သခင်လေးရဲ့ကချေသည် Myanmar Ver...

By MinKhant22

106K 3.8K 131

နေမခ ကောင်လေးက ကျွန်တော့်နားမှာ ကျွန်တော်စေလိုရာကမဲ့အရုပ်ကလေးပဲ အမြဲဖြစ်နေရမယ် 💗💗💗💗💗 မိုးထက်သာ ကျွန်... More

Intro
EP1
EP2
EP3
EP5
EP6
EP7
EP8
EP9
EP10
EP11
EP12
EP13
EP14
EP15
EP16
EP17
EP18
EP19
EP20
EP21
EP22
EP23
Ep24
EP25
EP26
EP27
EP28
EP29
EP30
EP31
EP32
EP33
EP34
EP35
EP36
EP37
EP38
EP39
EP40 Final

EP4

3.3K 128 1
By MinKhant22

သခင်လေးရဲ့ကချေသည် 

အပိုင်း ၄

မနက်စောစော သူအခန်းထဲမှာ  ဇွဲထက်နိုင်ကိုတွေ့လိုက်ရတာကြောင့် သူလန့်သွားသည်

"နိုးပြီးလား ''

"အစ်ကို ပြန်ရောက်လာပြီလား ဘယ်လိုလုပ် ကျွန်တော်အခန်းထဲရောက်နေတာလဲ ''

"မင်းကို တွေ့ချင်လို့လာတွေ့တာ မင်းကအရင်အတိုင်း မပြောင်းလဲသေးဘူး အိပ်ပုတ်ကြီးတုန်းဘဲ ''

"အဖိုးကို သွားနှုတ်ဆက်ပြီးပြီလား''

" မနက်စာစားရင်တွေ့ရမှာဘဲ နေမခ သေချာကြည့်တော့ မင်းပြောင်းလဲလာတာရှီတာပဲ  မင်းကအရမ်းကိုအသားဖြူပြီး ချောလာတာဘဲ မိန်းကလေးကျနေတာပဲ ''

သူကို့အားနွဲ့သူလို့ဆက်ဆံတဲ့ ဇွဲထက်ကြောင့် နေမခ စိတ်မကြည်လင်စွာ

"ကျွန်တော်ရေချိုးမလို့အပြင်ထွက်ပေးပါ ''

"ချိုးလေ ငါတို့က ညီအစ်ကိုဘဲ မဟုတ်မှလွဲရော မင်းငါ့ကိုရှက်နေတာလား ယောက်ကျားချင်းကိုကွာ ''

"သခင်လေးဇွဲထက် သခင်လေးအမေက သခင်လေးကိုလိုက်ရှာနေပါတယ် ''

သူရိန် ဝင်ပြီးပြောလိုက်သည်

"နောက်မှတွေ့မယ် နေနေ အခုဆိုအမြဲတမ်း မင်းမျက်နှာကိုမြင်နိုင်ပြီ  ''

ဇွဲထက်နိုင် ပြောပြီးအခန်းထဲက ထွက်သွားသည်

"အဆင်ပြေရဲ့လား သခင်လေး သူဒီအခန်းထဲရောက်နေမှန်း ကျွန်တော်သိပေမဲ့ တားပိုင်ခွင့်မရှီတဲ့ ကျွန်တော်ကို ခွင့်လွှတ်ပါ သခင်လေး စိတ်အနှောက်အယှက်ဖြစ်ရပြီ ''

"အခုလိုဝင်ပြောပြီး ပထုတ်ပေးတာနဲ့တင်ကျေးဇူးတင်ပါတယ် သူရိန် ''

"သခင်လေးရေချိုးတော့လေ ကျွန်တော်အဝတ်အစားအဆင့်သင့်ထုတ်ပေးမယ် ''

"အင်း ''

သခင်လေးရေချိုးခန်းထဲဝင်သွားပြီး မိုးထက်သာ ရောက်လာသည်

"သခင်လေးရေချိုးနေတာလား သူရိန် ဒီနေ့ဟိုတယ်တွေလိုက်ကြည့်ရမှာ ''

"အင်း မိုးထက် ''

"မျက်နှာမကောင်းပါလား ဘာဖြစ်လို့လဲ ''

