EP30

585 26 0
                                    

သခင်လေးရဲ့ကချေသည်

အပိုင်း ၃၀

ကုမ္ပဏီဝန်းထဲကနေ Sunnyကိုချီပြီ  အပြေးထွက်လာတော့ သခင်လေးကို ကျွန်တော် စိတ်ပူပြီး သခင်လေးလက်ထဲက Sunny ကိုချီလိုက်သည် တခြားကလေးတွေထက် ပိုရင့်ကျက်ပြီး ပိုတော်ပိုထက်မြတ်တဲ့Sunny လေးက အခုအငိုမသိပ်သေးပဲ ရှိုက်တောင် ရှိက်နေသည် ကားပေါ်ရောက်တော့ သခင်လေး ခေါင်းကို လက်နဲ့ကိုင်ပြီး

" မြန်မြန်မောင်း. . . မြန်မြန် . . .''

'' Daddy  . . .အဟင့် . .Daddy ''

ပြောရင်းသခင်လေး မေ့လဲသွားသည် ကျွန်တော်လည်း Driver ကို မြန်မြန်မောင်းခိုင်းလိုက်ပြီး  ဆရာဝန်ကို ဖုန်းကြိုဆက်ထားလိုက်သည်

" တိတ်ပါတော့ ကလေးရယ်  ဘာဖြစ်လာတာလဲ  "

" အထဲက သူဌေးက လူဆိုးကြီး..အဟင့် .ဟင့် .  Daddy ကို . . .ရန်စွာတယ်ကြမ်းကြမ်းတမ်းတမ်းလုပ်တယ်..အော်လည်းအော်တယ်  ''

"  ဘာ !"

ဘယ်သူလဲ ဘယ်သူမို့လို့ သခင်လေးကို စော်ကားရတာလဲ ငိုနေတဲ့ Sunny လေးကို ဖတ်ထားလိုက်သည် အိမ်လည်းရောက်တော့ ဆရာဝန်အဆင့်သင့်စောင့်နေသည် သခင်လေးကို ပွေ့ပြီး ကုတင်ပေါ်ဖြေးညှင်းစွာ လှဲလိုက်သည် 

"အခြေအနေဘယ်လိုလဲ ဒေါက်တာ ''

" စိတ်လှုပ်ရှားမှုများပြီး ဖြစ်သွားတာထင်တယ်  ''

" ဦးဦးဒေါက်တာ Daddy စကားပြောတယ် ''

"Daddyက စကားပြောတယ်ဟုတ်လား "

ဆရာဝန်နဲ့ ဦးချမ်းသာအံသြသွားသည်

"  မငိုနဲ့ နော် Sunny ဦးဦး Daddy ကိုသက်သာအောင်ကုပေးမယ် ''

" စိုးရိမ်ရလား ဆရာဝန်လေး'

" အတက်နိုင်ဆုံးစကားမပြောခိုင်းစေချင်သေးတာ စိတ်လှုပ်ရှားပြီး သူဘာသာသူသတိမထားမိပဲ ပြောမိသွားတယ် ထင်တယ် နေမခကို ဘာအလုပ်မှမခိုင်းပါနဲ့အဖိုး ကျွန်တော် သိပါတယ် အဖိုးတို့ စီးပွားရေးအခြေအနေ ကျပ်တည်းပြီးခက်ခဲနေတယ်ဆိုတာ..သခင်ကြီးကလည်း ရုတ်တရက်.."

'' မပြောပါနဲ့တော့ဆရာဝန်လေး  မြေးငယ်ကိုတော့ အဆုံးအရှုံးမခံနိုင်ဘူး ဘာမှမခိုင်းတော့ပါဘူး ''

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now