HIGER [COMPLETED]
By Harry-Kim
262K 47.4K 3.9K
He is a mess but He is a masterpiece. More
[ 0 ]
[ 2 ]
[ 3 ]
[ 4 ]
[ 5 ]
[ 6 ]
[ 7 ]
[ 8 ]
[ 9 ]
[ 10 ]
[ 11 ]
[ 12 ]
[ 13 ]
[ 14 ]
[ 15 ]
[ 16 ]
[ 17 ]
[ 18 ]
[ 19 ]
[ 20 ]
[ 21 ]
[ 22 ]
[ 23 ]
[ 24 ]
24/1
24/2
24/3
24/4
24/5
24/6
24/7
[ 25 ]
[ 26 ]
[ 27 ]
[ 28 ]
[ 29 ]
[ 30 ]
FINALE
Harry's Note
[ 1 ]
10.5K 1.3K 113
By Harry-Kim
[ Zawgyi ]
ရောက်နေကြသည်။
ဖယ်ဆိုဖယ်လိုက်! "
ဘယ်သူမှ မဆွဲရဲကြပေ။
" Byun Baekhyun!
ဖယ်ဆိုဖယ်လိုက်! "
" ဟားဟား ရတယ်လေ! "
" ဟာ! "
ထိုင်နေလေသည်။
" ဘယ်လိုလုပ်မလဲ ?
" ကျေးဇူးပဲ Alex
" တောက်! "
Park Alex! "
...
" MD Park မင်္ဂလာပါ ''
" MD မင်္ဂလာပါ ''
လေးစားကြသည်။
CEO Park သည် Chanyeol
စိတ်လည်းမနာခဲ့ပါ။
မခိုအောင်းခဲ့ပေ။ မိဘဖြစ်သူတွေရဲ့
ယုံကြည်ထားသည်။
လည်းမထားပေ။အမှန်တကယ်တော့
••• Chan ညနေလာကြိုနော် •••
Alexဆီကပင်ဖြစ်လေသည်။
[ HIGER ❤ ]
Chanyeolကို Chanဟုသာ
" yep! "
လှမ်းကြည့်လိုက်သည်။
ကောင်လေးတစ်ယောက်။
ဆွဲထားသေးသည်။
" တောက် ''
လက်ညိုးကိုကစားကာ
ကိုမမြင်။Alex နဲ့စကားအချေအတင်
" Ok wait! "
" တွေ့ပြီ ''
ရသည်။
" ဘာ ဘာလုပ်မလို့လဲ? "
" Byun Byun Baekhyun ~ ''
" အ! "
ပင်ဖြစ်သည်။
ကိုယ့်နာမည်ထိုးထား။ငါ့ဆီရောက်တော့မှ
ငေးကြည့်နေမိသည်။
တောင်းပန်ရတော့လေသည်။
" i'm sorry Chan ''
" no problem ''
သွားရသည်။
Shirt အင်္ကျီတောင်ကြယ်သီးတစ်လုံး
TBC
______________________________________
[ Unicode ]
Shirtအဖြူ Style Pantအနက်
ဝတ်ထားသောကျောင်းသားတွေအကုန်လုံးရဲ့
အာရုံက သူတို့နှစ်ယောက်ဆီမှာ
ရောက်နေကြသည်။
ထူးထူးခြားခြားတော့မဟုတ်.
