ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ...
By sweswexlaing
84.2K 5.3K 119
Lu Lijun & Jiang Yuyan Credit to all Author and Translator. This story is not mine.I just translate this. 🖤 ... More
Intro
Loving my wife
I Miss You,Please Come Back!
To Make a Baby,Marriage is Not Necessary..
Angry old man,Elder Lu
She will Get Married Twice..
So Rude! Left Without Giving An Apology..
She is still the same....
Will See You Soon Yuyan!!
Drinking Coffee And Making A Child Are Different Things...
I Am Handsome Since My Birth...
Haha!You Truly Inherited My genes...
Eating "SHOCK" As A Breakfast...
Calm Down Angry Bird!
The Day Of Suprises....
A Gift from Grandpa Lu...
The Perverted Old Man!!
Recipes To Expand Family Tree...
As You Wish Grandpa!!
Secret in The Family..
Heading To The Same Denstination....
စပရိုက်.....
You Are Crushing My Grandpa's Dream...
Replace Your balls With My Ovaries!
Feeling Like To Kill You....
My first kiss got stolen.
I Will Love And Care For Her Too.
The Undeniable Truth Of The Future.
Wounds Of the Past
Hiding A Devastating Truth
An Unfortunate Death.
Gift From A Brother
Annoying Sisters
Tricking The Sisters
Running A DNA Test
The Foundation Day Of The Family
Gentleman Lu Feng
Sacrifices!
Gift From A Little Guy...
Okay With Plus-Minus Ten...
ပြောစရာလေးရှိလို့ပါ
What is He doing here?
Don't want to die Virgin
A Step Together...
Did you forget me?
It Feels Good To Feel Your Heartbeats...
Becasuse I wanted to kiss you....
Cough-Cough!Did you smoke?
Centroid of the Triangle!!
I'll Marry You...Pinky Promise!
I Will Be Your Knight....
Relaxing Under The Starry Sky
Brother's Promise!!
What A Rude Child!
644 42 0
By sweswexlaing
ထိုစကားကို ကြားလိုက်ရ၍ ကျန်းယွီယန်မှာ အ့ံအားသင့်သွားကာ လုချောင်ကို လှည့်ကြည့်လိုက်တော့၏။လုချောင်ကလည်း သူမကို ကြည့်နေကာ 'ဒါက အမှန်ပဲ'လို့ ပြောနေသလို ပေါ့ပေါ့ပါးပါး ခေါင်းငြိမ့်ပြရင်း ပြုံးပြလေသည်။လူတိုင်းက လုချောင်နဲ့ ကျန်းယွီယန်ကို စနောက်ရင်း အလုပ်ရှုပ်နေကြလေတယ်။ဒါပေမယ့် ထိုလူ အားလုံးထဲမှ လုလီကျွင်းကတော့ မပျော်နိုင်ချေ။
