[ 19 ]

5.9K 1.2K 88
                                    

[ Unicode ]

နံနက်ခြောက်နာရီဝေလီဝေလင်းအချိန်လောက်
တည်းက Baekhyun သည်ကျောင်းသို့
့စောစောသွားရန်အဆင်သင့်ဖြစ်နေပြီဖြစ်သည်၊၊

မနေ့ညက စာအုပ်ဆိုင်မှာတင်ပဲတစ်နေကုန်
သွားတာကြောင့် ဒီနေ့တော့ စာကြည့်တိုက်သို
့စောစောသွားရတော့မည်။

စာကြည့်တိုက်သို့သူက ဦးအောင်မရောက်ရင်
ရန်သူတော် ကပြားကောင် Alexနဲ့
စာကြည့်တိုက်မှာစာအုပ်လုနေရတော့မည်လည်း
ဖြစ်သည်။

ကိုယ့်စာကိုမလုပ်ဘဲ Baekhyun
ငှါးသမျှစာအုပ်တိုင်းကို လိုက်ကြည့်ကာ
ငှါးတတ်တဲ့ Alexကြောင့်သူစိတ်ရှုပ်ရသည်။

သူများစတိုင်လိုက်ခိုးတယ်
သူများလုပ်သလိုလိုက်လုပ်တယ်ဟု
ပြောမိရင်လည်း ထိုမျိုးမစစ်လေးသည်
စပ်စပ်ခါအောင် နာတတ်သေးသည်။

" ညဆိုလည်း ဉာဥ့်နက်မှပြန်လာတယ်
မနက်ဆိုရင်လည်း အစောကြီးထထသွားတယ်
ဘာတွေလုပ်နေတာလဲ Byun Baekhyun? "

လှေကားကိုဖြည်းဖြည်းလေးနင်းကာ
ဆင်းလာတာတောင် ဧည့်ခန်းမှာပင်
အမေဖြစ်သူနဲ့ တည့်တည့်ကြီးကိုတိုးတော့သည်။

Scholarship ဖြေဖို့လေ့ကျင့်နေသည်ဟုလည်း
နှုတ်ကနေထုတ်မပြောချင်တာကြောင့်
Baekhyun သည်ဘာမှပြန်မဖြေဘဲ
အသာလေးနှုတ်ဆိတ်နေလိုက်သည်။

Baekhyun ၏အကျင့်သည်
ငယ်ငယ်လေးတည်းကပြိုင်ပွဲတစ်ခုခုကို
ဝင်ပြိုင်တိုင်း အိမ်ကမိဘတွေကိုဘယ်တော့မှ
အသိပေးလေ့မရှိ။ဆုရတော့မှသာ ရော့အင့်ဆိုပြီး
ဆုတံဆိပ်ကို မိဘတွေလက်ထဲထိုးအပ်ပေးလိုက်သည်။

Baekhyun အဖေဆုံးပြီးတည်းက
စာကိုသေသေချာချာမလုပ်ဖြစ်တော့။
အဆင့်တွေကလည်း တရိပ်ရိပ်ထိုးကျလာသလို
အမှတ်တွေကလည်း တဖြည်းဖြည်းနဲ့အနုတ်ပြလာလေသည်။

အခုမှသာ Park Alex ကိုပြိုင်ချင်စိတ်ဖြင့်
စာကိုသေသေချာချာပြန်လေ့လာဖြစ်ခြင်းပင်။

" နင့်မှာ နားမပါဘူးလား
ဘယ်တွေသွားနေတာလဲ ဘာတွေလုပ်နေတာလဲလို့! "

" ဘယ်တုန်းက ကျွန်တော့်အကြောင်းတွေကို
ဒီလောက်တောင်စိတ်ဝင်စားသွားတာလဲ?
အရင်လိုပဲ ပစ်ထားပေးပါလား ဒါမှမဟုတ်
အရင်လိုပဲ မသိချင်ယောင်ဆောင်ပေး
ကျွန်တော်ဘာလုပ်လုပ်၊ နောက်ကျမှပဲ
ပြန်လာပြန်လာ စောစောပဲပြန်လာပြန်လာ ''

HIGER [COMPLETED] Where stories live. Discover now