HIGER [COMPLETED]

By Harry-Kim

262K 47.4K 3.9K

He is a mess but He is a masterpiece. More

[ 0 ]
[ 1 ]
[ 3 ]
[ 4 ]
[ 5 ]
[ 6 ]
[ 7 ]
[ 8 ]
[ 9 ]
[ 10 ]
[ 11 ]
[ 12 ]
[ 13 ]
[ 14 ]
[ 15 ]
[ 16 ]
[ 17 ]
[ 18 ]
[ 19 ]
[ 20 ]
[ 21 ]
[ 22 ]
[ 23 ]
[ 24 ]
24/1
24/2
24/3
24/4
24/5
24/6
24/7
[ 25 ]
[ 26 ]
[ 27 ]
[ 28 ]
[ 29 ]
[ 30 ]
FINALE
Harry's Note

[ 2 ]

7.7K 1.2K 45
By Harry-Kim

[ Zawgyi ]

ေက်ာင္းတက္ခ်ိန္ကိုေရာက္႐ုံတင္မက
ေက်ာ္ပါေက်ာ္လြန္ေနေပမဲ့ Baekhyun
သည္အခုထက္ထိ စာသင္ခန္းထဲကို
မေရာက္ေသးေပ။

ေက်ာင္းေခၚႀကိမ္မျပည့္မွာေတြ၊စာေနာက္က်မွာေတြ
စာေမးပြဲမွာမေျဖႏိုင္မွာစိုးတဲ့ စိုးရိမ္ပူပင္မႈေတြ
Baekhyunမွာမ႐ွိ။

စာေမးပြဲေအာင္လို႔လည္း Byun Baekhyunကို
ကမၻာ့ဥာဏ္အေကာင္းဆံုးလူသားဟူ၍
ဘယ္သူမွလာမခ်ီးက်ဴးၾကသလို
စာေမးပြဲက်လို႔လည္းဥာဏ္အတံုးဆံုးလူသားပါ
ဟူ၍လည္းသူ႔ကို ဘယ္သူကမွလည္းလာမေျပာရဲ။

Baekhyun ကလည္းက်န္တဲ့သူေတြကို
ရန္အရင္သြားစတာမ်ိဳးေတြဘာေတြမလုပ္။
အကယ္၍တစ္ဖက္သူကရန္အရင္လာစရင္ေတာ့
မွတ္ေလာက္သားေလာက္ေအာင္ပညာေပး
တတ္တာေတာ့လုပ္သည္။ဒီတိုင္းသူ႔ကိုမထိဘဲ
​ေအးေအးေဆးေဆးေနရင္ေတာ့
ဘယ္လိုအေၾကာင္းမ်ိဳးနဲ႔မွမၿငိႏိုင္။

ဒါေပမဲ့ Alexကေတာ့ ခြၽင္းခ်က္ပင္။

ေတာင္ကိုရီးယားနဲ႔ေျမာက္ကိုရီးယားသာ
ျပန္ေပါင္းသြားမည္၊သူနဲ႔ Park Alex
ကေတာ့ ဘယ္လိုနည္မ်ိဳးနဲ႔မွျပန္မတည့္ႏိုင္။

Alexကလည္းBaekhyunကိုၾကည့္မရသလို
Baekhyunကလည္း Alexကို
မ်က္စိဆံပင္ေမႊးဆူးေနသည္။

သူတို႔ႏွစ္ေယာက္လံုးက ေန႔တိုင္း
ရန္အႀကီးအက်ယ္မျဖစ္ရင္ေတာင္
ရန္ပဲြေသးေသးေလးျဖစ္ကိုျဖစ္ၾကသည္။

Baekhyunနဲ႔Alexသည္စစခ်င္းတုန္းက
မ်က္မွန္းတန္းမိတဲ့အဆင့္ထက္ပိုကာ
ေမးထူးေခၚေျပာအဆင့္ေလာက္ေတာ့႐ွိသည္။
ေနာက္ပိုင္းမွ ျပႆနာအႀကီးအက်ယ္တက္ကာ
ဒီလိုအေျခအေနေတြျဖစ္လာျခင္းပင္ျဖစ္သည္။

သူတို႔ႏွစ္ေယာက္ရဲ႕ရန္ၿငိဳးက
ဘယ္ကစသလဲလို႔အတိအက်ေျပာရမယ္ဆိုရင္
လြန္ခဲ့တဲ့သံုးႏွစ္ ႏိုဝင္ဘာလႏွစ္ဆယ့္ခုနစ္ရက္ေန႔
ၾကာသပေတးေန႔ပင္ျဖစ္သည္။

...

ထိုေန႔က ေက်ာင္းေပါင္းစံုေဘာလံုးပဲြရဲ႕
​ေနာက္ဆံုးပဲြစဥ္ျဖစ္တာေၾကာင့္ Alex
ေရာ Baekhyun အပါအဝင္တျခား
အားကစားသမားေတြေရာ၊လာေရာက္အားေပး
ေက်ာင္းသားေတြနဲ႔စံုစံုလင္လင္႐ွိလွသည္။

Cheerleader အလွေလးေတြကလည္း
ေက်ာင္းကိုယ္စားျပဳအသင္းျဖစ္တဲ့
Baekhyunတို႔အသင္းကိုပိုၿပီးေတာ့
အားေပးၾကေလသည္။

ကစားသမားတစ္ေယာက္နဲ႔တစ္ေယာက္
ေဘာလံုးအေပးအယူခ်ိတ္ဆက္မႈ၊တိုက္စစ္မႉး
Alexရဲ႕ နည္းဗ်ဴဟာကြၽမ္းက်င္မႈနဲ႔
ဂိုးသမား Baekhyunရဲ႕အံ႔ျသဖြယ္ရာ
skillေတြေၾကာင့္ တစ္ဖက္အသင္းကို
အျပတ္အသတ္နဲ႔အႏိုင္ရ႐ွိခဲ့ၾကေလသည္။

သူတို႔ပဲြစဥ္ၿပီးေတာ့ ကစားသမားေတြလည္း
ေမာပန္းသလို ဗိုက္ေတြလည္းဆာလွၿပီ
ျဖစ္တာေၾကာင့္ ေက်ာင္းကန္တင္းကို
အုပ္စုလိုက္ႀကီးအေျပးအလႊားသြားၾက​ေလသည္။

သို႔ေသာ္လည္းဆိုင္ေတြကအကုန္ပိတ္ထားတာေၾကာင့္
သူတို႔အကုန္လံုးအေမာေတာင္ဆို႔သြားသည္။

" ဘာစားစရာဆိုင္မွ မ႐ွိဘူး ''

