"ဘာဖြစ်လို့လဲ"
သူလုပ်ထားတာ မီးဖိုချောင်တစ်ခုလုံး ရစရာတောင်မရှိတော့ဘူး..မသိတဲ့သူတွေဆိုရင် သူ ချက်ပြုတ်နေတယ်လို့မထင်ဘဲ အနုမြူဗုံးချခံထားရတဲ့ စစ်မြေပြင်လို့ ထင်ကြမှာ..ဟဟ"
ဘယ်လောက်မှမကြာပါဘူး။
တစ်ခုခုကို မီးလောင်နေတဲ့ ညှော်နံ့နဲ့ မီးခိုးတွေက မီးဖိုချောင်ပြင်ပထိ ထွက်လာလေတယ်။
အန်ကယ်လီက ကြောက်လန့်တကြားနဲ့ အိမ်သုံးမီးသတ်ဆေးဘူးနှစ်ဘူးကိုင်ပြီး ပြေးချလာတယ်။
ကြည့်စမ်းပါဦး! ......
"မြည်းကြည့်"
"စိတ်မပူပါနဲ့..မင်းသာ တကယ်သင်ချင်တယ်ဆိုရင် အန်ကယ်လီက ကူညီပေးလိမ့်မယ်"
"ဒါက ဘာကြီးလဲ"
"ဟုတ်တယ်..ဒါ ဂျူလီယမ်ကိုယ်တိုင် လုပ်ထားတာ"
"အစ်ကို ရီမင်..အရသာလေးမြည်းကြည့်ပြီးတော့ ကျွန်တော့်ကို အကြံပြုချက်လေး ပေးပါဦး"
"ငါ ဒါကို မစားချင်ဘူး"
"အစ်ကို မင်ရယ်..ကျေးဇူးပြုပြီး တစ်ကိုက်လောက်ပဲလေနော်..ကျွန်တော် တစ်နေ့ခင်းလုံး အချိန်ယူပြီး ကြိုးစားပမ်းစားချက်ထားတာလေးပါ"
ကျီးဟန်ရဲ့ အသံက စူးရဲစွာ ထွက်ပေါ်လာလေတယ်။
ချီးပဲ..ငါတော့.......
"အစိကို မင်ရယ်..ကျွန်တော် ကောင်းကောင်းမချက်တတ်ဘူးဆိုရင်တောင် ကျွန်တော့်ကို ဒီလိုမျိုးတော့ အရှက်မခွဲပါနဲ့ဗျာ..
ကျွန်တော် တကယ်ကို အင်အားစိုက်ပြီး လုပ်ထားတာပါ"
အချိန်မရွေး ထအန်မိတော့မတတ်ဖြစ်နေတာမို့
ကျွန်တော့်ရဲ့ ဆိုးရွားလွန်းတဲ့ လက်ရာကြောင့် အစ်ကိုမင်က ဘာကိုမှ စားချင်စိတ်မရှိလောက်တော့ဘူး"
သူ တကယ်ကို ထိန်းချုပ်နိုင်စွမ်းမဲ့နေပြီဖြစ်တယ်။
သူသာ စိတ်ကို လွှတ်ပေးလိုက်ရင် စားပွဲပေါ်မှာ သူ့ အန်ဖတ်တွေနဲ့ ပြည့်နေလောက်ပြီ။
ရီမင် ဘာတစ်ခုမှ မတုန့်ပြန်လေဘူး။
ဂျူလီယမ်က ကျီးဟန်ရဲ့ အင်္ကျီလက်ကို ညင်ညင်သာသာလေး ဆွဲလိုက်တယ်။
သူက ရီမင့်ရဲ့ အဲ့ဒီမာကြောနေတဲ့ စိတ်ကို တစ်စစီချိုးဖဲ့ပြီး ရီမင်က သူ့ကို အရှံးပေးလာစေချင်တာ!