" သခင်လေးဇွဲထက်နိုင် သခင်လေးအခန်းကိုဝင်ပြီး သခင်လေးအိပ်တာကို စိုက်ကြည့်နေတယ် ပြီးတော့ သူမျက်ဝန်းတွေရိုးသားမယ့်လိုငါမထင်ဘူး သူကဒီစံအိမ်ရဲ့မြေးအကြီးလေ အဲ့တော့ ငါစိတ်ပူတယ် သခင်လေးအတွက် ''

"သခင်လေးရောဘယ်လိုနေလဲ ''

"လန့်သွားမှာပေါ့ သူက သခင်လေးငယ်ငယ်ကတည်းက အမြဲလန့်ရတဲ့သူဘဲလေ ''

နေမခ ရေချိုးခန်းထဲကထွက်လာပြီး

"မိုးထက်ရောက်နေတာလား ''

"အအေးပတ်အုန်းမယ် သခင်လေး ''

မိုးထက် ပြောရင်း တပတ်နဲ့ သခင်လေးခေါင်းကိုသုတ်ပေးလိုက်သည် ပြီးတော့ အပေါ်ခန္ဓကိုယ့်ကိုလည်း သုတ်ပေးလိုက်သည် ပြုံးပြုံးကြီးနဲ့ ကျွန်တော်သုတ်ပေးနေတာကို ကြည့်နေတဲ့သခင်လေး 

"အင်္ကျီရောဝတ်ပေး "

"ဟုတ်ကဲ့သခင်လေး ''

ကျွန်တော်ကိုအင်္ကျီ ကြယ်သီးကိုတပ်ပေးတဲ့ မိုးထက် ကြောင့် ကျွန်တော်ရင်တွေခုန်လာပြန်သည်
ဘာဖြစ်တာလဲ

"ငါဘာသာဘဲ ဝတ်လိုက်တော့မယ် ''

"မနက်စာစားပြီးတာနဲ့ ဟိုတယ်တွေလိုက်ကြည့်ရမှာနော် သခင်လေး ကျွန်တော်ဖိုင်တွေယူပြီးကားနားမှာ အဆင့်သင့်စောင့်နေမယ် ''

"အင်း မိုးထက် ဝင်ခေါ်ရမဲ့သူရှီတယ် "

"ဘယ်သူ့ကိုလဲ "

"ငါ့ရဲ့နတ်သမီးလေးကို  "

" ဟုတ်ကဲ့ သခင်လေး ''

မိုးထက်သဘောပေါက်သွားပြီး မျက်နှာညိုးငယ်သွားသည်

🏪🏪🏪🏪

အပန်းဖြေဟိုတယ်တွေကို နှင်းပွင့်ဖြူကိုလိုက်ပြရင်းအချိန်တွေကုန်ခဲ့သည် ဟိန်းစည်သူ ဖုန်းဆက်တာတောင်မှ မကိုင်ဘဲ ကျွန်တော်နောက် တကောက်ကောက်လိုက်နေတဲ့ မိန်းကလေး

"ပင်ပန်းသွားပြီလား ''

"မပင်ပန်းပါဘူး ဗဟုသုတလည်းရတယ် အလုပ်သင်လို့လည်းရတယ် အပန်းဖြေဟိုတယ်ရဲ့အလှအပတွေကိုလည်းကြည့်ရတယ် "

"ကိုယ့်နဲ့ဒီလိုသွားရတာပျော်လား ''

"အရမ်းပျော်ပါတယ် အစ်ကို

"အဲ့ဒါဆိုမင်းရဲ့အားလက်တဲ့အချိန်တွေကိုယ့်လိုချင်တယ် ကိုယ့်မင်းကိုလှမ်းခေါ်တဲ့အချိန် ကိုယ့်အတွက် အချိန်ပေးနိုင်မလား ''

"ဖြူရဲ့အချိန်တွေက အစ်ကိုအတွက်ဆို
အဆင့်သင့်ပါ ''

"ကျေးဇူးတင်ပါတယ် "

သခင်လေး ဒီနေ့ ဒီကောင်မလေးနဲ့ တနေ့ကုန်ပြုံးနေသည် ဒီလိုမြင်ရတာ ကျွန်တော်ရင်တွေနာသည် ဒါပေမဲ့ အူတိုပိုင်ခွင့်မရှီတဲ့ ကျွန်တော်ဘဝပါ

