[ 7 ]

6.1K 1.2K 90
                                    

/ Zawgyi /

" အား ငါ့ခေါင်း ခေါင်းတွေကိုက်လိုက်တာ ''

" အား ခါးကလည်းနာလာပြန်ပြီ ''

" ဆေးရုံအနံ့ကိုမုန်းလိုက်တာ
ဆေးရုံကပေးတဲ့အင်္ကျီကြီးကအသားလည်း
မ​ကောင်းဘူးနော် ''

ဆေးရုံကုတင်ပေါ်မှာခြေဆင်းလျက်ထိုင်ကာ
တရစပ်ပြောနေသည့်အဖေဖြစ်သူကြောင့်
ဆိုဖာပေါ်မှာသတင်းစာဖတ်နေသည့်
Chanyeolကခေါင်းကိုအသာလေး
ခါယမ်းလိုက်သည်။

" သက်သာလား Darling? "

Chanyeolအဖေရဲ့နောက်မိန်းမ
Rinaကလည်းသူ့ယောကျာ်းရဲ့
မသက်မသာပုံစံကြီးကိုကြည့်ပြီး
သူပါစိတ်မသက်မသာဖြစ်ရသည်။

" အား အဲ့ကောင်စုတ်လေး!
ငါမွေးရင်ငါ့မြေးအရွယ်လောက်​လေးက
ငါ့ကိုဆော်ပလော်တီးသွားတာ အား!
တွေးရင်းတွေးရင်း ဒေါသထွက်လာပြီ!
ဒင်းကြောင့် စာချုပ်လည်းမချုပ်လိုက်ရဘူး ''

မကျေမချမ်းပြောနေသော CEO Park
ရဲ့စကားကိုနားစွင့်နေရင်းChanyeol
မျက်လုံးထဲမှာပေါ်လာတာက
Byun Baekhyunဆိုတဲ့ကောင်လေး။

မနေ့တစ်နေ့ကပဲ အမေ့ရဲ့ပန်းအိုးတွေကို
ရိုက်ခွဲပစ်သည့်အပြင် အခုလည်းအဖေ့ကို
ဆေးရုံရောက်အောင်ပို့နိုင်တဲ့ကောင်လေး။

တွေ့လိုက်ရင်အမြဲဂျစ်တီးဂျစ်ကန်နဲ့
ဘယ်သူမှဂရုမစိုက်သောစတိုင်ဖြင့်
နေတတ်တဲ့ကောင်လေး။

ရယ်ခြင်းပြုံးခြင်းမရှိ မထိတထိမျက်နှာထားနဲ့
အမြဲနေတတ်တဲ့ကောင်လေး။

ဒီကောင်လေးက ဒီလောက်ဆိုးနေတာတောင်
ဘာလို့ချစ်စရာကောင်းနေလဲဆိုတာChanyeol
စဉ်းစားလို့မရ။

" ဪ ဒါနဲ့မနက်ဖြန်Alexမွေးနေ့နော် ''

CEO Parkကသတိပေးတော့မှ
Chanyeolလည်းမနက်ဖြန်ကAlex
မွေးနေ့ဆိုတာသတိရတော့သည်။

ငယ်ငယ်ကတော့ သူလိုချင်သည့်ဂိမ်းစက်တို့၊
ကားစက်ရုပ်တို့ဘာတို့ဝယ်ပေးလို့ရပေမဲ့
နည်းနည်းလေးအရွယ်ရောက်လာတော့
မွေးနေ့လက်ဆောင်ကိုဘာပေးရမလဲဟု
စဉ်းစားရတာခေါင်းခြောက်ရပြန်သည်။

Alexကသူ့ကိုနာရီနဲ့ဖိနပ်ကလွဲရင်
ကြိုက်တာပေးဟု​ပြောထားပြီးသားဖြစ်တာကြောင့်
တခြားအသုံးအဆောင်ပစ္စည်းတွေထဲက
အဆင်ပြေမဲ့တစ်ခုခုကိုပေးရန်​တွေးလိုက်လေသည်။

HIGER [COMPLETED] Where stories live. Discover now