ဒီပွဲမှာ လုချောင်က ကျန်းယွီယန်မှတစ်ပါး ဘယ်သူ့ကို မမြင်ချေ။သူ ပါတီခန်းမရဲ့ အထဲသို့ ဝင်ခဲ့လာပြီး လမ်းတစ်ဝက်အရောက် ဧည့်သည်များကြားတွင် ရပ်နေသော သူမကို သူတွေ့လိုက်၏။သူရဲ့အကြည့်တွေကို သူမဆီကနေ မလွှဲနိုင်ခဲ့လေဘူး။ရှေ့သို့ သွားနေသော သူ့ရဲ့ ခြေတစ်လှမ်းစီတိုင်း လုချောင် သူမကို သတိထား စူးစမ်းနေခဲ့မိတယ်။သူမက ရိုးရှင်းကာ လှပပြီး အပြစ်ကင်းစင်ပုံ ပေါ်လေသည်။သူ့ အတွက်ကတော့ မိတ်ကပ်ထူထူလိမ်းပြီး တန်ဖိုးကြီးတဲ့ အဝတ်အစားတွေ လက်ဝတ်ရတနာတွေနဲ့ ဖုံးအုပ်ထားတဲ့ အခြား မိန်းကလေးတွေထက်စာရင် သူမက ပိုထူးခြားလေ၏။
သူမက ဇာပန်းထည် ပခုံးအကျ အင်္ကျီလက်တို ပန်းရောင် အတွန့်ဂါဝန်ကို ဝတ်ဆင်ထားလေသည်။ထိုဂါဝန်က သူမရဲ့ ဒူးခေါင်းထိအောင် ရှည်၏။ရွှေညိုရောင်ဆံပင်တွေက သူမရဲ့ တံတောင်ဆစ်ထိ ရှည်လျားပြီး အလယ်တွင် ခွဲထားကာ မချည်ပဲ ဖြန့်ထားလေတယ်။ခွဲထားတဲ့ဆံပင်တွေကို အနောက်ကို ပြန်သိမ်းပြီး နားတစ်ဖက်စီတွင် ပန်းရောင် ကလစ်နှင့် ခိုင်မြဲစွာညှပ်ထားပုံက သူမကို အထက်တန်းကျောင်းသူလေးသဖွယ် ချစ်ဖို့ကောင်းစေသည်။တစ်ချို့ဆံပင်စုလေးတွေက သူမရဲ့ ပခုံးနှစ်ဖက်တွင် ဝဲကျနေခဲ့လေသည်။သူမရဲ့ ပန်းရောင်ကျောက်ကလေး တွဲလဲပါသည့် သေးငယ်သော ရွှေရောင်ကြိုး နားကပ်လေးက မေးရိုးထိ ရှည်လျားပြီး ထိုအရာနှင့် ဆင်တူသည့် လက်ဝတ်တန်ဆာက သူမ လက်ကောက်ဝတ်မှာ ရှိလေတယ်။သူမရဲ့ ကလေးလို ေပျာ့ပြောင်းတဲ့ အသားအရေက မိတ်ကပ်ပါးပါးလေးတောင် မလိုအပ်ချေ။သူမရဲ့ ပါးမိုမို့မှာတော့ သဘာဝကျကျ ပါးနီကို ပန်းရောင်လေး လိမ်းခြယ်ထား၏။သူမမှာ သေးငယ် ချွန်ထက်တဲ့ နှာခေါင်းလေး၊ဂျယ်လီလို နူးညံ့သည့် နှုတ်ခမ်းကို နှင်းဆီပွင့်လွှာကဲ့သို့ ပန်းနုရောင် အဆီ ဆိုးထားပုံက တောက်ပနေလေတယ်။သူမရဲ့ ေရွှရောင်စွက်နေသည့် အညိုရောင်မျက်လုံးတွေက ထိန်လင်းနေတဲ့ ဒီပါတီခန်းမ အောက် မှာ တောက်ပနေတဲ့ ကြယ်လေးတစ်ခုလို သူတို့ကို အလင်းရောင်ပေးနေ၏။တောက်ပတဲ့ မျက်တောင်ရှည်တွေက ဆွဲဆောင်မှုရှိပုံ ပေါ်အောင် ပြုလုပ်ပေးလေသည်။