"သခင်လေး မိန်းကလေးတွေနဲ့မပတ်သတ်ဖူးဘူး အခုဒီကောင်မလေးနဲ့မှ တော်တော်ပြုံးနေတယ် ''

"အလောင်းအစားကြောင့်ပတ်သတ်တာနေမှာပါ ''

သူရိန်ကိုသူ့ပြန်ချေပလိုက်သည်

"အလောင်းအစားကြောင့်ပတ်သတ်နေမိရာကတကယ်ချစ်သွားနိုင်တယ် မင်းကြည့်လေ ဒီနေ့တစ်နေကုန်သူနားမှာခေါ်ထားတာဘဲကြည့် ဘယ်လိုလောင်းထားလောင်းထား စိတ်မပါရင် သခင်လေးက ဘာမှမလုပ်မယ့်လူသားဘဲ တစ်နာရီလောက်တွေ့ရတာဘဲ အခုတော့တနေ့ကုန်ဘဲ သေချာတယ် မိုးထက် မိန်းကလေးအထိအတွေ့မရှီဖူးတဲ့သခင်လေးက
ဒီမမလေးကိုစွဲလန်းသွားနိုင်တယ် ''

"သခင်လေးနဲ့လိုက်ဖတ်ပါတယ် ''

မိုးထက်စိတ်မကောင်းစွာပြောထွက်မိသည်

"အရမ်းလိုက်ဖတ်တာပေါ့ကွာ နှစ်ယောက်လုံးအသိုင်းဝိုင်းကြီးထဲက  ပြီးတော့သခင်မလေးအလှကထူးခြားတယ် ချစ်ဖို့ကောင်းတယ် ငါတို့သခင်လေးက ဒီသခင်မလေးနဲ့ဆို သူဘဝတစ်သတ်လုံးလှပနေမှာ ''

သူရိန်ပြောတာလည်းမှန်သည် သူမနဲ့သာလက်တွဲရင် သခင်လေးဘဝအဆင်ပြေချော့မွေ့ပြီးထိပ်တန်းရောက်စေနိုင်သည် ဒါပေမဲ့ ကျွန်တော်အရမ်းဝမ်းနည်းနေမိသည် အဆင်ပြေခိုင်းစေချင်ပေမဲ့ သခင်လေးလက်ထပ်သွားမှာကို ကျွန်တော်သေမလောက်ကြောက်သည်

🏫🏫🏫
🌚🌚🌚🌚🌚

" ညနက်နေပြီလေ ဘာလို့မင်းအခန်းကို
မပြန်သေးတာလဲ မိုးထက်''

"ကျွန်တော်ဒီနေ့ ဆိုဖာပေါ်မှာအိပ်မလို့
ဦးလေးအောင်ကိုပြောပြီးပြီ ''

"ဘာလို့လဲ မိုးထက် ''

" သခင်လေးအခန်းကို တခြားလူတွေမဆင်မခြင်ဝင်လာမှာဆိုးလို့  သခင်လေးကို စိတ်ဖြောင့်ဖြောင့်ဘဲ အိပ်ခိုင်းစေချင်တယ် ''

ကျွန်တော်အပေါ်တော်တော်စိတ်ပူတက်တဲ့ကောင်လေး ဒီကောင်လေးရဲ့ကြင်နာသနားမှုကြောင့် ကျွန်တော်သူကိုလက်မလွှတ်ချင်တဲ့ စိတ်တွေပေါက်ပေါက်လာတယ် သနားကြင်နာမှုက ချစ်ခြင်းတရားထက် ကြောက်ဖို့ကောင်းနေမှာကို စိုးရိမ်တယ်ကောင်လေးရယ်

- "မစိုးရိမ်ပါနဲ့ ဇွဲထက်ကငယ်ငယ်တုန်းကလို့မဆိုးသွမ်းတော့ပါဘူး သူရင့်ကျက်လာပြီ အရင်လိုမဟုတ်တော့ဘူး ငါအပေါ်မှာလည်း ကောင်းလာတယ် မင်းအခန်းမှာသက်တောင့်သက်သာ သွားအိပ်ပါ ''

