EP9

765 32 1
                                    

သခင်လေးရဲ့ကချေသည်

အပိုင်း ၉

📲📲📲📲

မနက်စောစောမြည်လာတဲ့ဖုန်းသံကြောင့် နေမခအိပ်ရာကနိုးလာပြီး ကိုင်လိုက်သည်

"ပြော စည်သူ''

"ငါ မင်းတင်စားပြီးပြောတဲ့ နတ်သမီးလေးကိုချစ်ခွင့်ပန်လို့လိုက်ပြီ ''

"အဲ့တော့ ''

"အပန်းဖြေစံအိမ်ပေးဖို့ပြင်ဆင်ထားတော့ ''

"ဟား ဟား ဟား''

"ဘာလဲ.. ငါကိုလှောင်ရယ်နေတာလား ဒါမှမဟုတ်
မင်းရှုံးမှာမို့လို့ ရူးသွားတာလား ''

"သူဆီကမင်းအဖြေမရသေးပါဘူး ဟုတ်တယ်မဟုတ်လား''

"ဒါပေမဲ့သူ ငါပြောတာကိုမငြင်းဘူး မကြာခင်လည်း သေချာတဲ့အဖြေပေးလာလိမ့်မယ် ''

"သူဆီက ချစ်တယ်ဆိုတဲ့အဖြေရမှ ငါကိုလာပြောပါ အခုမင်းမနက်စောစောစီးစီးဖုန်းဆက်တာ ငါအာရုံနောက်တယ် စည်သူ''

"မင်းပြင်ဆင်ထားရအောင်ငါပြောတာပါ ''

"မင်းဘာလို့ငါကိုအမြဲတမ်းရှုံးလဲ မင်းသိလား ကိုယ့်ကိုကိုယ့်ဘဝင်မြင်ပြီး အထင်ကြီးလွန်းလို့သာ တနည်းပြောရရင်တော့ ကန်းနေတဲ့လူတစ်ယောက်လို့ပေါ့  ကိုယ်ကိုကိုယ့်ဘဲသိပြီးတခြားသူကိုမမြင်နိုင်တာ အနိုင်အရှုံးဆိုတာသေချာတဲ့အဖြေရမှ မင်းနဲ့ငါနဲ့ထပ်တွေ့တာပေါ့ ဒါဘဲ စည်သူ''

နေမခဖုန်းချပြီးရေမိုးချိုးလိုက်သည်

🌺🌺🌺🌺🌺

" အစ်ကို.. ကျွန်မဆီလာတယ် ''

"နှင်းပွင့်ရုံးခန်းက ကျယ်သားဘဲ ကိုယ့်ခရီးသွားနေလို့ မကူညီဖြစ်ဘူး  ''

"ကျွန်မကိုပစ်ထားပြီမှတ်နေတာ''

"ကိုယ့်ကိုလွမ်းနေတာလား''

တည့်တိုးမေးလိုက်မိကြောင့်ဒီကောင်မလေး ရှက်ပြီးခေါင်းငုံသွားသည် ကောင်မလေးရယ် ငါမင်းရဲ့စိတ်ကိုမြန်မြန်ရချင်ပြီ ငါမရှုံးချင်ဘူး

"ကိုယ့်မေးတာဖြေလေ ကိုယ့်ကိုလွမ်းနေတာလား မဟုတ်ဘူးဆိုရင်တော့ ကိုယ့်ပြန်တော့မယ် ''

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now