Part (43) U
Ring....
"Morning...ကလေးလေး..."
"အွင်း...Morning...ကိုကို...အစောကြီးပဲ....."
အိပ်ချင်မူးတူးအသံလေးကြောင့် ချစ်စနိုးပြုံးမိရင်း နာရီတစ်ချက်ငုံ့ကြည့်ကာ ချော့ရပြီ။
"အိပ်ပုတ်လေး...Tutorial ရှိတယ် ဆို...စောစောထရမယ်လေ...
"အား...ထချင်သေးဘူး လို့..."
"ကိုကိုတောင် PT က ပြန်လာပြီ ဝမ်လေးရဲ့...လိမ်မာတယ်...ထတော့နော်..."
"အာဘွား...ပေး...."
"နဖူးလေးကို မွ....."
"ပါးလေးကိုရော...."
"မွ....."
".............."
"နှုတ်ခမ်းလေးကိုတော့ လူချင်းတွေ့မှပဲ....."
"အား...ကိုကိုး...ထပြီ...အခု ထပြီ လို့...."
အိပ်ရာမထသေးပဲ ချွဲနေရင်းက နှုတ်ခမ်းကိုက်ကာ ဝုန်းခနဲ ထလာသည့် ဝမ်ဝမ့်ခမျာ စောင်နှင့်လုံးထွေးကာ ကုတင်ပေါ်က ကားယားပြုတ်ကျပြီ။
"ဖုန်း....." "အာ့......."
"မှတ်ပြီလား...နားဒုက္ခပေးနေတာ..."
"FA ကောင်...."
နွားနို့ဗူးကြီး မော့နေသည့် ကောချန်က ထောပနာ ပြုလေတော့ လူးလဲထနေသည့် ဝမ်ဝမ်ကလည်း ငြိမ်မနေပါ။
ဝရန်တာမှာ ဖုန်းပြောပြီး ပြန် ဝင်လာသည့် ဖန်ရှင်းကတော့ သတ်နေပြန်ပြီ ဟူသော အကြည့်ဖြင့် ခေါင်းတယမ်းယမ်း။
သုံးယောက်သား ကျောပိုးအိတ်ကိုယ်စီနှင့် ထွက်လာကြပေမယ့် အခန်းထဲ ရောက်သည်ထိ ဝမ်ဝမ်ကတော့ selfie မျိုးစုံရိုက်ကောင်းတုန်း။
Tutorial ဖြေပြီး လိုင်းဖွင့်လိုက်တော့ ဝင်လာသည်က ယူနီဖောင်းအပြည့်နှင့် သေနတ်ကိုင်ကာရယ်နေသည့် ကိုကို့ပုံလေး။
နောက်မှာလည်း ယူနီဖောင်းတစ်ချို့ တွေ့ရတာမို့ သင်တန်းနားနေချိန်မှာ ရိုက်ထားပုံရသည်။
ကိုကိုက ဆေးစစ်ချက်ရပြီး မမချင်းလီနှင့်မေကြီးကို ပြန်ပို့ပြီး ရက်ပိုင်းတင် သင်တန်းခေါ်စာ ဝင်လာတာကြောင့် လက်နက်ငယ် မွမ်းမံသင်တန်း ထပ်တက်နေရတာ ဖြစ်သည်။
အကိုယွီပင်းလည်း ကိုကိုနဲ့ အတူတက်နေတာမို့ သူနဲ့ဖန်ရှင်းက ပိုပေါင်းမိနေတာ။
လူချင်းမတွေ့ရပေမယ့် ဖုန်းဆက်လို့ရတာ၊ ညဘက်တွေ vd call ခေါ်လို့ ရနေတာကြောင့် အရင်ကထက်စာလျှင်တော့ အလွမ်းပြေရပါသည်။
ဖြေနိုင်လား ကိုကို့ဝမ်လေး...
ထမင်းယူရင် အသားနဲ့အရွက်ကို မျှစား...
အစပ်တွေ လျှော့နော်...
ဖြေနိုင်တယ် ကိုကို...စားပါတယ်...
ကိုကိုလည်း ထမင်းအများကြီးစားပြီး ကျန်းမာရေး ဂရုစိုက်နော်...
Tray ထဲက ထည့်လာသမျှ အသားတွေထဲက တစ်ဝက်ကို ဖန်ရှင်း tray ထဲ ထည့်ပေးကာ အရွက်ကြော်တွေ ပြန်ခပ်ယူသွားသော ဝမ်ဝမ့်ကြောင့် ကောချန်ခမျာ အလယ်ကနေ ပါးစပ်အဟောင်းသား။
အသားဟင်းနှင့်အရွက်တွေကို ဓါတ်ပုံရိုက်ပို့နေသည့် ဝမ်ဝမ်ကတော့ ကိုကို့ဆီ selfie ပုံလေးပို့ရင်း ကျေနပ်ပြုံးကြီးနှင့်။
ဒီဘက်ကို ကြည့်ပြန်တော့ နွားနို့ခွက်နှင့်အတူ heart sign ကြီးနှင့် selfie ရိုက်ပို့နေသော ဖန်ရှင်းကြောင့် ကောချန် သက်ပြင်းချရင်း အသားပြားကြော်တွေ ဝါးရင်း ခေါင်းသာ ယမ်းမိတော့သည်။
RS တွေများ အစားတောင် ဖြောင့်အောင် မစားရရှာပါလား...