"အစ်ကိုက သူမနဲ့ တကယ် ကခဲ့တာလား?"ဝမ်းနည်းနေသော အမူအရာနှင့် လုလီကျွင်းက မေးလေတယ်။
"Huu!"လုချောင်က သူ့ကို ကြည့်လာရင်း ခေါင်းငြိမ့်ပြသော်လည်း ဘာမှ ထပ်မပြောပေ။လုလီကျွင်းက သူ့အကြည့်တွေကို ကျန်းယွီယန်ဆီသို့ ရွှေ့လိုက်ကာ ဖျက်စီးလိုသော အကြည့်နှင့် စိုက်ကြည့်လိုက်တော့သည်။'ကျွန်တော့် အစ်ကိုနားက ဝေးဝေးနေ'ဆိုတဲ့ ပုံစံမျိုးနဲ့ လုချောင်ရဲ့ လက်ကို သူ တင်းတင်းကြပ်ကြပ်ကို ဆုပ်ကိုင်ထားလိုက်၏။
ကျန်းယွီယန်က သူ့ရဲ့ တုံ့ပြန်မှုကို သတိပြုမိသော်လည်း လျစ်လျူရှုလိုက်ကာ လုလီကျွင်းဟာ ကလေးငယ်လေးတစ်ယောက် ဖြစ်ကြောင်း တွေးတောနေလိုက်ရလေတယ်။ထို့နောက် သူမ တစ်ခြားသူတွေကို ကြည့်ပြီး ပြောလိုက်၏ "ကျေးဇူးပြုပြီး ကျွန်မတို့ကို ခွင့်ပြုပါဦး​ေနာ်"
်သူမ အစ်ကို လက်ကိုကိုင်လိုက်ပြီး သူ့ကို သူမနဲ့အတူ ဆွဲခေါ်သွားလိုက်တော့သည်။လုတွေနဲ့ ဝေးတဲ့နေရာရောက်တာ သေချာမှသာ သူတို့ ရပ်လိုက်ကြ၏။
"ဘယ်လို ရိုင်းလိုက်တဲ့ ကလေးလဲ!"သူမက မျက် မှောင်ကြုံ့နေသည်။
"ဘယ်သူလဲ?လုလီကျွင်း"
"Huu"သူမ ခေါင်းငြိမ့်ပြလိုက်၏။
"မဟုတ်ပါဘူး!ငါ မြင်ရတာတော့ သူက သူ့အစ်ကိုကြီးကို တစ်ယောက်တည်း ပိုင်ဆိုင်ချင်နေတာပါ"အခုထိ သူ့အစ်ကို လက်ကိုကိုင်ထားဆဲဖြစ်သော လုလီကျွင်းကို ကြည့်လိုက်ရင်း ပြောလေတယ်။လုလီကျွင်းရဲ့ အေးစက်တဲ့ အပြုအမူတွေက သူ့ညီမနဲ့ ပက်သက်နေတာကို ကျန်းယန်လည်း သတိပြုမိသည်။
"ဘာပဲဖြစ်ဖြစ်"
"ဒါနဲ့ မင်းပျော်ခဲ့ရဲ့လား?"လုလီကျွင်းရဲ့ အမူအကျင့်တွေကြောင့် သူမ စိတ်ဆိုးနေတာကို တွေးမိပြီး ကျန်းယန် အကြောင်းအရာ ပြောင်းဖို့ ကြိုးစားလိုက်တယ်။
"ဘာကိုလဲ?"
"ဒီပွဲမှာ စောင့်မျှော်အခံရဆုံး ယောကျာ်းတစ်ယောက်ရဲ့ အကပါတနာတစ်ယောက် အဖြစ်"
"ငါ့ a**" ကျန်းယွီယန်မှာ ဒေါသထွက်သွားသော်လည်း ဘာကြောင့်ဆိုတာ သူမ နားမလည်နိုင်ပေ။သူမ စိတ်က ရှုပ်ထွေးနေဆဲပင်။
"အဟွတ် အဟွတ်!မင်း ဘာပြောလိုက်တယ်ဆိုတာကို သတိထားစမ်းပါကွာ ခုန မင်းပါးစပ်က ထွက်လာတဲ့ စကားလုံးတွေကို ကြားသွားပြီး ဘယ်သူကမှ မင်းကို ကဖို့ မမေးတော့မှာ အစ်ကို စိုးရိမ်တယ်ကွ။ငါတို့က တရုတ်မှာလေ အမေရိကမှာ မဟုတ်ဘူးကွ"
"ညီမ ဂရုမစိုက်ဘူး။"
"ဒါပေမယ့် ငါကတော့ ဂရုစိုက်တယ်။အခုက မင်းအတွက် ချစ်သူတစ်ယောက် ရှာရမယ့်အချိန်ပဲ။"ကျန်းယန် ရပ်တန့်လိုက်ပြီး ဆက်ပြောတယ် "စကားမစပ် ငါ သူ့ကို ကြိုက်တယ်" လုချောင် ရှိနေတဲ့နေရာကို သူ ညွှန်ပြလိုက်၏။
