"သူက ဒီမှာ ဘာလုပ်နေတာလဲ?"သူမ အစ်ကိုသာ ကြားနိုင်လောက်အောင် အသံနှိမ့်၍ သူမ မေးလိုက်လေတယ်။သူမရဲ့အကြည့်တေွကတော့ ထိုအမျိုးသားပေါ်မှာသာ ယခုထိတိုင် တစ်သမတ်တည်း ကျရောက်နေတုန်းပင်။
"သူက တကယ့်ကို ချမ်းသာပါတယ်လို့ ငါ မင်းကို ဟိုတစ်ခေါက်က ပြောသားပဲ။ဒါဆို သူက လုမိသားစုနဲ့ ရင်းနှီးတာ ဖြစ်ရမယ် ပြီးတော့ ငါတို့လိုပဲ ဒီပွဲကို တက်ရောက်ဖို့ လာတာနေမှာပေါ့ကွ"သူကလည်း ထိုယောကျာ်းကို ကြည့်ရင်း အသံနိမ့်နိမ့်နှင့် ပြန်ဖြေလိုက်သည်။
လုချောင်က ခန်းမထဲသို့ ဝင်လာခဲ့ပြီး ဘိုးဘွားတွေဆီ သွားနေသော သူ့ရဲ့ လမ်းတွင် ဧည့်သည်များက သူ့ကို စတင် နှုတ်ဆက်ကြလေ၏။လုချောင်က သူမတူထူးကွဲစွာ ချောမောလွန်းသည်။သူ့ရဲ့ ပြိုင်ဘက် မရှိသော အရှိန်အဝါက လူတိုင်းကို ဖမ်းစားထားခဲ့၏။ထိုနေရာတွင် ရှိနေေသာ မိန်းကလေးမှန်သမျှက သူ့ရဲ့ အာရုံစိုက် မှု ရရှိရန် စိတ်အားထက်သန်နေကြတယ်။
လုချောင် လမ်းတစ်ဝက် အရောက် မှာတော့ သူ့ရဲ့ ဘိုးဘွားတွေနဲ့ အကွာအဝေးအနည်းငယ်မှာ ရပ်နေကာ သူ့ကို ကြည့်နေသည့် ပန်းရောင် ဂါဝန် ဝတ်ဆင်ထားသော လှပတဲ့ မိန်းကလေးကို သူ့အကြည့်တွေ ကျရောက်သွားလေ၏။သူပြုံးလိုက်ကာ သူ့ အကြည့်တွေက ကျန်းယွီယန်ပေါ်မှာသာ တစ်သမတ်တည်း ရှိနေရင်း သူ့ရဲ့ အဘိုးအဘွားတွေဆီကို ဆက်လျှောက်သွားတော့သည်။
"သူကမင်းကို ကြည့်နေတယ်လို့ ငါ ဘာလို့ ခံစားနေရတာလဲ?" ထို အမျိုးသားရဲ့ အကြည့်တွေကို သူ သတိပြုမိပြီး သူ့ ညီမကို အသံနိမ့်နိမ့်ဖြင့် စကားထပ်ပြောလိုက်၏။
"သူကလည်း ညီမတို့လိုပဲ ညီမတို့ကို ဒီမှာ တွေလိုက်ရလို့ အ့ံအားသင့်သွားတာနေမှာပေါ့။တကယ်တော့ သူလည်း ညီမတို့ကို သိတယ်လေ။ သူနဲ့တူတူ ညီမတို့ တစ်ခရီးတည်း သွားခဲ့တာပဲကို။" ထိုယောကျာ်းရဲ့ အကြည့်တွေက မသက်ရောက်နေသလိုမျိုး သူမက ဒီတိုင်း ပြန်ဖြေလိုက်လေသည်။စားသောက်ဆိုင်မှာတုန်းက ထိုသူနဲ့ ကြုံခဲ့ရတာကို သူမ မပြောပြချင်ဘူး။
"အချစ်ရေ ဒီအကြည့်တွေက 'ငါ မင်းကို သိတယ်' လို့ မဟုတ်ဘူး ဒီအကြည့်တွေက 'ငါ မင်းကို စိတ်ဝင်စားတယ်' လို့ဆိုတာကွ။သေချာကြည့်စမ်းပါ။"ကျန်းယန် ပြန်ပြောလိုက်၏။
"အမှိုက်" ကျနး်ယွီယန် မျက် မှောင်ကြုံ့လိုက်သည်။