ရှေ့တန်းပြန်ဝင်ပြီး တစ်လသာသာ နားပြီး အရာရှိတွေရော အမှုထမ်းတွေရော သင်တန်းတွေ၊ လေ့ကျင့်ရေးတွေနှင့် ဆက်တိုက် မအားကြရပေ။
ဟိုက်ခွမ်းလည်း သင်တန်းပါသွားပြီမို့ ရိပ်သာက စီနီယာတွေထဲ အကြီးသိပ်မရှိလှပဲ အလုပ်တွေ ပိုများကြောင်း နတ်သံနှောရင်း ဟောက်ရွှမ်း ပို့ပေးထားသည့် ပုံလေးတွေ။
စိုက်ခင်းထဲ တောဆောင်းဦးထုပ်ကို တစ်စောင်းဆောင်းကာ ပေါက်ပြားထမ်းထားပြီး ဂိုက်ပေးကြမ်းနေတာတွေ။
ရိပ်သာပန်းခြံနှင့် အသီးအနှံ စိုက်ခင်းစိမ်းစိမ်းကို မြင်ရတော့ အမောပြေရပြန်သည်။
အသည်းပုံ emoji နှင့် ထပ်ဝင်လာသည့် ပုံလေးကြောင့် နှုတ်ခမ်းစွန်းတို့ ကော့တက်သွားရသည်။
"ကိုကိုရေ ကြာကြာမခွဲနိုင် ချစ်လွန်းလို့...
ကိုကိုမှ ကိုကိုပဲနော် ချစ်လွန်းလို့...
ကိုကိုရေ မြန်မြန်လုပ်ပါ အချိန်မဆွဲနဲ့...
ကိုကိုနဲ့နေချင်လှပြီ ချစ်လွန်းလို့...."
နားနားကပ် ဆိုလိုက်သည့် ယွီပင်းရဲ့ လုပ်သံကြီးကြောင့် ဖုန်းထဲက selfie ပုံလေးကို ပြုံးကြည့်နေသည့် ရှောင်းကျန့် ရှုံ့မဲ့သွားရသည်။
"အသံဆိုးကြီးနဲ့ကွာ...."
"သတင်းကောင်း ပြောမလို့...သားကြီးရဲ့..."
"သင်တန်းက ခွင့်တစ်ပတ်ပေးမယ်တဲ့လား..."
"ဗိုလ်မှူး လီဝေက ဒီနားရက် ဘေဂျင်းကို ယာယီတာဝန် သွားဖို့ရှိတာ....နောက်သင်တန်းတစ်ချိန်နဲ့ တိုက်နေလို့ ...မင်းနဲ့ချိန်းလို့ ရလောက်တယ် ငါ ပြောထားခဲ့လို့...ခေါ်တွေ့ရင် သေချာညှိလိုက်ဦး....."
"မင်းကရော......."
"ငါတို့က မကြာမကြာ ဆုံဖြစ်တယ်....ရှင်းလေးအတွက် လူကြုံလေးပဲ ယူသွားပေး..."
"ကျေးဇူး...သားကြီးရာ...."
"ထားပါကွာ...ညကား လက်မှတ် ကြိုချိတ်ထားဦး...အဲ့ဒါလာပြောတာ..."
ဗိုလ်မှူးလီဝေနှင့်တွေ့ပြီး အဆင်ပြေသွားပြီမို့ သီချင်းတစ်အေးအေးနှင့် မနက်ဖြန်ညအတွက် ကြိုပြင်ဆင်ရသည်။
ချစ်သူအတွက် ဒေသထွက် စားစရာတွေ ကြိုမှာပြီး ရေမိုးချိုး ညစာစားပြီးတော့ ညရှစ်နာရီ ထိုးပြီ။
"စာလုပ်နေတာလား ဝမ်လေး...."
"ဟုတ်...ကိုကို ပြောထားတယ်လေ...တစ်ပါတ်လုံးက စာတွေ ပြန်ပြန်ဖတ်ပြီး revision ပြန်ရမယ်ဆို...အဲ့ဒါ ပြန်ကြည့်နေတာ...ခဏနော်...ပြီးတော့မယ် ကိုကို..."
"လိမ်မာလိုက်တာ ကလေးက...လုပ် လုပ်...ကိုကို စောင့်နေမယ်နော်...."
Vd call ကနေ မြင်နေရသည့် ချစ်သူက ဘောလ်ပင်လေးကိုက်ကာ အာရုံစိုက်လေ နှုတ်ခမ်းလေးက စူထော်လာလေနှင့် အသည်းယားစရာ။
တစ်ချက်တစ်ချက် ပြုံးပြနေတာကြောင့် ပါးဖောင်းလေးကို အသည်းယားကာ နှုတ်ခမ်းဖိကိုက်ရင်း ငေးနေရမိသည့် ရှောင်းကျန့်။
"ပြီးပြီ...ကိုကို..."
"အလွမ်းပြေတဲ့ထိ တစ်ကိုယ်လုံး နမ်းပစ်ရမလား...."
ပြောက်ကျားဂျာကင်ကို စစ်ဆွယ်တာပေါ်က ထပ်ဝတ်ထားသည့်ကိုကိုက ဆံပင်တိုတို၊ မေးရိုးတို့က ပိုထင်းနေသည်မို့ ငေးနေဆဲ တစ်စိမ့်စိမ့်ကြည့်ရင်း တိုးဖျော့ရီဝေစွာ ပြောလာတာကြောင့် ဝမ်ဝမ် သွေးတို့နွေးလာရပြီ။
"ကို....ကို.....အပြင်မှာလား..."
"အခန်းဖော် ညီလေးဆီ သူ့ကောင်လေး လာလို့ လွတ်လွတ်လပ်လပ် တွေ့ရအောင်...ကင်းတဲ သွားမလို့...."
"သူ့ဘာသာ လာပါစေပေါ့...အေးနေတာကို..."
"ဒီအချိန်မှတော့ ပြန်ဝင်လို့ မဖြစ်တော့ဘူး ဝမ်လေးရဲ့...ဝဋ်လည်လိမ့်မယ်..."
"ဘာလို့....."
"လောကကြီးကို မေ့နေကြလောက်ပြီလေ..."
