပီ.... Good night!"
သူမ ထိုင္ခုံက ထလိုက္ၿပီး သူ႕ကို တစ္ခ်က္ေတာင္ ျပန္မၾကည့္ပဲ သူမ အခန္းကို ျပန္သြားေတာ့သည္။သူမရဲ႕ တုံ႕ျပန္မႈကို ၾကည့္ၿပီးေနာက္ အၿပဳံးတစ္ပြင့္က က်န္းယန္ မ်က္ႏွာတြင္ ေပၚလာ၏။သူလည္း သူ႕အခန္းကို ျပန္သြားရင္း ေျပာလိုက္တယ္ "Good night"