(T/N:ခန်းမက သွားရတာရှည်တာလား အစ်ကို လုချောင် မျက်လုံးကောင်းတာလား ကိုယ်တောင် ကြိုက်ချင်သွားတယ်🤣)
(ဒါက ကိုယ်ထင်တဲ့ အနီးစပ်ဆုံးပုံပါ ပွဲတက်ဂါဝန်က ကျတော့ ကပ်ကပ်ကလေးနေမယ် အဝတ်အစားအပိုင်းဆို jjပဲသိပါတယ် အမေဝယ်ပေးတာပဲ ဝတ်လို့ ဘာမှကိုမသိဘူး 🤣)
လုကျင်းဟိုင်က သူတို့နဲ့ မိတ်ဆက်ပေးချိန်တွင် သူတို့အရင်က မတွေ့ဖူးသလိုမျိုး လုချောင် ဘာမှမပြောခဲ့ဘူး။သူကလည်း မသိချင်ယောင်ဆောင်နေရတာကို နှစ်သက်နေခဲ့၏။ ကျန်းမောင်နှစ်မကလည်း ထိုအတိုင်းပင်။
ခဏအကြာမှာတော့ MCတစ်ယောက်က စတိတ်စင်ပေါ် တက်လာကာ လူတိုင်းကို ကြိုဆိုသည်။အခမ်းအနားက စတင်လေပြီ။ထိုသူက အသက်ကြီးစုံတွဲကို စင်ပေါ်သို့ ခေါ်လိုက်ပြီး ရယ်စရာကောင်းသော စကားများပြောကာ လူတိုင်းကို ရယ်အောင် လုပ်လေတယ်။ဟိုတယ်ဝန်ထမ်းက ကြီးမားသော ငါးဆင့်ကိတ်ကြီးကို စင်ပေါ်သို့ ယူဆောင်လာ၏။ထိုစုံတွဲက ကိတ်ကို ခွဲလိုက်ပြီးသည့်နောက် လူတိုင်းက ဒီထက်ပို၍ ပျော်ရွှင်စရာကောင်းသော အိမ်ထောင်သက်တမ်းလေး အတွက် ဆုတောင်း ပေးကြသည်။မကြာခင်မှာပဲ MCက ခန်းမ၏အလယ် ကခုန်သည့်ကြမ်းပြင်သို့ စုံတွဲများအားလုံး လာရန် ကြေညာလိုက်တယ်။လူတိုင်းက သူတို့ရဲ့ပါတနာတွေနဲ့ အရှေ့ထွက်ပြီး ကကြရန် စိတ်ဝင်စားကြကာ ဒီနေ့ရဲ့ အဓိကစုံတွဲကိုလည်း မမေ့ကြလေဘူး။အကြီးအကဲ လုဟွမ်နဲ့ ကျောက်ရွှောင်ကလည်း ချစ်စရာကောင်းနေခဲ့၏။လုမိသားစုမှ တစ်ခြားစုံတွဲများကလည်း ပါဝင်ကြတယ်။အားလုံးက ပျော်ရွှင်နေကြ ကာ လှပပြီး စိတ်ကူး ယဥ်ဆန်တဲ့ လေထုက ခန်းမတွင် ပျံ့နှ့ံနေလေသည်။ခန်းမထဲမှာ ရှိနေကြသော လူတိုင်းက လုချောင် ဘယ်သူနဲ့ကမှာလဲ ဒါမှမဟုတ် ဒီတစ်ကြိမ်မှာလည်း မကတော့ဘူးလားလို့ သိချင်ကြ ကာ စူးစမ်းလိုစိတ် ပြင်းပြနေကြတယ်။လုဖန်းကိုတော့ အခုထိ ဘယ်မှာမှ မတွေ့ရသေးဘူး။
အသက်နှစ်ဆယ် အရွယ်ရှိသော အမျိုးသမီးလေးက စတိတ်စင် အနီးနားက စားပွဲဝိုင်းမှာ ထိုင်နေသည့် လုချောင်ကို ကရန်အတွက် မေးဖို့လာလေသည်။သူမက သူ့အဖေရဲ့ အကောင်းဆုံး သူငယ်ချင်းတစ်ယောက်၏ သမီးတစ်ယောက်ဖြစ်ကာ Zနိုင်ငံတွင် ယခုလက်ရှိ လုစီးပွားရေးလုပ်ငန်း စီမံကိန်းတစ်ခု၏ အဓိက ရင်းနှီးမြုပ်နှံသူလည်း ဖြစ်လေ၏။သူမနာမည်က အန်ပိရွှမ်ဖြစ်လေသည်။သူမက လုချောင်ကို အလွန့်အလွန်စိတ်ဝင်စား၏ ထိုအကြောင်းကို သူကလည်း သိသည်။
