EP36

564 18 0
                                    

သခင်းလေးရဲ့ကချေသည်

အပိုင်း ၃၆

နေမခကားတံခါးဖွင့်လိုက်တာနဲ့ ကားပေါ်မှာရောက်နေတဲ့ သားလေးကို တွေ့ရသည် 

" Sunny! "

"သားသားလိုက်မှာ "

"သားအိပ်ရေးမဝသေးဘူးထင်တယ် ဖြူရေ..ဖြူ "

နေမခခေါ်သံကြောင့် ဖြူထွက်လာသည်

"ဘာဖြစ်လို့လဲကိုကို "

"သားကိုပြန်သိပ်လိုက်ပါအုန်း "

"သားသားအိပ်ဖူး..Daddyနောက်လိုက်ချင်လို့အစောထတာ "

ဖြူသားလေးကိုပွေ့တော့ သားလေးအတင်းရုန်းသည်

"အဟင့်..ဟင့်..Daddyနဲ့လိုက်မှာ "

ဖြူသားလေးကို ရအောင်ပွေ့ခေါ်ပြီး အိမ်ထဲချီသွားပေးမဲ့ သားလေးငိုသံကိုကြားပြီး နေမခစိတ်မကောင်း
ဖြစ်ရသည်

"သားလေး "

"Daddy! "

ဖြူဆီကနေသားလေးကိုပွေ့ပြီး ကားပေါ်ပြန်တင်လိုက်တာနဲ့ သားလေးအငိုချက်ခြင်း တိတ်သွားသည်

"ကိုကိုဖြစ်ပါ့မလား "

"ဖြူဘာစိုးရိမ်နေလဲ ကိုကိုသိပါတယ် "

"ဖြူအရမ်းစိတ်ပူတယ်ကိုကို "

"စိတ်မပူပါနဲ့ ကိုကိုသွားတော့မယ် "

နေမခသားလေးကိုခေါ်ပြီး ထွက်လာခဲ့လိုက်သည်

🏫🏫🏫

" ဒီကလေးက "

သခင်လေးသူ့ကိုကားတံခါးဖွင့်ပေးရင်း သခင်လေးဘေးမှာရပ်နေတဲ့ ကလေးကိုမြင်ပြီး မေးလိုက်သည်

" ငါ့သားပါ "

"ခင်ဗျားသားမှန်းကျွန်တော့်သိပါတယ် ဘာလို့အလုပ်ကို ခေါ်လာတာလဲ "

"အရမ်းကျီကျနေလို့ပါ  "

"ကျီကျရင် သူ့အမေထိန်းလိမ့်မယ်လေ ခင်ဗျားခေါ်လာစရာလိုလို့လား "

"သားလေးအရမ်းငိုနေလို့ငါခေါ်လာတာ အရမ်းငိုနေတဲ့သားလေးကို  ငါမထားခဲ့ရက်နိုင်ဘူး မင်းအဖေမဖြစ်ဖူးတော့ အဖေတစ်ယောက်ရဲ့ရင်ထဲဘာဖြစ်လဲ မင်းမသိပါဘူး "

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now