"အစ်ကိုကို့ ယုံကြည်စမ်းပါ။ သူက မင်းကို အဲ့လိုအကြည့်တွေနဲ့ ကြည့်နေတာကွ" သူက ယခုထိကို ထိုသူအား စူးစမ်းနေတုန်းပင်။
"ညီမက ဘယ်လိုလို့ သိမှာလဲ?သူက အဝေးကြီးမှာလေ သူက ဘယ်လိုအကြည့်မျိုးနဲ့ ညီမကို ကြည့်နေတာပဲဖြစ်ဖြစ် တစ်ခြားလူကိုပဲဖြစ်ဖြစ် ညီမ စိတ်မဝင်စားဘူး"ထိုအကြည့်တွေကို သူမ မသိသလိုဖြင့် ပြန်ပြောလိုက်၏။
"ဒါပေမယ့် အစ်ကိုကတော့ သိတယ်။အစ်ကို့ကို ယုံကြည်လိုက်စမ်းပါ။"သူ ရပ်တန့်လိုက်ကာ ထိုအမျိုးသားကို ကြည့်နေဆဲဖြစ်သော သူ့ညီမကို ကြည့်လိုက်ပြီး ပြော၏"ဒီအတိုင်းဆိုရင် ငါကတော့ ချမ်းသာတဲ့ ယောက်ဖတစ်ယောက်နဲ့ ကောင်းချီးပေးခံရတော့မှာပဲ။"
ကျန်းယွီယန်ကတော့ သူမ အစ်ကို ပြောသမျှကို လျစ်လျူရှူထား၏။ထိုမောင်နှစ်မက လုချောင် အကြောင်း စကားပြောနေချိန်တွင် ထိုအတိုင်းလုပ်နေကြသော ညီအစ်မလည်း ရှိခဲ့သည်။
"ငါတို့ရဲ့ ချောမောလှတဲ့ အစ်ကိုကို သွားရည်ကျနေကြတဲ့ ကောင်မလေးတွေကို ကြည့်စမ်းပါဦး။"လုပေါင် ရုတ်တရက်ပဲ တစ်ခုခုကို သတိရသွားကာ သူမ အနားကို ဝေ့ကြည့်လိုက်ပြီး တွေး၏ 'အမေ ဒီနားမှာ မရှိတာ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်'
"Yeh!ငါတွေ့တယ် ဒါပေမယ့် ဒီမှာ အသုံးမဝင်တော့ဘူး။သူက ဘယ်သူ့ကိုမှ အာရုံစိုက် မှု ပေးမှာ မဟုတ်ဘူးလေ။" လုလျန်းက သူမ အစ်ကို အကြောင်း ကောင်းကောင်း သိလေ၏။
"ငါသိတယ်!ဒါပေမယ့် စဥ်းစားကြည့်စမ်း တကယ်လို့ အစ်ကို လုဖန်းသာ ဒီကိုလာမယ်ဆိုရင်လည်း အရမ်းhotတဲ့ လူနှစ်ယောက်ကို တစ်နေရာတည်း တွေ့လိုက်ရလို့ သူတို့ အရူးအမူးဖြစ်လိမ့်မယ်ဆိုတာ ငါ ကျိန်းသေတယ်။"လုပေါင် ပြန်ပြောလိုက်တယ်။
(T/N: two hot potatos in one pan ကို ဒယ်အိုးထဲက အာလူးနှစ်လုံးလို့ပြန်တော့မလို့ lol)
"ဟားဟား နင်ရဲ့စိတ်ကူးနိုင်စွမ်းနဲ့ အန္တရာယ်များတဲ့ စကားလုံးတွေကတော့ အရှုံးပေးတယ် ဒါနဲ့ အစ်ကို လုဖန်းက ဘယ်မှာလဲ?" လုလျန်း မေးရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
"ငါတို့ ဒီကိုလာတည်းက သူ့ကို မတွေ့တာ၊သူ တစ်နေရာရာမှာတော့ တစ်ယောက်တည်း ရှိနေလိမ့်မယ်၊သူက လူများတဲ့နေရာတွေမှာ နေရတာမှ မကြိုက်တာ"လုပေါင် ပြန်ပြော၏။
