[ Zawgyi ]
ခါတိုင်းထက်အနည်းငယ်နောက်ကျပြီး
အိမ်ပြန်ရောက်တာကြောင့် အိပ်လောက်ပြီဖြစ်တဲ့
အဖေဖြစ်သူကိုမနှုတ်ဆက်တော့ဘဲ
Chanyeolကအပေါ်ထပ်က
သူ့အခန်းသို့သာခြေလှမ်းတွေကိုဦးတည်လိုက်သည်။" Chan ~ ''
မအိပ်ဘဲ လှေကားထိပ်မှာထိုင်စောင့်နေပုံရတဲ့
Alexက သူ့ကိုပြေးဖက်လာတာကြောင့်
Alexရဲ့ကျောပြင်ကိုပြန်ဖက်ရမဲ့အစား
Chanyeolကအနောက်သို့မယိုင်သွားအောင်
လှေကားလက်ရန်းကိုကိုင်ကာ ထိန်းလိုက်ရသည်။" မအိပ်သေးဘူးလား Alex? "
" Chanကို စောင့်နေတာ
ဒီနေ့နောက်ကျတယ်နော် မာမီတို့တောင်အိပ်သွားပြီ ''" အင်း..သိတယ် ''
Chanyeolကသူ့ရင်ခွင်ထဲတိုးဝင်ကာ
သူ့ခါးကိုဖက်ထားတဲ့ Alexရဲ့လက်တွေကို
ဖြုတ်ချလိုက်ပြီး လျော့ရဲရဲအပြုံးဖြင့်
ပြုံးပြလိုက်သည်။" အိပ်တော့လေ
မနက်ကျရင် ကျောင်းနောက်ကျနေဦးမယ် Alex ''" မနက်ဖြန် တနင်္ဂနွေနေ့လေ
ကျောင်းသွားစရာမလိုဘူး ''Alexကသူ့ရဲ့ Oceanရောင်မျက်ဝန်းလေး
နဲ့မော့ကြည့်လိုက်တော့ Chanyeolက
သူ့ကိုကြည့်မနေဘဲ တခြားဖက်ကိုမျက်နှာ
လွှဲထားသည်။" Good night Alex ''
ထိုစကားလေးသာပြောပြီးသူ့အိပ်ခန်းထဲသူ
ဝင်သွားပြီး တံခါးပါလော့ချသွားသည့်
Chanyeolရဲ့လုပ်ရပ်တွေကိုသူလိုက်မမီတော့။အခုလိုမအိပ်သေးဘဲသူ့ကို
အချိန်အကြာကြီးထိုင်စောင့်နေတယ်ဆိုတာ
ဘယ်လိုသဘောထားကြောင့်လဲဆိုတာကို
မရိပ်မိဘူးဆိုတာတော့ လုံးဝမဖြစ်နိုင်။ဘာပဲဖြစ်ဖြစ် Chanကိုသူဖက်ခွင့်ရလိုက်သလို
Good Night ဆိုသည့်စကားလေးလည်း
ကြားလိုက်ရတာကလည်းအမြတ်ပင်ဖြစ်သည်။" Good night Chan ''
Chanyeolရဲ့အိပ်ခန်းရှေ့မှာ
Alexကအကြာကြီး မတ်တပ်ရပ်နေမိသည်။.
တနင်္ဂနွေပိတ်ရက်ဖြစ်သည့်အတွက်
အရင်နေ့တွေကလိုစောစောမထဘဲ
ကိုးနာရီလောက်မှရေမိုးချိုးပြင်ဆင်ကာ
ဆင်းလာသည့် Chanyeolပုံစံကြောင့်
Alexစိတ်ထဲ ဘဝင်မကျသလိုဖြစ်သွားသည်။