"ကျွန်...ကျွန်မတို့ နောက်ဆုံးတွေ့ခဲ့တဲ့အချိန်က ကလေးအရွယ်တုန်းကလေ အခု ကျွန်မတို့က.."သူမ ခံစားနေရတဲ့ ကမောက်ကမဖြစ်မှုကို လျော့ပါးစေချင်တာကြောင့် သူမ စကားပြောလိုက်တော့တယ်။သူမကိုယ်တိုင်လည်း ဒီစကားလုံးတွေက သူမ ပါးစပ်မှ ဘယ်လိုထွက်လာခဲ့မှန်း မသိချေဘူး။
"အရွယ်ရောက်သူ??"သူမ ပြီးဆုံးအောင် မပြောနိုင်ခင်မှာပဲ သူမနားထဲသို့ သူ တီးတိုးပြောလိုက်ကာ သူမရဲ့ တုံ့နှေးတုံ့နှေးနှင့် စမ်းတဝါးဝါးပြောနေသော စကားတွေကို အသာစီးယူလိုက်၏။
"အဟွတ် အဟွတ်!ကျွန်မ ဆိုလိုတာကလည်း အရွယ်ရောက်ပြီလို့"သူမကိုယ်သူမ တည်ငြိမ်သွားအောင် စိတ်ထိန်းနိုင်ရန် သူမ နားကိုထိနေသော သူ့နှုတ်ခမ်းကိုရှောင်ရင်း မျက်နှာကို အဝေးသို့ ရွှေ့ကာ ပြောလိုက်သည်။ထို့နောက် သူမ ပြောလိုက်ပြန်၏ "နှစ်တွေ အများကြီး ကျော်ဖြတ်လာပြီးပြီးလေ ပြီးတော့ ရှင့် ကြည့်ရတာလည်း အရမ်းထူးခြားနေတာကို"
"ဒါမှမဟုတ် အရင်ကထက် အများကြီး ခန့်ညားလာလို့လား?"စနောက်သလို သူပြောလိုက်သည်။
"ကျွန်မ သတိမပြုမိဘူးရှင့်"
"တကယ်?Hmm!မင်း ကြောက်နေတာလား?"
"မ..မဟုတ်ပါဘူး!ကျွန်မက ဘာကြောင့် ကြောက်ရမှာလဲ?"
"ဒါဆို ဘာကြောင့် မင်း နှလုံးခုန်တာ တအားမြန်နေတာလဲ?"သူ့ဘယ်လက် မှ လက် မဖြင့် သူမ ညာလက်ရဲ့လက်ကောက်ဝတ် အတွင်းပိုင်းကို ကြင်နာစွာ ပွတ်သပ်ရင်း လုချောင် ပြောလိုက်တယ်။
"Huu?"အ့ံအားသင့်စွာဖြင့် သူမ ခေါင်းမော့ကာ သူ့ကို ကြည့်လိုက် မိ၏။သူမ စိတ်တွေက အဝေးသို့ရောက်နေတဲ့အတွက် သူမလက်ကောက်ဝတ်ကို သူဘာလုပ်နေမှန်း သူမ သတိမပြုမိပေ။သူနဲ့အတူ သူမရဲ့ ခြေလှမ်းတွေကို ကိုက်ညီအောင် လုပ်နေရင်း သူမ အလုပ်ရှုပ်နေခဲ့သည်။
သူမရဲ့ လက်ကောက်ဝတ်ကို သူ တင်းတင်းကျပ်ကျပ် ကိုင်ထားခဲ့ပြီး လက်ချောင်းများနှင့် သူမ လက်ကောက်ဝတ်တစ်ဝိုက်ကို ပတ်နေရင်း ထိုလက်ကောက်ဝတ် အတွင်းပိုင်းကို သူကညင်သာစွာ ဖိလိုက်လေတယ်။သူမရဲ့လက် ကောက်ဝတ်ကို ကြည့်နေရင်း သူ ပြောလိုက်ပြန်၏ "မင်း နှလုံးခုန်နေတာကို ခံစားနေရသလိုမျိုး ဒါကလည်း ခံစားလို့ ကောင်းတယ်ပေါ့"
သူ့အကြည့်တွေ ရောက်နေတဲ့ နေရာကို သူမ မျက်လုံးတွေ ရွှေ့လိုက်ပြီး သူ တင်းတင်းကျပ်ကိုင်ထားသည့် လက်ကောက်ဝတ်ကို သူမ ကြည့်လိုက်တော့သည်။ထို့နောက် သူ့မျက်လုံးတွေထဲကို ကျန်းယွီယန် ပြန်စိုက်ကြည့်လိုက်ကာ ပျက်ရယ်ပြုစွာ ပြောလိုက်၏ "ရှင်ရော ကြောက်နေတာမလား?"
