လုစံအိမ်တွင်......
လုလျန်း၏ အခန်းတွင်း၌ ဖြစ်၏။နေ့လည်စာစားပြီးကြခဲ့ပြီ။
"ဒါက မလှဘူးလား?နင် ဘယ်လိုထင်လဲ?"လုလျန်းက ညနေ ပွဲအတွက် ပြင်ဆင်ထားသည့် အသစ်စက်စက် ဝတ်စုံကို လုပေါင်အား ပြရင်း မေးလိုက်တယ်။
"အင်း လှတယ် ပြီးတော့ နင် ဒါနဲ့ဆို မူးမေ့သတိလဲလောက်အောင်ကို ကြည့်ကောင်းလိမ့်မယ်၊တကယ်တော့ ဒီတံဆိပ်က အမြဲတမ်း အကောင်းဆုံးပဲ။"လုပေါင်က ကုလားထိုင်တွင် ပျင်းရိစွာ ကျောမှီထိုင်နေရင်း ပြန်ဖြေလိုက်၏။
"နင် မှန်တယ်၊ဒါနဲ့ နင့်ရဲ့ ဝတ်စုံကရော?ညနေအတွက် ပြင်ဆင်ပြီးပြီလား?"လုလျန်းက ဝတ်စုံကို သူမ ဗီရိုထဲ ပြန်ထည့်ရင်း မေးလိုက်ပြန်သည်။
"ဟင့်အင်း! ငါ အခုထိ ဘယ်တစ်ခု ဝတ်ကမလဲဆိုတာ ဆုံးဖြတ်ချက် မချနိုင်သေးဘူး၊ငါတို့် မိသားစုတွေထဲက တစ်ယောက်ယောက်ကို ငါ လိုက် မေးဖို့လိုတယ်။ငါ့ အခန်းကို အရင်သွားရအောင်။"လုပေါင်က တစ်စုံတစ်ခုကို တွေးမိရင်း ရုတ်တရက် ထရပ်လိုက်၏။
လုလျန်း အခန်းမှ သူတို့ ထွက်လာကြပြီး လုပေါင်အခန်းသို့ ဦးတည် သွားတော့တယ်။
သူတို့ လမ်းလျှောက်နေစဥ်အတွင်း လုလျန်းက မေး၏ "ငါတို့ ဘယ်သူ့ကို မေးသင့်လဲ?"
"ယောကျာ်းတွေထဲက တစ်ယောက်ကို မေးရအောင်၊ဘယ်ဝတ်စုံ အကောင်းဆုံးလဲဆိုတာ သူတို့တွေ ငါတို့ကို ပြောပြနိုင်လိမ့်မယ်"လုပေါင်က ပြန်ဖြေသည်။
"တကယ်လား?"
"အင်း!ဘယ်သူ့ကို မေးရမလဲ စဥ်းစားရအောင်၊အသက်ကြီးတဲ့ လူတေွကို မေ့လိုက်၊ငါတို့ အစ်ကိုတွေထဲက တစ်ယောက်ကို မေးသင့်တယ်"
"အစ်ကိုတွေ?ငါတို့ အစ်ကို လုဟန်ဆီ သွားသင့်လား?"လုလျန်းက မေးတယ်။
လုပေါင်က ခေါင်းခါလေသည်။"ဟင့်အင်း!ဆက်စပ် ပစ္စည်းတွေနဲ့အတူ သူ့ဇနီးရဲ့ ငြင်းချက်တွေကို ဖြေရှင်းဖို့ သူ့ဦးနှောက်ကို ဆွဲဆန့်ထားရလိမ့်မယ်ဆိုတာ ငါသေချာတယ်"
လုလျန်းကလည်း ထောက်ခံ၏ "မှန်တယ်၊ဒါဆို အစ်ကို လုချောင်ရော?"