"ရှင်နဲ့အတူတူ တွဲကလို့ရမလား ဥက္ကဠလု?"အန်ပိရွှမ် ယဥ်ကျေးသော ပုံစံဖြင့် ရည်မွန်စွာ မေးလိုက်၏။သူမက ဆွဲဆောင်မှု ရှိသော အမျိုးသမီးတစ်ယောက် ဖြစ်လေပြီး သူမအပေါ် လူတိုင်းက အရည်ပျော်သွားလောက်အောင် ပြုလုပ်နိုင်သည်။
"ဘယ်လိုကရမလဲ ကျွန်တော်မသိဘူးဗျ"ဖန်ခွက်ထဲမှ ဝိုင်ကို တစ်ငုံချင်းစီ သောက်ရင်း အေးစက်သော အသံနှင့် ယဥ်ယဥ်ကျေးကျေး ငြင်းပယ်လိုက်၏။သူ သူမကို ကြည့်တောင်မကြည့်ခဲ့လေဘူး။
သူ့ရဲ့ အကြည့်တွေက အကကြမ်းပြင်နားတွင် သူမအစ်ကို နှင့် ရပ်နေကာ ကနေတဲ့ သက်ကြီးစုံတွဲကို ချစ်ကြည်ညိုစွာ ကြည့်နေသည့် ကျန်းယွီယန်ပေါ်မှာသာ ယခုထိ တစ်သမတ်တည်း ကျရောက်နေဆဲပင်။ပါးမို့မို့တွင် ပါးချိုင့်ကလေးများ ပေါ်နေလောက်အောင် ပြုလုပ်ပေးသည့် လှပသော အပြုံးတစ်ပွင့်က သူမ မျက်နှာတွင် ရှိနေလေသည်။
အန်ပိရွှမ်မှာတော့ သူရဲ့ အေးစက်သည့် ဖြေကြားချက်ကို ရလိုက်တဲ့နောက် မှာ ဘာမှကို ထပ်မပြောနိုင်တော့ဘူး။သူမ ဘာမှကို အရေးမထားပဲ အဝေးသို့ လျှောက်သွားတော့သည်။သူမက အဝေးမှာ ရပ်နေသော်လည်း သူမရဲ့အကြည့်တွေက ယခုတိုင် လုချောင်ပေါ်မှာ ရှိနေဆဲပင်။သူက ပန်းရောင်ဝါဝန်ဝတ်ထားသည့် မိန်းကလေးကို ကြည့်နေမှန်း သူမ သတိပြုမိခဲ့တယ်။သူမ မနာလိုဖြစ်သွားသော်လည်း ဘာကိုမှ မပြုလုပ်နိုင်ခဲ့ဘူး။
ကျန်းယန်က ကရန်အတွက် သူ့ညီမကို မေးခဲ့ပြီး နှစ်ယောက်လုံး အကကြမ်းပြင်သို့ သွားကြသည်။သူတို့ရဲ့ မိဘတွေကလည်း ထိုနေရာမှာပင်။လုချောင်ကတော့ လက် မှာကိုင်ထားတဲ့ ဖန်ခွက်ထဲက ဝိုင်ကို တစ်ငုံစီ သောက်ရင်း ကျန်းယွီယန်ကို စောင့်ကြည့်နေတုန်းပဲ။မိနစ် အနည်းငယ်လောက် စိုက်ကြည့်နေပြီးနောက် သူ့အကြည့်တွေက တစ်စုံတစ်ခုကို သတိထားမိသွားပြီး ဝိုင်ခွက်ကို ဘေးသို့ချလိုက်၏။သူ ထလိုက်ကာ ကျန်းယွီယန် ရှိတဲ့နေရာကို လျှောက်သွားတော့တယ်။ထို အချိန်မှာပဲ ကျန်းယန်ရဲ့ ဖုန်းက မြည်လာခဲ့လေသည်။ဒါက အရေးကြီးတဲ့ ခေါ်ဆိုမှုဖြစ်တဲ့အတွက် ခွင့်တောင်းကာ ကနေတာကို ရပ်တန့်လိုက်၏။ကျန်းယွီယန် အကကြမ်းပြင်မှ ထွက်လာသည့်ချိန် သူမရှေ့တွင် လုချောင်က ပေါ်လာသည်။သူ ဘာတစ်ခုမပြောပဲ သူမကို လမ်းကမ်းလိုက်ကာ သူနဲ့ အတူ ကရန် လက်ဟန်ခြေဟန်ပြလိုက်လေတယ်။