"Huu?"သူ့ မျက်ခုံးတစ်ဖက် မြင့်တက်သွားကာ မေးခွန်းထုတ်လိုက်သည့် ပုံစံနှင့် လုချောင် သူမကို ကြည့်လိုက်သည်။
"ကျွန်မလက်က ရှင့်ရင်ဘက်ရဲ့ ဘယ်ဘက်ခြမ်းမှာ ရှိနေတုန်းက ရှင့်ရဲ့ နှလုံးခုန်နှုန်းကို ကျွန်မလည်း ခံစားလိုက်ရတယ်လေ။သူတို့က ကျည်ဆံရထားတစ်စီးထက်တောင် ပိုမြန်နေတယ်"တုံ့ဆိုင်းခြင်းမရှိ သူမ ပြောလိုက်တယ်။အခုတော့ ကျန်းယွီယန်ရဲ့ အလှည့်ပင်။ဒါပေမယ့် သူမ အလှည့်က ဘယ်လောက် မှ မကြာရှည်ဘူးဆိုတာ သူမ မသိခဲ့ပေ။
သူ ကောက်ကျစ်စွာ ပြုံးလိုက်ပြီး သူမ နားထဲသို့ ထပ်မံ တီးတိုးပြောလိုက်လေ၏"အဲ့ဒါက ဘာကြောင့်လဲဆိုတော့...." သူ ခဏရပ်တန့်လိုက်တယ်။
"Huu?"သူ ဘာဆက်ပြောမလဲဆိုတာ ကျန်းယွီယန် စောင့်နေခဲ့သည်။
".....မင်းကြောင့်လေ။ ကိုယ် မင်းကို တွေ့တဲ့ အချိန်တိုင်း ကို်ယ့် နှလုံးသားက ခုန်လာတယ်။" သူမ နားသီးလေးကို သူ့ နှုတ်ခမ်းက ထိလုနီးပါးကပ်လိုက်ကာ ဖြားယောင်းသွေးဆောင်သော အသံဖြင့် ထိုစကားလုံးတွေကို ပြောလိုက်၏။သူမ နားနောက် မှာ ထိုးသွင်းသော ရှည်လျားသည့် ဆံနွယ်များမှ သင်းရန့ံအား လုချောင် နက်နက်ရှိုင်းရှိုင်းကို ရှူရှိုက် မိလေတယ်။သူမ နားကို သူတကယ်ပင် ကိုက်ချင်နေသော်လည်း သူ့ရဲ့ လိုအင်ဆန္ဒတွေကို ထိန်းချုပ်လိုက်သည်။ ပြုံးလိုက်ကာ သူမ မျက်နှာကိုကြည့်ရန် သူ နောက်သို့ ပြန်ဆုတ်လိုက်၏။သူမ နှုတ်ခမ်းလေးက အနည်းငယ် ကွာဟနေပြီး သူမ မျက်လုံးတွေကတော့ ပြူးကျယ်နေခဲ့လေတယ်။သူမကို ကြည့်ရတာ အသက်ရှူဖို့ မေ့နေတဲ့ပုံပင်။သူမ နှာဖူးကို လုချောင် ကြင်နာစွာ နမ်းလိုက်ပြီး ပြုံးကာ ပြောလိုက်တယ် "အသက်ရှူ!"