အမြဲတမ်းရန်ဖြစ်လေ့ဖြစ်ထရှိသော
ထိုနှစ်ယောက်က နေ့တိုင်းကိစ္စတစ်ခုမဟုတ်
တစ်ခုနဲ့တော့ငြိကြမြဲ ဖြစ်သည်။
" ငါ့နေရာကဖယ်ပေး Byun Baekhyun! "
" ဒီခုံကို မင်းပိုင်လို့လား?ပြီးတော့
ခုံမှာရော မင်းနာမည်ထွင်းထားလို့လား Alex? "
စာရေးခုံထောင့်စွန်းလေးကို လက်ညှိုးလေးနဲ့
အသာထိတွေ့ကာ Baekhyun က
မျက်ခုံးပင့်ပြီးမေးလိုက်လေသည်။
" ရှည်ရှည်ဝေးဝေးတွေမပြောချင်ဘူး
ဖယ်ဆိုဖယ်လိုက်! "
Tempo တဖြည်းဖြည်းမြင့်လာသော
ရန်ပွဲဖြစ်သော်လည်း ဘယ်သူကမှ
ဝင်မဆွဲကြ၊။မသိချင်ယောင်ဆောင်နေကာ
အသာလေး နားပဲစွင့်နေကြသည်။
လင်မယားကြားဝင်ပါတာထက်
သူတို့နှစ်ယောက်ရဲ့ရန်ပွဲကြားဝင်ဆွဲတဲ့
သူတိုင်းကလည်း ဆေးရုံကိုရောက်စမြဲ
ဖြစ်သောကြောင့် နောက်နောင်သူတို့နှစ်ယောက်
ရန်ဖြစ်တိုင်း ဆရာ၊ဆရာမတွေအပါအဝင်
ဘယ်သူမှ မဆွဲရဲကြပေ။
" Byun Baekhyun!
ငါစကားကို ရှည်ရှည်ဝေးဝေးမပြောချင်ဘူး
ဖယ်ဆိုဖယ်လိုက်! "
" မဖယ်ပေးနိုင်ဘူးဆိုရင်ကော ?''
" ဟားဟား ရတယ်လေ! "
Alexကသူ့စာရေးစားပွဲပေါ်မှာတင်ထားသည့်
Baekhyun ရဲ့စာအုပ်တွေကိုယူပြီး
ကျောင်းဝရံတာကနေ ပစ်ချလိုက်သည်။
" ဟာ! "
တစ်ခန်းလုံးက ဟာခနဲဟင်ခနဲအသံတွေ
ထွက်လာပေမဲ့ Baekhyunကတော့
ဘာမှမဖြစ်သောပုံစံဖြင့် ထိုနေရာ၌ထိုင်နေမြဲ
ထိုင်နေလေသည်။
" ဘယ်လိုလုပ်မလဲ ?
မင်းစာအုပ်တွေကိုငါလွှင့်ပစ်လိုက်ပြီ! "
စာသင်ချိန်မှာတစ်လုံးမှရေရေရာရာ
လိုက်မရေးသော Baekhyunအတွက်
သူ့စာအုပ်တွေယူလွှင့်ပစ်လိုက်ခြင်းက
ဘာမှထွေထွေထူးထူးမဖြစ်စေခဲ့။
" ကျေးဇူးပဲ Alex
မင်းကြောင့် ငါ့လွယ်အိတ်ပေါ့သွားပြီ! "
ခပ်ထေ့ထေ့မျက်နှာထားဖြင့်
မျက်လုံးတစ်ဖက်မှိတ်ပြကာပြောနေသော
Baekhyunကို ဆွဲထိုးချင်တဲ့စိတ်အား
အတင်းလျှော့ချလိုက်ပြီး Alexကနောက်ဆုံးတန်းမှာပဲ
ဝင်ထိုင်လိုက်တော့သည်။
" တောက်! "
စာအုပ်တစ်အုပ်ထုတ်လိုက်
တောက်တစ်ခါခေါက်လိုက်
ခုံကို လက်သီးဆုပ်နဲ့တဘုန်းဘုန်းထုလိုက်နဲ့
ကြိတ်မနိုင်ခဲမရဖြစ်နေသော Alexရဲ့
အသံကို Baekhyunကနားစွင့်ပြီး
ကျေကျေနပ်နပ်ကြီးပြုံးနေလိုက်သည်။
" ငါစာအုပ်တွေလွှင့်ပစ်ထားတော့
မင်းကိုလည်းတစ်ခုခုပြန်လုပ်ရဦးမှာပေါ့
Park Alex! "
Baekhyunက Alex ရဲ့ခုံကို
လက်ချောင်းတွေနဲ့အသာလေးခေါက်ကာ
တိုးတိုးလေးရေရွတ်လိုက်သည်။
...