"ဆိုးလိုက်တာ...."
"ကိုယ်လည်း ဆိုးချင်တယ်...အတူတူ ဆိုးကြမလား...."
"ကိုကိုနော်...."
Camera တစ်ဖက်ကနေ မျက်နှာရဲရဲလေးနှင့် မပွင့်တပွင့် ပြောနေသော ဝမ်လုံးလေးကို screen ပေါ် တိုးကပ်လိုက်ရင်း....
"အတူဆုံမယ့်နေ့တွေ နီးလာပါပြီ အချစ်... အရမ်းချစ်တယ်.....မွ...."
"အရမ်းချစ်တယ်...ကိုကို....မွ...."
...............................................
"ဝမ်ဝမ်....အဆောင်ရှေ့မှာ မင်းလူကြီး တွေ့ခဲ့တယ်..."
"သင်တန်းတက်နေတာကို...လာမကျပ်နဲ့နော်..."
"မယုံလည်း နေကွာ...."
ဘတ်စကတ်ဘောကွင်းက ပြန်လာပြီး
ချွေးသုတ်ရင်း ရေချိုးခန်းထဲ ဝင်သွားသည့် ကောချန်ကို မယုံချင်ပေမယ့် ဘာမှန်းမသိတာမို့ အိပ်ရာထဲက လူးလဲထပြီး အပြေးဆင်းရသည်။
"တကယ်ကြီးလား......"
Style pant အနက်နှင့် တီရှပ်အနက်တွဲပြီး အပေါ်က ဂျင်းရှပ်အပြာလေး ထပ်ဝတ်ထားသည့် ကိုကိုက လက်လှမ်းပြနေတာ။
အခုမှ ဘေဂျင်းရောက်တဲ့သူထက် အိမ်ကအေးဆေးထွက်လာသူနှင့် ပိုတူနေသည်။
"ကို...ကို...."
"အိပ်ပုတ်လေး...ခုမှနိုးတာလား..."
"အွင်း.....ကိုကိုက ဘယ်လိုက ဘယ်လို..."
"မျက်နှာမသစ်ရသေးဘူးမလား...မြန်မြန်ပြင်ခဲ့...ကိုကို စောင့်နေမယ်...မနက်စာ စားရင်း ပြောကြမယ်...နော်... "
မျက်လုံးထောင့်က မျက်ဝတ်တွေကို တစ်ရှူးလေးနှင့် သုတ်ပေးတော့ ညဝတ်အင်္ကျီဝမ်းဆက်လေးနှင့် ဝမ်လုံးက ပြန်ပြေးတက်သွားပြီ။
"အား....ရှက်လိုက်တာ....မျက်နှာမသစ်ပဲ ဆင်းသွားမိတယ်..."
"ရှက်မနေနဲ့...မြန်မြန်လုပ်...အကြာကြီး စောင့်ခိုင်းထားမလို့လား..."
အိပ်ရာသိမ်းနေသည့် ဖန်ရှင်းက လှမ်းပြောတာမို့ အံ့ဩမိသူက ဝမ်ဝမ်။
"မင်းလည်း သိနေတာလား..."
"ငါလည်း ညကမှသိတာနဲ့ ပြောမလို့ကို မင်း အိပ်သွားတာနဲ့..."
ဖန်ရှင်းကို ခေါင်းငြိမ့်ပြကာ ရေအမြန်ပြေးချိုးပြင်ဆင်ပြီး ဆင်းလာတော့ မနက်ရှစ်နာရီထိုးပြီ။
ကမ်းပေးလာသည့် လက်ဖဝါးထဲ လက်လေး ထည့်ပေးလိုက်တော့ တင်းတင်းယှက်သွားသည့် လက်လေးတစ်စုံ။
သင်တန်းက စနေ၊တနင်္ဂနွေ နားရသော်လည်း နယ်ကျော်သွားခွင့် တရားဝင်မရှိသော်လည်း သီးခြားကိစ္စတစ်ခုရှိနေတာကြောင့် ယာယီတာဝန်နှင့် ညကားစီးကာ ထွက်လာခဲ့ခြင်းဖြစ်သည်။
ရောက်တာနှင့်ယွီပင်းအခန်းမှာ ရေမိုးချိုးပြီး ဝမ်လေးဆီ တန်းထွက်လာခြင်း။ အတူဆုံချိန်ထက် ခွဲနေရချိန်က ပိုများနေတာမို့ ရသမျှအချိန်လေး နှစ်ကိုယ်တူ ကြင်နာခွင့်လေး ဖန်တီးရမည်။
"အစပ်တွေ တအားမစားနဲ့ ဝမ်လေး....ကိုကို ကင်ပေးမယ်...ခဏနော်..."
အသားကင်ရင်း အချဥ်ရည် အနေတော်စပ်ပေးကာ ရေခွက်ကအစ ပြင်ပေးနေသော ကိုကို။
ဘေးတိုက်မြင်နေရသည့်ကိုကိုက ဆံပင်ထပ်ညှပ်ထားသဖြင့် ရှင်းသန့်နေကာ မေးရိုးတွေစိမ်းနေပြီး jawline တွေ ပိုထင်းနေသဖြင့် ဆိုင်ထဲက မျက်ဝန်းတွေကပါ ကိုကို့ဆီမှာမို့ ဝမ်လေး အလိုမကျတော့။
"ရပြီ...ဝမ်လေး...."
"ကိုကို ခွံ့ပေး...."
နှုတ်ခမ်းထော်နေပြီမို့ တစ်ခုခုကို ရိပ်မိသလို ရှိလာပြီ။
အသားကင်တွေကို အချဥ်တို့ပြီး ဆလတ်ရွက်နှင့် ထုပ်ကာ ခွံပေးတော့ တလှုပ်လှုပ် ဝါးနေသည့် ပါးလေးတွေက အူယားစရာ။
နောက်က ဝိုင်းကလည်း တတွတ်တွတ် တခိခိနှင့် ဘာတွေခွီနေမှန်းမသိ။
"ကိုကို...အာ....."