"မှန်တယ်!အနည်းဆုံး ဒီနေ့မှာ စီးကရက် တစ်ဘူးကိုတော့ စွန့်လွှတ်ရမှာပေါ့" လုလျန်းက ပြန်ပြောလေသည်။
(T/N: လုချောင်ကို စီးကရက်ဘူးအနေနဲ့ ပြောလိုက်တယ်ထင်ပါတယ်)
"ဘာကြောင့် ငါတို့က ညီအစ်မတွေ ဖြစ်နေတာလဲလို့ ငါတွေးမိတယ်။ဒီမြို့တော်က အခန့်ညားဆုံး ယောကျာ်းနှစ်ယောက်ကို ငါတို့ မထိနိုင်တော့ဘူးလေ။"လုပေါင် နှုတ်ခမ်းစူကာ မေးလိုက်၏။
"ဒါပေမယ့် သူတို့က ငါ့အစ်ကိုတွေဖြစ်လို့ ငါကတော့ပျော်တယ် နင်လည်း ပျော်သင့်တယ်လေ။ဒါအပြင့် ငါတို့အစ်ကိုကို သွားရည်ကျနေတဲ့ မိန်းကလေးတွေ ရှေ့မှာ နင် အခု ရပ်ပေးရမယ်"လုလျန်း တိုက်တွန်းလိုက်တယ်။
"ဟားဟား နင်မှန်တာပေါ့"
"Ohh! အန်တီ စုဟွေ့!"လုပေါင် နောက်ကို
လုလျန်း ကြည့်ရင်း မျက်လုံးတွေ ပြူးကျယ်သွားပြီး အထိတ်တလန့်ဖြစ်သွားသော အမူအရာနှင့် ထိုသို့ ပြောလိုက်၏။
လုပေါင်က ကြောက်လန့်သွားတယ်။F**kလို့အသံမထွက်ပဲ ပြောရင်း သူမအမေရဲ့ ပြင်းထန်သော ဒေါသကို ရင်ဆိုင်ရန် လှည့်လိုက်တော့သည်။ထိုခဏတွင်ပဲ သူမ လည်ချောင်းက ခြောက်ကပ်နေကာ လက်ဖဝါးတွင်လည်း ချွေးများ ပြန်လာလေတယ်။ဒါပေမယ့်.......
"ဘယ်မှာလဲ?အမေ ဘယ်မှာလဲ?" ပြောပြီးတာနဲ့ သူမ အမေကို စတင်ရှာတော့၏။
"ဟားဟား!ငါက စတာပါ"လုလျန်းက တခစ်ခစ်ရယ်မောနေရင်း ပြောသည်။
"ငါ နှလုံးရောဂါ ရလုနီးပါးပဲ။"သူမ သက်သာစွာ သက်ပြင်း ချလိုက်ကာ ပြောလိုက်၏ "ဒီလိုမျိုး ထပ်မလုပ်နဲ့။ငါ အပျိုဘဝနဲ့ မသေချင်သေးဘူး"လုပေါင် လုလျန်းကို သတိပေးလိုက်တော့သည်။
လုချောင် နောက်ဆုံးမှာတော့ သူ့ အဘိုးအဘွားတွေဆီသို့ ရောက်လာခဲ့ပြီး ပြောလေ၏ "ပျော်ရွှင်စရာ မင်္ဂလာနှစ်ပတ်လည်ပါ အဘိုးနဲ့အဘွား"ထို့နောက် သူတို့ကို ဖက်လိုက်လေတယ်။
"ကျေးဇူးတင်ပါတယ် လုချောင်" အဘိုး အဘွား စုံတွဲကလည်း ပြန်ပြောလေသည်။
ကျန်းယန်တို့ မောင်နှစ်မမှာတော့ သူ့ရဲ့ နာမည်ကို ကြားလိုက်တာနဲ တစ်ယောက်ကို တစ်ယောက် အ့ံအားသင့်စွာ ကြည့်မိလိုက်တော့တယ်။
"မြင်လား!သူ့ကို ရင်းနှိီးတယ်လို့ ငါ မင်းကို ပြောခဲ့ပါတယ်"ကျန်းယန်က အသံတိုးတိုးဖြင့် ထပ်ပြောလေ၏။
