[ 4 ]

6.2K 1.1K 68
                                    

[ Zawgyi ]

အသံအနိမ့်အမြင့်မတူညီစွာဖြင့်
နားထဲသို့တိုးဝင်လာတဲ့ဆူညံသံတွေကြောင့်
စာရေးတဲ့ခုံပေါ်မှာမှောက်အိပ်နေတဲ့
Baekhyun နားငြီးလာတော့သည်။

ဒီလိုတွေကြောင့် သူအတန်းမတက်ချင်တာ။

ရာသီဥတုပူတဲ့ဒဏ်ကိုခံနိုင်ရည်ရှိသည်။
နားပူတဲ့ဒဏ်ကိုတော့သူလုံးဝမခံနိုင်။

အဲ့လိုနားပူတဲ့ဒဏ်ကိုမခံနိုင်တာကြောင့်
Baekhyun အတန်းမတက်တဲ့အချိန်တွေက
များသလို အိမ်မကပ်သည့်နေ့တွေကလည်း
ရေမတွက်နိုင်။

Baekhyun ရဲ့ Paradiseက
ကျောင်းလည်းမတက်၊အိမ်မှာလည်းမနေဘဲ
ကျောင်းဖယ်ရီကား Busပေါ်တွင်
တစ်ယောက်တည်း​နေရခြင်းပင်ဖြစ်သည်။

Baekhyun အမေရဲ့နောက်ယောကျာ်းက
ပိုက်ဆံရှိသူဋ္ဌေးဖြစ်တာကြောင့် သူ့ကိုကိုယ်ပိုင်ကား
ဝယ်ပေးပေမဲ့Baekhyunကလက်မခံ။

Baekhyun ရဲ့အကျင့်တစ်ခုက
Busကားကလွဲရင် ကျန်တဲ့ကားတွေကို
မစီးတတ်ခြင်းဖြစ်သည်။တစ်ခါတလေ
သူမကြည့်ရတဲ့ကားတွေဆိုရင်လည်း
စိတ်ကူးပေါက်ရင်ပေါက်သလို
ဖျက်ဆီးပစ်တတ်သေးသည်။

" ဒုန်း! "

Baekhyun မှောက်ပြီးအိပ်နေသည့်ခုံကို
ဝုန်းခနဲလာထုသည့်အသံကြောင့်
သူချက်ချင်းမော့ကြည့်လိုက်သည်။

" Alex ''

" မင်းနဲ့စာရင်းရှင်းစရာရှိတယ်
Byun Baekhyun!
မင်းသောကြာနေ့က ငါ့ရဲ့
ကားကိုဖျက်ဆီးသွားတဲ့ကိစ္စ! "

Alexရဲ့မျက်ဝန်းတွေက ယုန်ဖြူလေးကို
ခုန်အုပ်တော့မည့်ကျားတစ်ကောင်ရဲ့
အကြည့်တွေအတိုင်းစူးရှနေသလို
Baekhyunရဲ့အကြည့်တွေကလည်း
သားကောင်ရဲ့ချက်ကောင်းကို
ပစ်ခတ်တော့မည့်မုဆိုးတစ်ယောက်နှယ်
သတိကပ်ထားသည့်မျက်ဝန်းပင်ဖြစ်သည်။

Alexကလည်း Chanyeolရဲ့ကားကို
အထိအခိုက်ပွန်းပဲ့ရာဖြစ်အောင်လုပ်သွားတဲ့ Baekhyunကိုနည်းနည်းလေးမှမကျေနပ်။

သူ့ရဲ့ကိုယ်ပိုင်ကားကိုဖျက်လိုဖျက်ဆီးလုပ်တာထက်
Chanyeolရဲ့ကားဖြစ်နေတာကြောင့်၊
Chanyeolရဲ့ပိုင်ဆိုင်မှုတစ်ခုဖြစ်နေတာကြောင့်
Baekhyun ကိုတစ်ခုခုပြန်လုပ်ရမှ
ကျေနပ်နိုင်မည်ဖြစ်သည်။

HIGER [COMPLETED] Where stories live. Discover now