သူမ အာရုံပြန်ရလာကာ အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်သော်လည်း ဘယ်လို တုံ့ပြန်ရမှန်း မသိလေဘူး။ထိုအချိန်မှာပဲ သီချင်းက ပြီးသွားတာကြောင့် သူမ သက်သာစွာ သက်ပြင်းချလိုက်တော့သည်။နှစ်ယောက်လုံး အကကြမ်းပြင်သို့ အတူတူ ပြန်လျှောက်သွားလိုက်သည်။ထိုနေရာနှင့် အကွာအဝေး အနည်းငယ်သို့ ရောက်ချိန်တွင် လုလီကျွင်းက သူ့အစ်ကို ဝမ်းကွဲ ဝမ်ပန်နှင့်အတူ လုချောင်ဆီသို့ လာနေ၏။
"အစ်ကို လုချောင်၊အစ်ကိုက ဘယ်မှာလဲ?"သူ့ အစ်ကိုရဲ့ လက်ကို ကိုင်လိုက်ကာ လုချောင် မျက်နှာကို မော့ကြည့်ရင်း လုလီကျွင်း မေးလိုက်သည်။
"ဘာတွေဖြစ်ခဲ့လို့လဲ?အစ်ကိုလည်း မင်းကို မတွေ့ဘူးလေ။မင်းကရော ဘယ်မှာလဲ?"လက်ကို ကိုင်ထားပြီး သူ့ကို ကြည့်နေသော လုလီကျွင်းရဲ့သေးငယ်သည့် ပခုံးလေးကို သူ့ တစ်ခြားလက်တစ်ဖက်ဖြင့် ကိုင်လိုက်ကာ လုချောင် ပွောလိုကျတယျ။
"ကျွန်တော် အစ်ကိုကို့ စောင့်နေခဲ့တယ်။အစ်ကိုက မလာသေးတော့ အစ်ကို ဝမ်ပန်နဲ့ ကျွန်တော် စကားပြောနေတာ ပြီးတော့လေ ကျွန်တော့်ရဲ့ အကောင်းဆုံး ဂိမ်းအသစ်တွေအကြောင်းကို ကျွန်တော် သူ့ကို ပြောပြလိုက်တယ်။"လုလီကျွင်း ပြန်ပြောလိုက်၏။
"Hmm"
"ပြီးတာနဲ့ ကျွန်တော်တို့ အစ်ကို လုဖန်းကို ရှာဖို့သွားခဲ့သေးတယ် ဒါပေမယ့် သူလည်း ဒီမှာ မရှိဘူး။သူ့ကို ဒီပြန်လာဖို့ ကျွန်တော် ပြောပေမယ့် ခဏနေမှ ပြန်လာခဲ့မယ်လို့ သူကပြောတယ်" လုလီကျွင်းက ဝမ်းနည်းနေသော အမူအရာနှင့် ပြောလေတယ်။
"Hmm"လုလီကျွင်းပြောသမျှ အားလုံးကို လုချောင်က စိတ်ရှည်လက်ရှည် နားထောင်ပေး၏။ဒါကတော့ အသက် တစ်ခဏတောင် မရှုပဲ အရာအားလုံးကို ပြောတတ်သည့် လုလီကျွင်းရဲ့ အကျင့်ဖြစ်သလို စိတ်ရှည်လက်ရှည်နဲ့ အကုန်လုံးကို နားထောင်ပေးတာကလည်း လုချောင်၏ အကျင့်ဖြစ်သည်။
လုလီကျွင်းရဲ့ အကြည့်တွေက လုချောင် ဘေးမှာ ရပ်နေတဲ့ ကျန်းယွီယန်ဆီသို့ ရွှေ့သွားတော့တယ်။ သူက ဘာမှကို မပြောပဲ သူမကိုသာ စိုက်ကြည့်နေ၏။လုချောင်က ဒါကို သတိပြုမိပြီး ပြောလိုက်တယ် "လုလီကျွင်း သူက ကျန်းယွီယန်၊ အစ်ကိုရဲ့ ငယ်သူငယ်ချင်း"
လုလီကျွင်းက ဘာမှကို မတုံ့ပြန်ခဲ့ပေ။သူ့အစ်ကိုဘက်ကိုသာ ပြန်ကြည့်လိုက်ပြီး လုံးဝဥဿုံ ကျန်းယွီယန်ကို လျစ်လျူရှုလိုက်၏။သူမ ဘာကြောင့် ဒီမှာ ရပ်နေမိတာကို သူမတွေးမိသွားပြီး ထွက်သွားဖို့ ပြင်လိုက်ချိန်မှာပဲ ရုတ်တရက် ကျန်းယန်က သူမ ဘေးတွင် ပေါ်လာခဲ့သည်။
"ညီမကို ဒီမှာထားပြီး ထွက်သွားရလို့ အစ်ကို တောင်းပန်တယ်နော် ဒါပေမယ့် အဲ့ဒါက အရေးကြီးတဲ့ ဖုန်းခေါ်ဆိုမှုဖြစ်နေလို့" ကျန်းယန် တောင်းတောင်းပန်ပန်နဲ့ ပြောလိုက်၏။