အမြဲတစေ ဒေါသချောင်းချောင်းထွက်လာစေတယ်။
(ဆုတောင်းလေ သားရယ်)
ဗိုက်ကို အတင်းဖိထားရပြီး အံကိုတင်းတင်းကြိတ်ထားရလေတယ်။
"မင်း ပါးစပ်ဟစမ်းပါ"
------------
🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘
ရီမင် နှာခေါင်းရှုံ့ပြီး မီးဖိုချောင်ဘက် လှည့်ကြည့်လိုက်ရင်း မျက်မှောင်ကြုပ်လိုက်တယ်။
အဲ့ဒီအမူအယာကို ကျီးဟန် သတိထားမိပြီး မေးလိုက်တယ်။
"ဘာဖြစ်လို့လဲ"
"ဟက်..ဘာဖြစ်ရမှာလဲ ...ခင်ဗျား မမြင်ဘူးလား..
သူလုပ္ထားတာ မီးဖိုချောင်တစ်ခုလုံး ရစရာတောင်မရှိတော့ဘူး..မသိတဲ့သူတွေဆိုရင် သူ ချက်ပြုတ်နေတယ်လို့မထင်ဘဲ အနုမြူဗုံးချခံထားရတဲ့ စစ်မြေပြင်လို့ ထင်ကြမှာ..ဟဟ"
ရီမင် ဘာမှဆက်မပြောတော့ဘဲ စားပွဲတစ်ဖက်ခြမ်းမှာ ဝင်ထိုင်ရင်း ဖုန်းထုတ်ကာ သတင်းပုလင်းစုံကို ရှုစားနေလေတော့တယ်။
ကျီးဟန်ကတော့ သူ့စကားကြောင့် မီးဖိုချောင်ကို အပြေးအလွှား သွားကြည့်တယ်။
ဘယ်လောက်မှမကြာပါဘူး။
တစ္ခုခုကို မီးလောင်နေတဲ့ ညှော်န့ံနဲ့ မီးခိုးတွေက မီးဖိုချောင်ပြင်ပထိ ထွက်လာလေတယ်။
အန္ကယ္လီက ကြောက်လန့်တကြားနဲ့ အိမ်သုံးမီးသတ်ဆေးဘူးနှစ်ဘူးကိုင်ပြီး ပြေးချလာတယ်။
ရီမင်တစ်ယောက် သူတို့ရဲ့ ရုတ်ရုတ်သဲသဲ ပရမ်းပတာရှိုးပွဲကို ပခုံးတွန့်ရင်း အေးအေးဆေးဆေးထိုင်ကြည့်နေလေရဲ့။
နောက်ဆုံးတော့ ဂျူလီယမ်က အန်ကယ်လီရဲ့ အကူအညီနဲ့ မီးဖိုချောင်က ပစ္စည်းတွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာ သင်ယူနိုင်ခဲ့တယ်။
နာရီအနည်းငယ် ကြိုးစားပမ်းစားချက်ပြုတ်ပြီးတဲ့နောက်
ရိုးရှင်းလွယ်ကူတဲ့ညစာကို ဂျူလီယမ် ဖန်တီးနိုင်ခဲ့တယ်။
ကြည့်စမ်းပါဦး! ......
မီးကျွမ်းနေတဲ့ ခရမ်းချဉ်သီးနဲ့ ကြက်ဥမွှေကြော် !....
ကြက်သွန်ဖြူနဲ့ ပုစွန်တုပ်! .....
အာ့! ပုစွန်ကြီးက တလှုပ်လှုပ်နဲ့ အသက်ရှင်နေသေးတယ်!
အားရိုး! သောက်ရမ်းတွေ လေးစားနေပါပြီနော်...
ရီမင် အန်ထွက်တော့မယ်လို့ ခံစားနေရတယ်။
နေ့လည်က ကျီးဟန်အတွက် သူချက်ပေးခဲ့တာတောင် ဒီလောက်မဆိုးဘူး။
ခုတော့ ဂျူလီယမ်ရဲ့ ညစာက...........
လူသတ်မှုတစ်ခုကို ဆိုးဆိုးရွားရွား ပုံဖော်ထားသလိုပဲ!