"ဒါဆို သွားပြီးတော့ သူ့ကို အစ်ကိုချစ်သူ လုပ်လိုက်ပေါ့" သူမက စိတ်အနှောင့်အယှက် ဖြစ်စွာ ပြောလေတယ်။
"ဟားဟား!ငါ့ ဆန္ဒပါ ဒါပေမယ့် ကံဆိုးချင်တော့လည်း ငါက အဖြောင့်ကောင် ပြီးတော့ သူက မင်းကို စိတ်ဝင်စားနေတယ်လို့ ငါတွေးမိတယ်။ကနေတဲ့ အချိန်တုန်းက သူ မင်းကို ကိုင်ထားတဲ့ ပုံက ငါ့ကို ကြက်သီးထစေတယ် ဒါပေမယ့်လေ ငါ့ဘဝမှာ ပထမဆုံးအချိန် တစ်ယောက်တည်း ဖြစ်နေရလို့ ငါ ဝမ်းနည်းတယ်ကွ"
(လာ ကိုကိုကျန်းယန် တို့ဆီလာ တို့လည်း တစ်ယောက်ထဲပဲ)
သူတို့နှစ်ယောက် စကားပြောနေကြတုန်း လုချောင်က တစ်ခြားသူတွေနဲ့ အလုပ်ရှုပ်နေခဲ့ပေမယ့်လည်း အခုထိကို ကျန်းယွီယန်ကို တွေ့လို၍ ဖြတ်ခနဲကြည့်နေဆဲပင်။သူမကလည်း သူ့ကို အမှုမဲ့ အမှတ်မဲ့ ကြည့်မိနေ၏။ထိုသို့ ကြည့်မိနေခြင်းကြောင့် သူမ ပြင်းပြင်းထန်ထန်ကို ရှောင်ချင်သော်လည်း မကူညီနိုင်ခဲ့ပေ။လုချောင်ရဲ့ အကြည့်တွေက သူမပေါ်မှာသာ ရှိနေတဲ့အတွက် သူမ မသက် မသာဖြစ်ခြင်းကို စတင်ခံစားလာရလေတယ်။
ထိုအခိုက် မှာပဲ ကျန်းဖိန်ကျင့်နဲ့ မိုရုလန်က ပါတီပွဲထဲက ဧည့်သည့်တစ်ဦးနှင့်အတူ သူတို့ဆီလာလေ၏။ထိုသူက ကျန်းယန် စတင် လက်တွေ့ဆင်းရမည့် တူညီသော ဆေးရုံမှ ကျော်ကြားတဲ့ နှလုံးအထူးကုတစ်ယောက် ဖြစ်လေသည်။သူတို့လေးယောက် မှာ စကားစ မြည်ပြောရင်း အလုပ်ရှုပ်နေကြသည်ပင်။ကျန်းယွီယန် ခွင့်တောင်းလိုက်ကာ ဟိုတယ်ရဲ့ ကြီးမားတဲ့ မြက်ခင်းဧရိယာမှာ ဖွင့်ထားသည့် ခန်းမ၏ ဘယ်ဘက်ခြမ်း မှ တံခါးဆီကို ဦးတည်လျှောက်သွားတော့တယ်။လေကောင်းလေသန့်ကို ရချင်နေပြီး သူမကိုယ်သူမ စိတ်လျော့ချနိုင်ရန် ဖြစ်သည်။
သူမ မြက်ခင်းပြင်ကို ရောက်ရှိသည့်အခိုက်တွင် ခန်းမနဲ့ အနည်းငယ်ကွာဝေးတဲ့ မြက်ခင်းပြင်၏ ဘယ်ဘက်တွင် သေးငယ်သော အရိပ်တစ်ခုကို သူမမြင်လိုက်ရ၏။ထိုနေရာတစ်ဝိုက်ပေါ်တွင် အလင်းရောင်များ ရှိလေတယ်။များပြားလှတဲ့ အလင်းရောင်တွေကြောင့် အရာအားလုံးက တောက်ပနေရှာသည်။ထိုအရိပ်ရှိတဲ့နေရာကို သူမ လျှောက်သွားလိုက်တော့ မြက်ခင်းပြင်၏ ထောင့်စွန်းက သစ်ပင်အောက် မှာ အနက်ရောင် ဝတ်စုံနဲ့ ယောကျာ်းတစ်ယောက် ရှိနေတာ သူမ မြင်လိုက်ရ၏။ထိုအရိပ်က အတိအကျကို သစ်ပင်နဲ့ ထောင့်မှန်ကျစွာ အနည်းငယ် ကွာဝေးနေသည်။
