EP39

1.9K 68 1
                                    

သခင်လေးရဲ့ကချေသည်

အပိုင်း ၃၉

"သခင်လေး သတိရလာပြီလား "

သခင်လေးမျက်စီပွင့်လာတော့ မိုးထက်မေးလိုက်ပေမဲ့ သခင်လေး မျက်စီပြန်မှိတ်သွားသည်

"သခင်လေး..သခင်လေးတစ်ခုခုစားပါ့လား ဘာစားချင်လဲ "

" မင်းဘယ်လိုချမ်းသာလာတာလဲ "

" ကျွန်တော့်အဖိုးက ရှေ့နေဆီအမွေအပ်ခဲ့လို့ပါ "

" မင်းကံကောင်းခဲ့တာပဲ ဘာလို့ငါ့ကိုလာမရှာခဲ့တာလဲ "

" ကျွန်တော့်သခင်လေးကို စောင့်နေခဲ့ပါတယ် "

"လူလိမ်! "

" မလိမ်ပါဘူး သခင်လေး "

" ထွက်သွား!..ထွက်သွား "

သခင်လေး စိတ်လှုပ်ရှားစွာအော်နေတာကြောင့်

"ထွက်သွားပါမယ်သခင်လေး ကျွန်တော့်ကြောင့် ထပ်ပြီးစိတ်မလှုပ်ရှားပါနဲ့ "

မိုးထက်သာအခန်းထဲကထွက်လာခဲ့လိုက်သည်

" Sunny! "

နေမခသားလေးကိုလွမ်းရင်း
အတိတ်ကိုပြန်စဉ်းနေမိသည်

နောက်ကြောင်းပြန်ခြင်း

နေမခ မိုးထက်သာဆီကအလုခံရပြီးမေ့သွားသည် သတိရလာတော့ ကားပေါ်မှာပဲ အဲ့ဒါဆို မိုးထက်နဲ့ဝေးပြီပေါ့  ဟင့်အင်း အဲ့လိုမဖြစ်ရဘူး မိုးထက်ကိုမထားခဲ့နိုင်ဘူး

"အဖေ ကျွန်တော့်ကို ပြန်ပို့ပေးပါ  "

"သားငယ် သတိရလာပြီ  အဖေက ကျိုင်းတုံဆေးရုံကိုဝင်မလို့  "

"  ကားပြန်လှည့်ပါ ကျွန်တော့်ကို ပြန်ပို့ပေးပါ အဖေအဲ့လိုခေါ်လာလို့မရဘူးလေ
ကျွန်တော့်နဲ့ မိုးထက် အတူနေလာတာ
ကြာပြီ ကျွန်တော့်တို့လက်ထပ်ထားပြီးပြီ "

" သားက မြင့်မြတ်တဲ့သခင်လေးပါ လူတွေအားလုံးရဲ့အမြင်မှာ Gay အခြောက်အဖြစ် နှိမ့်ကျပြောဆိုတာကို လက်ခံမလို့လား "

" သားပျော်တယ် အရမ်းပျော်တယ်  သားရမိုင်းဖြတ်မှာပျော်တယ် ဘာသခင်လေးမှမဖြစ်စေချင်ဘူး ကားပြန်လှည့်ပါ
ကားပြန်လှည့်ပါ  "

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now