သူတို႔အကုန္လံုး တစ္ေယာက္မ်က္ႏွာ
တစ္ေယာက္ၾကည့္ကာစိတ္ပ်က္စြာ
ညည္းညဴလိုက္ၾကသည္။

Baekhyunကလည္းသူမ်ားေတြနည္းတူ
ဗိုက္ဆာေနျပီျဖစ္တာေၾကာင့္ တဂြီဂြီ
ျမည္ေနေသာသူ႔ဗိုက္ေလးကို သနားစြာ
ျဖည္းျဖည္းေလး ပုတ္လိုက္သည္။

သူတို႔အျဖစ္က ေအာင္ပဲြခံဖို႔ေနေနသာသာ
စားစရာမ႐ွိလို႔စိတ္ညစ္ေနရတဲ့ပထမဆု႐ွင္
နာမည္ႀကီးထမင္းငတ္ေတြပင္ျဖစ္သည္။

" အဲ ေနဦး ပဲြမစခင္က Alexလက္ထဲမွာ
ငါကိတ္မုန္႔တစ္လံုးကိုေတြ႔လိုက္တယ္ ''

Baekhyun ကအေတြးထဲသို႔လ်ွပ္တစ္ျပက္
ေရာက္လာသည့္ Alexရဲ႕ကိတ္မုန္႔ကိုင္ထားတဲ့
ပံုႀကီးကိုျမင္ေယာင္ကာေျပာလိုက္ေတာ့
က်န္တဲ့သူေတြရဲ႕မ်က္ဝန္းေတြက လက္ခနဲျဖစ္လာသည္။

" Alex ေရာ? "

အသင္းသားေတြကတစ္ေယာက္ကို
တစ္ေယာက္ၾကည့္ကာAlexကို႐ွာေတာ့မေတြ႔။
တစ္သင္းလံုးမွာ သူတစ္ေယာက္တည္း
ကြက္ေပ်ာက္ေနေလသည္။ဘယ္နားမွာ
ဘယ္လိုက်န္ခဲ့လဲမသိ?

" Alex ကိတ္မုန္႔ကိုင္ထားတာကိုေတြ႔တာ
ဘယ္နားမွာလဲ? "

အသင္းထဲကတစ္ေယာက္ကလွမ္းေမးေတာ့
Baekhyun က တစ္စကၠန္႔ေတာင္မဆိုင္းဘဲ
ခ်က္ခ်င္းျပန္ေျဖလိုက္သည္။

" Locker နားမွာ ''

" ဒီေကာင္တစ္ေယာက္တည္း
ႀကိတ္စားေနလားမသိဘူး
ျမန္ျမန္သြားၾကမယ္ေဟ့ ''

Baekhyunကအသင္းသားေတြအကုန္လံုးကို
ဦးေဆာင္ၿပီးေခၚသြားလိုက္သည္။

...

" မင္းေျပာတာဒါလား? "

Locker ေတြေ႐ွ႕မွာ႐ွိသည့္ခံုတန္းလ်ား
​ေပၚသို႔တင္ထားသည့္ေသေသသပ္သပ္
ထုတ္ပိုးထားသည့္ ကိတ္မုန္႔ပံုးေလးကို
တစ္ေယာက္ကလက္ညိွဳးထိုးျပေတာ့
Baekhyun ကေခါင္းၿငိမ့္ျပလိုက္သည္။

ဒီကိတ္မုန္႔ပံုးမွကိတ္မုန္႔ပံုးအစစ္။
ပဲြမစခင္က Alexကိုင္ထားတာကို
သူေသေသခ်ာခ်ာေတြ႔လိုက္သည္။

ၾကည့္ရတာ သူတို႔အသင္းႏိုင္မယ္ဆိုတာ
ႀကိဳသိလို႔ေအာင္ပဲြခံမည့္အေနနဲ႔ Alexက
ျပင္ဆင္ထားပံုရသည္ဟုသူတို႔စိတ္ထဲ
ထင္မွတ္လိုက္သည္။

" ဒါနဲ႔  Alexကဘယ္မွာလဲ မသိဘူး ''

Baekhyun ကအနီးအနားတစ္ဝိုက္ကို
မ်က္လံုးကစားကာ႐ွာလိုက္ေသာ္လည္း
Alexရဲ႕အရိပ္အေယာင္ကိုမေတြ႔ရ။

ဘာပဲေျပာေျပာ
ပိုင္႐ွင္ကိုခြင့္ေတာင္းၿပီးမွျဖစ္ျဖစ္၊
ဒါမွမဟုတ္ ပိုင္႐ွင္ကိုယ္တိုင္အနားမွာ
႐ွိေနမွ စားသင့္သည္ဟုထင္တာေၾကာင့္
Alexကိုလိုက္႐ွာရန္ရည္ရြယ္လိုက္သည္။

ဒါေပမဲ့ အသင္းသားေတြအကုန္လံုးက
ဗိုက္အရမ္းဆာေနသလို သူကိုယ္တိုင္ကလည္း
တဂြီဂြီတဂြမ္ဂြမ္ေတြျမည္ေနတာေၾကာင့္
Alexကိုမေစာင့္ေတာ့ဘဲ သူတို႔ေတြပဲ
ကိတ္မုန္႔ခဲြကာစားလိုက္ေတာ့သည္။

Alexအတြက္ကိတ္မုန္႔ပိုင္းေလးကိုလည္း
အရင္ဖယ္ထားေပးၾကလိုက္သည္။
ကိတ္မုန္႔က ေစ်းႀကီးတဲ့ဆိုင္ကမွာလို႔လားမသိ
ေတာ္ေတာ္အရသာ႐ွိသလို creamေတြကအစ
အရမ္းႀကီးမခ်ိဳဘဲဆိမ့္ဆိမ့္ေလးပင္ျဖစ္သည္။

" ဟာ ေဟ့ေကာင္ေတြ! "

ေၾကကဲြဆို႔နစ္ေနတဲ့အသံႀကီးနဲ႔လွမ္းေအာ္လိုက္တဲ့
Alexေၾကာင့္သူတို႔အကုန္လံုးတုန္တက္
သြားျကေလသည္။

" ဪ Alex လာေလ ~
မင္းအတြက္ ဒီမွာကိတ္မုန္႔ ~ ''

Baekhyun ကကိတ္မုန္႔ပိုင္းေလး
ထည့္ထားသည့္ပန္းကန္ကိုလႊဲေျပာင္းေပးေန႐ုံ
႐ွိေသး..လက္ကိုပုတ္ခ်လိုက္တဲ့ Alexေၾကာင့္
ကိတ္မုန္႔ပန္းကန္ကေႂကြျပားေတြေပၚသို႔
ျပဳတ္က်သြားေလသည္။