ဆက်လျှောက်နေရင်းနဲ့ ထိုယောက်ာ်းကို သူမ ကြည့်ရှုနေမိ၏။ထိုလူက သစ်ပင်ရဲ့ အကူအညီနဲ့ မတ်တပ်ရပ်နေလေတယ်။သူ့ကျောက သစ်ပင်ပင်စည်မှာ မှီထားရင်း သူ့ခြေထောက် တစ်ဖက်ကတော့ ပင်စည်၏ အောက်ပိုင်းပေါ်သို့ နောက်ပြန် ကွေး၍ ထားလေသည်။သူက ဆေးလိပ်သောက်နေ၏။အနည်းငယ်ကွာဝေးနေတဲ့အတွက် သူ့မျက်နှာကို သူမ မမြင်ရသလို မြက်ခင်းပြင်မှာ ရှိတဲ့ အလင်းရောင်တွေကလည်း ထိုသူ မျက်နှာကို ကာနေခဲ့သည်ပင်။သူ့လက်ထဲမှာရှိတဲ့ စီးကရက်က ကုန်သွားတာနဲ့ စီးကရက်ဘူးကို ဖွင့်လိုက်ကာ နောက်တစ်လိပ် ထပ်ယူလိုက်တော့၏။သူ စီးကရက်ကို ပါးစပ်မှာ ကိုက်လိုက်ပြီး မီးခြစ်နဲ့ မီးညှိလိုက်​​ပြန်တယ်။
ကျန်းယွီယန်မှာ မျက် မှောင်ကြုံ့သွားပြီး ထိုယောကျာ်းအား လျစ်လျူရှုလိုက်တော့သည်။
နောက် မိနစ်အနည်းငယ်လောက် မှာတော့ ကျန်းယွီယန် အရိပ်ရတဲ့နေရာတစ်ခုကို ရောက်ရှိသွားလေတယ်။ထိုအရာက သေးငယ်ပြီး အထဲမှာ လူ ငါးယောက် ခြောက်ယောက်လောက် သက်တောင့်သက်သာ ရပ်နိုင်တဲ့ နေရာလပ်တစ်ခုရှိအောင် လှပစွာ အလှဆင်ထားတဲ့ အဆောက်အအုံတစ်ခု ဖြစ်သော်လည်း ထိုင်ဖို့ရာတော့ မစီစဥ်ထားပေ။အဆောက်အဦးပတ်လည်တွင် သတ္တုလက်ရန်းတစ်ခု ရှိပြီး လူတစ်ယောက် ကိုင်ထားနိုင်လောက်အောင် မြင့်မားကာ ထိုအရာကို အဖြူရောင်တောက်တောက် ​ဆေးဆိုးထားလေ၏။
ကျန်းယွီယန် အထဲသို့ လျှောက်သွားလိုက်ကာ လက်တန်းကို ကိုင်ရင်း ထိုနေရာမှာပဲ မတ်တပ်ရပ်နေလိုက်သည်။အဲ့အချိန်မှာတော့ ကျန်းယွီယန်၏ ဦးနှောက်ထဲမှာ အတွေးများစွာနှင့် ပြည့်လျှံနေလေ၏။ထိုယောကျာ်းကြောင့် သူမ စိတ်လှုပ်ရှားမိသွားသဖြင့် သူမကိုယ်သူမ စိတ်မကောင်းဖြစ်မိလေတယ်။သူမ ဘာတွေ ခံစားနေရ
တယ်ဆိုတာ သူမ မသိချေဘူး။သူမဆီမှာ တစ်စုံတစ်ခု ဖြစ်ပေါ်လာတာဟာ ဒါပထမဆုံး အကြိမ်ဖြစ်ပြီး တစ်ယောက်ယောက်က ဒီပမာဏလောက်အောင် သူမကို အကျိုးသက်ရောက်သွားခဲ့တာပင်။
သူမ သူ့ကို အဝေးသို့ တွန်းလွှတ်ချိန်တုန်းက ဘာကြောင့် အသည်းလှိုက်အူလိုက်ကို သူမ ထိုသို့ မလုပ်နိုင်ခဲ့တာလဲ?သူနဲ့ သူမ နီးသွားချိန်တုန်းက ဘာကြောင့် သူမက ကြောက်နေရတာလဲ? သူ သူမကို ထိလိုက်တုန်းက သူမ မသိလိုက်ပဲနဲ့ ဘာကြောင့် ဒါကို ကြိုက်နေရတာလဲ?သူ သူမကို စတဲ့အချိန်တုန်းကရော ပျင်းစရာကောင်းပြီး လမ်းလွဲနေတဲ့ စကားလုံးတွေ ပြောနေတဲ့ သူ့ကို ဘာကြောင့် သူမ စိတ်မဆိုးရတာလဲ?သူ သူမကို ဖြတ်ခနဲ ချောင်းကြည့်နေတုန်းကရော သူမ ဘာကြောင့် မကူညီနိုင်ပဲ သူ့ကို ပြန်ကြည့်နေမိတာလဲ? ပြီးတော့ သူမ နှလုံးသား အခုန်မြန်လာတာကို သူမ ဘာကြောင့် မထိန်းနိုင်ကတာလဲ?ဘာကြောင့် သူ့စကားလုံးတွေကို သူမ အည့ံခံလိုက်ပြီး ဒါတွေကို လိုက်နာခဲ့ရတာလဲ?