ကျီးဟန်က ဘာအမူအယာမွမျပဘဲ စားပွဲပေါ်က ဟင်းပွဲတွေကို ကြည့်နေတယ်။ပြီးတော့ တူတစ်စုံကို ရီမင့်ထံကမ်းပေးပြီး ပြောလိုက်တယ်။
"မြည်းကြည့်"
ရီမင်တစ်ယောက် ခေါင်းကိုသာ အဆက်မပြတ်ခါပြလေသတဲ့။
"နိုး နိုး နိုး....မစားပါရစေနဲ့ဗျာ..ကျွန်တော့် အသက်လေးက ပို အရေးကြီးပါတယ်"
ဂျူလီယမ်ရဲ့မျက်နှာ တောင့်ခဲသွားတယ်။
လက်ထဲက အဝတ်နဲ့ သူ့မျက်နှာပေါ်မှာပေကျံနေတာတွေကို သုတ်လိုက်ပြီး
ချစ်စရာကောင်းအောင် ပြုံးလိုက်လေတယ်။
"အာ...ကြည့်ရတာ ကျွန်တော့် အချက်အပြုတ် စကေလ်းက တော်တော်လိုသေးတယ်ထင်တယ်"
"စိတ်မပူပါနဲ့..မင်းသာ တကယ်သင်ချင်တယ်ဆိုရင် အန္ကယ္လီက ကူညီပေးလိမ့်မယ်"
ရီမင် နောက်ဆုံးကပန်းကန်ထဲကို ကြည့်ပြီး မျက်မှောင်ကြုပ်လိုက်တယ်။
"ဒါက ဘာကြီးလဲ"
"West lake fish in vinegar gravy"
ကျီးဟန် သဘောတကျနဲ့ ခေါင်းတဆတ်ဆတ်ညိမ့်လိုက်တယ်။
"ဟုတ်တယ်..ဒါ ဂျူလီယမ်ကိုယ်တိုင် လုပ္ထားတာ"
ရီမင်က မစားသင့်တဲ့အစာကို မြင်လိုက်ရချိန်မှာ သူ့ရဲ့ ရွံရှာစိတ်တွေကို မဖော်ပြဘဲ မနေနိုင်တော့ဘူး။
"သနားစရာကောင်းလိုက်တဲ့ ငါးလေး...သေတာတောင် ဘဝမလှရှာဘူး..
မင်း သေရတာ မတန်ပါဘူး ငါးလေးရာ!"
ဂျူလီယမ်က ကျီးဟန်ကို ခပ်ရို့ရို့လေး ကြည့်နေဆဲ။
ပြီးနောက် တူကိုကိုင်ကာ ငါးရဲ့ အသန့်စင်ဆုံးအပိုင်းလေးကို ဖဲ့ယူလိုက်ပြီး ရီမင့် ပန်းကန်ထဲ ထည့်လိုက်လေတယ်။
"အစ္ကို ရီမင်..အရသာလေးမြည်းကြည့်ပြီးတော့ ကျွန်တော့်ကို အကြံပြုချက်လေး ပေးပါဦး"
ရီမင် လျင်မြန်စွာပဲ ပန်းကန်ကို ခပ်ဝေးဝေးသို့ တွန်းထုတ်လိုက်တယ်။
"ငါ ဒါကို မစားချင်ဘူး"
ဂျူလီယမ် နည်းနည်းတော့ရှက်သွားလေတယ်။သူ့ရဲ့ဖွေးဥဥမျက်နှာလေးတောင် ရှက်သွေးဖြန်းပြီး နီးမြန်းသွားလေရဲ့။
"အစ္ကို မင်ရယ်..ကျေးဇူးပြုပြီး တစ်ကိုက်လောက်ပဲလေနော်..ကျွန်တော် တစ်နေ့ခင်းလုံး အချိန်ယူပြီး ကြိုးစားပမ်းစားချက်ထားတာလေးပါ"
အိုး!သူ့မျက်နှာကို ကြည့်ကြစမ်းပါဦး!
အဲ့ဒီ ဝမ်းနည်းနေတဲ့အကြည့်ကရော ဘာတုန်း?!
မသိရင် အပြစ်ကင်းပြီး ဖြူစင်တယ်ပေါ့!
ခွေးမသားလေး!. .. တော်တော်ဟန်ဆောင်ကောင်းလွန်းတယ်..