"ညီမက အစ်ကိုလို့မှ ဉာဏ်မကောင်းဘူး။သူ့ကို ကြည့်လိုက် သူက ကြည့်ရတာ အရမ်း...."လုချောင်ကို ကြည့်နေရင်း သူမ ဒီအတိုင်းပဲ ပြန်ဖြေသော်လည်း သူမ စကား ဆုံးအောင် မပြောတော့ချေ။
"အရမ်း ခန့်ညားတာလား?" ကျန်းယန် သူမရဲ့စကားကို ဆက်ပြောလိုက်တယ်။
"အဟွတ် အဟွတ်! ညီမဆိုလိုတာက ကဲွပြားတယ်လို့"သူမ အနည်းငယ် ကိုရိုးကားယားဖြစ်သွားကာ ထိုစကားကို ပြောပြီးနောက် သူမရဲ့ အကြည့်တွေကို တစ်ခြားနေရာသို့ ရွေ့လိုက်တော့သည်။သူမရဲ့ ရှေ့မှ ယောကျာ်းက မယုံနိုင်လောက်အောင် ချောမောပြီး မိန်းကလေးတွေရဲ့ အသိစိတ်ပျောက်သွားနိုင်အောင် လုပ်နိုင်တယ်ဆိုတာ သူမ သိသော်လည်း သူမက ထိုသူတွေထဲက တစ်ယောက် မဖြစ်ချင်ဘူး။
"သား ဘာလို့ နောက်ကျတာလဲ?အဘွားတို့ အကုန်လုံးက သားကို စောင့်နေကြတာ"အဘွားရွှောင် မေးလိုက်ခြင်းပင်။
"ကျွန်တော် တကယ့်ကို တောင်းပန်ပါတယ် အဘွား။ဂရုစိုက်ရမယ့် လုပ်ငန်းတစ်ချို့နဲ့ ကျွန်တော် အလုပ်ရှုပ်နေခဲ့လို့ပါ"
"ငါ့အတွက် လက်ဆောင်တစ်ခု ပြင်ရင်းနဲ့ မင်း အလုပ်ရှုပ်နေတာလား?ငါလိုချင်တာ မင်းသိပါတယ်" အကြီးအကဲလုက မျက်စိမှိတ်ပြ၏။
"ဒါကတော့ အချိန်နည်းနည်းယူရမယ်။ဒါပေမယ့် မကြာခင်မှာ သို့မဟုတ် နောင်ကျရင်တော့ အဘိုး အဲ့ဒါကို ရမှာပါဗျ" မရိုးသော အပြုံးတစ်ခုနှင့် လုချောင် ပြန်ပြောလိုက်တယ်။
"ဟူး?"ထို့နောက် သူမ မသဲမကွဲ ပြောလေတယ် "လူလိမ်!ဘယ်လို အလုပ်မျိုးလဲ ငါသိတာပေါ့"ဟိုတယ်ရှေ့မှာ စကားပြောနေတဲ့ လုချောင်နဲ့ အမျိုးသမီးတစ်ယောက်ကို ကျန်းယွီယန် သတိရလိုက်သည်။
"ငါ့ရဲ့ သူငယ်ချင်းကောင်း မိသားစုနဲ့ မင်းကို မိတ်ဆက်ပေးဦးမယ်။မင်း ကလေးဘဝတုန်းက သူတို့ကို မင်း သိပေမယ့်လည်း အခုတော့ မင်း ရင်းနှီးမှာ မဟုတ်ဘူးလို့ ငါထင်တယ်" လုကျင်းဟိုင်က သူ့သူငယ်ချင်းကို ခေါ်လိုက်ပြီး ပြောလေတယ် "ကျန်းဖိန်ကျင့်!ငါ့ရဲ့ သားအကြီးဆုံး လုချောင်နဲ့တွေ့ရအောင်"
"ဘယ်သူက သူ့အကြောင်းကို မသိမှာလဲ?သူက ငါတို့နိုင်ငံရဲ့ အအောင်မြင်ဆုံးနဲ့ အသက်အငယ်ဆုံး စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်လေ။"
နှလုံးသားထဲကနေကို ချီးမွမ်းကာ ကျန်းဖိန်ကျင့် ပြောလိုက်သည်။သူက ပြုံးကာ ထပ်ပြော၏ "ပြီးတော့ နောက်တစ်ချက် ထပ်ထည့်ရရင်တော့ ခန့်ညားလှတဲ့ အမျိုးသားပဲ"
