EP32

1.5K 61 0
                                    

သခင်လေးရဲ့ကချေသည်

အပိုင်း ၃၂

ကျွန်တော်ကို ဝတ်အစားဝတ်ပေးနေတော့ သူရိန်ကို Sunnyလေးကခြေသလုံးဖတ်ပြီး

" သားကို ဘယ်တော့မှ ပြင်ပေးမှာလဲ Daddy နဲ့ Mommy ကျတော့ ပြင်ပြီးတော့မယ် "

ကျွန်တော် Sunny ကိုကောက်ချီလိုက်တော့

" မချီပါနဲ့ သခင်လေး သွားရတော့မှာကိုး မောင်လှလာစမ်း Sunny လေးကို လာထိန်းထား "

"Daddy အခုသွားရမဲ့နေရာက ဝတ်ကောင်းစားလှ တွေတာ ဝတ်ထားတာပျော်စရာကောင်းတဲ့နေရာမဟုတ်ဘူး သားလေး "

Sunny နဖူးကို သူလက်နဲ့ထောက်ပြီး စဉ်းစားနေရင်စ ရုတ်တရက် ငိုချလာသည်

"အဟင့်..ဟင့်မသွားပါနဲ့ Daddy လူဆိုးရှီတယ် ဟိုတစ်ခါလည်း ဝတ်ကောင်းစားလှဝတ်ပြီး သွားတာ လူဆိုးနဲ့ တွေ့တယ် "

သားလေးကို မိုးထက်သာက အရမ်းတိတ်လန့်အောင် လုပ်လိုက်တာပဲ

" မဟုတ်ဘူး Sunny အဲ့ဒီဦးက လူဆိုးမဟုတ်ဘူး "

"လူဆိုးလို့မခေါ်ရဘူး နောက်မခေါ်နဲ့နော် "

"ခေါ်မှာပဲ လူဆိုးကြီးပဲကို "

" Sunny Daddy စိတ်မဆိုးချင်ဘူး မခေါ်နဲ့ လူဆိုးလို့ "

"အဟင့် ...ဟင့် "

"အစ်ကို သားငယ်က ဘာမှမသိဘူးလေ "

သားငယ်ကို မောင်လှလက်ထဲ ထည့်ထားခဲ့ပြီး ငိုသံကို ဂရုမစိုက်တော့ပဲ နှင်းပွင့်ဖြူလက်ကိုဆွဲပြီး ထွက်လာလိုက်သည် ကျန်းမာရေးကြောင့်လား ဘာလားမသိပေမဲ့ ကျွန်တော် သားငယ်ကိုပါ စိတ်မရှည်ဖြစ်နေပါ့လား

🏤🏤

သခင်လေးရောက်လာပြီ မိုးထက် "

"ကပွဲစလိုက်တော့ "

"အင်း "

မိုးထက်သာပါတီပွဲမှာကပွဲပါစီစဉ်ထားသည် သခင်လေးအတွက် မျက်လှည့်တစ်ခုပဲဖြစ်သည်

"သခင်လေးက သူ့ဇနီးနဲ့လာတာ မိုးထက် "

"အင်း ငါသိတယ် "
နေမခပါတီရောက်တော့ သူရိန်ကိုလိုက်မလာခိုင်းတော့ပဲ ဖြူလက်ကိုဆွဲပြီး New Life စံအိမ်တော်ကြီးကို ဝင်လာလိုက်သည် ပါတီမှာရှီတဲ့သူတွေက ကျွန်တော်တို့ စုံတွဲကိုထူးဆန်းစွာကြည့်နေကျသည် ပါတီတွေ ငြင်းခဲ့တာ လေးနှစ်မကရှီသွားပြီးလေ ဧည့်ခံ တဲ့ကောင်လေးက ဝိုင်လာပေးလို့ ကျွန်တော် ယူလိုက်တော့ ကျွန်တော်လက်ထဲက ချက်ခြင်းဆွဲယူလိုက်တော့ ဟိန်းစည်သူ

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now