EP25

1.6K 68 0
                                    

သခင်လေးရဲ့ကချေသည်

အပိုင်း ၂၅

"သခင်ကြီး သခင်လေးနေတဲ့ နေရာ စုံစမ်းရပြီ ကျွန်တော်တပည့်တစ်ယောက်ကပြောတာ ''

"တကယ်လား တကယ်ငါသားငယ်ကိုးရှာတွေ့ပြီလား ''

အဖိုးဦးချမ်းသာ မျက်လုံးတောက်ပသွားသည်

"မြေးငယ်လေးကိုရှာတွေ့ပြီ တကယ်လား ''

စိုင်းမင်း သခင်လေးဓာတ်ပုံကို ပြလိုက်သည်

"သခင်လေးကရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ် ဝမ်မိုင်မှာနေပါတယ် ဒါသခင်လေး ဘလောက်အုတ်လုပ်တဲ့နေရာပါ ''

"အဖေ သားငယ်ပုံတွေ ''

ဦးထက်ယံသားငယ်ပုံတွေကြည့်ပြီး ဝမ်းနည်းမိသည်

"မြေးလေး "

အဖိုးဖြစ်သူလည်း မြေးငယ်လေးပုံကြည့်ပြီး မျက်ရည်ကျလာသည်

"သွားရအောင် ငါကိုယ့်တိုင် မြေးငယ်ကိုသွားခေါ်မယ် ''

"အဖိုး မသွားပါနဲ့ ညီငယ်ကို ကျွန်တော်ရအောင်သွားခေါ်ခဲ့ပါမယ် ''

နေလင်းအသက်ကြီးတဲ့အဖိုးကို ဝေးလံတဲ့ခရီးမထွက်စေချင်လို့ပြောလိုက်သည်

"ဟုတ်ပါတယ် အဖေ သားငယ်ကို ကျွန်တော်နဲ့သားကြီးရအောင်သွားခေါ်မှာပါ သူနေတဲ့နေရာအတိအကျကိုရအောင်စုံစမ်းဖို့မခက်တော့ပါဘူး ကျွန်တော်ရအောင်ပြန်ခေါ်လာခဲ့ပါမယ် ''

" မြန်မြန်ခေါ်ခဲ့ကျပါ မြေးငယ်လေးကို
လွမ်းလှပြီ "

အဖိုးဦးချမ်းသာ မြေးငယ်ဓာတ်ပုံကိုကြည့်ပြီး ပြောလိုက်သည်

🏡🏡🏡

" အိမ်တော်ထိန်း ဦးအောင် !! ''

"ဘာလို အဲ့လောက်အော်နေတာလဲ ''

'' အစောန သခင်ကြီးတို့ပြောတာ ကျွန်တော်ကြားတယ် သခင်လေးကို ပြန်တွေ့တော့မယ်တဲ့ ဦးလေး အဲ့ဒါဆိုကျွန်တော့်တို့ မိုးထက်သာကို ပြန်တွေ့တော့မှာပဲ''

"ဟုတ်လား အဲ့ဒါဆို ငါနောက်ကလိုက်မှဖြစ်မယ် မိုးထက်သာကို သူဘဝမှန်ပြန်ပို့ဖို့ အချိန်ကျပြီ ''

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now