သူမ မချင့်မရဲဖြစ်လာပြီး ဒေါသထွက်လာတော့သည်။သူမ မျက်လုံးကို မှိတ်လိုက်ကာ ဘုရားစာကို စတင်ရွတ်တော့၏။ထပ်တလဲလဲကို အသက်ရှုနေရင်း သူမကိုယ်တိုင် စိတ်ထိန်းနေရလေတယ်။ပြီးတဲ့နောက် မှာတော့ ခန်းမရဲ့ ဆန့်ကျင်ဘက် နေရာကို မျက်နှာလှည့်လိုက်တော့သည်။အဆောက်အဦး၏ လက်တန်းကို သူမ လက်နှစ်ဖက်ဖြင့် ကိုင်ထားလိုက်ပြီး ထိုနေရာမှာပဲ သူမ မတ်တပ်ရပ်နေတော့တယ်။
စောနက အနက်ရောင် ဝတ်စုံဝတ်ထားတဲ့ အမျိုးသား ရပ်နေခဲ့တဲ့ သူမရဲ့ ညာဘက်ခြမ်း သစ်ပင်ရှိရာနေရာကို သူမ ကြည့်လိုက်၏ သို့သော်လည်း သူထွက်သွားပြီးဖြစ်တာကြောင့် သူမ အ့ံအားသင့်သွားလေတယ်။ထို့နောက် သူမ ရပ်နေတဲ့နေရာမှ အနည်းငယ် အကွာအဝေးမှာ ရှိတဲ့ ရေတံခွန်ကို သူမ ကြည့်နေလိုက်သည်။လှပတဲ့ ရေတံခွန်က ရေစီးဆင်းကျသံလေးက သူမ ခံစားချက်ကို ကောင်းလာစေ၏။
ထိုနေရာမှာပဲ ရပ်နေရင်း သူမ မျက်လုံးတွေ မှိတ်လိုက်ကာ ရေစီးကျသံကို နားထောင်နေတော့သည်။အချိန် အနည်းငယ် အကြာမှာပဲ ထိုအခိုက်အတန့်လေးကို ရှင်းလင်းစွာ ဖြတ်သန်းလာသည့် ခြေသံကို သူမကြားလိုက်ရလေတယ်။သူမ မျက်လုံးတွေကို ဖွင့်လိုက်ကာ သူမ နောက် မှာ ရပ်နေတဲ့ တစ်စုံတစ်ယောက်ကို ကြည့်ရန် သူမ လှည့်လိုက်တော့သည်။
...............................................................
(Zawgyi)
"ဘယ်သူလဲ?လုလီကျွင်း"
"ဘာပဲဖြစ်ဖြစ်"
"ဘာကိုလဲ?"
"ညီမ ဂရုမစိုက်ဘူး။"
သူမ သူ့ကို အဝေးသို့ တွန်းလွှတ်ချိန်တုန်းက ဘာကြောင့် အသည်းလှိုက်အူလိုက်ကို သူမ ထိုသို့ မလုပ်နိုင်ခဲ့တာလဲ?သူနဲ့ သူမ နီးသွားချိန်တုန်းက ဘာကြောင့် သူမက ကြောက်နေရတာလဲ? သူ သူမကို ထိလိုက်တုန်းက သူမ မသိလိုက်ပဲနဲ့ ဘာကြောင့် ဒါကို ကြိုက်နေရတာလဲ?သူ သူမကို စတဲ့အချိန်တုန်းကရော ပျင်းစရာကောင်းပြီး လမ်းလွဲနေတဲ့ စကားလုံးတွေ ပြောနေတဲ့ သူ့ကို ဘာကြောင့် သူမ စိတ်မဆိုးရတာလဲ?သူ သူမကို ဖြတ်ခနဲ ချောင်းကြည့်နေတုန်းကရော သူမ ဘာကြောင့် မကူညီနိုင်ပဲ သူ့ကို ပြန်ကြည့်နေမိတာလဲ? ပြီးတော့ သူမ နှလုံးသား အခုန်မြန်လာတာကို သူမ ဘာကြောင့် မထိန်းနိုင်ကတာလဲ?ဘာကြောင့် သူ့စကားလုံးတွေကို သူမ အညံ့ခံလိုက်ပြီး ဒါတွေကို လိုက်နာခဲ့ရတာလဲ?
Continue Reading
You'll Also Like
317K 17.6K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
397K 3K 4
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
472K 11.4K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
2.5M 156K 99
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...