ခွံ့နေတာစားရင်း မချင့်မရဲနှင့် ပါးမို့လေးကို ဖျတ်ခနဲ ခိုးနမ်းတော့ ဝိုးခနဲ ဝါးခနဲ အသံတို့ကြောင့် လန့်သွားသည့် ကိုယ်လေးကို ရင်ခွင်ထဲထည့်ပြီး ကွယ်ထားလိုက်ရသေးသည်။
လက်ချောင်းတွေချင်း သွယ်ယှက်ကာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း လျှောက်ကြရသည့် ဘေဂျင်းလမ်းများက ပိုတိုနေသလို ချစ်သူနှင့် အတူဆုံရသော အချိန်တွေက အကုန်မြန်လှသည်။
စားလိုက်သွားလိုက်လည်လိုက်နှင့် နေ့လယ်စာ စားပြီးတော့ ရုပ်ရှင်ဝင်ကြည့်ဖြစ်ကြသည်။
Aircon အေးနေတာမို့ ရင်ခွင်ထဲ ဆွဲသွင်းတော့ အလိုက်သင့်မှီလာသည့် ကိုယ်လေး။
နှာခေါင်းလုံးလုံးလေးကို အသည်းယားစွာ ငုံ့ကိုက်မိတော့ ထော်သွားသည့် နှုတ်ခမ်းလေးက ဖူးအိနုထွေးလျက်။
တရှိုက်မက်မက် ထပ်တူကျနေဆဲ ရင်ဘတ်ဆီ တွန်းလာသော လက်လေးတွေကို ဖမ်းဆုပ်ကာ နားရွက်ဖျားလေးမှသည် လည်တိုင်ထိတောက်လျှောက် နှုတ်ခမ်းနှင့် ပွတ်ဆွဲမိလိုက်သည်။
တုန်သွားသည့် ကိုယ်လေးကို တင်းတင်း သိမ်းပွေ့ပစ်ကာ လည်တိုင်နုနုဆီမှာ နှာတံစင်းစင်းက တိုးဝှေ့နစ်မြုပ်သွားခဲ့ပြီ။
"ကို....ကို...."
ခုံပေါ်မှီရင်း မော့ဆင်းသွားသော ခေါင်းလေးနှင့် အသံတိုးတိုးလေးကြောင့် မချင့်မရဲနှင့် အသာလွှတ်ပေးကာ ပုခုံးထိ လျှောကျနေသော တီရှပ်ပွပွကို ပြန်ဆွဲတင်ပေးတော့ ခေါင်းဖော်မလာတော့။
တုန်ယင်နေသော ကိုယ်လေးကို ထွေးဖက်ပြီး လက်လေးတွေကို ထွေးဆုပ်ကာ ဆံပင်လေးသပ်တင်ပေးတော့မှ မရဲတရဲ မော့ကြည့်လာတာ။
"အေးဆေးကြည့်တော့နော်...ကိုကို့အချစ်..."
နဖူးလေး ငုံ့နမ်းကာ ပြောလာသည့် ကိုကို့ရင်ခွင်မှာ မှီလိုက်ရင်း ရုပ်ရှင်သာ ပြီးသွားတာ၊ ဘာနဲ့စပြီး ဘယ်လိုဆုံးသွားမှန်းကို မသိလိုက်တော့။
ပါးပြင်လေးတွေ နွေးရင်း၊ နှုတ်ခမ်းလေးတွေ ပြန်စမ်းရင်း၊ နစ်မျောလှုပ်ခတ်နေသည့် ရင်ဘတ်ကိုဖိရင်း ယစ်မူးပျော်ဝင်ချင်စရာ မေးရိုးထင်းထင်းကို မော့ငေးရင်း နှစ်ကိုယ်တည်းရိုက်သည့် ရုပ်ရှင်ကိုသာ ရင်ခုန်စီးမျောခဲ့ရလေသည်။
..........................................
Note >>>
နှစ်ယောက်ဆုံချိန်လေးတွေ နည်းတယ်ဆိုလို့
ဗိုလ်ကြီးက သင်တန်းနားရက်လေးကို ဘေဂျင်းထိ စွာတေးကို လာတွေ့တာ
Love U All ♥
#NwayOo
13.12.2020 (02:15) PM
~~~~~~~~~~~~~~~~~~~
Part (43) Z
Ring....
"Morning...ကေလးေလး..."
"အြင္း...Morning...ကိုကို...အေစာႀကီးပဲ....."
အိပ္ခ်င္မူးတူးအသံေလးေၾကာင့္ ခ်စ္စႏိုးၿပဳံးမိရင္း နာရီတစ္ခ်က္ငုံ႔ၾကည့္ကာ ေခ်ာ့ရၿပီ။
"အိပ္ပုတ္ေလး...Tutorial ရွိတယ္ ဆို...ေစာေစာထရမယ္ေလ...
"အား...ထခ်င္ေသးဘူး လို႔..."
"ကိုကိုေတာင္ PT က ျပန္လာၿပီ ဝမ္ေလးရဲ႕...လိမ္မာတယ္...ထေတာ့ေနာ္..."
"အာဘြား...ေပး...."
"နဖူးေလးကို မြ....."
"ပါးေလးကိုေရာ...."
"မြ....."
".............."
"ႏႈတ္ခမ္းေလးကိုေတာ့ လူခ်င္းေတြ႕မွပဲ....."
"အား...ကိုကိုး...ထၿပီ...အခု ထၿပီ လို႔...."