" မင္းတို႔ကို ဘယ္သူကေကြၽးလို႔လဲ?
ဒီကိတ္မုန္႔ကို မင္းတို႔အတြက္လုပ္ထားတယ္
ထင္ေနတာလား? "

Alexရဲ႕ေဒါသထြက္ေနတဲ့ေလသံေၾကာင့္
က်န္တဲ့သူေတြအကုန္လံုးကေခါင္းငံု႔သြား
ၾကေလသည္။ဗိုက္ဆာလို႔စားမိ႐ုံေလးကို
ဒီလိုႀကီးအေအာ္ခံရတာေၾကာင့္ သူတို႔အကုန္လံုး
ရဲ႕စိတ္ထဲမွာ တႏုပ္ႏုပ္ျဖစ္ေနသည္။

" သူတ္ို႔မွာ အျပစ္မ႐ွိဘူး ! ငါေခၚလာတာ။
မင္းဆီမွာကိတ္မုန္႔ေတြ႔လိုက္တယ္
လို႔ေျပာၿပီး ငါေခၚလာတာ ''

Baekhyun ကသူ႔ကိုပဲေျပာဟူေသာ
သေဘာျဖင့္ျပန္ေျပာလိုက္တာေၾကာင့္
Alexကခနဲ႔သလိုရယ္လာေလသည္။

အစက ကိတ္မုန္႔ျပႆနာေလးဆိုေပမယ့္
ေနာက္ပိုင္းက်ေတာ့ Baekhyunအေမ
ေနာက္ေယာက်ာ္းယူသည့္ကိစၥေတြပါ
ပါလာတာေၾကာင့္ Baekhyunကသည္းမခံေတာ့။

ေနာက္ေယာက်ာ္းယူတာ Baekhyun
အေမပဲမဟုတ္ Alexရဲ႕အေမကလည္း
ခ်မ္းသာတဲ့တစ္ခုလပ္အဘိုးႀကီးနဲ႔ယူလိုက္တာပဲ
မဟုတ္လား။

Baekhyun ကျပန္ေခ်ပလိုက္ Alexက
ျပန္ေျပာလိုက္နဲ႔သူတို႔ႏွစ္ေယာက္သည္
မ်ားမၾကာမီကာလအတြင္းမွာပင္
ရန္သူေတြလိုျဖစ္သြားျကသည္။

Alexနဲ႔Baekhyun ရန္ျဖစ္ၿပီးတဲ့ႏွစ္တည္းက
Baekhyunတို႔ေက်ာင္းကိုယ္စားျပဳ
​ေဘာလံုးအသင္းကိုတရားဝင္ဖ်က္သိမ္းခဲ့ၾကသည္။

...

တစ္ေန႔တာလံုးလုပ္ရမဲ့လုပ္ငန္းေဆာင္တာေတြကို
ေဘးနားကေန တစ္ခုၿပီးတစ္ခုရြတ္ျပေနတဲ့
အတြင္းေရးမႉးရဲ႕စကားသံကို Chanyeol
ေသေသခ်ာခ်ာဂ႐ုတစိုက္နားေထာင္ေပးေနသည္။

Chanyeolရဲ႕အမူအက်င့္ေကာင္းေတြက
သူမ်ားစကားေျပာရင္ျဖတ္ၿပီးေတာ့မေျပာတတ္
သလို တစ္ဖက္သူကေျပာေနသည့္စကား
ကိုလည္း ေသေသခ်ာခ်ာေလးေလးနက္နက္
အာ႐ုံစိုက္ၿပီးနားေထာင္ေပးသည္။

" မီးေလာင္မႈျဖစ္ပြားခဲ့တဲ့စက္႐ုံက စက္႐ုံမႉးကို
CEO Park က တရားစဲြမယ္လို႔မွာထားပါတယ္ ''

" စက္႐ုံမႉးက မီးေလာင္တာနဲ႔ပဲတရားစဲြခံရမွာလား ''

" ဥပေဒအရပါ MD ''

" ပိုက္ဆံမ႐ွိလို႔အလုပ္လုပ္ပါတယ္ဆို။
တရားစဲြခံရေတာ့ ဘယ္လိုထမင္းစားၿပီး
မိသားစုကိုဘယ္လို႐ွာေကြၽးရမလဲ?
အခုမီးေလာင္မႈကလည္း ဝိုင္ယာေ႐ွာ့
ေၾကာင့္ျဖစ္တာေလ!
စက္႐ုံမႉးကိုတရားစဲြမဲ့အစား
ပ်က္စီးေနတဲ့ ဝိုင္ယာႀကိဳးေတြကိုအသစ္လဲ
ဖို႔သာျပင္ဆင္ထား ''

" ဒါေပမဲ့ CEO Park က ''

" ငါ့အမိန္႔ ''

ေတြေဝေနပံုရေသာအတြင္းေရးမႉးကို
ေအးေအးေဆးေဆးေလး ျပံဳးျပကာ
ေျပာလိုက္ေတာ့ ခ်က္ခ်င္းၿငိမ္သက္သြားသည္။

ဒီကုမၸဏီမွာ CEO ထက္ MDက
ပိုၿပီးေတာ့ရာထူးႀကီးသည္။
အေဖထက္သားတစ္လႀကီးတယ္ဆိုတာ
ဒါမ်ိဳးကိုေျပာတာပဲျဖစ္သည္။

" ဒါၿပီးရင္ဘယ္သြားရမွာလဲ ''

" Leo Group က CEOနဲ႔
အျပင္မွာ ခ်ိန္းထားပါတယ္ ''

Chanyeolကေခါင္းၿငိမ့္ျပကာ
အတြင္းေရးမွဴးကို ကားအသင့္ျပင္ခိုင္းထားလိုက္သည္။

...

