EP37

578 21 0
                                    

သခင်လေးရဲ့ကချေသည်

အပိုင်း ၃၇

" ခင်ဗျားဖြစ်ရဲ့လား "

တစ်နေကုန်မျက်နှာဖြူဖတ်ဖြူရော်ဖြစ်နေတဲ့
နေမခကို မိုးထက်သာ မေးလိုက်သည်

"ဖြစ်တယ် မင်းရေးချိုးဖို့ရေစပ်ပြီး..."

ကျွန်တော် မိုးထက်သာရှေ့မှာမလဲကျချင်ပေမဲ့ ဒါအမြင်အာရုံဝေဝါးလာပြီး အရာအားလုံးမှောက်မိုက်သွားသည်

" သခင်လေး! "

မိုးထက်သာချက်ခြင်း ဆရာဝန်ကိုခေါ်လိုက်သည်

"သခင်လေး ဒါနဲ့ဆိုမေ့လဲတာ နှစ်ခါတောင် ရှီသွားပြီ "

ကျော်စွာ စိုးရိမ်စွာပြောလိုက်သည်

ဆရာဝန်ရောက်လာတာနဲ့ သခင်လေးအခြေအနေကို သိထားတဲ့အတိုင်းပဲ သခင်လေးကိုစမ်းသပ်ပြီး ဆေးသွင်းလိုက်သည် ဆေးသွင်းတဲ့အပြင်
ထိုးဆေးနှစ်လုံးပါ ပါသည်

" ဘာဖြစ်တာလဲ ဒေါက်တာ "

"ဒီသခင်လေးက ကျွန်တော်တို့ဆေးရုံမှာ တစ်လကြာအောင်ဆေးရုံတက်ခဲ့ဖူးပါတယ် အမြင်အာရုံဝေဝါးလာတဲ့အပြင် စကားကို ကောင်းစွာမပြောနိုင်တာလည်း ကြာပါပြီ အတိတ်ကိုလည်းကောင်းစွာမမှတ်မိပါဘူး ဒီထက်ပိုပြီး တိကျတဲ့အကြောင်းအရာကိုတော့ သခင်လေးနေမခကို ကုပေးတဲ့ ကျွန်တော် သူငယ်ချင်းက
ပိုသိမှာပါ  "

" ဗျာ! "

ဆရာဝန်သခင်လေးကုပြီး ပြန်သွားသည် ဦးလေးအောင် ဝင်လာပြီး

"သခင်လေးအိမ်ကို အကြောင်းကြားပြီလား "

" ဒီမှာပဲခေါ်ထားမယ် "

" သခင်လေးက သားနဲ့ဇနီးနဲ့ပါ မိုးထက် "

"ကျွန်တော့်ကို အဲ့ဒါတွေလာမပြောနဲ့ "

"တူလေးရဲ့စိတ်တွေ မပြောင်းလဲသေးဘူးလား ဒီငါးနှစ်အတွင်းတောင် သခင်လေးကို မင်းမုန်းတယ်လို့ ကြွေးကြော်နေတာ ဒီခဏလေးတွေ့ရတာနဲ့ အရေပျော်ကျသွားပြီလား တူလေး..မင်းဘာတွေလျှောက်လုပ်နေတာလဲ ငါတို့အစီစဉ်ထဲမှာ  အဲ့ဒါမပါဘူးလေ "

" သခင်လေးက အဲ့အိမ်ရဲ့ အဓီကအသည်းကျော်လေ သခင်လေး ကျွန်တော်လက်ထဲရောက်မှတော့ သခင်ကြီးကို ကလဲ့စားချေ တာနဲ့အတူတူပဲ ပြီးတော့ သခင်လေးက ကျွန်တောကိုတစ်မျိုးထင်နေတယ်လို့
ခံစားရတယ် "

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now