[ 11 ]

6.1K 1.1K 94
                                    

[ Unicode ]

" အခုထိကျောင်းမသွားသေးဘူးလား
Baekhyun! ဘယ်နှနာရီရှိနေပြီလဲ! ''

ညက ဂိမ်းဆော့နေရင်းဉာဥ့်နက်သွား
တာကြောင့်Baekhyun မှာမနက်
ရှစ်နာရီခွဲနေသည်အထိမျက်လုံးမဖွင့်နိုင်သေး။

တံခါးကိုလော့ချကာ အိပ်လေ့ရှိတဲ့
Baekhyunကြောင့် Baekhyun
အမေက အပြင်ကနေပဲ တံခါးကိုတဗုန်းဗုန်း
ထုကာ အခန်းထဲကနေ မထွက်လာသရွေ့
အော်ပြီးနှိုးရလေသည်။

" Byun Baekhyun
အခုချက်ချင်း ထလာစမ်း!
သူများတွေတောင်ကျောင်းရောက်နေပြီ
နင်ကအခုထိ စက်တော်ခေါ်နေတုန်း!

တစ်ညလုံး အဲ့ဒီ့ဖုန်းတစ်လုံးနဲ့အလေလိုက်
မနက်မိုးလင်းတော့မထနိုင်ဘူး!

ငါပြောတာကို ကြားလား!
အခုချက်ချင်း ထွက်ခဲ့စမ်း! "

တံခါးတစ်ချပ်ခြားနေသည့်တိုင်အောင်
အသံပါဝါကောင်းလှသောအမေဖြစ်သူကြောင့်
Baekhyun မှာဘယ်လိုမှဆက်အိပ်လို့မရတော့။

ချက်ချင်းငေါက်ကနဲကောက်ထိုင်ကာ
ကုတင်ခြေရင်းမှာ ပြန့်ကြဲနေတဲ့
အကျႌအဖြူနဲ့ ဘောင်းဘီရှည်ကို
ပြန်ကောက်ဝတ်လိုက်ပြီး ကျောပိုးအိတ်ကို
မြန်မြန်ဆန်ဆန်ပင် လွယ်လိုက်သည်၊၊

ဘယ်အချိန်ဖြစ်ဖြစ်အိပ်ယာကနေ
ထလိုက်တိုင်း ပုံပျက်သွားခြင်းမရှိတဲ့
နူးညံ့ပျော့အိနေသောဆံပင်တွေကို
Baekhyun ကစိတ်ပျက်လက်ပျက်နဲ့
ဆွဲဖွာလိုက်ပြီး အခန်းတံခါးကိုဖွင့်ပေးလိုက်သည်။

" ဘာလဲ ''

" ဘာကိုဘာလဲ လဲ
အချိန်ကိုကြည့်ဦး ဘယ်နှနာရီထိုးနေပြီလဲ
နင်ကျောင်းကိုဘယ်ချိန်သွားမှာလဲ
စာက ဘယ်အချိန်သင်မှာလဲ
ငါမသေခင်မှာ ပညာအမွေပေးတုန်းယူထားစမ်းပါ
.
နင်လည်း နင့်အဖေလိုစောက်သုံးမကျတဲ့သူပဲဖြစ်မှာ ''

ဒီတစ်ခါမှာတော့ Baekhyun က
ထပ်ပြီးမကြားချင်ယောင်မဆောင်နိုင်တော့။
အဖေဖြစ်သူကိုပါဆွဲထည့်ပြီးပြောလာတာကြောင့်
တစ်ချိန်လုံး ငြိမ်ငြိမ်လေးနားထောင်နေရာကနေ
ခေါင်းထောင်လာတော့သည်။

" အဖေနဲ့ဘာဆိုင်လို့လဲ
ပြောချင်ရင် ကျွန်တော့်ကိုပဲပြော!
အဖေ့ကိုစကားနဲ့တောင် မထိနဲ့
ကျွန်တော်မကြိုက်ဘူး! "

HIGER [COMPLETED] Where stories live. Discover now