"ဒီစံအိမ်မှာ သခင်လေးအခန်းက ဇိမ်အရှီဆုံး အကျယ်ဆုံးဘဲလေ ကျွန်တော် သက်တောင့်သက်သာဖြစ်ပါတယ်    ''

"  ကောင်းပြီလေ ကောင်လေး မင်းအဆင်ပြေရင်ပြီးတာပါပဲ  GoodNight ''

"GoodNight သခင်လေး ''

ကျွန်တော်ဆိုဖာပေါ်မှာလှဲပြီးစာအုပ်ဖတ်နေတုန်း သခင်လေးအိပ်မအိပ်လှမ်းကြည့်တော့ သခင်လေး အိပ်ပျော်နေသည် အဲ့ဒါနဲ့ ဆိုဖာပေါ်ကဆင်းပြီး သခင်လေး ကုတင်နားသွားပြီး ဒူးထောက်ထိုင်လိုက်ပြီး သခင်လေးအိပ်နေတာကို ကြည့်နေမိသည်  အိပ်နေတာတောင်ချစ်စရာကောင်းနေပါလား သခင်လေး ကျွန်တော်ဘယ်ချိန်ထဲကစပြီး သခင်လေးကို စိတ်ဝင်စားမိတာလည်း ကိုယ့်ကိုကိုယ့်မသိတော့ပါဘူး  ကျွန်တော်လို နိမ့်ကျတဲ့သူကို သခင်လေး ပြန်မချစ်မှန်းသိနေပေမဲ့လည်း သခင်လေးနားမှာ စေလိုရာနေပေးမဲ့ လူတစ်ယောက်အဖြစ်နေပေးပါမယ်

🌚🌚🌚🌚🌚

အိပ်နေတဲ့ မိုးထက်မျက်နှာကိုကြည့်နေလိုက်သည် တော်တော်ခန့်ညားလာတာဘဲ ဒီကောင်လေး  မင်းမှာ ကြင်နာပြီး သန့်စင်တဲ့နှလုံးသားရှီတာဘဲ ကောင်လေး အဲ့ဒါကြောင့်မင်းရဲ့ရုပ်က ကြည့်လင်ပြီးကြည့်ကောင်းနေတာဘဲ
ကျွန်တော်ကြည့်နေတုန်း သူမျက်လုံးဖွင့်လာသည့်ချက်ခြင်းပဲထလိုက်သည်

"သခင်လေး ကျွန်တော်အိပ်ရာထနောက်ကျသွားတယ် ''

"  ညကစာဖတ်တာနောက်ကျသွားလို့လား ''

စာဖတ်တာနောက်ကျတာထက်သခင်လေးရဲ့အိပ်နေတဲ့မျက်နှာကို တဝကြီးကြည့်နေမိတာပါ

"ဘာတွေးနေတာလဲ  မိုးထက် မျက်နှာသစ်ရေချိုးတော့လေ ''

"ဟုတ်ကဲ့ သခင်လေး ကျွန်တော်ပြန်လိုက်ပါအုန်းမယ် ''

"ငါရေချိုးခန်းကိုယူသုံးပါ ''

"တခြားလူသိရင်ပြောခံရလိမ့်မယ် သခင်လေး ကျွန်တော်... ''

"အတွန့်မတက်ပါနဲ့ သွား..ရေဝင်ချိုး မင်းဝတ်ဖို့ငါအဝတ်အစားထုတ်ပေးမယ် ''

မိုးထက်လည်း မငြင်းသာတော့ဘဲ ရေချိုးခန်းထဲရေဝင်ချိုးလိုက်သည် ရေချိုးပြီး  အောင်ပိုင်း တပတ်ပတ်ပြီးထွက်လာတော့  သူကိုစိုက်ကြည့်နေတော့သခင်လေး

မိုးထက်သာရေချိုးခန်းထဲကထွက်လာတော့
အရမ်းစမက်ကျတဲ့ ခန္တာကိုယ့်ကိုမြင်ပြီး ကျွန်တော်ငေးနေမိသည်

"အစေခံက မင်းအခန်းထဲမှာရေချိုးနေတယ် ''