"အဆင်ပြေပါတယ်"
"ကျွန်တော့် ညီမနဲ့အတူ ကပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လုချောင်"လုချောင်ကို ကြည့်ရင်း သူ ပြောလိုက်တယ်။
"ဒါက ကျွန်တော့် ဆန္ဒပါဗျာ"လုချောင် အပြုံးတစ်ပွင့်နှင့် ကျနး်ယန်ကို ကြည့်ကာ ပြန်ပြောလိုက်၏။
ကျန်းယန် သူ့ညီမကို စနောက်လိုသော အကြည့် ပေးလိုက်ပြန်တယ်။သူ့ကို ကြည့်နေသော သူမ မျက်လုံးတွေကို လိမ့်လိုက်ရင်း တစ်ခြားနေရာကိုသာ သူမ ကြည့်နေလိုက်တော့သည်။
"Hi!ကောင်လေး မင်းက လုလီကျွင်းပဲ ဖြစ်ရမယ်?"ကျန်းယန် လုလီကျွင်းဘက် လှည့်လိုက်တယ်။
"Huu!"ဟုတ်တယ်လို့ ပြောရင်း အပြုံးတစ်ပွင့်နှင့် လုလီကျွင်း ခေါင်းငြိမ့်ပြလိုက်သည်။
"မင်းကို နောက်ဆုံးမြင်ခဲ့တုန်းက ချစ်စရာကောင်းတဲ့ အကောင်ငယ်လေး။မင်းတောင် အခု အရွယ်ရောက်လာပြီပဲ" ကျန်းယန်က ပြောလိုက်ပြန်တယ်။
လုလီကျွင်းက သူ့အစ်ကိုလိုပဲ ပြုံးပြလိုက်ကာ ဘာမှ မပြောချေ။သူ့ရဲ့ အမူအကျင့်အရ ကျန်းယန်ကို ခင်မင်သွားသော်လည်း သူက ကျန်းယွီယန်ကိုတော့ အနည်းငယ် အေးစက်နေသည်။
မကြာခင်မှာပဲ တစ်ခြား လုမောင်နှစ်မတွေက သူတို့နဲ့ ဆက်သွယ်လာကြလေတယ်။
"ကနေတဲ့ အချိန်တုန်းက အစ်ကိုတို့ နှစ်ယောက်လုံး ချစ်ဖို့ကောင်းတယ်"လုလျန်းက ပြော၏။
"Yeh!နင် မှန်တယ်" ဝမ်ရှုကလည်း ဝင်ပြောလေသည်။
"အဟွတ် အဟွတ်!"ကျန်းယွီယန်မှာ ချောင်းဆိုးသွားလေပြီး လုချောင်ကို ကြည့်လိုက်သော်လည်း ဘာကမှ သူ့ကို မထိခိုက်သလိုမျိုး သူ့ရဲ့ မျက်နှာအမူအရာက မပြောင်းလဲသွားချေ။
"Yeh! ကျွန်တော်ရောပဲ၊ ဘယ်လိုတောင် ချစ်ဖို့ကောင်းတဲ့ မြင်ကွင်းလေးလဲ" မျက် မှောင်ကြုံ့ကာ ကြည့်နေသော ကျန်းယွီယန်ကို ကျန်းယန် ပြန်ကြည့်လိုက်တယ်။
"Ya! ကျွန်တော့်ကိုပါ ထည့်တွက်လိုက်။အစ်ကို လုချောင်က တစ်စုံတစ်ယောက်ကို အကကြမ်းပြင် ခေါ်သွားတာ ဒါပထမဆုံး အကြိမ်ပဲ"
(T/N: ဒီဟာလေးကို rlထည့်ပေးလို့ ကျေးဇူးတင်ပါတယ် ဒါပေမယ့် blဆိုတဲ့ ခေါင်းစဥ်ထဲကိုထည့်တာတွေ ေတွ့ပါတယ် ဒါက blမဟုတ်ပါဘူး normalပါနော် အင်း..လုချောင်ရဲ့ လက်ထောက်ကတော့ တစ်မျိုးလေးပေါ့ ကြိုပြောထားတယ် ဟဲဟဲ blထဲတော့ မထည့်လိုက်ကြပါနဲ့နော် ပြီးတော့ လုလီကျွင်းနဲ့ အပိုင်းရောက်ပြီလားဆိုတာက မရောက်သေးပါဘူး တော်တော်ကို လိုပါသေးတယ် ကိုယ့် လုချောင်ကြီးက ချစ်တတ်ပါတယ်ဗျာ စောင့်ပေးကြဦးနော်)
................................................................