သူရဲ့ ရုတ်တရက်ကြီး ပေါ်လာမှုက သူမကို မူးမေ့လဲသွားစေလောက်၏။သူမေးနေတာကို သူမနားလည်ပေမယ့်လည်း ဧည့်သည် အစုအဝေးလိုက်ကြီးက သူတို့ကို ကြည့်နေတဲ့အတွက်ကြောင့် သူမ ဘာမှကို မပြောနိုင်ဘူး။သူရဲ့ ကမ်းလှမ်းမှုကို သူမ လက်ခံလိုက်ကာ သူနဲ့အတူ အကကြမ်းပြင်သို့ ဦးတည်လိုက်တော့သည်။
အရင်တုန်းက လုချောင်ဟာ သူ့အမေ၊အဘွားနဲ့ ယခု ဒီနေရာမှာ ရှိနေတဲ့ ဧည့်သည်တွေက ဘယ်သူမှန်းမသိကြသည့် ထို ပန်းရောင်ဂါဝန် ဝတ်ထားသော ကောင်မလေးကလွဲရင် ဘယ်သူနဲ့မှ မကခဲ့ဘူး ဒါကြောင့် ထိုအဖြစ်ကို မြင်လိုက်သည့် လူတိုင်းက အ့ံဩနေကြလေတယ်။အန်ပိရွှမ်က မနာလိုနေခဲ့ပြီး ယခုမှာတော့ ဒေါသတွေနှင့် မျက် မှောင်ကြုံ့နေခဲ့၏။
လုချောင်နဲ့ ကျန်းယွီယန်က မျက်နှာချင်းဆိုင်ရပ်လိုက်ကာ စတင်ကချိန်တွင် ခန်းမမှာ ထွန်းထားသည့် မီးအလင်းရောင်က ရုတ်တရက် အမှောင်ကျသွားလေသည်။အကကြမ်းပြင်မှာပဲ
မီးရောင်က ပြန်ထွန်းလင်းလာခဲ့ပြီး ခန်းမ၏ မျက်နှာကြ က် မှာ ချိတ်ဆွဲထားသည့် သေးငယ်သော မီးပန်းဆိုင်း တော်တော်များများက ကြယ်ပုံစံ အလင်းရောင်များကို ပေးစွမ်းနေခဲ့၏။
ထိုအရာက ခန်းမထဲတွင် ပြီးပြည့်စုံသော လေထု အဖြစ် ပြောင်းလဲသွားစေတယ်။ဂီတကလည်း ငြိမ်သက်ပြီး စိတ်ကူးယဥ်ဆန်တဲ့ ပုံစံသို့ ပြောင်းလဲသွားလေတယ်။အက ကြမ်းပြင်မှာ ကနေကြတဲ့ စုံတွဲတွေကလည်း စိတ်ကူးယဥ်ဆန်နေသည့် အသွင် ဖြစ်သွားကြသည်။ကျန်းယွီယန် ကိုရိုးကားယားနိုင်မှုကို အနည်းငယ် ခံစားမိလိုက်သော်လည်း အခုထိတော့ လုချောင်ရှေ့မှာ ခြေလှမ်းလှမ်းနေဆဲပင်။ သူမ ထိုသူ၏ မျက်လုံးတွေကို ကြည့်မယ့်အစား သူမ မျက်လုံးတွေကို အောက်သို့သာ စိုက်ကြည့်ထားကာ သူမရဲ့နှလုံးသားကတော့ အခုန်မြန်နေခဲ့လေတယ်။
(T/N:update တစ်ရက်လောက်နားလိုက်ရမလား ဝူးဟားဟားဟား 😛)
..................................................................