ညေနေလးနာရီအတိခ်ိန္းထားတာျဖစ္တာေၾကာင့္
သံုးနာရီခဲြေလာက္တည္းကChanyeolက
ကားလမ္းမေပၚေရာက္ေနၿပီျဖစ္သည္။

ကားစစခ်င္းေမာင္းထြက္လာတည္းက
Laptop ကိုၾကည့္လာတာမ်က္လံုးေတြပင္
အနည္းငယ္ ဝါးတားတားျဖစ္လာတာေၾကာင့္
Laptop ကိုပိတ္ၿပီး ကားအျပင္ဘက္ကို
ၾကည့္လိုက္သည္။

စိမ္းစိုေနသည့္သစ္ပင္ေတြကိုေတြ႔လိုက္ေတာ့
မ်က္လံုးေညာင္းတာကခ်က္ခ်င္းသက္သာသြားေတာ့သည္။

တစ္ေနရာကိုေရာက္ေတာ့ မ်က္လံုးထဲမွာ
႐ွင္း႐ွင္းလင္းလင္းႀကီးေပၚလာတဲ့ျမင္ကြင္း​ေၾကာင့္
Chanyeolကကားကိုခဏရပ္ခိုင္းလိုက္သည္။

" ခဏ ခဏရပ္ေပး ''

ပိုၿပီးေတာ့႐ွင္း႐ွင္းလင္းလင္းျမင္ရေအာင္
ကားမွန္ကိုအနည္းငယ္ခ်လိုက္ၿပီးတစ္ဖက္
ကားလမ္းကျမင္ကြင္းကို Chanyeol
ေသခ်ာၾကည့္လိုက္သည္။

ရဲကားတစ္စီးရဲ့ ကားေခါင္မိုးေပၚမွာ
ပက္လက္လွန္ကာအိပ္ေနတဲ့​ေကာင္ေလးတစ္ေယာက္။
အတိအက်ေျပာရရင္ ဟိုးေန႔ကAlexနဲ႔
ရန္ျဖစ္ကာသူ႔ကားေပၚမွာအစင္းေၾကာင္းေတြ
ျဖစ္ေအာင္လုပ္သြားတဲ့ေကာင္ေလး။

အခုလည္း ႐ုိး႐ုိးကားေတာင္မဟုတ္။
ရဲကားေပၚမွာဟန္က်ပန္က်လွဲေနေလသည္။
Chanyeolကလည္း ကားေပၚကေနမဆင္းဘဲ
ထိုေကာင္ေလးဘာဆက္လုပ္မလဲ
ဘာဆက္ျဖစ္မလဲဆိုတာ ေစာင့္ၾကည့္ေနေလသည္။

ဆယ္မိနစ္ေလာက္ၾကာေတာ့ ရဲေတြက
ျပန္ေရာက္လာပံုရၿပီးထိုေကာင္ေလးကိုမာန္မဲကာ
အတင္းဆင္းခိုင္းေနေလသည္။

ေကာင္ေလးက မိုက္ကန္းကန္းမ်က္ႏွာေပးနဲ႔
ဆင္းလာကာ ကားနားမွာရပ္ေနတုန္းပင္ျဖစ္သည္။
ရဲေတြကဘာေတြေျပာေနလဲေတာ့မသိ။
ထိုေကာင္ေလးက ရဲေတြ႐ွိတဲ့ဘက္ကိုေက်ာေပးကာ
မသိခ်င္ေယာင္ေဆာင္ေနသည္။

Chanyeolကထိုေကာင္ေလးရဲ႕ပံုစံကို
ၾကည့္ၿပီး ႏႈတ္ခမ္းလႈပ္႐ုံပဲျပံဳးလိုက္သည္။

ေနာက္ေတာ့ရဲေတြကဘယ္ကိုျပန္ေရာက္သြားလဲမသိ။
ထိုေကာင္ေလးက ကားတစ္ပတ္ကို
ေသခ်ာပတ္ၾကည့္ေနၿပီး သူ႔လြယ္အိတ္ထဲက
တစ္ခုခုကိုထုတ္ေနေလသည္။

ေလအေဝွ႔မွာထိုေကာင္ေလးရဲ႕ဆံပင္ေတြကို
ျဖတ္သန္းတိုက္ခတ္သြားေတာ့ အေဝးကေန
နဖူးျပင္​ေလးကိုလွစ္ခနဲ လွမ္းျမင္လိုက္ရသည္။

ရဲကားရဲ႕ တံခါးနားမွာ
ကူညီပါရေစဟုစာလံုးအႀကီးႀကီးကို
sprayဘူးျဖင့္ ပက္ျဖန္းကာပံုေဖာ္သြားသည့္
ထိုေကာင္ေလးေၾကာင့္ Chanyeol
အသံထြက္တဲ့အထိကိုရယ္ေမာလိုက္ေတာ့သည္။

ထိုေကာင္ေလးက ကားေတြကိုဒီလို
​ေလ်ွာက္လုပ္ရတာဝါသနာပါပံုရသည္။

Chanyeolလည္းကားေပၚကေနပဲ
ထိုေကာင္ေလးကိုေစာင့္ၾကည့္ေနခဲ့သည္။
ထိုေကာင္ေလးမ႐ွိေတာ့မွ ထိုေနရာကေန
ေမာင္းထြက္ရန္အမိန္႔ျပန္ေပးလိုက္ေတာ့သည္။

...

ညေနေျခာက္နာရီဆယ္မိနစ္တိတိကိုျပသေနတဲ့
နာရီေၾကာင့္ Leo Group က CEO
ေတာင္မ်က္ခံုးပင့္မိလိုက္သည္။

တစ္သက္နဲ႔တစ္ကိုယ္အခ်ိန္တိက်လွပါခ်ည္ဆိုတဲ့
MD Park Chanyeolကဆယ္မိနစ္
တိတိေနာက္က်တယ္တဲ့လား။
သူ႔လက္ပတ္နာရီကိုေတာင္မွားေနလားဟုေတာင္
ထင္မွတ္ၿပီး ဖုန္းကအခ်ိန္နဲ႔ေတာင္ျပန္စစ္ရေသးသည္။

" ဆယ္မိနစ္ေနာက္က်တယ္ေနာ္ ''

Leo Group က CEOက​ေျပာေတာ့
Chanyeolကစိတ္မဆိုးသည့္အျပင္
ျပံဳးပါျပံဳးေနလိုက္ေသးသည္။

" ဟုတ္မယ္ ''

စကားလံုးႏွစ္လံုးတည္းေျပာၿပီး
အသင့္ငွဲ႔ထားေသာေရေႏြးၾကမ္းကို
Chanyeolကေမာ့ေသာက္လိုက္သည္။

ေန႔လည္က ေတြ႔လိုက္တဲ့ေကာင္ေလးသည္
သူကိုအခ်ိန္ေနာက္က်လုပ္ႏိုင္တဲ့
တစ္ခုတည္းေသာအေၾကာင္းျပခ်က္ပင္ျဖစ္သည္။

ဤသို႔ျဖင့္ Chanyeolရဲ႕စိတ္ထဲကို
တစ္စံုတစ္ေယာက္က မသိမသာ
​ေနရာဝင္ယူလာေတာ့သည္။

TBC

______________________________________

[ Unicode ]

ကျောင်းတက်ချိန်ကိုရောက်ရုံတင်မက
ကျော်ပါကျော်လွန်နေပေမဲ့ Baekhyun
သည်အခုထက်ထိ စာသင်ခန်းထဲကို
မရောက်သေးပေ။

