EP16

1.8K 78 0
                                    

သခင်လေးရဲ့ကချေသည်

အပိုင်း ၁၆

နေမခနဲ့ မိုးထက်သာ စံအိမ်ကိုပြန်ရောက်လာခဲ့တယ့် စံအိမ်ရောက်ရောက်ချင်းကားပေါ်ကဆင်းလိုက်တော့

"ကိုကို! "

"ဖြူ"

နှင်းပွင့်ဖြူကသူကိုလာဖတ်သည် ပြီးတော့
အဘိုးနှစ်ယောက်လုံးပါ ထွက်လာသည်

"မြေးမလေးက မနက်စောစော မင်းဆီလာချင်တယ်ဆိုတာနဲ့''

နေမခ..မိုးထက်သာကိုတချက်ကြည့်လိုက်သည် သူမျက်နှာငယ်နေသည်ကိုတွေ့ရသည်

"မြေးတောင်းဆိုတာကို အဘိုးမြန်မြန်လုပ်ပေးဖို့ဆုံးဖြတ်လိုက်သည် "

"ဟုတ်တယ်ကိုကို နှင်းပွင့်တို့စေ့စပ်ရတော့မယ်"

"ဒါသတင်းကောင်းပဲ "

နေမခပြောပြီး မိုးထက်ကိုကြည့်လိုက်မိသည်
မိုးထက်သာကျွန်တော်မျက်နှာကိုကြည့်ပြီး ထွက်သွားသည်

"သတင်းကောင်းသာဆိုတယ် ကိုကိုမျက်နှာမှိုင်နေတယ် ''

"ဘာမှမဖြစ်ပါဘူး ဖြူကိုယ့်တို့အိမ်ထဲဝင်ရအောင် ''

"အိမ်ထဲဝင်ရအောင် အိမ်ထဲကျမှအဘိုးတို့ပြောရတာပေါ့ ''

🏫🏫🏫

"ညကဘယ်တွေလျှောက်သွားနေတာလဲ  ငါမှာမင်းမွေးနေ့အတွက်မင်းကြိုက်တဲ့ဟာတွေချက်ထားပြီးစောင့်နေရတာ''

ဦးအောင်ကမိုးထက်ရောက်လာတာနဲ့ အလိုမကျစွာပြောလိုက်သည်

" ကျွန်တော်အခု အရမ်းချမ်းသာချင်တယ် ပိုက်ဆံအများကြီးရှာချင်တယ် ''

"မင်း ဒီလို့တစ်ခါမှမပြောဖူးပါဘူး မိုးထက် ''

"အရင်ကမပြောဖူးပေမဲ့ အခုတော့ ကျွန်တော့် မသိမ်ငယ်ချင်တော့ဘူး အားလုံးပိုင်ဆိုင်ချင်တဲ့လောဘဖြစ်နေပြီ ''

" မိုးထက်တူလေး  မင်းအသက် ၂၅နှစ်ရောက်ရင် မင်းဖြစ်ချင်တာမင်းပိုင်ဆိုင်ချင်တာ အကုန်ဖြစ်လာမှာပါ အခုမင်းအသက် ၂၄ နှစ်ပြည့်ပြီ တစ်နှစ်ပဲစောင့်ရမှာပါ ''

"ဦးကလည်း ကျွန်တော်စိတ်ကူးယဉ်နေတာကိုလိုက်ရူးပြနေတယ်  "

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now