" MD Park မင်္ဂလာပါ ''
" MD မင်္ဂလာပါ ''
ဝန်ထမ်းတွေတစ်ယောက်ချင်းစီကအလျှိုလျှို
ခေါင်းငုံ့ကာနှုတ်ဆက်သွားတာကြောင့်
Chanyeolကအလိုက်သင့်ပဲပြုံးပြလိုက်သည်။
လူငယ်ပီပီ စီးပွားရေးအတွေးအခေါ်တွေက
ကျယ်ပြန့်သလို အလုပ်လုပ်ရင်အမြဲစေ့စပ်
တာကြောင့် ပြိုင်ဘက်ကုမ္ပဏီတွေကတောင်
အံ့သြချီးကျူးရတဲ့ မန်နေဂျင်းဒါရိုက်တာ
Park Chanyeolဆိုမသိတဲ့သူမရှိ။
Chanyeolရဲ့အဖေ CEO Parkထက် Chanyeolကိုယ်တိုင်ကဒီကုမ္ပဏီရဲ့အခရာ
ကျတာကြောင့် ဝန်ထမ်းတစ်ယောက်ချင်းစီ
တိုင်းက Chanyeolကိုရှိန်လည်းရှိန်သလို
လေးစားကြသည်။
CEO Park မှာလည်း သားအရင်းဆိုလို့
Chanyeolတစ်ယောက်သာရှိတာကြောင့်
တခြားလုပ်ငန်းစုကသမီးရှင်တွေကလည်း
Chanyeolကိုတော်တော်မျက်စိကျကြသည်။
သို့သော်လည်း Chanyeolကအချစ်ရေးထက်
စီးပွားရေးကိုပဲ ဘွဲ့မရခင်တက္ကသိုလ်ကျောင်းသား
ဘဝတည်းက ဦးစားပေးလုပ်ကိုင်လာတာကြောင့်
အသက်ကနှစ်ဆယ့်ငါးကျော်နေသည့်တိုင်အောင်
လူပျိုကြီးလုပ်နေတုန်းပင် ဖြစ်သည်။
Chanyeolက အချစ်ရေးမှာစိတ်မဝင်စား
သလောက် Chanyeolရဲ့အဖေ CEO
Park ကတော့အချစ်ရေးအချစ်ရာမှာ
နည်းပြတစ်ဦးပင်ဖြစ်သည်။
Chanyeolအသက်ဆယ့်ရှစ်နှစ်တွင်
CEO Park သည် Chanyeol
အမေနဲ့ကွဲပြီး Chanyeolအတွက်
ဒုတိယမိသားစုကို ဖန်တီးပေးခဲ့သည်။
Rina ဟုခေါ်သည့်တစ်ခုလပ်နိုင်ငံခြားသူနဲ့
လက်ထပ်ခဲ့သော CEO Parkကို
Chanyeol စိတ်လည်းမဆိုးသလို
စိတ်လည်းမနာခဲ့ပါ။
ထို့အတူ ငယ်ချစ်ဦးဟုခေါ်သောအမျိုးသားနဲ့
ပြန်လက်တွဲသွားသော အမေဖြစ်သူကိုလည်း
Chanyeol စိတ်ကွက်ခြင်းမရှိခဲ့။
Broken Family ဖြစ်သွားပြီဟူ၍
အတွေးလည်း Chanyeolစိတ်ထဲမှာ
မခိုအောင်းခဲ့ပေ။ မိဘဖြစ်သူတွေရဲ့
နှလုံးသားရေးရာမှာ ဝင်စွက်ဖက်ခြင်းမရှိ။
အမြဲတမ်းရန်ဖြစ်ဆူပူသောင်းကျန်းနေမည့်
မိသားစုဖြစ်နေတာထက်စာရင်
ကိုယ့်နဲ့စိတ်တူကိုယ်တူရှိမည့်သူနဲ့
အေးအေးဆေးဆေးလက်တွဲသွားတာက
ပိုကောင်းသည်ဟုလည်း Chanyeolက
ယုံကြည်ထားသည်။
အဖေဖြစ်သူကဖန်တီးပေးသော
ဒုတိယမိသားစုနဲ့လည်း လိုက်လျောညီထွေ
နေပေးခဲ့သလို အမေဖြစ်သူရဲ့ငယ်ချစ်ဦး
ကိုလည်း လေးလေးစားစားဆက်ဆံသည်။
သူ့ခေါင်းထဲမှာ စီးပွားရေးအကြောင်းပဲ
ရှိသလို ဘယ်သူဘယ်ဝါကိုမှအမုန်းတရား