အိပ္ရာမထေသးပဲ ခြၽဲေနရင္းက ႏႈတ္ခမ္းကိုက္ကာ ဝုန္းခနဲ ထလာသည့္ ဝမ္ဝမ့္ခမ်ာ ေစာင္ႏွင့္လုံးေထြးကာ ကုတင္ေပၚက ကားယားျပဳတ္က်ၿပီ။
"ဖုန္း....." "အာ့......."
"မွတ္ၿပီလား...နားဒုကၡေပးေနတာ..."
"FA ေကာင္...."
ႏြားႏို႔ဗူးႀကီး ေမာ့ေနသည့္ ေကာခ်န္က ေထာပနာ ျပဳေလေတာ့ လူးလဲထေနသည့္ ဝမ္ဝမ္ကလည္း ၿငိမ္မေနပါ။
ဝရန္တာမွာ ဖုန္းေျပာၿပီး ျပန္ ဝင္လာသည့္ ဖန္ရွင္းကေတာ့ သတ္ေနျပန္ၿပီ ဟူေသာ အၾကည့္ျဖင့္ ေခါင္းတယမ္းယမ္း။
သုံးေယာက္သား ေက်ာပိုးအိတ္ကိုယ္စီႏွင့္ ထြက္လာၾကေပမယ့္ အခန္းထဲ ေရာက္သည္ထိ ဝမ္ဝမ္ကေတာ့ selfie မ်ိဳးစုံ႐ိုက္ေကာင္းတုန္း။
Tutorial ေျဖၿပီး လိုင္းဖြင့္လိုက္ေတာ့ ဝင္လာသည္က ယူနီေဖာင္းအျပည့္ႏွင့္ ေသနတ္ကိုင္ကာရယ္ေနသည့္ ကိုကို႔ပုံေလး။
ေနာက္မွာလည္း ယူနီေဖာင္းတစ္ခ်ိဳ႕ ေတြ႕ရတာမို႔ သင္တန္းနားေနခ်ိန္မွာ ႐ိုက္ထားပုံရသည္။
ကိုကိုက ေဆးစစ္ခ်က္ရၿပီး မမခ်င္းလီႏွင့္ေမႀကီးကို ျပန္ပို႔ၿပီး ရက္ပိုင္းတင္ သင္တန္းေခၚစာ ဝင္လာတာေၾကာင့္ လက္နက္ငယ္ မြမ္းမံသင္တန္း ထပ္တက္ေနရတာ ျဖစ္သည္။
အကိုယြီပင္းလည္း ကိုကိုနဲ႔ အတူတက္ေနတာမို႔ သူနဲ႔ဖန္ရွင္းက ပိုေပါင္းမိေနတာ။
လူခ်င္းမေတြ႕ရေပမယ့္ ဖုန္းဆက္လို႔ရတာ၊ ညဘက္ေတြ vd call ေခၚလို႔ ရေနတာေၾကာင့္ အရင္ကထက္စာလွ်င္ေတာ့ အလြမ္းေျပရပါသည္။
ေျဖႏိုင္လား ကိုကို႔ဝမ္ေလး...
ထမင္းယူရင္ အသားနဲ႔အ႐ြက္ကို မွ်စား...
အစပ္ေတြ ေလွ်ာ့ေနာ္...
ေျဖႏိုင္တယ္ ကိုကို...စားပါတယ္...
ကိုကိုလည္း ထမင္းအမ်ားႀကီးစားၿပီး က်န္းမာေရး ဂ႐ုစိုက္ေနာ္...
Tray ထဲက ထည့္လာသမွ် အသားေတြထဲက တစ္ဝက္ကို ဖန္ရွင္း tray ထဲ ထည့္ေပးကာ အ႐ြက္ေၾကာ္ေတြ ျပန္ခပ္ယူသြားေသာ ဝမ္ဝမ့္ေၾကာင့္ ေကာခ်န္ခမ်ာ အလယ္ကေန ပါးစပ္အေဟာင္းသား။
အသားဟင္းႏွင့္အ႐ြက္ေတြကို ဓါတ္ပုံ႐ိုက္ပို႔ေနသည့္ ဝမ္ဝမ္ကေတာ့ ကိုကို႔ဆီ selfie ပုံေလးပို႔ရင္း ေက်နပ္ၿပဳံးႀကီးႏွင့္။
ဒီဘက္ကို ၾကည့္ျပန္ေတာ့ ႏြားႏို႔ခြက္ႏွင့္အတူ heart sign ႀကီးႏွင့္ selfie ႐ိုက္ပို႔ေနေသာ ဖန္ရွင္းေၾကာင့္ ေကာခ်န္ သက္ျပင္းခ်ရင္း အသားျပားေၾကာ္ေတြ ဝါးရင္း ေခါင္းသာ ယမ္းမိေတာ့သည္။
RS ေတြမ်ား အစားေတာင္ ေျဖာင့္ေအာင္ မစားရရွာပါလား...
ေရွ႕တန္းျပန္ဝင္ၿပီး တစ္လသာသာ နားၿပီး အရာရွိေတြေရာ အမႈထမ္းေတြေရာ သင္တန္းေတြ၊ ေလ့က်င့္ေရးေတြႏွင့္ ဆက္တိုက္ မအားၾကရေပ။
ဟိုက္ခြမ္းလည္း သင္တန္းပါသြားၿပီမို႔ ရိပ္သာက စီနီယာေတြထဲ အႀကီးသိပ္မရွိလွပဲ အလုပ္ေတြ ပိုမ်ားေၾကာင္း နတ္သံေႏွာရင္း ေဟာက္႐ႊမ္း ပို႔ေပးထားသည့္ ပုံေလးေတြ။
စိုက္ခင္းထဲ ေတာေဆာင္းဦးထုပ္ကို တစ္ေစာင္းေဆာင္းကာ ေပါက္ျပားထမ္းထားၿပီး ဂိုက္ေပးၾကမ္းေနတာေတြ။
ရိပ္သာပန္းၿခံႏွင့္ အသီးအႏွံ စိုက္ခင္းစိမ္းစိမ္းကို ျမင္ရေတာ့ အေမာေျပရျပန္သည္။
အသည္းပုံ emoji ႏွင့္ ထပ္ဝင္လာသည့္ ပုံေလးေၾကာင့္ ႏႈတ္ခမ္းစြန္းတို႔ ေကာ့တက္သြားရသည္။
"ကိုကိုေရ ၾကာၾကာမခြဲႏိုင္ ခ်စ္လြန္းလို႔...