(Zawgyi)
ဒီပြဲမွာ လုေခ်ာင္က က်န္းယြီယန္မွတစ္ပါး ဘယ္သူ႕ကို မျမင္ေခ်။သူ ပါတီခန္းမရဲ႕ အထဲသို႔ ဝင္ခဲ့လာၿပီး လမ္းတစ္ဝက္အေရာက္ ဧည့္သည္မ်ားၾကားတြင္ ရပ္ေနေသာ သူမကို သူေတြ႕လိုက္၏။သူရဲ႕အၾကည့္ေတြကို သူမဆီကေန မလႊဲနိုင္ခဲ့ေလဘူး။ေရွ႕သို႔ သြားေနေသာ သူ႕ရဲ႕ ေျခတစ္လွမ္းစီတိုင္း လုေခ်ာင္ သူမကို သတိထား စူးစမ္းေနခဲ့မိတယ္။သူမက ရိုးရွင္းကာ လွပၿပီး အျပစ္ကင္းစင္ပုံ ေပၚေလသည္။သူ႕ အတြက္ကေတာ့ မိတ္ကပ္ထူထူလိမ္းၿပီး တန္ဖိုးႀကီးတဲ့ အဝတ္အစားေတြ လက္ဝတ္ရတနာေတြနဲ႕ ဖုံးအုပ္ထားတဲ့ အျခား မိန္းကေလးေတြထက္စာရင္ သူမက ပိုထူးျခားေလ၏။
သူမက ဇာပန္းထည္ ပခုံးအက် အကၤ်ီလက္တို ပန္းေရာင္ အတြန့္ဂါဝန္ကို ဝတ္ဆင္ထားေလသည္။ထိုဂါဝန္က သူမရဲ႕ ဒူးေခါင္းထိေအာင္ ရွည္၏။ေ႐ႊညိုေရာင္ဆံပင္ေတြက သူမရဲ႕ တံေတာင္ဆစ္ထိ ရွည္လ်ားၿပီး အလယ္တြင္ ခြဲထားကာ မခ်ည္ပဲ ျဖန့္ထားေလတယ္။ခြဲထားတဲ့ဆံပင္ေတြကို အေနာက္ကို ျပန္သိမ္းၿပီး နားတစ္ဖက္စီတြင္ ပန္းေရာင္ ကလစ္ႏွင့္ ခိုင္ၿမဲစြာညွပ္ထားပုံက သူမကို အထက္တန္းေက်ာင္းသူေလးသဖြယ္ ခ်စ္ဖို႔ေကာင္းေစသည္။တစ္ခ်ိဳ႕ဆံပင္စုေလးေတြက သူမရဲ႕ ပခုံးႏွစ္ဖက္တြင္ ဝဲက်ေနခဲ့ေလသည္။သူမရဲ႕ ပန္းေရာင္ေက်ာက္ကေလး တြဲလဲပါသည့္ ေသးငယ္ေသာ ေ႐ႊေရာင္ႀကိဳး နားကပ္ေလးက ေမးရိုးထိ ရွည္လ်ားၿပီး ထိုအရာႏွင့္ ဆင္တူသည့္ လက္ဝတ္တန္ဆာက သူမ လက္ေကာက္ဝတ္မွာ ရွိေလတယ္။သူမရဲ႕ ကေလးလို ေပျာ့ပြောင်းတဲ့ အသားအေရက မိတ္ကပ္ပါးပါးေလးေတာင္ မလိုအပ္ေခ်။သူမရဲ႕ ပါးမိုမို႔မွာေတာ့ သဘာဝက်က် ပါးနီကို ပန္းေရာင္ေလး လိမ္းျခယ္ထား၏။သူမမွာ ေသးငယ္ ခြၽန္ထက္တဲ့ ႏွာေခါင္းေလး၊ဂ်ယ္လီလို ႏူးညံ့သည့္ ႏႈတ္ခမ္းကို ႏွင္းဆီပြင့္လႊာကဲ့သို႔ ပန္းႏုေရာင္ အဆီ ဆိုးထားပုံက ေတာက္ပေနေလတယ္။သူမရဲ႕ ေရွှရောင်စွက်နေသည့် အညိုေရာင္မ်က္လုံးေတြက ထိန္လင္းေနတဲ့ ဒီပါတီခန္းမ ေအာက္ မွာ ေတာက္ပေနတဲ့ ၾကယ္ေလးတစ္ခုလို သူတို႔ကို အလင္းေရာင္ေပးေန၏။ေတာက္ပတဲ့ မ်က္ေတာင္ရွည္ေတြက ဆြဲေဆာင္မႈရွိပုံ ေပၚေအာင္ ျပဳလုပ္ေပးေလသည္။
