EP14

1.8K 79 1
                                    

သခင်လေးရဲ့ကချေသည်

အပိုင်း ၁၄

"သခင်လေးအခုထိ မိုးထက်ကိုရှောင်နေမှာလား ဒီနေ့တော့ မရှောင်သင့်တော့ဘူး ''

နေမခအင်္ကျီကိုကြယ်သီးတပ်ပေးရင်သူရိန်
ပြောလိုက်သည်

"'ဒီနေ့ဘာလို့မရှောင်သင့်တာလဲ ''

"ဒီနေ့သူမွေးနေ့လေ ဒီနေ့တော့ မိုးထက်သာကိုစိတ်ဆင်းရဲအောင်မလုပ်ပါနဲ့ သခင်လေး ဒီရက်ပိုင်းသူ သခင်လေးစကားပြောလာမှာကို
စောင့်ပြီး မှိုင်နေတာ ''

"သူမှိုင်နေတာကိုမြင်တယ်ပေါ့ "

" တကယ်ပြောတာလား သခင်လေး "

"အောက်ဆင်းနှင့်ပါ သူရိန် ''

သူရိန်အောက်ဆင်းတာနဲ့ အပန်းဖြေစံအိမ်တစ်အိမ်ကို မွေးနေ့အတွက်အလှဆင်ရန် ဖုန်းဆက်လိုက်သည် ပြီးတော့အောက်ကိုပြန်ဆင်းလာပြီး ကုမ္မဏီသွားလိုက်သည်

🏬🏬🏬

သခင်လေးမနက်ကနေအခုထိ သူကိုစကားမပြောသေးဘူး...ဒီနေ့သူမွေးနေ့ပဲ အစေခံတစ်ယောက်ရဲ့မွေးနေ့ကဘာမှမဟုတ်ပေမဲ့ သူမွေးနေ့ရောက်တိုင်း မနက်စောစောစီးစီးသခင်လေးက
'' မွေးနေ့မှာပျော်ရွှင်ပါစေ ကောင်လေး ဒါမင်းအတွက်လက်ဆောင် '' ဆိုပြီးနှစ်တိုင်းတစ်နှစ်မှမပြတ် အမှတ်ရပေးသည် အခုတော့ သခင်လေး သူကိုမေ့သွားပြီ

မိုးထက်သာအလုပ်မှာစိတ်မပါဝင်စားပဲ သခင်လေး အခန်းကိုပဲမျှော်ကြည့်နေမိသည်

🏬🏬🏬

"သခင်လေးနေနိုင်လိုက်တာ ညနေတောင်စောင်းတော့မယ် ကျွန်တော်သတိပေးထားရက်သားနဲ့ ''

စရင်းဇယားတွေကိုပြန်စစ်ပြီး လက်မှတ်ထိုးပေးနေတဲ့ နေမခကို ဆိုလိုက်ခြင်းဖြစ်သည် တနေ့ကုန်အလုပ်နှင့်မပျက်လုပ်နေတာကို စိတ်မရှည်၍မေးလိုက်ခြင်းဖြစ်သည်

" သခင်လေး ကျွန်တော်ပြောတာမကြားဘူးလား ''

"သူရိန် ဘာလောနေတာလဲ အလုပ်သမားတစ်ယောက်ရဲ့ မွေးနေ့က အဲ့လောက်အရေးပါလို့လား "

"ကျွန်တော့်တို့ကအစေခံဆိုပေမဲ့ သခင်လေးနားမှာ အလုပ်လုပ်ရတဲ့ ကျွန်တော့်တို့ကတော့ အစေခံလိုမခံစားရဘူး သခင်လေးက အဲ့လောက်ထိ ကျွန်တော့်တို့အပေါ်ကောင်းခဲ့တာပါ "

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now