ကိုကိုမွ ကိုကိုပဲေနာ္ ခ်စ္လြန္းလို႔...
ကိုကိုေရ ျမန္ျမန္လုပ္ပါ အခ်ိန္မဆြဲနဲ႔...
ကိုကိုနဲ႔ေနခ်င္လွၿပီ ခ်စ္လြန္းလို႔...."
နားနားကပ္ ဆိုလိုက္သည့္ ယြီပင္းရဲ႕ လုပ္သံႀကီးေၾကာင့္ ဖုန္းထဲက selfie ပုံေလးကို ၿပဳံးၾကည့္ေနသည့္ ေရွာင္းက်န္႔ ရႈံ႕မဲ့သြားရသည္။
"အသံဆိုးႀကီးနဲ႔ကြာ...."
"သတင္းေကာင္း ေျပာမလို႔...သားႀကီးရဲ႕..."
"သင္တန္းက ခြင့္တစ္ပတ္ေပးမယ္တဲ့လား..."
"ဗိုလ္မႉး လီေဝက ဒီနားရက္ ေဘဂ်င္းကို ယာယီတာဝန္ သြားဖို႔ရွိတာ....ေနာက္သင္တန္းတစ္ခ်ိန္နဲ႔ တိုက္ေနလို႔ ...မင္းနဲ႔ခ်ိန္းလို႔ ရေလာက္တယ္ ငါ ေျပာထားခဲ့လို႔...ေခၚေတြ႕ရင္ ေသခ်ာညႇိလိုက္ဦး....."
"မင္းကေရာ......."
"ငါတို႔က မၾကာမၾကာ ဆုံျဖစ္တယ္....ရွင္းေလးအတြက္ လူႀကဳံေလးပဲ ယူသြားေပး..."
"ေက်းဇူး...သားႀကီးရာ...."
"ထားပါကြာ...ညကား လက္မွတ္ ႀကိဳခ်ိတ္ထားဦး...အဲ့ဒါလာေျပာတာ..."
ဗိုလ္မႉးလီေဝႏွင့္ေတြ႕ၿပီး အဆင္ေျပသြားၿပီမို႔ သီခ်င္းတစ္ေအးေအးႏွင့္ မနက္ျဖန္ညအတြက္ ႀကိဳျပင္ဆင္ရသည္။
ခ်စ္သူအတြက္ ေဒသထြက္ စားစရာေတြ ႀကိဳမွာၿပီး ေရမိုးခ်ိဳး ညစာစားၿပီးေတာ့ ညရွစ္နာရီ ထိုးၿပီ။
"စာလုပ္ေနတာလား ဝမ္ေလး...."
"ဟုတ္...ကိုကို ေျပာထားတယ္ေလ...တစ္ပါတ္လုံးက စာေတြ ျပန္ျပန္ဖတ္ၿပီး revision ျပန္ရမယ္ဆို...အဲ့ဒါ ျပန္ၾကည့္ေနတာ...ခဏေနာ္...ၿပီးေတာ့မယ္ ကိုကို..."
"လိမ္မာလိုက္တာ ကေလးက...လုပ္ လုပ္...ကိုကို ေစာင့္ေနမယ္ေနာ္...."
Vd call ကေန ျမင္ေနရသည့္ ခ်စ္သူက ေဘာလ္ပင္ေလးကိုက္ကာ အာ႐ုံစိုက္ေလ ႏႈတ္ခမ္းေလးက စူေထာ္လာေလႏွင့္ အသည္းယားစရာ။
တစ္ခ်က္တစ္ခ်က္ ၿပဳံးျပေနတာေၾကာင့္ ပါးေဖာင္းေလးကို အသည္းယားကာ ႏႈတ္ခမ္းဖိကိုက္ရင္း ေငးေနရမိသည့္ ေရွာင္းက်န္႔။
"ၿပီးၿပီ...ကိုကို..."
"အလြမ္းေျပတဲ့ထိ တစ္ကိုယ္လုံး နမ္းပစ္ရမလား...."
ေျပာက္က်ားဂ်ာကင္ကို စစ္ဆြယ္တာေပၚက ထပ္ဝတ္ထားသည့္ကိုကိုက ဆံပင္တိုတို၊ ေမး႐ိုးတို႔က ပိုထင္းေနသည္မို႔ ေငးေနဆဲ တစ္စိမ့္စိမ့္ၾကည့္ရင္း တိုးေဖ်ာ့ရီေဝစြာ ေျပာလာတာေၾကာင့္ ဝမ္ဝမ္ ေသြးတို႔ေႏြးလာရၿပီ။
"ကို....ကို.....အျပင္မွာလား..."
"အခန္းေဖာ္ ညီေလးဆီ သူ႔ေကာင္ေလး လာလို႔ လြတ္လြတ္လပ္လပ္ ေတြ႕ရေအာင္...ကင္းတဲ သြားမလို႔...."
"သူ႔ဘာသာ လာပါေစေပါ့...ေအးေနတာကို..."
"ဒီအခ်ိန္မွေတာ့ ျပန္ဝင္လို႔ မျဖစ္ေတာ့ဘူး ဝမ္ေလးရဲ႕...ဝဋ္လည္လိမ့္မယ္..."
