[ 30 ]

5.3K 1.1K 92
                                    

( U )

'' အင်း ... ကျွန်တော်အခု Chan ကို ..အဲ.. Chanyeol Hyung ကို ထမင်းဘူးသွားပို့နေတာ..ကုမ္ပဏီကိုတောင်ရောက်နေပြီ ''

Alex ရဲ့ မွေးသမိခင်မာတာမိခင် Rina က အာရုံနောက်ခံတဲ့မဟုတ်။ CEO Park ဆုံးပြီးတစ်ပတ်လောက်သာ အိမ်မှာနေသည်၊ ဂျာနယ်လစ်တွေ၊သတင်းထောက်တွေရဲ့ မပြီးနိုင်မစီးနိုင်သော မေးမြန်းမှုတွေကို စိတ်လေသွားတာကြောင့် Japan ကိုခရီးထွက်သွားပြီဖြစ်သည်။

နဂိုတည်းက သားသမီးရဲ့ကိစ္စတွေကို စိတ်ဝင်စားမှုအားနည်းသူပီပီ အလှအပရေးရာနဲ့ ခရီးထွက်ပြီးဓာတ်ပုံရိုက်ဖို့ကိုသာ သူမရဲ့ခေါင်းထဲမှာရှိသည်၊

'' မာမီ ဘယ်တော့ပြန်လာမလဲ? ''

'' ဪ..အင်း..ရပါတယ် ''

ထမင်းဘူးကို လက်တစ်ဖက်ကဆွဲ၊ ဖုန်းကိုတစ်ဖက်ကနားထောင်၊ ကျောပိုးအိတ်ကလည်းလွယ်ထားသေးတဲ့ အထုတ်ကြီး၊အထုတ်ငယ်တွေနဲ့ Alex ကို ကုမ္ပဏီကလူတွေတောင် ကွက်ကြည့်ကွက်ကြည့် လုပ်သွားကြလေသည်။

'' မာမီ ကျွန်တော်တောင်းဆိုစရာရှိလို့..မာမီ နောက်အိမ်ထောင်ထပ်မပြုတော့ဘူးမလား၊ နောက်အိမ်ထောင်ထပ်မပြုနဲ့တော့နော် မာမီ၊ ကျွန်တော်ရလာမဲ့ ဒယ်ဒီအသစ်က Daddy Park လိုလူကောင်းရလိမ့်မယ်ဆိုတာ မသေချာတော့ဘူး၊ ဒယ်ဒီအသစ်ဘက်က ပါလာတဲ့သားသမီးတွေကရော Chan လို..အဲ Chanyeol Hyung လို ကျွန်တော်တို့အပေါ်မှာ ကောင်းမယ်လို့ ကျွန်တော်မထင်ဘူး ''

Alex ရဲ့ခြေလှမ်းတွေ အနည်းငယ်နှေးကွေးသွားပြီး ဖုန်းချတော့မည်ဖြစ်တဲ့ မာမီ့ကိုနောက်တစ်ခွန်း ပြောဖြစ်အောင်ပြောလိုက်သေးသည်။

'' ကျွန်တော့်မာမီက သန်မာတဲ့မိန်းမပါ၊ မာမီအတွက် ပါရမီဖြည့်ဘက်ဆိုတာ မလိုတော့တဲ့အထိကို မာမီကပြည့်စုံနေပြီလေ ''

တိခနဲပြတ်တောက်သွားသည့် ဖုန်းလိုင်းကိုကြည့်ပြီး Alex သက်ပြင်းမောတစ်ချက်ချလိုက်သည်။ လက်ထဲကထမင်းဘူးကို ငုံ့ကြည့်ကာအားပြန်တင်းလိုက်ပြီး Chanyeol ရုံးခန်းကိုသွားပို့ရန်အတွက် ဓာတ်လှေကားရှေ့မှာ သွားရပ်လိုက်တော့သည်။

'' ဟင်..ဒယ်ဒီရဲ့ အတွင်းရေးမှူး ''

ဟိုကြည့်ဒီကြည့်ဖြင့် ရှေ့ကလူတစ်ယောက်နောက်ကို သုတ်သုတ်ပျာပျာလိုက်သွားသည့် CEO Park ရဲ့အတွင်းရေးမှူးနောက်သို့ Alex မသိမသာ နောက်ယောင်ခံကာ လိုက်သွားလိုက်သည်။

HIGER [COMPLETED] Where stories live. Discover now