ကျောင်းခေါ်ကြိမ်မပြည့်မှာတွေ၊စာနောက်ကျမှာတွေ
စာမေးပွဲမှာမဖြေနိုင်မှာစိုးတဲ့ စိုးရိမ်ပူပင်မှုတွေ
Baekhyunမှာမရှိ။

စာမေးပွဲအောင်လို့လည်း Byun Baekhyunကို
ကမ္ဘာ့ဉာဏ်အကောင်းဆုံးလူသားဟူ၍
ဘယ်သူမှလာမချီးကျူးကြသလို
စာမေးပွဲကျလို့လည်းဉာဏ်အတုံးဆုံးလူသားပါ
ဟူ၍လည်းသူ့ကို ဘယ်သူကမှလည်းလာမပြောရဲ။

Baekhyun ကလည်းကျန်တဲ့သူတွေကို
ရန်အရင်သွားစတာမျိုးတွေဘာတွေမလုပ်။
အကယ်၍တစ်ဖက်သူကရန်အရင်လာစရင်တော့
မှတ်လောက်သားလောက်အောင်ပညာပေး
တတ်တာတော့လုပ်သည်။ဒီတိုင်းသူ့ကိုမထိဘဲ
အေးအေးဆေးဆေးနေရင်တော့
ဘယ်လိုအကြောင်းမျိုးနဲ့မှမငြိနိုင်။

ဒါပေမဲ့ Alexကတော့ ချွင်းချက်ပင်။

တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားသာ
ပြန်ပေါင်းသွားမည်၊သူနဲ့ Park Alex
ကတော့ ဘယ်လိုနည်မျိုးနဲ့မှပြန်မတည့်နိုင်။

Alexကလည်းBaekhyunကိုကြည့်မရသလို
Baekhyunကလည်း Alexကို
မျက်စိဆံပင်မွှေးဆူးနေသည်။

သူတို့နှစ်ယောက်လုံးက နေ့တိုင်း
ရန်အကြီးအကျယ်မဖြစ်ရင်တောင်
ရန်ပွဲသေးသေးလေးဖြစ်ကိုဖြစ်ကြသည်။

Baekhyunနဲ့Alexသည်စစချင်းတုန်းက
မျက်မှန်းတန်းမိတဲ့အဆင့်ထက်ပိုကာ
မေးထူးခေါ်ပြောအဆင့်လောက်တော့ရှိသည်။
နောက်ပိုင်းမှ ပြဿနာအကြီးအကျယ်တက်ကာ
ဒီလိုအခြေအနေတွေဖြစ်လာခြင်းပင်ဖြစ်သည်။

သူတို့နှစ်ယောက်ရဲ့ရန်ငြိုးက
ဘယ်ကစသလဲလို့အတိအကျပြောရမယ်ဆိုရင်
လွန်ခဲ့တဲ့သုံးနှစ် နိုဝင်ဘာလနှစ်ဆယ့်ခုနစ်ရက်နေ့
ကြာသပတေးနေ့ပင်ဖြစ်သည်။

...

ထိုနေ့က ကျောင်းပေါင်းစုံဘောလုံးပွဲရဲ့
နောက်ဆုံးပွဲစဉ်ဖြစ်တာကြောင့် Alex
ရော Baekhyun အပါအဝင်တခြား
အားကစားသမားတွေရော၊လာရောက်အားပေး
ကျောင်းသားတွေနဲ့စုံစုံလင်လင်ရှိလှသည်။

Cheerleader အလှလေးတွေကလည်း
ကျောင်းကိုယ်စားပြုအသင်းဖြစ်တဲ့
Baekhyunတို့အသင်းကိုပိုပြီးတော့
အားပေးကြလေသည်။

ကစားသမားတစ်ယောက်နဲ့တစ်ယောက်
ဘောလုံးအပေးအယူချိတ်ဆက်မှု၊တိုက်စစ်မှူး
Alexရဲ့ နည်းဗျူဟာကျွမ်းကျင်မှုနဲ့
ဂိုးသမား Baekhyunရဲ့အံ့သြဖွယ်ရာ
skillတွေကြောင့် တစ်ဖက်အသင်းကို
အပြတ်အသတ်နဲ့အနိုင်ရရှိခဲ့ကြလေသည်။

သူတို့ပွဲစဉ်ပြီးတော့ ကစားသမားတွေလည်း
မောပန်းသလို ဗိုက်တွေလည်းဆာလှပြီ
ဖြစ်တာကြောင့် ကျောင်းကန်တင်းကို
အုပ်စုလိုက်ကြီးအပြေးအလွှားသွားကြလေသည်။

သို့သော်လည်းဆိုင်တွေကအကုန်ပိတ်ထားတာကြောင့်
သူတို့အကုန်လုံးအမောတောင်ဆို့သွားသည်။

" ဘာစားစရာဆိုင်မှ မရှိဘူး ''

သူတို့အကုန်လုံး တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ကာစိတ်ပျက်စွာ
ညည်းညူလိုက်ကြသည်။

Baekhyunကလည်းသူများတွေနည်းတူ
ဗိုက်ဆာနေပြီဖြစ်တာကြောင့် တဂွီဂွီ
မြည်နေသောသူ့ဗိုက်လေးကို သနားစွာ
ဖြည်းဖြည်းလေး ပုတ်လိုက်သည်။

သူတို့အဖြစ်က အောင်ပွဲခံဖို့နေနေသာသာ
စားစရာမရှိလို့စိတ်ညစ်နေရတဲ့ပထမဆုရှင်
နာမည်ကြီးထမင်းငတ်တွေပင်ဖြစ်သည်။

" အဲ နေဦး ပွဲမစခင်က Alexလက်ထဲမှာ
ငါကိတ်မုန့်တစ်လုံးကိုတွေ့လိုက်တယ် ''

Baekhyun ကအတွေးထဲသို့လျှပ်တစ်ပြက်
ရောက်လာသည့် Alexရဲ့ကိတ်မုန့်ကိုင်ထားတဲ့
ပုံကြီးကိုမြင်ယောင်ကာပြောလိုက်တော့
ကျန်တဲ့သူတွေရဲ့မျက်ဝန်းတွေက လက်ခနဲဖြစ်လာသည်။

" Alex ရော? "

အသင်းသားတွေကတစ်ယောက်ကို
တစ်ယောက်ကြည့်ကာAlexကိုရှာတော့မတွေ့။
တစ်သင်းလုံးမှာ သူတစ်ယောက်တည်း
ကွက်ပျောက်နေလေသည်။ဘယ်နားမှာ
ဘယ်လိုကျန်ခဲ့လဲမသိ?