(T/N:ခန္းမက သြားရတာရွည္တာလား အစ္ကို လုေခ်ာင္ မ်က္လုံးေကာင္းတာလား ကိုယ္ေတာင္ ႀကိဳက္ခ်င္သြားတယ္)
(ဒါက ကိုယ္ထင္တဲ့ အနီးစပ္ဆုံးပုံပါ ပြဲတက္ဂါဝန္က က်ေတာ့ ကပ္ကပ္ကေလးေနမယ္ အဝတ္အစားအပိုင္းဆို jjပဲသိပါတယ္ အေမဝယ္ေပးတာပဲ ဝတ္လို႔ ဘာမွကိုမသိဘူး🤣)
လုက်င္းဟိုင္က သူတို႔နဲ႕ မိတ္ဆက္ေပးခ်ိန္တြင္ သူတို႔အရင္က မေတြ႕ဖူးသလိုမ်ိဳး လုေခ်ာင္ ဘာမွမေျပာခဲ့ဘူး။သူကလည္း မသိခ်င္ေယာင္ေဆာင္ေနရတာကို ႏွစ္သက္ေနခဲ့၏။ က်န္းေမာင္ႏွစ္မကလည္း ထိုအတိုင္းပင္။
ခဏအၾကာမွာေတာ့ MCတစ္ေယာက္က စတိတ္စင္ေပၚ တက္လာကာ လူတိုင္းကို ႀကိဳဆိုသည္။အခမ္းအနားက စတင္ေလၿပီ။ထိုသူက အသက္ႀကီးစုံတြဲကို စင္ေပၚသို႔ ေခၚလိုက္ၿပီး ရယ္စရာေကာင္းေသာ စကားမ်ားေျပာကာ လူတိုင္းကို ရယ္ေအာင္ လုပ္ေလတယ္။ဟိုတယ္ဝန္ထမ္းက ႀကီးမားေသာ ငါးဆင့္ကိတ္ႀကီးကို စင္ေပၚသို႔ ယူေဆာင္လာ၏။ထိုစုံတြဲက ကိတ္ကို ခြဲလိုက္ၿပီးသည့္ေနာက္ လူတိုင္းက ဒီထက္ပို၍ ေပ်ာ္႐ႊင္စရာေကာင္းေသာ အိမ္ေထာင္သက္တမ္းေလး အတြက္ ဆုေတာင္း ေပးၾကသည္။မၾကာခင္မွာပဲ MCက ခန္းမ၏အလယ္ ကခုန္သည့္ၾကမ္းျပင္သို႔ စုံတြဲမ်ားအားလုံး လာရန္ ေၾကညာလိုက္တယ္။လူတိုင္းက သူတို႔ရဲ႕ပါတနာေတြနဲ႕ အေရွ႕ထြက္ၿပီး ကၾကရန္ စိတ္ဝင္စားၾကကာ ဒီေန႕ရဲ႕ အဓိကစုံတြဲကိုလည္း မေမ့ၾကေလဘူး။အႀကီးအကဲ လုဟြမ္နဲ႕ ေက်ာက္ေ႐ႊာင္ကလည္း ခ်စ္စရာေကာင္းေနခဲ့၏။လုမိသားစုမွ တစ္ျခားစုံတြဲမ်ားကလည္း ပါဝင္ၾကတယ္။အားလုံးက ေပ်ာ္႐ႊင္ေနၾက ကာ လွပၿပီး စိတ္ကူး ယဥ္ဆန္တဲ့ ေလထုက ခန္းမတြင္ ပ်ံ့ႏွ႕ံေနေလသည္။ခန္းမထဲမွာ ရွိေနၾကေသာ လူတိုင္းက လုေခ်ာင္ ဘယ္သူနဲ႕ကမွာလဲ ဒါမွမဟုတ္ ဒီတစ္ႀကိမ္မွာလည္း မကေတာ့ဘူးလားလို႔ သိခ်င္ၾက ကာ စူးစမ္းလိုစိတ္ ျပင္းျပေနၾကတယ္။လုဖန္းကိုေတာ့ အခုထိ ဘယ္မွာမွ မေတြ႕ရေသးဘူး။
အသက္ႏွစ္ဆယ္ အ႐ြယ္ရွိေသာ အမ်ိဳးသမီးေလးက စတိတ္စင္ အနီးနားက စားပြဲဝိုင္းမွာ ထိုင္ေနသည့္ လုေခ်ာင္ကို ကရန္အတြက္ ေမးဖို႔လာေလသည္။သူမက သူ႕အေဖရဲ႕ အေကာင္းဆုံး သူငယ္ခ်င္းတစ္ေယာက္၏ သမီးတစ္ေယာက္ျဖစ္ကာ Zနိုင္ငံတြင္ ယခုလက္ရွိ လုစီးပြားေရးလုပ္ငန္း စီမံကိန္းတစ္ခု၏ အဓိက ရင္းႏွီးျမဳပ္ႏွံသူလည္း ျဖစ္ေလ၏။သူမနာမည္က အန္ပိ႐ႊမ္ျဖစ္ေလသည္။သူမက လုေခ်ာင္ကို အလြန့္အလြန္စိတ္ဝင္စား၏ ထိုအေၾကာင္းကို သူကလည္း သိသည္။