"ဟင့်အင်း ဒီနေ့က တနင်္ဂနွေနေ့ ဒါကြောင့် သူအနှစ်သက်ဆုံးလူနဲ့ အလုပ်ရှုပ်နေမှာ"လုပေါင်က စဥ်းစားရင်း ပြန်ဖြေလေသည်။
"Yup!သူ လုလီကျွင်းနဲ့ ကွန်ပျူတာ ကစားနေလောက် မှာ"လုလျန်းက သက်ပြင်းချတော့၏။
လုပေါင်က ခေါင်းငြိမ့်ရင်း ထပ်ပြော၏ "ဒါတစ်ခုတည်း မဟုတ်သေးဘူး။သူက ငါတို့ကို ဘယ်လိုမှကို မဆက်ဆံတာ။အဲ့ဒီရေခဲတောင်ကြီးက ရခေဲဘောလုံးလေးအတွက်သာ ပျော်ဝင်နေတာ"
"Hmm...အမှန်ပဲ"
"နေဦး!" လုပေါင်ရဲ့ မျက်လုံးတွေက ပျော်ရွှင်မှုနဲ့ လင်းလက်သွား၏။
"ဘာဖြစ်ပြန်တာလဲ?"လုလျန်းက မေးလိုက်တယ်။
စင်္ကြန်လမ်း၏ အဆုံးတွင် ရပ်နေသော လူတစ်ယောက်ကို သူမက လက်ညှိုးထိုးပြလေသည်။
"ကြည့်!"လုပေါင်က စိတ်လှုပ်ရှားစွာပြောတယ်။
"အစ်ကို လုဖန်း?သူက ဒီအချိန် အိမ်မှာ ဘာလို့ ရှိနေတာလဲ?အခုက နေ့လည်ပဲရှိသေးတယ် ညသန်းခေါင်မှမဟုတ်တာ"လုလျန်းရဲ့ မျက်နှာပေါ်မှာ အ့ံအားသင့်နေသော အမူအရာ ရှိနေ၏။
လုဖန်းရဲ့ ပုံမှန်လုပ်ရိုးလုပ်စဥ်အရ သူက မနက်စာ စားပြီးတာနဲ့ ထွက်သွားပြီး ညသန်းခေါင်မှာ ပြန်လာလေ့ရှိ၏။သူ့ကို အိမ်မှာ ဒီလို တွေ့ရတာ ဖြစ်ခဲလေသည်။
"သူ့ကိုမေးရအောင်!"ထိုစကားကို ပြောရင်း သူမ ရှေ့သို့ လျှောက်သွားလေတယ်။
မိသားစုဝင်တွေထဲမှာ လုဖန်းက အေးစက်သလို နေပြပြီး တသီးတခြား နေတတ်သောကြောင့် လူလျန်းမှာ သူ့ရှေ့ရောက်ရင် ကြောက်ရွွံ့နေတတ်၏။သူမက ကြောက်ရွံ့နေပြီး အ့ံအားသင့်စွာ ပြောလေတယ် "ဘာလဲ?နင်သေချင်လို့လား?သူက ငါတို့မိသားစုထဲက နောက်ထပ် ရေခဲတောင်ကြီးလေ!"
"စိတ်မပူနဲ့၊ရေခဲတောင်က အပြင်ဘက် မှာ ခက်ထန်ပေမယ့် အတွင်းဘက်ကတော့ နူးည့ံပါတယ်။သွားရအောင်!"လုပေါင်က သူ့အစ်ကိုအကြောင်းကို တစ်ခြားလူထက် ကောင်းကောင်းသိ၏။
သူတို့က ရှေ့သို့ သုတ်သုတ်ပြာပြာ ပြေးသွားခြင်းကြောင့် လုဖန်း မထွက်သွားခင်မှာပဲ သူတို့ဖမ်းမိလိုက်သည်။လုဖန်းက ဖုန်းကလိရင်း သူ့အခန်း အပြင်သို့ ထွက်လာခဲ့၏။အန္တရာယ်က သူ့ဆီလာနေမှန်း သူ မခံစားမိချေ။
"အစ်ကို လုဖန်း"လုပေါင် သူ့နာမည်ကို ခေါ်လိုက်၏။သူမက သူရှေ့တွင် ခြေစုံရပ်လိုက်ပြီး လုလျန်းကတော့ သူမနောက် ပုန်းနေလေ၏။
"ဘာလဲ?"သူရပ်တန့်လိုက်ကာ လုပ်နေကျအတိုင်း အေးစိမ့်စိမ့်နိုင်သည့် အမူအရာနဲ့ မေးလိုက်သည်။
သူ့ရဲ့ ပြင်းထန်တဲ့ ပြန်ဖြေမှုက သူတို့နှစ်ယောက်ကို ကြောက်လန့်စေတယ်။"ညီ...ညီမတို့ အစ်ကိုရဲ့ အကူအညီလိုလို့၊ညီမတို့ဆီ လာနိုင်မလား?"