လည်းမထားပေ။အမှန်တကယ်တော့
ဘဝဟာ နေတတ်ရင်ကျေနပ်စရာကြီးပင်။
Rina ဟူသည့်အမျိုးသမီးကလည်း
Chanyeol အဖေကို မယားဝတ္တရားနဲ့
အညီပြုစုစောင့်ရှောက်ပေးတာကြောင့်
ထွေထွေထူးထူးပြဿနာမရှိ။
အကယ်၍ CEO Parkဆုံးသွားတဲ့အခါမှာ
အမွေကိစ္စစကားပြောလာပြီဆိုရင်တောင်
တစ်ဝက်တိတိခွဲပေးဖို့အထိ Chanyeol
စဉ်းစားထားပြီးသားဖြစ်သည်။
Rinaရဲ့အရင်အိမ်ထောင်ကပါလာသော
Alex ဟုခေါ်သည့်ကောင်လေးကိုလည်း
Chanyeol ဘက်ကညီအရင်းတစ်ယောက်
သဖွယ်သာခေါ်ပြောဆက်ဆံသည်။
OCEANရောင်မျက်ဝန်းလေးတွေနဲ့
Alexသည် သူ့အမေRina ထံမှ
သေသပ်ပိရိသောနှာတံကိုအမွေရထားသည်။
ကပြားတစ်ယောက်ဖြစ်သော်ငြား
native speaker တစ်ယောက်လို
ကိုရီးယားစကားကိုလည်လည်ပတ်ပတ်
ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်သည်။
••• Chan ညနေလာကြိုနော် •••
Message အသံကြားတာကြောင့်
ဖွင့်ကြည့်လိုက်တော့ ထုံးစံအတိုင်း
Alexဆီကပင်ဖြစ်လေသည်။
Chanyeolရဲ့နေ့တိုင်းမပျက်မကွက်
လုပ်ရသည့်အလုပ်တစ်ခုရှိသေးသည်။
အဲ့ဒါကတော့ သွေးမတော်သားမစပ်ညီဖြစ်သူ
Alex ကိုကျောင်းသွားကြိုရခြင်းပင်ဖြစ်သည်။
[ HIGER ❤ ]
Chanyeolက ကျောင်းထိပ်မှာကားကို
ထိုးရပ်လိုက်ပြီး လေးနာရီကျရင်ကျောင်းဆင်းမည့်
Alexကို ကားပေါ်ကနေပဲစောင့်နေလိုက်သည်။
အလုပ်ကနေတန်းပြီးလာရတာဖြစ်တာကြောင့်
အနောက်တိုင်းဝတ်စုံတောင်မလဲရသေးပေ။
Alexကိုဒီတိုင်းချည်းပဲ ထိုင်မစောင့်ချင်တာကြောင့်
Laptopကိုဖွင့်ကာ မနက်ဖြန်လုပ်မည့်
အစည်းအဝေးအတွက်အချက်အလက်တွေ
ပြန်လည်စိစစ်နေလိုက်သည်။
ဆယ့်ငါးမိနစ်လောက်ကြာတော့ ကားမှန်
ခေါက်သံကြားတာကြောင့် ဖွင့်ပေးလိုက်တော့
Alexက ပြုံးပြုံးလေးနဲ့ကားပေါ်တက်လာသည်။
" Chan စောင့်ရတာကြာသွားလား? "
အနောက်တိုင်းသားတွေရဲ့ထုံးစံအတိုင်း
အစ်ကိုတွေအစ်မတွေထည့်မခေါ်ဘဲ
နာမည်ကိုပဲ တိုက်ရိုက်ခေါ်သည့်Alexက
Chanyeolကို Chanဟုသာ
အဖျားစွတ်ပြီးခေါ်လေသည်။
" သိပ်မကြာသေးပါဘူး သွားကြမယ်လေ ''
" yep! "
Chanyeolလာကြိုသည့်ညနေတိုင်း
ကလေးတစ်ယောက်လိုပျော်မြူးနေတဲ့
Alexက seat beltပတ်မည်ကြံနေတုန်း
ကားတံခါးခေါက်သံကြားတာကြောင့်
Chanyeolပါ အပြင်ဘက်ကို
လှမ်းကြည့်လိုက်သည်။
Alexနဲ့ရွယ်တူလောက်ပင်ရှိမည့်