" Alex ကိတ်မုန့်ကိုင်ထားတာကိုတွေ့တာ
ဘယ်နားမှာလဲ? "

အသင်းထဲကတစ်ယောက်ကလှမ်းမေးတော့
Baekhyun က တစ်စက္ကန့်တောင်မဆိုင်းဘဲ
ချက်ချင်းပြန်ဖြေလိုက်သည်။

" Locker နားမှာ ''

" ဒီကောင်တစ်ယောက်တည်း
ကြိတ်စားနေလားမသိဘူး
မြန်မြန်သွားကြမယ်ဟေ့ ''

Baekhyunကအသင်းသားတွေအကုန်လုံးကို
ဦးဆောင်ပြီးခေါ်သွားလိုက်သည်။

...

" မင်းပြောတာဒါလား? "

Locker တွေရှေ့မှာရှိသည့်ခုံတန်းလျား
ပေါ်သို့တင်ထားသည့်သေသေသပ်သပ်
ထုတ်ပိုးထားသည့် ကိတ်မုန့်ပုံးလေးကို
တစ်ယောက်ကလက်ညှိုးထိုးပြတော့
Baekhyun ကခေါင်းငြိမ့်ပြလိုက်သည်။

ဒီကိတ်မုန့်ပုံးမှကိတ်မုန့်ပုံးအစစ်။
ပွဲမစခင်က Alexကိုင်ထားတာကို
သူသေသေချာချာတွေ့လိုက်သည်။

ကြည့်ရတာ သူတို့အသင်းနိုင်မယ်ဆိုတာ
ကြိုသိလို့အောင်ပွဲခံမည့်အနေနဲ့ Alexက
ပြင်ဆင်ထားပုံရသည်ဟုသူတို့စိတ်ထဲ
ထင်မှတ်လိုက်သည်။

" ဒါနဲ့  Alexကဘယ်မှာလဲ မသိဘူး ''

Baekhyun ကအနီးအနားတစ်ဝိုက်ကို
မျက်လုံးကစားကာရှာလိုက်သော်လည်း
Alexရဲ့အရိပ်အယောင်ကိုမတွေ့ရ။

ဘာပဲပြောပြော
ပိုင်ရှင်ကိုခွင့်တောင်းပြီးမှဖြစ်ဖြစ်၊
ဒါမှမဟုတ် ပိုင်ရှင်ကိုယ်တိုင်အနားမှာ
ရှိနေမှ စားသင့်သည်ဟုထင်တာကြောင့်
Alexကိုလိုက်ရှာရန်ရည်ရွယ်လိုက်သည်။

ဒါပေမဲ့ အသင်းသားတွေအကုန်လုံးက
ဗိုက်အရမ်းဆာနေသလို သူကိုယ်တိုင်ကလည်း
တဂွီဂွီတဂွမ်ဂွမ်တွေမြည်နေတာကြောင့်
Alexကိုမစောင့်တော့ဘဲ သူတို့တွေပဲ
ကိတ်မုန့်ခွဲကာစားလိုက်တော့သည်။

Alexအတွက်ကိတ်မုန့်ပိုင်းလေးကိုလည်း
အရင်ဖယ်ထားပေးကြလိုက်သည်။
ကိတ်မုန့်က ဈေးကြီးတဲ့ဆိုင်ကမှာလို့လားမသိ
တော်တော်အရသာရှိသလို creamတွေကအစ
အရမ်းကြီးမချိုဘဲဆိမ့်ဆိမ့်လေးပင်ဖြစ်သည်။

" ဟာ ဟေ့ကောင်တွေ! "

ကြေကွဲဆို့နစ်နေတဲ့အသံကြီးနဲ့လှမ်းအော်လိုက်တဲ့
Alexကြောင့်သူတို့အကုန်လုံးတုန်တက်
သွားကြလေသည်။

" ဪ Alex လာလေ ~
မင်းအတွက် ဒီမှာကိတ်မုန့် ~ ''

Baekhyun ကကိတ်မုန့်ပိုင်းလေး
ထည့်ထားသည့်ပန်းကန်ကိုလွှဲပြောင်းပေးနေရုံ
ရှိသေး..လက်ကိုပုတ်ချလိုက်တဲ့ Alexကြောင့်
ကိတ်မုန့်ပန်းကန်ကကြွေပြားတွေပေါ်သို့
ပြုတ်ကျသွားလေသည်။

" မင်းတို့ကို ဘယ်သူကကျွေးလို့လဲ?
ဒီကိတ်မုန့်ကို မင်းတို့အတွက်လုပ်ထားတယ်
ထင်နေတာလား? "

Alexရဲ့ဒေါသထွက်နေတဲ့လေသံကြောင့်
ကျန်တဲ့သူတွေအကုန်လုံးကခေါင်းငုံ့သွား
ကြလေသည်။ဗိုက်ဆာလို့စားမိရုံလေးကို
ဒီလိုကြီးအအော်ခံရတာကြောင့် သူတို့အကုန်လုံး
ရဲ့စိတ်ထဲမှာ တနုပ်နုပ်ဖြစ်နေသည်။

" သူတို့မှာ အပြစ်မရှိဘူး ! ငါခေါ်လာတာ။
မင်းဆီမှာကိတ်မုန့်တွေ့လိုက်တယ်
လို့ပြောပြီး ငါခေါ်လာတာ ''

Baekhyun ကသူ့ကိုပဲပြောဟူသော
သဘောဖြင့်ပြန်ပြောလိုက်တာကြောင့်
Alexကခနဲ့သလိုရယ်လာလေသည်။

အစက ကိတ်မုန့်ပြဿနာလေးဆိုပေမယ့်
နောက်ပိုင်းကျတော့ Baekhyunအမေ
နောက်ယောကျာ်းယူသည့်ကိစ္စတွေပါ
ပါလာတာကြောင့် Baekhyunကသည်းမခံတော့။

နောက်ယောကျာ်းယူတာ Baekhyun
အမေပဲမဟုတ် Alexရဲ့အမေကလည်း
ချမ်းသာတဲ့တစ်ခုလပ်အဘိုးကြီးနဲ့ယူလိုက်တာပဲ
မဟုတ်လား။

Baekhyun ကပြန်ချေပလိုက် Alexက
ပြန်ပြောလိုက်နဲ့သူတို့နှစ်ယောက်သည်
များမကြာမီကာလအတွင်းမှာပင်
ရန်သူတွေလိုဖြစ်သွားကြသည်။

Alexနဲ့Baekhyun ရန်ဖြစ်ပြီးတဲ့နှစ်တည်းက
Baekhyunတို့ကျောင်းကိုယ်စားပြု
ဘောလုံးအသင်းကိုတရားဝင်ဖျက်သိမ်းခဲ့ကြသည်။

...