ကျီးဟန်ရဲ့ အသံက စူးရဲစြာ ထွက်ပေါ်လာလေတယ်။
"ဂျူလီယမ့်အတွက် ကြိုးစားပြီးစားလိုက်!"
ရီမင် ပန်းကန်ထဲက မသတီစရာငါးကို မျက်မှောင်ကြုပ်ပြီး ကြည့်လိုက်တယ်။
ငါးရဲ့ညှီနံ့က နှာခေါင်းထဲကို တန်းပြီး ဝင်ရောက်လာတာကြောင့် ချက်ချင်းကို စပ်ဆုပ်ရွံရှာသွားတော့တယ်။
ချီးပဲ..ငါတော့.......
ငါတော့ မနက်ခင်း ရောဂါရနေပြီလား!
သူ မပျို့အန်ဘဲ မနေနိုင်တော့ဘူး။
ဂျူလီယမ်ရဲမျက်နှာက ဖွေးဆုတ်သွားလေတယ်။
"အစိကို မင်ရယ်..ကျွန်တော် ကောင်းကောင်းမချက်တတ်ဘူးဆိုရင်တောင် ကျွန်တော့်ကို ဒီလု်ိမျိုးတော့ အရှက်မခွဲပါနဲ့ဗျာ..
ကျွန်တော် တကယ္ကို အင်အားစိုက်ပြီး လုပ္ထားတာပါ"
ရီမင် သူ့ပါးစပ်ကို လက်နဲ့အတင်းအကျပ်ဖိပိတ်ထားရလေတယ်။
အချိန်မရွေး ထအန္မိတော့မတတ်ဖြစ်နေတာမို့
သူ ကြောက်လည်း ကြောက်နေခဲ့တယ်။
ဂျူလီယမ်က နှုတ်ခမ်းကို နာနာဖိကိုက်ပြီး အနစ်နာခံတဲ့အကြည့်မျိုးနဲ့ ကျီးဟန်ကို ကြည့်လိုက်တယ်။
"ကျီးဟန်..ကျွန်တော် တောင်းပန်ပါတယ်..ကျွန်တော်လုပ်ထားတဲ့ ဟင်းပွဲကြောင့် အစ်ကိုမင်ကို နေမကောင်းဖြစ်စေခဲ့ပြီ..
ကျွန်တော့်ရဲ့ ဆိုးရွားလွန်းတဲ့ လက်ရာကြောင့် အစ်ကိုမင်က ဘာကိုမွ စားချင်စိတ်မရှိလောက်တော့ဘူး"
ရီမင် သူ့ရဲ့ဗိုက်ကို ဖိပြီး မျက်လုံးဝေ့ကြည့်လိုက်တယ်။
ဂျူလီယမ်က အကြံအစည်တွေနဲ့ ကောင်းကောင်းကြီးကို သရုပ်ဆောင်နေတော့ပဲ။
အဲ့ခွေးသားလေးကို သတိလစ်သွားအောင် ထထိုးလိုက်ချင်နေပြီ။
သူ တကယ္ကို ထိန်းချုပ်နိုင်စွမ်းမဲ့နေပြီဖြစ်တယ်။
သူသာ စိတ္ကို လွှတ်ပေးလိုက်ရင် စားပွဲပေါ်မှာ သူ့ အန်ဖတ်တွေနဲ့ ပြည့်နေလောက်ပြီ။
ကျီးဟန်က ဂျူလီယမ့် နောက်ကျောလေးကို အသာပုတ်ပေးပြီး အေးစက်စွာ ပြောလေတယ်။
"ရီမင် ဂျူလီယမ်အတွက် အဲ့ငါးကို အခုချက်ချင်းစားလိုက်စမ်း!"
ရီမင် ဘာတစ္ခုမွ မတုန့်ပြန်လေဘူး။
ကျီးဟန်ရဲ့ မျက်လုံးတွေ မည်းမှောင်သွားတယ်။
တူကိုကောက်ကိုင်ပြီး ပန်းကန်ထဲက ငါးတုံးလေးကို ညှပ်ယူလိုက်တယ်။ပြီးတော့ ရီမင့်ရှေ့ကို ထိုးပေးပြီးပြောလေတယ်။
"မင်း ပါးစပ်ကိုဟပြီး စားလိုက်!"