ကောင်လေးတစ်ယောက်။
ကျောင်းယူနီဖောင်းကnecktieကို
လျော့ရဲရဲစည်းထားပြီး နားတစ်ဖက်မှာလည်း
ဘရိတ်ဓားပုံစံ နားဆွဲအရှည်ကြီး
ဆွဲထားသေးသည်။
Alexရဲ့မျက်နှာထက တင်းခနဲဖြစ်သွားတာကြောင့်
ထိုကောင်လေးနဲ့သူငယ်ချင်းမဖြစ်လောက်ဘူးဟု
Chanyeolတစ်ဆက်တည်းတွေးမိလိုက်သည်။
" တောက် ''
လက်ညိုးကိုကစားကာ
ကားပေါ်ကနေဆင်းလာရန်ခေါ်နေတာကြောင့်
Alexကတောက်တစ်ချက်ခေါက်ပြီး
ကားပေါ်ကနေဆင်းကာ ကားတံခါးကို
မြန်မြန်ပိတ်လိုက်သည်။
မှန်အနက်တွေတပ်ဆင်ထားတာကြောင့်
အပြင်ကကောင်လေးသည် Chanyeol
ကိုမမြင်။Alex နဲ့စကားအချေအတင်
ဖြစ်နေတာကိုတော့ ကားထဲကနေလှမ်းကြည့်ရင်း
Chanyeolရိပ်စားမိသည်။
" ဘာကိစ္စလဲ မြန်မြန်ပြော!
ငါက အချိန်နဲ့အခါနဲ့အိမ်ပြန်ရမှာ!
မင်းလို လမ်းမှာအလေလိုက်နေတာမဟုတ်ဘူး ''
" Ok wait! "
Baekhyunကလွယ်အိတ်ထဲကနေ
တစ်ခုခုကိုရှာနေတာကြောင့်
Alexကလက်ပိုက်ပြီးစောင့်ကြည့်နေလိုက်သည်။
" တွေ့ပြီ ''
ဖျတ်ခနဲထောင်ပြလာသောသံချောင်းသေးသေး
ချွန်ချွန်လေးကြောင့် Alexမျက်လုံးပြူးသွား
ရသည်။
" ဘာ ဘာလုပ်မလို့လဲ? "
" Byun Byun Baekhyun ~ ''
" ဟေ့ကောင် မင်း မ မတိုးလာနဲ့နော် ''
Baekhyun ကခြေတစ်လှမ်းတိုးလာတိုင်း
Alexကခြေတစ်လှမ်းဆုတ်လိုက်ဖြင့်
ဆုတ်ရင်းဆုတ်ရင်း ဆုတ်စရာနေစရာမရှိတော့။
Alexကိုယ်လုံးက ကားနဲ့Baekhyunရဲ့
ခန္ဓာကိုယ်ကြားမှာညှပ်သွားလေသည်။
Alexကလည်းသံချောင်းချွန်ချွန်ကို
မြှောက်ကိုင်ထားတဲ့Baekhyunကြောင့်
လန့်နေမိသလို ကားထဲကChanyeol
ကလည်း Baekhyunရဲ့လုပ်ရပ်တစ်ခုချင်းစီကို
သေချာစိုက်ကြည့်နေမိသည်။
" အ! "
မျက်လုံးဆီကိုရောက်လာပြီထင်သော
သံချောင်းကြောင့် မျက်လုံးကိုလက်နှင့်
အမြန်အုပ်ကာအော်မိလိုက်သည်။
သို့သော် Baekhyunရဲ့သံချောင်းက
Alexရဲ့မျက်လုံးကိုတော့မဟုတ်။
Chanyeolရဲ့ကား bodyကို
အစင်းကြောင်းတွေဖြစ်အောင်ရေးဆွဲနေခြင်း
ပင်ဖြစ်သည်။
ကားထဲကနေထိုင်ကြည့်နေတဲ့
Chanyeolကလည်း သူ့ကားကိုတစ်ခုခု
လုပ်နေသည့်ကောင်လေးရဲ့မျက်နှာကိုသာ
သေသေချာချာစူးစိုက်ကြည့်မိနေသည်။
" နောက်တစ်ခါကျရင် ကိုယ်ပိုင်တဲ့ပစ္စည်းကို
ကိုယ့်နာမည်ထိုးထား။ငါ့ဆီရောက်တော့မှ
အဲ့ဒါငါ့ဟာပါလို့ complainမတက်နဲ့!