"အဲ့ဒါကဘာလဲ?" တူညီတဲ့အသံနဲ့ သူက ပြန်မေးလေ၏။
လုပေါင်က သူမကိုယ်တိုင် စိတ်ကို ငြိမ်သက်လိုက်ကာ "ညီမ ဒါကို ဒီမှာ ပြလို့မရဘူး..."သူမ တန်းလန်းထားခဲ့လေတယ်။
"ဒါဆို?"သူမ အစ်ကိုက ပြန်မေးသည်။
"အစ်ကို ညီမရဲ့ အခန်းကို လာမှရမယ်"သူမက တောင်းဆိုလိုက်သော်လည်း အခုထိ ကြောက်ရွံ့နေသေး၏။
"ငါ့ကို ဒီမှာပြ၊ငါ အလောကြီးနေတယ်"လုဖန်းက စိတ်အနှောင့် အယှက်ဖြစ်နေတဲ့ အသံနဲ့ အသိပေးသည်။
ချက်ချင်းပဲ လုပေါင်က သူမရဲ့ အသံကို ပြောင်းလိုက်ရတော့တယ်။မိန်းမငယ်လေးက သူမရဲ့အစ်ကိုကြီးကို တစ်စုံတစ်ခု မေးနေသလိုမျိုး သူမရဲ့ လျို့ဝှက်လက်နက်ကို ထုတ်သုံးရတော့သည်။
"အစ်ကို ကျေးဇူးပြုပြီး"သူမရဲ့ ခွေးပေါက်လေး၏ မျက်လုံးများနှင့် မသဲမကွဲပြော၏။
လုဖန်းက သူမကို မြင်သော်လည်း ဆက်ကစားနေသည်။ သူမက သူ့ကို တစ်စုံတစ်ခု မေးတိုင်း ထိုသို့ လုပ်ပြခဲ့သည်မှာ ကြာမြင့်ခဲ့ချေပြီ။သူမကို ငြင်းပယ်ဖို့ မဖြစ်နိုင်တော့မှန်း သူတွေ့ရှိသွားတော့သည်။
"အဲ့ဒါကို မြန်မြန်လုပ်"သူ အသိပေးလိုက်၏။
ရေခဲတောင်ကြီး အနည်းငယ် အရည်ပျော်သွားတာနဲ့ လုပေါင်က အလွန် ပျော်ရွှင်သွား၏။သူမက အခန်းသို့ ဦးတည်သွားလိုက်သော်လည်း အခန်းထဲသို့ မဝင်ပဲ တံခါးနားတွင် ရပ်နေလေသည်။
"ဒီမှာထိုင်"လုပေါင်က သူမအခန်းထဲမှာ ကုလားထိုင်ကို ညွှန်ပြရင်း အသိပေးလေ၏။
ဘာမှမတုံ့ပြန်ပဲ လုဖန်းကတော့ ထိုနေရာတွင်သာ ရပ်နေလေသည်။လုပေါင်က အလျင်အမြန် ဗီရိုကို ဖွင့်လိုက်ကာ ဝတ်စုံနှစ်စုံ ထုတ်ယူလိုက်၏။သူမက တစ်စုံကို လုလျန်းကို ပေးလိုက်ကာ တစ်စုံကို သူမလက်တွင် ကိုင်ထားလိုက်တယ်။
"အစ်ကို လုဖန်း ဘယ်အရောင်က ကြည့်လို့ကောင်းလဲ? ညီမဆိုလိုတာက ဘယ်ဟာက ညီမနဲ့ အကောင်းဆုံး လိုက်ဖက်လဲ?"သူမရဲ့ အသံက မျှော်လင့်ခြင်းများနှင့် ပြည့်နေလေကာ မေးလိုက်၏။