(Zawgyi)
"ကြၽန္...ကြၽန္မတို႔ ေနာက္ဆုံးေတြ႕ခဲ့တဲ့အခ်ိန္က ကေလးအ႐ြယ္တုန္းကေလ အခု ကြၽန္မတို႔က.."သူမ ခံစားေနရတဲ့ ကေမာက္ကမျဖစ္မႈကို ေလ်ာ့ပါးေစခ်င္တာေၾကာင့္ သူမ စကားေျပာလိုက္ေတာ့တယ္။သူမကိုယ္တိုင္လည္း ဒီစကားလုံးေတြက သူမ ပါးစပ္မွ ဘယ္လိုထြက္လာခဲ့မွန္း မသိေခ်ဘဴး။
"အ႐ြယ္ေရာက္သူ??"သူမ ၿပီးဆုံးေအာင္ မေျပာနိုင္ခင္မွာပဲ သူမနားထဲသို႔ သူ တီးတိုးေျပာလိုက္ကာ သူမရဲ႕ တုံ႕ႏွေးတုံ႕ႏွေးႏွင့္ စမ္းတဝါးဝါးေျပာေနေသာ စကားေတြကို အသာစီးယူလိုက္၏။
"အဟြတ္ အဟြတ္!ကြၽန္မ ဆိုလိုတာကလည္း အ႐ြယ္ေရာက္ၿပီလို႔"သူမကိုယ္သူမ တည္ၿငိမ္သြားေအာင္ စိတ္ထိန္းနိုင္ရန္ သူမ နားကိုထိေနေသာ သူ႕ႏႈတ္ခမ္းကိုေရွာင္ရင္း မ်က္ႏွာကို အေဝးသို႔ ေ႐ႊ႕ကာ ေျပာလိုက္သည္။ထို႔ေနာက္ သူမ ေျပာလိုက္ျပန္၏ "ႏွစ္ေတြ အမ်ားႀကီး ေက်ာ္ျဖတ္လာၿပီးၿပီးေလ ၿပီးေတာ့ ရွင့္ ၾကည့္ရတာလည္း အရမ္းထူးျခားေနတာကို"
"ဒါမွမဟုတ္ အရင္ကထက္ အမ်ားႀကီး ခန့္ညားလာလို႔လား?"စေနာက္သလို သူေျပာလိုက္သည္။
"ကြၽန္မ သတိမျပဳမိဘူးရွင့္"
"တကယ္?Hmm!မင္း ေၾကာက္ေနတာလား?"
"မ..မဟုတ္ပါဘူး!ကြၽန္မက ဘာေၾကာင့္ ေၾကာက္ရမွာလဲ?"
"ဒါဆို ဘာေၾကာင့္ မင္း ႏွလုံးခုန္တာ တအားျမန္ေနတာလဲ?"သူ႕ဘယ္လက္ မွ လက္ မျဖင့္ သူမ ညာလက္ရဲ႕လက္ေကာက္ဝတ္ အတြင္းပိုင္းကို ၾကင္နာစြာ ပြတ္သပ္ရင္း လုေခ်ာင္ ေျပာလိုက္တယ္။
"Huu?"အ့ံအားသင့္စြာျဖင့္ သူမ ေခါင္းေမာ့ကာ သူ႕ကို ၾကည့္လိုက္ မိ၏။သူမ စိတ္ေတြက အေဝးသို႔ေရာက္ေနတဲ့အတြက္ သူမလက္ေကာက္ဝတ္ကို သူဘာလုပ္ေနမွန္း သူမ သတိမျပဳမိေပ။သူနဲ႕အတူ သူမရဲ႕ ေျခလွမ္းေတြကို ကိုက္ညီေအာင္ လုပ္ေနရင္း သူမ အလုပ္ရႈပ္ေနခဲ့သည္။
သူမရဲ႕ လက္ေကာက္ဝတ္ကို သူ တင္းတင္းက်ပ္က်ပ္ ကိုင္ထားခဲ့ၿပီး လက္ေခ်ာင္းမ်ားႏွင့္ သူမ လက္ေကာက္ဝတ္တစ္ဝိုက္ကို ပတ္ေနရင္း ထိုလက္ေကာက္ဝတ္ အတြင္းပိုင္းကို သူကညင္သာစြာ ဖိလိုက္ေလတယ္။သူမရဲ႕လက္ ေကာက္ဝတ္ကို ၾကည့္ေနရင္း သူ ေျပာလိုက္ျပန္၏ "မင္း ႏွလုံးခုန္ေနတာကို ခံစားေနရသလိုမ်ိဳး ဒါကလည္း ခံစားလို႔ ေကာင္းတယ္ေပါ့"
သူ႕အၾကည့္ေတြ ေရာက္ေနတဲ့ ေနရာကို သူမ မ်က္လုံးေတြ ေ႐ႊ႕လိုက္ၿပီး သူ တင္းတင္းက်ပ္ကိုင္ထားသည့္ လက္ေကာက္ဝတ္ကို သူမ ၾကည့္လိုက္ေတာ့သည္။ထို႔ေနာက္ သူ႕မ်က္လုံးေတြထဲကို က်န္းယြီယန္ ျပန္စိုက္ၾကည့္လိုက္ကာ ပ်က္ရယ္ျပဳစြာ ေျပာလိုက္၏ "ရွင္ေရာ ေၾကာက္ေနတာမလား?"