အကုန်လုံးကိုဖျက်ဆီးလိုက်မယ်! "
သံချောင်းကိုမြေပြင်ပေါ်ပစ်ချကာ
လွယ်အိတ်ကိုတစ်ဖက်တည်းလွယ်ပြီး
ထွက်သွားသည့် Baekhyunကို
Alexလည်းတော်တော်ကြာကြာအကြောင်သား
ငေးကြည့်နေမိသည်။
Chanyeolကလည်း Baekhyun
ထွက်သွားပြီးနည်းနည်းကြာတော့မှ
ကားပေါ်ကနေဆင်းပြီး သူ့ကားအခြေအနေကို
ရှိုးလိုက်တော့ BBHဆိုတဲ့အစင်းကြောင်းကြီးက
ထည်ထည်ဝါဝါကြတည်ရှိနေလေသည်။
အတော်လန့်သွားပုံရတဲ့ Alexကလည်း
Chanyeolကိုမြင်တော့မှ
ကားအစင်းကြောင်းရာကြီးအတွက်
တောင်းပန်ရတော့လေသည်။
" i'm sorry Chan ''
" no problem ''
ကိစ္စမရှိပါဘူးဟုပြောကာ Chanyeolက
ပခုံးပင်တွန့်ပြလိုက်သေးသည်။
" workshop ပို့ရမယ်ထင်တယ် ''
" ရတယ် ဒီတိုင်းလေးပဲစီးမယ် ''
Workshop ကိုဖုန်းဆက်ရန်ပြင်နေသော
Alexကိုတားကာ BBHဟုရေးထားသော
အစင်းကြောင်းကြီးကိုပြုံးပြီးကြည့်နေတဲ့
Chanyeolကြောင့် Alexကြောင်အ
သွားရသည်။
Shirt အကျႌတောင်ကြယ်သီးတစ်လုံး
ပြုတ်သွားရင်မဝတ်တော့တဲ့သူက
BBHဟုထင်းနေသည့်အစင်းကြောင်းကြီးနဲ့
ကားကိုဒီတိုင်းစီးမည်တဲ့လား။
Chanyeolကတော့ ဘောင်းဘီအိပ်ကပ်
တစ်ဖက်ထဲကိုလက်ထည့်ကာပြုံးနေလေသည်။
TBC
______________________________________
Continue Reading
You'll Also Like
217K 9.6K 23
[မျက်စိကမြင်တဲ့ အရာကို ဦးနောက်ကလက်မခံနိုင်ခဲ့ရင်တောင် နှလုံးသားကအမှန်တရားဘက်ကရပ်တည်ပေးနေမှာပဲ ] *Own Fic *
407K 56.5K 37
Overprotective big brothers fall for each other's little brothers. (Nov 6th, 2018 - May 7th 2020)
237K 23.1K 70
ដោយសារតែគុំនំបានធ្វើអោយក្មេងប្រុសដែលមានបេះដូងបរិសុទ្ធស្រស់ស្អាតប្រែក្លាយជាក្មេងពឹសពុលពោពេញដោយល្បិចកល់ គេហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែនាមជាប្រពន្ធចុងបុរសច...
232K 13.3K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