ဘယ်ကနေဘယ်လိုရောက်လာတော့ ဇွဲထက်နိုင် စကားကြောင့် ကျွန်တော်အသိဝင်လာပြီး

" ကျွန်တော်အခန်းဝင်ရင် တံခါးခေါက်ပါ အစ်ကို ''

မိုးထက်အဝတ်အစားယူပြီး အဝတ်လဲခန်းတွေမြန်မြန်ယူဝတ်လိုက်သည်

"ငါက မင်းအခန်းကိုတံခါးမခေါက်လို့ဟုတ်လား မင်းကအစေခံကိုခေါ်ပြီး အတူနေနေတာလား ''

"ဘာစကားကြီးလဲ အစ်ကို ''

မိုးထက်အဝတ်အစားမြန်မြန်ဝတ်လိုက်ပြီး

"ကျွန်တော် ညစောင့်အိပ်ပေးရင်းနဲ့ ဒီမှာတစ်ခါတည်းရေချိုးလိုက်တာပါ ''

"အစေခံက စကားဝင်ပြောပိုင်ခွင့်မရှီဘူး ''

"အစ်ကိုသူကိုမနှိမ့်နဲ့ ကျွန်တော်မကြိုက်ဘူး ''

"ဒီကိစ္စအဘိုးသိအောင်ပြောရမယ် ''

"ပြောလေ ကြိုက်သလိုလုပ်  ''

နေမခ စိတ်မပူပဲ အေးအေးဖြေလိုက်သည်

"မပြောပါနဲ့ သခင်လေးဇွဲထက် နောက်ကျွန်တော်
မလုပ်တော့ပါဘူး ''

မိုးထက်သာဒူးထောက်လိုက်ပြီး ဇွဲထက်ရဲ့ ခြေထောက်ကို ကိုင်ပြီး တောင်းဆိုနေသည်  ဒီမြင်ကွင်းကကျွန်တော်မကြည့်ချင်ဆုံးမြင်ကွင်းဘဲ

"ဘာလို့ဒူးထောက်တာလည်း မိုးထက်သာ ထ''

"ကျွန်တော်ကအစေခံဘဲ သခင်ကို ဒူးထောက်သင့်ပါတယ် ''

"နေမခ.. ကိုယ်ကိုကောင်းကောင်းဆက်ဆံပါ မင်းကို အစ်ကိုဒုက္ခမပေးပါဘူး ဒီနေ့ကိစ္စ ငါမမြင်ခဲ့ဘူးလို့ဘဲမှတ်လိုက်မယ် ''

ဇွဲထက်ပြောပြီးထွက်သွားသည် ကျွန်တော်ဒေါသဖြစ်လွန်းလို့ အနီးနားရှီပစ္စည်းတွေအကုန် ရိုက်ခွဲပြီးပေါက်ကွဲလိုက်သည်

💗💗💗💗💗💗💗💗💗💗

Zawgyi

သခင်လေးရဲ့ကချေသည် 

အပိုင်း ၎


"နိုးပြီးလား ''















"အင်း ''



"အင်း မိုးထက် ''






"မိုးထက်ရောက်နေတာလား ''



"အင်္ကျီရောဝတ်ပေး "

"ဟုတ်ကဲ့သခင်လေး ''

ဘာဖြစ်တာလဲ




"ဘယ်သူ့ကိုလဲ "

"ငါ့ရဲ့နတ်သမီးလေးကို  "

" ဟုတ်ကဲ့ သခင်လေး ''


🏪🏪🏪🏪


"ပင်ပန်းသွားပြီလား ''





အဆင့်သင့်ပါ ''

"ကျေးဇူးတင်ပါတယ် "










🏫🏫🏫
🌚🌚🌚🌚🌚

မပြန်သေးတာလဲ မိုးထက်''


"ဘာလို့လဲ မိုးထက် ''






"GoodNight သခင်လေး ''


🌚🌚🌚🌚🌚

အိပ်နေတဲ့ မိုးထကျ














မိုးထက်အဝတ်အစားယူပြီး အဝတ်လဲခန်းတြွေမန်မြန်ယူဝတ်လိုက်သည်


"ဘာစကားကြီးလဲ အစ်ကို ''








မလုပ်တော့ပါဘူး ''






Continue Reading