[ 25 ]

5.5K 1K 145
                                    

(U)

ပန်းအဖြူရောင်တွေကိုနှစ်သက်သည့် Baekhyun အမေရဲ့ ပြုံးနေသောဓာတ်ပုံပတ်ပတ်လည်မှာ Daisy ပန်းအဖြူရောင်တို့က ခစားနေကြသည်၊၊

အစာအိမ်ကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေတာတောင် စကားတစ်ခွန်းမဟခဲ့သည် ထိုအမျိုးသမီးသည် နောက်ဆုံးထွက်သက်တိုင် Baekhyun ကိုမနှုတ်ဆက်သွား။

အမေက တော်တော်ကိုသွေးအေးပြီး ရက်စက်တဲ့အမျိုးသမီးဟု ပစ်ပစ်ခါခါပြောပစ်လိုက်ချင်ပေမယ့် 'အမေနေမကောင်းဘူး'ဟု ဝန်ခံပြောပြတုန်းက မသိကျိုးနွံပြုခဲ့တဲ့သူက ကိုယ်ပဲဖြစ်တာကြောင့် Baekhyun ပြဿနာမရှာဘဲ တိတ်တိတ်ကလေးသာ နေလိုက်တော့သည်။

အနည်းဆုံးတော့ ပွင့်ပွင့်လင်းလင်းပြောပြခဲ့သင့်တာပေါ့၊

၂၄ နာရီမှာ အနည်းဆုံး ၂၄ မိနစ်တောင် မျက်နှာချင်းမဆိုင်တာ အမေဖြစ်သူရဲ့ကျန်းမာရေးအခြေအနေကို သူကရိပ်မိမည်တဲ့လား။

အဖေ့ရဲ့နောက်ဆုံးအချိန်တုန်းက အမေ့ကိုမျှော်နေသလို
အမေ့ရဲ့နောက်ဆုံးအချိန်မှာလည်း သူ့ကိုများ မျှော်နေခဲ့မလား?

မဟုတ်ဘူး.. ဒါကိုယ်လုပ်လို့ ကိုယ်ပြန်ခံရတာ။

တကယ်လို့ အမေသာ အဖေရဲ့နောက်ဆုံးအချိန်မှာ အနားမှာရှိနေပေးရင် သူလည်းအမေရဲ့နောက်ဆုံးအချိန်မှာ အမေ့အနားမှာရှိနေပေးမှာ။

နောက်ဆုံးတော့ လူတကာအမြင်မှာ ဒီလူကသားဆိုး၊သားမိုက် လုံးလုံးဖြစ်သွားတာပါပဲလား ... ? အမေရောဂါရှိနေတယ်ဆိုတာတောင် တစ်အိမ်တည်းနေပြီးမသိခဲ့ရ၊သူများပြောမှသိရတာတဲ့လား?

ကျောင်းယူနီဖောင်းဝတ်စုံရဲ့ ရင်ဘတ်နေရာမှာ Byun Baekhyun ဟူသော name tag ကိုထိုးထားသကဲ့သို့ အမေသည် သားဆိုး၊သားမိုက်ဟူသောနာမည်ကို သူ့နှလုံးသားနေရာမှာ ထာဝရတံဆိပ်ကပ်သွားလေပြီ။

...

'' Kyoong ''

ပခုံးပေါ်ကျရောက်လာသည့် လက်တစ်စုံကြောင့် Baekhyun လှည့်ကြည့်လိုက်တော့ Chanyeol ပင်။

Chanyeol နောက်မှာ CEO Park နဲ့ Alexပါ
ပါလာသေးသည်။

'' ကိုယ်ရှိတယ် .. သွားနားရင်သွားနားလိုက် ''

HIGER [COMPLETED] Where stories live. Discover now