[ 23 ]

6.1K 1.2K 52
                                    

[ Unicode ]

အဖေနဲ့ ထမင်းအတူတူစားတယ်။

အဖေနဲ့ နေရာအစုံကိုလျှောက်သွားဖြစ်တယ်။

အဖေနဲ့ စကားတွေအများကြီးပြောတယ်။

အဖေနဲ့ ဓာတ်ပုံတွေရိုက်ဖြစ်တယ်။

ခပ်ဝါးဝါးပုံရိပ်တွေက မျက်ဝန်းထဲကနေ
အစီအရီဖြင့် ပျောက်ချင်းမလှပျောက်ကွယ်သွားသော
အခါ Baekhyun ခေါင်းကိုဖြည်းညင်းစွာ
ခါမိလိုက်သည်၊၊

တဆစ်ဆစ်ကိုက်နေသောခေါင်းကိုကိုင်ကာ
လှဲနေရာကနေ ချက်ချင်းထလိုက်လေသည်။
ပိုးသတ်ဆေးနံ့ကြိုင်နေသော အခန်းအပြင်အဆင်ကို သတိထားမိသည်နှင့်ချက်ချင်း ဆေးရုံသို့ရောက်နေမှန်း
ကို သူတန်းသိမိလိုက်သည်။

Park Alex ရဲ့ရှေ့မှာလှေကားပေါ်ကနေ
ကိုယ့်ဘာသာကိုခုန်ချခဲ့သည်ကိုလည်း
ချက်ချင်း သတိရမိသွားသည်။

Alex ကသူ့ကိုတွန်းချပါသည်လို့ကျောင်းက
သူတွေ ယုံမယုံတော့မသိ။လောလောဆယ်တော့
ခုန်ချခဲ့တဲ့ အကျိုးဆက်ကြောင့် Baekhyun
၏ခေါင်းတစ်ခုလုံးသည် ထုထောင်းခံထားရသလို
ကျိန်းစက်ကာ ချာချာလည်နေသည်။

ဒရာမာတွေထဲလို ကုတင်ဘေးနားမှာ
သတိရလာမယ့်အချိန်အထိ ထိုင်စောင့်ပေးနေမဲ့
သူလည်းမရှိ။

'' သတိရလာပြီပေါ့ ''

အသံလာရာနေရာသို့ အကြည့်တွေကိုရွေ့လျားလိုက်တော့
ပြတင်းပေါက်နားမှာ ကုတင်ကိုကျောပေးကာ
ရပ်နေသော Park Chanyeol ကိုသူတွေ့
လိုက်ရလေသည်။

'' မျက်လုံးက ကျောပြင်မှာပါရှိတာလား
လှည့်မကြည့်ဘဲနဲ့ ကျွန်တော်သတိရတာ
ခင်ဗျားဘယ်လိုသိလဲ? ''

Park Chanyeol သည်သူ့စကားကို
မဖြေသလို လှည့်လည်းလှည့်မကြည့်လာတာကြောင့်
Baekhyun ကဆက်မမေးနေတော့ဘဲ
ကိုယ်ပေါ်မှာလွှားထားသည့် စောင်ကိုဖယ်ရှားလိုက်သည်။

'' လှဲနေဦး အနားယူဖို့လိုအပ်တယ်လို့
ဆရာဝန်က မှာသွားတယ် ''

'' ကျွန်တော် သက်သာနေပြီ။
ဆက်အနားယူဖို့ မလိုတော့ဘူး ''

ပြောစကားကိုလုံးဝနားမထောင်ဘဲ
ဆေးသွင်းထားတာတွေကိုပါ ဆွဲဖြုတ်နေတဲ့
Baekhyun ကြောင့်Chanyeolက
ဆေးရုံကုတင်ပေါ်မှာ ဝင်ထိုင်လိုက်လေသည်။

HIGER [COMPLETED] Where stories live. Discover now