"ရွင္နဲ႕အတူတူ တြဲကလို႔ရမလား ဥကၠဠလု?"အန္ပိ႐ႊမ္ ယဥ္ေက်းေသာ ပုံစံျဖင့္ ရည္မြန္စြာ ေမးလိုက္၏။သူမက ဆြဲေဆာင္မႈ ရွိေသာ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္ေလၿပီး သူမအေပၚ လူတိုင္းက အရည္ေပ်ာ္သြားေလာက္ေအာင္ ျပဳလုပ္နိုင္သည္။
"ဘယ္လိုကရမလဲ ကြၽန္ေတာ္မသိဘူးဗ်"ဖန္ခြက္ထဲမွ ဝိုင္ကို တစ္ငုံခ်င္းစီ ေသာက္ရင္း ေအးစက္ေသာ အသံႏွင့္ ယဥ္ယဥ္ေက်းေက်း ျငင္းပယ္လိုက္၏။သူ သူမကို ၾကည့္ေတာင္မၾကည့္ခဲ့ေလဘူး။
သူ႕ရဲ႕ အၾကည့္ေတြက အကၾကမ္းျပင္နားတြင္ သူမအစ္ကို ႏွင့္ ရပ္ေနကာ ကေနတဲ့ သက္ႀကီးစုံတြဲကို ခ်စ္ၾကည္ညိုစြာ ၾကည့္ေနသည့္ က်န္းယြီယန္ေပၚမွာသာ ယခုထိ တစ္သမတ္တည္း က်ေရာက္ေနဆဲပင္။ပါးမို႔မို႔တြင္ ပါးခ်ိဳင့္ကေလးမ်ား ေပၚေနေလာက္ေအာင္ ျပဳလုပ္ေပးသည့္ လွပေသာ အၿပဳံးတစ္ပြင့္က သူမ မ်က္ႏွာတြင္ ရွိေနေလသည္။
အန္ပိ႐ႊမ္မွာေတာ့ သူရဲ႕ ေအးစက္သည့္ ေျဖၾကားခ်က္ကို ရလိုက္တဲ့ေနာက္ မွာ ဘာမွကို ထပ္မေျပာနိုင္ေတာ့ဘူး။သူမ ဘာမွကို အေရးမထားပဲ အေဝးသို႔ ေလွ်ာက္သြားေတာ့သည္။သူမက အေဝးမွာ ရပ္ေနေသာ္လည္း သူမရဲ႕အၾကည့္ေတြက ယခုတိုင္ လုေခ်ာင္ေပၚမွာ ရွိေနဆဲပင္။သူက ပန္းေရာင္ဝါဝန္ဝတ္ထားသည့္ မိန္းကေလးကို ၾကည့္ေနမွန္း သူမ သတိျပဳမိခဲ့တယ္။သူမ မနာလိုျဖစ္သြားေသာ္လည္း ဘာကိုမွ မျပဳလုပ္နိုင္ခဲ့ဘူး။
က်န္းယန္က ကရန္အတြက္ သူ႕ညီမကို ေမးခဲ့ၿပီး ႏွစ္ေယာက္လုံး အကၾကမ္းျပင္သို႔ သြားၾကသည္။သူတို႔ရဲ႕ မိဘေတြကလည္း ထိုေနရာမွာပင္။လုေခ်ာင္ကေတာ့ လက္ မွာကိုင္ထားတဲ့ ဖန္ခြက္ထဲက ဝိုင္ကို တစ္ငုံစီ ေသာက္ရင္း က်န္းယြီယန္ကို ေစာင့္ၾကည့္ေနတုန္းပဲ။မိနစ္ အနည္းငယ္ေလာက္ စိုက္ၾကည့္ေနၿပီးေနာက္ သူ႕အၾကည့္ေတြက တစ္စုံတစ္ခုကို သတိထားမိသြားၿပီး ဝိုင္ခြက္ကို ေဘးသို႔ခ်လိဳက္၏။သူ ထလိုက္ကာ က်န္းယြီယန္ ရွိတဲ့ေနရာကို ေလွ်ာက္သြားေတာ့တယ္။ထို အခ်ိန္မွာပဲ က်န္းယန္ရဲ႕ ဖုန္းက ျမည္လာခဲ့ေလသည္။ဒါက အေရးႀကီးတဲ့ ေခၚဆိုမႈျဖစ္တဲ့အတြက္ ခြင့္ေတာင္းကာ ကေနတာကို ရပ္တန့္လိုက္၏။က်န္းယြီယန္ အကၾကမ္းျပင္မွ ထြက္လာသည့္ခ်ိန္ သူမေရွ႕တြင္ လုေခ်ာင္က ေပၚလာသည္။သူ ဘာတစ္ခုမေျပာပဲ သူမကို လမ္းကမ္းလိုက္ကာ သူနဲ႕ အတူ ကရန္ လက္ဟန္ေျခဟန္ျပလိုက္ေလတယ္။