တစ်နေ့တာလုံးလုပ်ရမဲ့လုပ်ငန်းဆောင်တာတွေကို
ဘေးနားကနေ တစ်ခုပြီးတစ်ခုရွတ်ပြနေတဲ့
အတွင်းရေးမှူးရဲ့စကားသံကို Chanyeol
သေသေချာချာဂရုတစိုက်နားထောင်ပေးနေသည်။

Chanyeolရဲ့အမူအကျင့်ကောင်းတွေက
သူများစကားပြောရင်ဖြတ်ပြီးတော့မပြောတတ်
သလို တစ်ဖက်သူကပြောနေသည့်စကား
ကိုလည်း သေသေချာချာလေးလေးနက်နက်
အာရုံစိုက်ပြီးနားထောင်ပေးသည်။

" မီးလောင်မှုဖြစ်ပွားခဲ့တဲ့စက်ရုံက စက်ရုံမှူးကို
CEO Park က တရားစွဲမယ်လို့မှာထားပါတယ် ''

" စက်ရုံမှူးက မီးလောင်တာနဲ့ပဲတရားစွဲခံရမှာလား ''

" ဥပဒေအရပါ MD ''

" ပိုက်ဆံမရှိလို့အလုပ်လုပ်ပါတယ်ဆို။
တရားစွဲခံရတော့ ဘယ်လိုထမင်းစားပြီး
မိသားစုကိုဘယ်လိုရှာကျွေးရမလဲ?
အခုမီးလောင်မှုကလည်း ဝိုင်ယာရှော့
ကြောင့်ဖြစ်တာလေ!
စက်ရုံမှူးကိုတရားစွဲမဲ့အစား
ပျက်စီးနေတဲ့ ဝိုင်ယာကြိုးတွေကိုအသစ်လဲ
ဖို့သာပြင်ဆင်ထား ''

" ဒါပေမဲ့ CEO Park က ''

" ငါ့အမိန့် ''

တွေဝေနေပုံရသောအတွင်းရေးမှူးကို
အေးအေးဆေးဆေးလေး ပြုံးပြကာ
ပြောလိုက်တော့ ချက်ချင်းငြိမ်သက်သွားသည်။

ဒီကုမ္ပဏီမှာ CEO ထက် MDက
ပိုပြီးတော့ရာထူးကြီးသည်။
အဖေထက်သားတစ်လကြီးတယ်ဆိုတာ
ဒါမျိုးကိုပြောတာပဲဖြစ်သည်။

" ဒါပြီးရင်ဘယ်သွားရမှာလဲ ''

" Leo Group က CEOနဲ့
အပြင်မှာ ချိန်းထားပါတယ် ''

Chanyeolကခေါင်းငြိမ့်ပြကာ
အတွင်းရေးမှူးကို ကားအသင့်ပြင်ခိုင်းထားလိုက်သည်။

...

ညနေလေးနာရီအတိချိန်းထားတာဖြစ်တာကြောင့်
သုံးနာရီခွဲလောက်တည်းကChanyeolက
ကားလမ်းမပေါ်ရောက်နေပြီဖြစ်သည်။

ကားစစချင်းမောင်းထွက်လာတည်းက
Laptop ကိုကြည့်လာတာမျက်လုံးတွေပင်
အနည်းငယ် ဝါးတားတားဖြစ်လာတာကြောင့်
Laptop ကိုပိတ်ပြီး ကားအပြင်ဘက်ကို
ကြည့်လိုက်သည်။

စိမ်းစိုနေသည့်သစ်ပင်တွေကိုတွေ့လိုက်တော့
မျက်လုံးညောင်းတာကချက်ချင်းသက်သာသွားတော့သည်။

တစ်နေရာကိုရောက်တော့ မျက်လုံးထဲမှာ
ရှင်းရှင်းလင်းလင်းကြီးပေါ်လာတဲ့မြင်ကွင်းကြောင့်
Chanyeolကကားကိုခဏရပ်ခိုင်းလိုက်သည်။

" ခဏ ခဏရပ်ပေး ''

ပိုပြီးတော့ရှင်းရှင်းလင်းလင်းမြင်ရအောင်
ကားမှန်ကိုအနည်းငယ်ချလိုက်ပြီးတစ်ဖက်
ကားလမ်းကမြင်ကွင်းကို Chanyeol
သေချာကြည့်လိုက်သည်။

ရဲကားတစ်စီးရဲ့ ကားခေါင်မိုးပေါ်မှာ
ပက်လက်လှန်ကာအိပ်နေတဲ့ကောင်လေးတစ်ယောက်။
အတိအကျပြောရရင် ဟိုးနေ့ကAlexနဲ့
ရန်ဖြစ်ကာသူ့ကားပေါ်မှာအစင်းကြောင်းတွေ
ဖြစ်အောင်လုပ်သွားတဲ့ကောင်လေး။

အခုလည်း ရိုးရိုးကားတောင်မဟုတ်။
ရဲကားပေါ်မှာဟန်ကျပန်ကျလှဲနေလေသည်။
Chanyeolကလည်း ကားပေါ်ကနေမဆင်းဘဲ
ထိုကောင်လေးဘာဆက်လုပ်မလဲ
ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်နေလေသည်။

ဆယ်မိနစ်လောက်ကြာတော့ ရဲတွေက
ပြန်ရောက်လာပုံရပြီးထိုကောင်လေးကိုမာန်မဲကာ
အတင်းဆင်းခိုင်းနေလေသည်။

ကောင်လေးက မိုက်ကန်းကန်းမျက်နှာပေးနဲ့
ဆင်းလာကာ ကားနားမှာရပ်နေတုန်းပင်ဖြစ်သည်။
ရဲတွေကဘာတွေပြောနေလဲတော့မသိ။
ထိုကောင်လေးက ရဲတွေရှိတဲ့ဘက်ကိုကျောပေးကာ
မသိချင်ယောင်ဆောင်နေသည်။

Chanyeolကထိုကောင်လေးရဲ့ပုံစံကို
ကြည့်ပြီး နှုတ်ခမ်းလှုပ်ရုံပဲပြုံးလိုက်သည်။

နောက်တော့ရဲတွေကဘယ်ကိုပြန်ရောက်သွားလဲမသိ။
ထိုကောင်လေးက ကားတစ်ပတ်ကို
သေချာပတ်ကြည့်နေပြီး သူ့လွယ်အိတ်ထဲက
တစ်ခုခုကိုထုတ်နေလေသည်။