"Huu?"သူ႕ မ်က္ခုံးတစ္ဖက္ ျမင့္တက္သြားကာ ေမးခြန္းထုတ္လိုက္သည့္ ပုံစံႏွင့္ လုေခ်ာင္ သူမကို ၾကည့္လိုက္သည္။
"ကြၽန္မလက္က ရွင့္ရင္ဘက္ရဲ႕ ဘယ္ဘက္ျခမ္းမွာ ရွိေနတုန္းက ရွင့္ရဲ႕ ႏွလုံးခုန္ႏႈန္းကို ကြၽန္မလည္း ခံစားလိုက္ရတယ္ေလ။သူတို႔က က်ည္ဆံရထားတစ္စီးထက္ေတာင္ ပိုျမန္ေနတယ္"တုံ႕ဆိုင္းျခင္းမရွိ သူမ ေျပာလိုက္တယ္။အခုေတာ့ က်န္းယြီယန္ရဲ႕ အလွည့္ပင္။ဒါေပမယ့္ သူမ အလွည့္က ဘယ္ေလာက္ မွ မၾကာရွည္ဘူးဆိုတာ သူမ မသိခဲ့ေပ။
သူ ေကာက္က်စ္စြာ ၿပဳံးလိုက္ၿပီး သူမ နားထဲသို႔ ထပ္မံ တီးတိုးေျပာလိုက္ေလ၏"အဲ့ဒါက ဘာေၾကာင့္လဲဆိုေတာ့...." သူ ခဏရပ္တန့္လိုက္တယ္။
"Huu?"သူ ဘာဆက္ေျပာမလဲဆိုတာ က်န္းယြီယန္ ေစာင့္ေနခဲ့သည္။
".....မင္းေၾကာင့္ေလ။ ကိုယ္ မင္းကို ေတြ႕တဲ့ အခ်ိန္တိုင္း ကို္ယ့္ ႏွလုံးသားက ခုန္လာတယ္။" သူမ နားသီးေလးကို သူ႕ ႏႈတ္ခမ္းက ထိလုနီးပါးကပ္လိုက္ကာ ျဖားေယာင္းေသြးေဆာင္ေသာ အသံျဖင့္ ထိုစကားလုံးေတြကို ေျပာလိုက္၏။သူမ နားေနာက္ မွာ ထိုးသြင္းေသာ ရွည္လ်ားသည့္ ဆံႏြယ္မ်ားမွ သင္းရန႕ံအား လုေခ်ာင္ နက္နက္ရွိုင္းရွိုင္းကို ရှူရွိုက္ မိေလတယ္။သူမ နားကို သူတကယ္ပင္ ကိုက္ခ်င္ေနေသာ္လည္း သူ႕ရဲ႕ လိုအင္ဆႏၵေတြကို ထိန္းခ်ဳပ္လိုက္သည္။ ၿပဳံးလိုက္ကာ သူမ မ်က္ႏွာကိုၾကည့္ရန္ သူ ေနာက္သို႔ ျပန္ဆုတ္လိုက္၏။သူမ ႏႈတ္ခမ္းေလးက အနည္းငယ္ ကြာဟေနၿပီး သူမ မ်က္လုံးေတြကေတာ့ ျပဴးက်ယ္ေနခဲ့ေလတယ္။သူမကို ၾကည့္ရတာ အသက္ရှူဖို႔ ေမ့ေနတဲ့ပုံပင္။သူမ ႏွာဖူးကို လုေခ်ာင္ ၾကင္နာစြာ နမ္းလိုက္ၿပီး ၿပဳံးကာ ေျပာလိုက္တယ္ "အသက္ရှူ!"
သူမ အာ႐ုံျပန္ရလာကာ အသက္ကို ျပင္းျပင္း ရှူသြင္းလိုက္ေသာ္လည္း ဘယ္လို တုံ႕ျပန္ရမွန္း မသိေလဘူး။ထိုအခ်ိန္မွာပဲ သီခ်င္းက ၿပီးသြားတာေၾကာင့္ သူမ သက္သာစြာ သက္ျပင္းခ်လိဳက္ေတာ့သည္။ႏွစ္ေယာက္လုံး အကၾကမ္းျပင္သို႔ အတူတူ ျပန္ေလွ်ာက္သြားလိုက္သည္။ထိုေနရာႏွင့္ အကြာအေဝး အနည္းငယ္သို႔ ေရာက္ခ်ိန္တြင္ လုလီကြၽင္းက သူ႕အစ္ကို ဝမ္းကြဲ ဝမ္ပန္ႏွင့္အတူ လုေခ်ာင္ဆီသို႔ လာေန၏။
"အစ္ကို လုေခ်ာင္၊အစ္ကိုက ဘယ္မွာလဲ?"သူ႕ အစ္ကိုရဲ႕ လက္ကို ကိုင္လိုက္ကာ လုေခ်ာင္ မ်က္ႏွာကို ေမာ့ၾကည့္ရင္း လုလီကြၽင္း ေမးလိုက္သည္။