သူရဲ႕ ႐ုတ္တရက္ႀကီး ေပၚလာမႈက သူမကို မူးေမ့လဲသြားေစေလာက္၏။သူေမးေနတာကို သူမနားလည္ေပမယ့္လည္း ဧည့္သည္ အစုအေဝးလိုက္ႀကီးက သူတို႔ကို ၾကည့္ေနတဲ့အတြက္ေၾကာင့္ သူမ ဘာမွကို မေျပာနိုင္ဘူး။သူရဲ႕ ကမ္းလွမ္းမႈကို သူမ လက္ခံလိုက္ကာ သူနဲ႕အတူ အကၾကမ္းျပင္သို႔ ဦးတည္လိုက္ေတာ့သည္။
အရင္တုန္းက လုေခ်ာင္ဟာ သူ႕အေမ၊အဘြားနဲ႕ ယခု ဒီေနရာမွာ ရွိေနတဲ့ ဧည့္သည္ေတြက ဘယ္သူမွန္းမသိၾကသည့္ ထို ပန္းေရာင္ဂါဝန္ ဝတ္ထားေသာ ေကာင္မေလးကလြဲရင္ ဘယ္သူနဲ႕မွ မကခဲ့ဘူး ဒါေၾကာင့္ ထိုအျဖစ္ကို ျမင္လိုက္သည့္ လူတိုင္းက အ့ံဩေနၾကေလတယ္။အန္ပိ႐ႊမ္က မနာလိုေနခဲ့ၿပီး ယခုမွာေတာ့ ေဒါသေတြႏွင့္ မ်က္ ေမွာင္ႀကဳံ႕ေနခဲ့၏။
လုေခ်ာင္နဲ႕ က်န္းယြီယန္က မ်က္ႏွာခ်င္းဆိုင္ရပ္လိုက္ကာ စတင္ကခ်ိန္တြင္ ခန္းမမွာ ထြန္းထားသည့္ မီးအလင္းေရာင္က ႐ုတ္တရက္ အေမွာင္က်သြားေလသည္။အကၾကမ္းျပင္မွာပဲ
မီးေရာင္က ျပန္ထြန္းလင္းလာခဲ့ၿပီး ခန္းမ၏ မ်က္ႏွာၾက က္ မွာ ခ်ိတ္ဆြဲထားသည့္ ေသးငယ္ေသာ မီးပန္းဆိုင္း ေတာ္ေတာ္မ်ားမ်ားက ၾကယ္ပုံစံ အလင္းေရာင္မ်ားကို ေပးစြမ္းေနခဲ့၏။
ထိုအရာက ခန္းမထဲတြင္ ၿပီးျပည့္စုံေသာ ေလထု အျဖစ္ ေျပာင္းလဲသြားေစတယ္။ဂီတကလည္း ၿငိမ္သက္ၿပီး စိတ္ကူးယဥ္ဆန္တဲ့ ပုံစံသို႔ ေျပာင္းလဲသြားေလတယ္။အက ၾကမ္းျပင္မွာ ကေနၾကတဲ့ စုံတြဲေတြကလည္း စိတ္ကူးယဥ္ဆန္ေနသည့္ အသြင္ ျဖစ္သြားၾကသည္။က်န္းယြီယန္ ကိုရိုးကားယားနိုင္မႈကို အနည္းငယ္ ခံစားမိလိုက္ေသာ္လည္း အခုထိေတာ့ လုေခ်ာင္ေရွ႕မွာ ေျခလွမ္းလွမ္းေနဆဲပင္။ သူမ ထိုသူ၏ မ်က္လုံးေတြကို ၾကည့္မယ့္အစား သူမ မ်က္လုံးေတြကို ေအာက္သို႔သာ စိုက္ၾကည့္ထားကာ သူမရဲ႕ႏွလုံးသားကေတာ့ အခုန္ျမန္ေနခဲ့ေလတယ္။
(T/N:update တစ္ရက္ေလာက္နားလိုက္ရမလား ဝူးဟားဟားဟား 😛)