ဂျူလီယမ်က ကျီးဟန်ရဲ့ အကျႌလက်ကို ညင်ညင်သာသာလေး ဆွဲလိုက်တယ်။
"ကျီးဟန်..ဒေါသကိုထိန်းပါ..အစ်ကိုမင်ကိုလည်း အတင်းအကျပ်မလုပ်ပါနဲ့"
"ငါ့ကို လွှတ်ထားစမ်းပါ"
ကျီးဟန်ရဲ့ အသံက အေးစက်ပြီး ကြမ်းရှနေတုန်းပဲ။
သူ့ရဲ့စိတ်ထဲမှာ ဂျူလီယမ်ကို ရီမင် အရှက်ခွဲဖို့ ကြိုးစားနေတဲ့ကိစ္စကို မြန်မြန်ပဲ အဆုံးသတ်ပေးချင်နေမိတယ်။
ရီမင်ဆိုတဲ့ကောင်က သူ့ကို စိန်ခေါ်ဖို့ ကြိုးစားနေတာလေ ! သူ့ကို လာလုပ်ရဲတယ်ပေါ့ !
ကျီးဟန်က ဂျူလီယမ်ရဲ့ မှားယွင်းစွာဆက်ဆံခံရမှုကို သိပ်အလေးထားလို့တော့မဟုတ်ဘူး။
သူက ရီမင့်ရဲ့ အဲ့ဒီမာကြောနေတဲ့ စိတ္ကို တစ်စစီချိုးဖဲ့ပြီး ရီမင်က သူ့ကို အရှံးပေးလာစေချင်တာ!
ဒီရက်ပိုင်းတွေမှာ ရီမင်ရဲ့ ass ကို စုတ်ပြတ်သတ်သွားအောင်လုပ်ချင်နေခဲ့တယ်။
အဲ့ဒါက သူ့ကို တော်တော်လေး စိတ်အနှောက်အယှက်ဖြစ်စေပြီး
အျမဲတေစ ဒေါသချောင်းချောင်းထွက်လာစေတယ်။
အခုတော့ သူ အခွင့်အရေးတွေဖမ်းဆုပ်မိပြီ။
သူ လိုချင်တာ တစ်ခုတည်းပဲ။
အရင်က ရီမင်လို သူ့အပေါ် ကျိုးနွံပြီး အမိန့်နာခံတတ်အောင် ၊ သူ့ကို ထပ်ပြီး မေးခွန်းတွေမထုတ်ရဲအောင် လုပ်ပစ်ရမယ်။
သူက ယဉ်ပါးအောင် ချိုးနှိမ်နိုင်တဲ့ master တစ်ယောက်ဖြစ်ချင်ခဲ့တာ။
(ဆုတောင်းလေ သားရယ်)
ရီမင်ရဲ့မျက်နှာက သွေးဆုတ်ဖြူဖျော့နေပြီး အစာအိမ်ထဲမှာ အော်ကလီဆန်နေပြီဖြစ်တယ်။
ဗိုက္ကို အတင်းဖိထားရပြီး အံကိုတင်းတင်းကြိတ်ထားရလေတယ်။
"သွားစမ်းပါ..အဲ့ဒီ ငါးကို ဖယ်လိုက်..ငါ အဲ့ဒါကို မစားနိုင်ဘူး"
ဒါပေမယ့် ကျီးဟန်က ငါးကို သူ့ပါးစပ်နားထိ ထိုးပေးလိုက်တယ်။
"မင်း ပါးစပ်ဟစမ်းပါ"
------------
မနက်ခင်းရောဂါဆိုတာက ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တတ်ပါတယ်တဲ့..ကိုယ်ဝန်ဆောင်ပြီး လေးလအကြာလောက်ထိ မနက်ခင်းဆို လေခံပြီး ပျို့နေတတ်တယ်... ဟင်းနံ့တောင် ခံလို့မရပါဘူးတဲ့..ဘာမှလည်း မစားနိုင်ပါဘူးတဲ့။
West lake fish in vinegar gravy
အဲ့ဒါက ဟန်ကျိုးနယ်ဘက်က ရိုးရာအစားအစာတစ်ခုပါ..