"ဘာေတြျဖစ္ခဲ့လို႔လဲ?အစ္ကိုလည္း မင္းကို မေတြ႕ဘူးေလ။မင္းကေရာ ဘယ္မွာလဲ?"လက္ကို ကိုင္ထားၿပီး သူ႕ကို ၾကည့္ေနေသာ လုလီကြၽင္းရဲ႕ေသးငယ္သည့္ ပခုံးေလးကို သူ႕ တစ္ျခားလက္တစ္ဖက္ျဖင့္ ကိုင္လိုက္ကာ လုေခ်ာင္ ေပြာလိုက်တယ်။
"ကြၽန္ေတာ္ အစ္ကိုကို႔ ေစာင့္ေနခဲ့တယ္။အစ္ကိုက မလာေသးေတာ့ အစ္ကို ဝမ္ပန္နဲ႕ ကြၽန္ေတာ္ စကားေျပာေနတာ ၿပီးေတာ့ေလ ကြၽန္ေတာ့္ရဲ႕ အေကာင္းဆုံး ဂိမ္းအသစ္ေတြအေၾကာင္းကို ကြၽန္ေတာ္ သူ႕ကို ေျပာျပလိုက္တယ္။"လုလီကြၽင္း ျပန္ေျပာလိုက္၏။
"Hmm"
"ၿပီးတာနဲ႕ ကြၽန္ေတာ္တို႔ အစ္ကို လုဖန္းကို ရွာဖို႔သြားခဲ့ေသးတယ္ ဒါေပမယ့္ သူလည္း ဒီမွာ မရွိဘူး။သူ႕ကို ဒီျပန္လာဖို႔ ကြၽန္ေတာ္ ေျပာေပမယ့္ ခဏေနမွ ျပန္လာခဲ့မယ္လို႔ သူကေျပာတယ္" လုလီကြၽင္းက ဝမ္းနည္းေနေသာ အမူအရာႏွင့္ ေျပာေလတယ္။
"Hmm"လုလီကြၽင္းေျပာသမွ် အားလုံးကို လုေခ်ာင္က စိတ္ရွည္လက္ရွည္ နားေထာင္ေပး၏။ဒါကေတာ့ အသက္ တစ္ခဏေတာင္ မရႈပဲ အရာအားလုံးကို ေျပာတတ္သည့္ လုလီကြၽင္းရဲ႕ အက်င့္ျဖစ္သလို စိတ္ရွည္လက္ရွည္နဲ႕ အကုန္လုံးကို နားေထာင္ေပးတာကလည္း လုေခ်ာင္၏ အက်င့္ျဖစ္သည္။
လုလီကြၽင္းရဲ႕ အၾကည့္ေတြက လုေခ်ာင္ ေဘးမွာ ရပ္ေနတဲ့ က်န္းယြီယန္ဆီသို႔ ေ႐ႊ႕သြားေတာ့တယ္။ သူက ဘာမွကို မေျပာပဲ သူမကိုသာ စိုက္ၾကည့္ေန၏။လုေခ်ာင္က ဒါကို သတိျပဳမိၿပီး ေျပာလိုက္တယ္ "လုလီကြၽင္း သူက က်န္းယြီယန္၊ အစ္ကိုရဲ႕ ငယ္သူငယ္ခ်င္း"
လုလီကြၽင္းက ဘာမွကို မတုံ႕ျပန္ခဲ့ေပ။သူ႕အစ္ကိုဘက္ကိုသာ ျပန္ၾကည့္လိုက္ၿပီး လုံးဝဥႆုံ က်န္းယြီယန္ကို လ်စ္လ်ဴရႈလိုက္၏။သူမ ဘာေၾကာင့္ ဒီမွာ ရပ္ေနမိတာကို သူမေတြးမိသြားၿပီး ထြက္သြားဖို႔ ျပင္လိုက္ခ်ိန္မွာပဲ ႐ုတ္တရက္ က်န္းယန္က သူမ ေဘးတြင္ ေပၚလာခဲ့သည္။
"ညီမကို ဒီမွာထားၿပီး ထြက္သြားရလို႔ အစ္ကို ေတာင္းပန္တယ္ေနာ္ ဒါေပမယ့္ အဲ့ဒါက အေရးႀကီးတဲ့ ဖုန္းေခၚဆိုမႈျဖစ္ေနလို႔" က်န္းယန္ ေတာင္းေတာင္းပန္ပန္နဲ႕ ေျပာလိုက္၏။
"အဆင္ေျပပါတယ္"
"ကြၽန္ေတာ့္ ညီမနဲ႕အတူ ကေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ လုေခ်ာင္"လုေခ်ာင္ကို ၾကည့္ရင္း သူ ေျပာလိုက္တယ္။
