[ 26 ]

5.6K 1.1K 146
                                    

(U)

ထမင်းစားပွဲမှာ Chan ဘေးနားက သူ့နေရာကိုဝင်ဦးကာ ထိုင်နေတဲ့ Baekhyun ကြောင့် Alex စိတ်ညစ်သွားရသည်။ နေရာကနေဖယ်ပေးဟု ပြောလိုက်ချင်ပေမယ့် Chan ကိုယ်တိုင်က Baekhyun ထမင်းပန်းကန်ထဲကို ဟင်းတွေထည့်ပေး၊ Baekhyun နားသို့ကပ်ကာ နှစ်ကိုယ်ကြား စကားတွေပြောနေတာကြောင့် ပူးကပ်နေသည့်ထိုနှစ်ယောက်ကို ခွဲပစ်ကာအလယ်မှာဝင်ထိုင်ဖို့ အခွင့်မသာခဲ့။

Chan ထည့်ပေးသည့်ဟင်းတွေကို တမင်အရသာရှိရှိစားပြနေသည့် Baekhyun ကိုကြည့်ကာ Alex ရဲ့အူထဲ
အသည်းထဲမှာ တနုပ်နုပ်။

'' ရော့ ''

Alex က သခွားသီးသုပ်ကို Baekhyun ပန်းကန်ထဲသို့ထည့်ပေးလိုက်ပြီး ကောင်းကောင်းစားဟု နှုတ်ခမ်းလှုပ်ရုံ ပြောလိုက်သည်။ သူ သခွားသီးမကြိုက်မှန်းသိရက်နှင့် တမင်လုပ်သည့် Alex ရဲ့မျက်စိရှေ့မှာပဲ ထိုသခွားသီးသုပ်ကို ဘေးနားက Chanyeol ရဲ့ပန်းကန်ထဲသို့ ထည့်လိုက်သည်။

''  ~ ကိုယ်လည်း သခွားသီးမစားနိုင်တော့ဘူး ~ ''

Chanyeol က Baekhyun ထည့်ပေးသည့် သခွားသီးသုပ်ကို Alex ပန်းကန်ထဲသို့ထည့်ပေးလိုက်ပြီး ပြုံးပြလိုက်သည်။

'' များများစား၊ Alexက သခွားသီးကြိုက်တယ်မလား? ''

သခွားသီးသုပ်ကို ထမင်းဝိုင်းတစ်ပတ်လည်အောင် အပြန်အလှန်ထည့်ပေးနေကြတဲ့ Chanyeol တို့သုံးယောက်ကို ကြည့်ကာ CEO Park တို့လင်မယားနှစ်ယောက် အကြောင်သား ကြည့်နေကြသည်။

" ကိုကို ညနေကျရင် ကျွန်တော် steak စားချင်တယ်၊
ဆိုင်မှာသွားစားကြရအောင် ''

ထမင်းဝိုင်းမှာထိုင်နေတဲ့လူတွေ အကုန်လုံးကြားနိုင်သည့်အသံဖြင့် Baekhyun က Chanyeol လက်မောင်းကို လက်ညှိုးလေးဖြင့်တို့ထိကာ ပြောပြသည်။

'' အပြင်စာ မစားရဘူးနော် Chanyeol ~ အဟမ်း ~ ''

Chanyeol ရဲ့အဖေက ချောင်းတစ်ချက်ဟန့်ကာ Baekhyun ၏မျက်နှာကို စောင်းကြည့်လိုက်သည်။

ချစ်လှစွာသော ယောက္ခထီးကြီးကို Baekhyun တန်ပြန် စွေကြည့်ပေးလိုက်ပြီး Chanyeol ကိုထပ်ပြောသည်။

'' ကိုကို ညနေကျရင် အပြင်စာ စားကြမယ်နော် ''

'' အပြင်စာစားချင်ရင် အပြင်မှာသွားနေ !  ''

HIGER [COMPLETED] Where stories live. Discover now