"Yeh!မင်းမှန်တယ်။တကယ်တော့ သူက ငါနဲ့တူတာကိုကွ"လုကျင်းဟိုင်က ထိုစကားကိုကြားပြီး ဝင်ပြောလိုက်၏။
"ဟားဟား မှန်ပါတယ်ကွာ"
"ကောင်းသော နေ့လည်ခင်းပါ ဦးလေးနဲ့ အန်တီ ကျန်း" သူ ကျန်းဖိန်ကျင့်နဲ့ လက်ဆွဲနှုတ်လိုက်ပြီး မိုရုလန်ကိုတော့ အပြုံးတစ်ပွင့်နှင့် ခေါင်းငြိမ့်ပြလိုက်သည်။
(T/N:လုချောင်သုံးတဲ့အတိုင်းပဲ အန်တီကျန်းလို့ သုံးလိုက်တယ်နော်)
"ပြီးတော့ သူတို့က၊ သူတို့ကို မင်းမှတ်မိတယ်လို့ ငါထင်တာ မှန်တယ်မလား?"လုကျင်းဟိုင် သူ့သားကို မေးလိုက်လေ၏။
"Mmmm"
လုချောင်က ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။မောင်နှစ်မ နှစ်ယောက်ကလည်း ထိုအတိုင်းပင်။ထိုစကားပြောနေစဥ်အတွင်း လုချောင်ရဲ့ မျက်လုံးတွေက ကျန်းယွီယန်ရဲ့ မျက်နှာကို ယခုထိ ဖြတ်ခနဲ ကြည့်နေဆဲပင်။သူမက ဒါကို သဘောပေါက်သော်လည်း သူတို့ အကြည့်ချင်းဆုံတာနဲ့ သူမ နှလုံးက အခုန်မြန်လာတာကြောင့် သူ့ကို ပြန်ကြည့်ရန် သူမ ရှောင်တော့၏။သူရဲ့အကြည့်တွေက သူမအား ဒီလိုခံစားရအောင် လုပ်တာကို သူမ နားမလည်နိုင်ဘူး ဒါကြောင့် ထိုအကြည့်တွေကို ရှောင်ဖို့ကိုသာ သူမ နှစ်သက်လေသည်။
(T/N: ခင်ဗျားလေးတို့ မြင်ဖူးမှာပါ ယောကျာ်းမျိုးရိုးက လုဆိုရင် မိန်းမ မျိုးရိုးကိုလည်း လုလို့ခေါ်တယ်လေ အကြီးအကဲလုရဲ့ သမီးကြီးကို အိမ်ထိန်း နှုတ်ဆက်တုန်းက မဒမ်ဝမ်လို့ သုံးသွားတယ်။အရင် Translator က မျိုးရိုးအစစ်တွေနဲ့ပဲ သုံးသွားတယ် ဒီတစ်ယောက်ကတော့ ယောကျာ်းမျိုးရိုးကို သုံးသွားပေမယ့် ကိုယ်က အကျင့်ဖြစ်နေလို့ နာမည်အစစ်ပဲသုံးမယ်နော်
တိုတယ်လို့ ထင်နေတာ စာလုံးရေက ဒီတစ်ယောက်က ပိုများ 🤣)
အိမ်ထဲမှာနေကြပါ ကျန်းမာရေးဂရုစိုက်ပါနော်🖤
..................................................................
(Zawgyi)
"အမှိုက်" ကျန်းယွီယန် မျက် မှောင်ကြုံ့လိုက်သည်။
"ဟားဟား နင်မှန်တာပေါ့"
ကျန်းယန်တို့ မောင်နှစ်မမှာတော့ သူ့ရဲ့ နာမည်ကို ကြားလိုက်တာနဲ တစ်ယောက်ကို တစ်ယောက် အံ့အားသင့်စွာ ကြည့်မိလိုက်တော့တယ်။
"ဟားဟား မှန်ပါတယ်ကွာ"
"Mmmm"