"ဘာလို႔....."
"ေလာကႀကီးကို ေမ့ေနၾကေလာက္ၿပီေလ..."
"ဆိုးလိုက္တာ...."
"ကိုယ္လည္း ဆိုးခ်င္တယ္...အတူတူ ဆိုးၾကမလား...."
"ကိုကိုေနာ္...."
Camera တစ္ဖက္ကေန မ်က္ႏွာရဲရဲေလးႏွင့္ မပြင့္တပြင့္ ေျပာေနေသာ ဝမ္လုံးေလးကို screen ေပၚ တိုးကပ္လိုက္ရင္း....
"အတူဆုံမယ့္ေန႔ေတြ နီးလာပါၿပီ အခ်စ္... အရမ္းခ်စ္တယ္.....မြ...."
"အရမ္းခ်စ္တယ္...ကိုကို....မြ...."
...............................................
"ဝမ္ဝမ္....အေဆာင္ေရွ႕မွာ မင္းလူႀကီး ေတြ႕ခဲ့တယ္..."
"သင္တန္းတက္ေနတာကို...လာမက်ပ္နဲ႔ေနာ္..."
"မယုံလည္း ေနကြာ...."
ဘတ္စကတ္ေဘာကြင္းက ျပန္လာၿပီး
ေခြၽးသုတ္ရင္း ေရခ်ိဳးခန္းထဲ ဝင္သြားသည့္ ေကာခ်န္ကို မယုံခ်င္ေပမယ့္ ဘာမွန္းမသိတာမို႔ အိပ္ရာထဲက လူးလဲထၿပီး အေျပးဆင္းရသည္။
"တကယ္ႀကီးလား......"
Style pant အနက္ႏွင့္ တီရွပ္အနက္တြဲၿပီး အေပၚက ဂ်င္းရွပ္အျပာေလး ထပ္ဝတ္ထားသည့္ ကိုကိုက လက္လွမ္းျပေနတာ။
အခုမွ ေဘဂ်င္းေရာက္တဲ့သူထက္ အိမ္ကေအးေဆးထြက္လာသူႏွင့္ ပိုတူေနသည္။
"ကို...ကို...."
"အိပ္ပုတ္ေလး...ခုမွႏိုးတာလား..."
"အြင္း.....ကိုကိုက ဘယ္လိုက ဘယ္လို..."
"မ်က္ႏွာမသစ္ရေသးဘူးမလား...ျမန္ျမန္ျပင္ခဲ့...ကိုကို ေစာင့္ေနမယ္...မနက္စာ စားရင္း ေျပာၾကမယ္...ေနာ္... "
မ်က္လုံးေထာင့္က မ်က္ဝတ္ေတြကို တစ္ရႉးေလးႏွင့္ သုတ္ေပးေတာ့ ညဝတ္အက်ႌဝမ္းဆက္ေလးႏွင့္ ဝမ္လုံးက ျပန္ေျပးတက္သြားၿပီ။
"အား....ရွက္လိုက္တာ....မ်က္ႏွာမသစ္ပဲ ဆင္းသြားမိတယ္..."
"ရွက္မေနနဲ႔...ျမန္ျမန္လုပ္...အၾကာႀကီး ေစာင့္ခိုင္းထားမလို႔လား..."
အိပ္ရာသိမ္းေနသည့္ ဖန္ရွင္းက လွမ္းေျပာတာမို႔ အံ့ဩမိသူက ဝမ္ဝမ္။
"မင္းလည္း သိေနတာလား..."
"ငါလည္း ညကမွသိတာနဲ႔ ေျပာမလို႔ကို မင္း အိပ္သြားတာနဲ႔..."
ဖန္ရွင္းကို ေခါင္းၿငိမ့္ျပကာ ေရအျမန္ေျပးခ်ိဳးျပင္ဆင္ၿပီး ဆင္းလာေတာ့ မနက္ရွစ္နာရီထိုးၿပီ။
ကမ္းေပးလာသည့္ လက္ဖဝါးထဲ လက္ေလး ထည့္ေပးလိုက္ေတာ့ တင္းတင္းယွက္သြားသည့္ လက္ေလးတစ္စုံ။
သင္တန္းက စေန၊တနဂၤေႏြ နားရေသာ္လည္း နယ္ေက်ာ္သြားခြင့္ တရားဝင္မရွိေသာ္လည္း သီးျခားကိစၥတစ္ခုရွိေနတာေၾကာင့္ ယာယီတာဝန္ႏွင့္ ညကားစီးကာ ထြက္လာခဲ့ျခင္းျဖစ္သည္။
ေရာက္တာႏွင့္ယြီပင္းအခန္းမွာ ေရမိုးခ်ိဳးၿပီး ဝမ္ေလးဆီ တန္းထြက္လာျခင္း။ အတူဆုံခ်ိန္ထက္ ခြဲေနရခ်ိန္က ပိုမ်ားေနတာမို႔ ရသမွ်အခ်ိန္ေလး ႏွစ္ကိုယ္တူ ၾကင္နာခြင့္ေလး ဖန္တီးရမည္။
"အစပ္ေတြ တအားမစားနဲ႔ ဝမ္ေလး....ကိုကို ကင္ေပးမယ္...ခဏေနာ္..."
အသားကင္ရင္း အခ်ဥ္ရည္ အေနေတာ္စပ္ေပးကာ ေရခြက္ကအစ ျပင္ေပးေနေသာ ကိုကို။
ေဘးတိုက္ျမင္ေနရသည့္ကိုကိုက ဆံပင္ထပ္ညႇပ္ထားသျဖင့္ ရွင္းသန္႔ေနကာ ေမး႐ိုးေတြစိမ္းေနၿပီး jawline ေတြ ပိုထင္းေနသျဖင့္ ဆိုင္ထဲက မ်က္ဝန္းေတြကပါ ကိုကို႔ဆီမွာမို႔ ဝမ္ေလး အလိုမက်ေတာ့။
"ရၿပီ...ဝမ္ေလး...."