လေအဝှေ့မှာထိုကောင်လေးရဲ့ဆံပင်တွေကို
ဖြတ်သန်းတိုက်ခတ်သွားတော့ အဝေးကနေ
နဖူးပြင်လေးကိုလှစ်ခနဲ လှမ်းမြင်လိုက်ရသည်။

ရဲကားရဲ့ တံခါးနားမှာ
ကူညီပါရစေဟုစာလုံးအကြီးကြီးကို
sprayဘူးဖြင့် ပက်ဖြန်းကာပုံဖော်သွားသည့်
ထိုကောင်လေးကြောင့် Chanyeol
အသံထွက်တဲ့အထိကိုရယ်မောလိုက်တော့သည်။

ထိုကောင်လေးက ကားတွေကိုဒီလို
လျှောက်လုပ်ရတာဝါသနာပါပုံရသည်။

Chanyeolလည်းကားပေါ်ကနေပဲ
ထိုကောင်လေးကိုစောင့်ကြည့်နေခဲ့သည်။
ထိုကောင်လေးမရှိတော့မှ ထိုနေရာကနေ
မောင်းထွက်ရန်အမိန့်ပြန်ပေးလိုက်တော့သည်။

...

ညနေခြောက်နာရီဆယ်မိနစ်တိတိကိုပြသနေတဲ့
နာရီကြောင့် Leo Group က CEO
တောင်မျက်ခုံးပင့်မိလိုက်သည်။

တစ်သက်နဲ့တစ်ကိုယ်အချိန်တိကျလှပါချည်ဆိုတဲ့
MD Park Chanyeolကဆယ်မိနစ်
တိတိနောက်ကျတယ်တဲ့လား။
သူ့လက်ပတ်နာရီကိုတောင်မှားနေလားဟုတောင်
ထင်မှတ်ပြီး ဖုန်းကအချိန်နဲ့တောင်ပြန်စစ်ရသေးသည်။

" ဆယ်မိနစ်နောက်ကျတယ်နော် ''

Leo Group က CEOကပြောတော့
Chanyeolကစိတ်မဆိုးသည့်အပြင်
ပြုံးပါပြုံးနေလိုက်သေးသည်။

" ဟုတ်မယ် ''

စကားလုံးနှစ်လုံးတည်းပြောပြီး
အသင့်ငှဲ့ထားသောရေနွေးကြမ်းကို
Chanyeolကမော့သောက်လိုက်သည်။

နေ့လည်က တွေ့လိုက်တဲ့ကောင်လေးသည်
သူကိုအချိန်နောက်ကျလုပ်နိုင်တဲ့
တစ်ခုတည်းသောအကြောင်းပြချက်ပင်ဖြစ်သည်။

ဤသို့ဖြင့် Chanyeolရဲ့စိတ်ထဲကို
တစ်စုံတစ်ယောက်က မသိမသာ
နေရာဝင်ယူလာတော့သည်။

TBC

______________________________________











Continue Reading

You'll Also Like

93.9K 12.5K 45
Seokjinแ€€ แ€„แ€ซแ€ทแ€กแ€ญแ€™แ€บแ€€แ€€แ€ปแ€ฝแ€”แ€บแ€œแ€ฑ... แ€กแ€ญแ€•แ€บแ€…แ€›แ€ฌแ€œแ€ฐแ€€แ€ฏแ€”แ€บแ€›แ€„แ€บแ€แ€ฑแ€ฌแ€„แ€บ แ€žแ€ฐแ€”แ€ฒแ€ทแ€แ€ฑแ€ฌแ€ทแ€™แ€กแ€ญแ€•แ€บแ€˜แ€ฐแ€ธแŠ แ€€แ€ปแ€ฝแ€”แ€บแ€…แ€ฑแ€ฌแ€บแ€”แ€ถแ€œแ€ญแ€ฏแ€ท...[ABO/kookjin]
104K 16K 20
Human & merman love story
43.7K 6.4K 40
"แž แž„แŸ’แžŸแž˜แŸ‚แž“แž‘แŸ?โ€‹แžแŸ’แžšแžนแž˜แžแŸ‚แž˜แžฝแž™แž”แŸ‰แž”แŸ’แžšแžทแž…แž—แŸ’แž“แŸ‚แž€แž™แžพแž„แž“แžนแž„แž’แŸ’แžœแžพแžขแŸ„แž™แž แž„แŸ’แžŸแž˜แžฝแž™แž“แŸ„แŸ‡แž”แžถแž€แŸ‹แžŸแŸ’แž›แžถแž” แž แžพแž™แž แž„แŸ’แžŸแžŠแŸแžŸแŸ’แžšแžŸแŸ‹แžŸแŸ’แžขแžถแžแž“แŸ„แŸ‡แžแŸ’แžšแžผแžœแžŸแŸ’แžแžทแžแž€แŸ’แž“แžปแž„แž€แž˜แŸ’แž˜แžŸแžทแž‘แŸ’แž’แž™แžพแž„แž˜แŸ’แž“แžถแž€แŸ‹แž‚แžแŸ‹"แž‡แžปแž„แž แŸ’แž‚แžปแž€ "แž™แžพแž„แžŠแžนแž„แž–แžธแžขแŸ’แžœแžธแž‘...
2.6K 403 7
แ€œแ€ฐแ€แ€ญแ€ฏแ€„แ€บแ€ธแ€›แ€ฒแ€ท แ€˜แ€แ€™แ€พแ€ฌ แ€œแ€™แ€บแ€ธแ€•แ€ปแ€ฑแ€ฌแ€€แ€บแ€žแ€ฝแ€ฌแ€ธแ€แ€ฒแ€ท แ€กแ€แ€ญแ€ฏแ€€แ€บแ€กแ€แ€”แ€ทแ€บแ€†แ€ญแ€ฏแ€แ€ฌ แ€›แ€พแ€ญแ€แ€แ€บแ€€แ€ผแ€แ€ฌแ€•แ€ฒ แ‹ แ€แ€…แ€บแ€แ€ซแ€แ€…แ€บแ€›แ€ถแ€€แ€ปแ€แ€ฑแ€ฌแ€ท แ€€แ€ญแ€ฏแ€šแ€บแ€œแ€ปแ€พแ€ฑแ€ฌแ€€แ€บแ€”แ€ฑแ€แ€ฒแ€ท แ€œแ€™แ€บแ€ธแ€€ แ€™แ€พแ€”แ€บแ€›แ€ฒแ€ทแ€œแ€ฌแ€ธ ? แ€€แ€ญแ€ฏแ€šแ€ทแ€บแ€กแ€ญแ€•แ€บแ€™แ€€แ€บแ€แ€ฝแ€ฑแ€”แ€ฑแ€ฌแ€€แ€บแ€œแ€ญแ€ฏแ€€แ€บ...