"ဒါက ကြၽန္ေတာ့္ ဆႏၵပါဗ်ာ"လုေခ်ာင္ အၿပဳံးတစ္ပြင့္ႏွင့္ က်နး္ယန္ကို ၾကည့္ကာ ျပန္ေျပာလိုက္၏။
က်န္းယန္ သူ႕ညီမကို စေနာက္လိုေသာ အၾကည့္ ေပးလိုက္ျပန္တယ္။သူ႕ကို ၾကည့္ေနေသာ သူမ မ်က္လုံးေတြကို လိမ့္လိုက္ရင္း တစ္ျခားေနရာကိုသာ သူမ ၾကည့္ေနလိုက္ေတာ့သည္။
"Hi!ေကာင္ေလး မင္းက လုလီကြၽင္းပဲ ျဖစ္ရမယ္?"က်န္းယန္ လုလီကြၽင္းဘက္ လွည့္လိုက္တယ္။
"Huu!"ဟုတ္တယ္လို႔ ေျပာရင္း အၿပဳံးတစ္ပြင့္ႏွင့္ လုလီကြၽင္း ေခါင္းၿငိမ့္ျပလိုက္သည္။
"မင္းကို ေနာက္ဆုံးျမင္ခဲ့တုန္းက ခ်စ္စရာေကာင္းတဲ့ အေကာင္ငယ္ေလး။မင္းေတာင္ အခု အ႐ြယ္ေရာက္လာၿပီပဲ" က်န္းယန္က ေျပာလိုက္ျပန္တယ္။
လုလီကြၽင္းက သူ႕အစ္ကိုလိုပဲ ၿပဳံးျပလိုက္ကာ ဘာမွ မေျပာေခ်။သူ႕ရဲ႕ အမူအက်င့္အရ က်န္းယန္ကို ခင္မင္သြားေသာ္လည္း သူက က်န္းယြီယန္ကိုေတာ့ အနည္းငယ္ ေအးစက္ေနသည္။
မၾကာခင္မွာပဲ တစ္ျခား လုေမာင္ႏွစ္မေတြက သူတို႔နဲ႕ ဆက္သြယ္လာၾကေလတယ္။
"ကေနတဲ့ အခ်ိန္တုန္းက အစ္ကိုတို႔ ႏွစ္ေယာက္လုံး ခ်စ္ဖို႔ေကာင္းတယ္"လုလ်န္းက ေျပာ၏။
"Yeh!နင္ မွန္တယ္" ဝမ္ရႈကလည္း ဝင္ေျပာေလသည္။
"အဟြတ္ အဟြတ္!"က်န္းယြီယန္မွာ ေခ်ာင္းဆိုးသြားေလၿပီး လုေခ်ာင္ကို ၾကည့္လိုက္ေသာ္လည္း ဘာကမွ သူ႕ကို မထိခိုက္သလိုမ်ိဳး သူ႕ရဲ႕ မ်က္ႏွာအမူအရာက မေျပာင္းလဲသြားေခ်။
"Yeh! ကြၽန္ေတာ္ေရာပဲ၊ ဘယ္လိုေတာင္ ခ်စ္ဖို႔ေကာင္းတဲ့ ျမင္ကြင္းေလးလဲ" မ်က္ ေမွာင္ႀကဳံ႕ကာ ၾကည့္ေနေသာ က်န္းယြီယန္ကို က်န္းယန္ ျပန္ၾကည့္လိုက္တယ္။
"Ya! ကြၽန္ေတာ့္ကိုပါ ထည့္တြက္လိုက္။အစ္ကို လုေခ်ာင္က တစ္စုံတစ္ေယာက္ကို အကၾကမ္းျပင္ ေခၚသြားတာ ဒါပထမဆုံး အႀကိမ္ပဲ"
(T/N: ဒီဟာေလးကို rlထည့္ေပးလို႔ ေက်းဇူးတင္ပါတယ္ ဒါေပမယ့္ blဆိုတဲ့ ေခါင္းစဥ္ထဲကိုထည့္တာေတြ ေတွ့ပါတယ် ဒါက blမဟုတ္ပါဘူး normalပါေနာ္ အင္း..လုေခ်ာင္ရဲ႕ လက္ေထာက္ကေတာ့ တစ္မ်ိဳးေလးေပါ့ ႀကိဳေျပာထားတယ္ ဟဲဟဲ blထဲေတာ့ မထည့္လိုက္ၾကပါနဲ႕ေနာ္ ၿပီးေတာ့ လုလီကြၽင္းနဲ႕ အပိုင္းေရာက္ၿပီလားဆိုတာက မေရာက္ေသးပါဘူး ေတာ္ေတာ္ကို လိုပါေသးတယ္ ကိုယ့္ လုေခ်ာင္ႀကီးက ခ်စ္တတ္ပါတယ္ဗ်ာ ေစာင့္ေပးၾကဦးေနာ္)