"ကိုကို ခြံ႕ေပး...."
ႏႈတ္ခမ္းေထာ္ေနၿပီမို႔ တစ္ခုခုကို ရိပ္မိသလို ရွိလာၿပီ။
အသားကင္ေတြကို အခ်ဥ္တို႔ၿပီး ဆလတ္႐ြက္ႏွင့္ ထုပ္ကာ ခြံေပးေတာ့ တလႈပ္လႈပ္ ဝါးေနသည့္ ပါးေလးေတြက အူယားစရာ။
ေနာက္က ဝိုင္းကလည္း တတြတ္တြတ္ တခိခိႏွင့္ ဘာေတြခြီေနမွန္းမသိ။
"ကိုကို...အာ....."
ခြံ႕ေနတာစားရင္း မခ်င့္မရဲႏွင့္ ပါးမို႔ေလးကို ဖ်တ္ခနဲ ခိုးနမ္းေတာ့ ဝိုးခနဲ ဝါးခနဲ အသံတို႔ေၾကာင့္ လန္႔သြားသည့္ ကိုယ္ေလးကို ရင္ခြင္ထဲထည့္ၿပီး ကြယ္ထားလိုက္ရေသးသည္။
လက္ေခ်ာင္းေတြခ်င္း သြယ္ယွက္ကာ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ရင္း ေလွ်ာက္ၾကရသည့္ ေဘဂ်င္းလမ္းမ်ားက ပိုတိုေနသလို ခ်စ္သူႏွင့္ အတူဆုံရေသာ အခ်ိန္ေတြက အကုန္ျမန္လွသည္။
စားလိုက္သြားလိုက္လည္လိုက္ႏွင့္ ေန႔လယ္စာ စားၿပီးေတာ့ ႐ုပ္ရွင္ဝင္ၾကည့္ျဖစ္ၾကသည္။
Aircon ေအးေနတာမို႔ ရင္ခြင္ထဲ ဆြဲသြင္းေတာ့ အလိုက္သင့္မွီလာသည့္ ကိုယ္ေလး။
ႏွာေခါင္းလုံးလုံးေလးကို အသည္းယားစြာ ငုံ႔ကိုက္မိေတာ့ ေထာ္သြားသည့္ ႏႈတ္ခမ္းေလးက ဖူးအိႏုေထြးလ်က္။
တရႈိက္မက္မက္ ထပ္တူက်ေနဆဲ ရင္ဘတ္ဆီ တြန္းလာေသာ လက္ေလးေတြကို ဖမ္းဆုပ္ကာ နား႐ြက္ဖ်ားေလးမွသည္ လည္တိုင္ထိေတာက္ေလွ်ာက္ ႏႈတ္ခမ္းႏွင့္ ပြတ္ဆြဲမိလိုက္သည္။
တုန္သြားသည့္ ကိုယ္ေလးကို တင္းတင္း သိမ္းေပြ႕ပစ္ကာ လည္တိုင္ႏုႏုဆီမွာ ႏွာတံစင္းစင္းက တိုးေဝွ႔နစ္ျမဳပ္သြားခဲ့ၿပီ။
"ကို....ကို...."
ခုံေပၚမွီရင္း ေမာ့ဆင္းသြားေသာ ေခါင္းေလးႏွင့္ အသံတိုးတိုးေလးေၾကာင့္ မခ်င့္မရဲႏွင့္ အသာလႊတ္ေပးကာ ပုခုံးထိ ေလွ်ာက်ေနေသာ တီရွပ္ပြပြကို ျပန္ဆြဲတင္ေပးေတာ့ ေခါင္းေဖာ္မလာေတာ့။
တုန္ယင္ေနေသာ ကိုယ္ေလးကို ေထြးဖက္ၿပီး လက္ေလးေတြကို ေထြးဆုပ္ကာ ဆံပင္ေလးသပ္တင္ေပးေတာ့မွ မရဲတရဲ ေမာ့ၾကည့္လာတာ။
"ေအးေဆးၾကည့္ေတာ့ေနာ္...ကိုကို႔အခ်စ္..."
နဖူးေလး ငုံ႔နမ္းကာ ေျပာလာသည့္ ကိုကို႔ရင္ခြင္မွာ မွီလိုက္ရင္း ႐ုပ္ရွင္သာ ၿပီးသြားတာ၊ ဘာနဲ႔စၿပီး ဘယ္လိုဆုံးသြားမွန္းကို မသိလိုက္ေတာ့။
ပါးျပင္ေလးေတြ ေႏြးရင္း၊ ႏႈတ္ခမ္းေလးေတြ ျပန္စမ္းရင္း၊ နစ္ေမ်ာလႈပ္ခတ္ေနသည့္ ရင္ဘတ္ကိုဖိရင္း ယစ္မူးေပ်ာ္ဝင္ခ်င္စရာ ေမး႐ိုးထင္းထင္းကို ေမာ့ေငးရင္း ႏွစ္ကိုယ္
တည္း႐ိုက္သည့္ ႐ုပ္ရွင္ကိုသာ ရင္ခုန္စီးေမ်ာခဲ့ရေလသည္။
..........................................
Note >>>
ႏွစ္ေယာက္ဆုံခ်ိန္ေလးေတြ နည္းတယ္ဆိုလို႔
ဗိုလ္ႀကီးက သင္တန္းနားရက္ေလးကို ေဘဂ်င္းထိ စြာေတးကို လာေတြ႕တာ
Love U All ♥
#NwayOo
13.12.2020 (02:15) PM