"ဘာက ကွာခြားလို့လဲ?"သူ့နှာခေါင်းရဲ့ အထက်ရိုးပိုင်းကို လက် မ လက်ညှိးနှင့် ညှစ်ရင်း ဝတ်စုံတွေကို ကြည့်ကာ မေးလိုက်သည်။
လုဖန်းက ထိုနှစ်ယောက်ကို မြင်ကတည်းက စိတ်အနှောင့် အယှက်ဖြစ်သွား၏ သို့သော်လည်းသူတို့ စိတ်မကောင်း ဖြစ်မသွားစေချင်တဲ့အတွက်ကြောင့် ထွက်သွားဖို့ မပြောလိုက်ဘူး။
"အစ်ကို လုဖန်း သေချာကြည့်"သူမ ခုနက သူ့မျက်နှာပေါ်မှ အနှောင့်အယှက်ဖြစ်နေမှုကို မြင်လိုက်ပြီးသော်လည်း စိတ်လှုပ်ရှားစွာဖြင့် သူ့အား ထပ်မေးလိုက်ပြန်တယ်။
"နှစ်ခုလုံးက ပန်းရောင်တွေကြီးပဲ"သူက ကောက်ချက်ချလိုက်သော်လည်း တကယ့်ကို စိတ်တိုနေပြီ။
"မဟုတ်ဘူး အစ်ကို! ဒါက ခရမ်းရောင်သန်းပြီး ဒါက အပြာရောင်သန်းတယ်"လုပေါင်က ဝတ်စုံတစ်စုံချင်းစီကို ထိုးပြရင်း ပြော၏။
သူက စိတ်အနှောင့် အယှက်ဖြစ်မှုနှင့် ဆူပူတော့မည့် အချိန်မှာပဲ တစ်စုံတစ်ယောက်က သူ့ကို ဖြတ်တောက်လိုက်သည်။
"မင်းတို့ လူမှန်ကို ဖမ်းမိထားတာပဲ"လုဟန်က အခန်းထဲသို့ ဝင်လာရင်း ထင်မြင်ချက်ပေးလေသည်။
သူက တံခါး အပြင်ဘက်ကနေ ထိုဖြစ်ရပ်တစ်ခုလုံးကို ကြည့်နေခဲ့ပြီး သူ့ညီရဲ့ စိတ်အနှောင့် အယှက်ဖြစ်မှုနှင့် စိတ်တိုလာသော မျက်နှာကို ကြည့်ကာ ရယ်ချင်တာကို ထိန်းမရတော့ချေ။
"အစ်ကို လုဟန် ဘယ်တစ်ခုကောင်းလဲဆိုတာ အစ်ကို ညီမကိုပြော"လုပေါင်က ငေးစိုက်ကြည့်နေခြင်းကို လုဖန်းမှ လုဟန်သို့ ပြောင်းလိုက်တော့၏။
"ငါ့ကို မမေးနဲ့တော့ ဒီနေ့အတွက် မင်းရဲ့ယောင်းမ မေးခွန်းတွေနဲ့ပဲ ငါ့အကန့်အသတ်က ပြည့်စုံသွားပြီ"လုဟန်က လေးလေးပင်ပင် သက်ပြင်းချတော့သည်။
"အရောင်တွေရဲ့ ကဲွဲပြားချက်ကို အစ်ကို မြင်နိုင်တယ် မှန်တယ်မလား?" သူမ မျှော်လင့်နေတာက တစ်ခုတည်း 'ဟုတ်တယ်'
"အရောင်တွေရဲ့ အရိပ်တွေ ကဲွဲပြားခြားနားတာကို မိန်းမတွေသာလျှင် မြင်နိုင်ကြတယ်။မင်းကို မကူညီနိုင်တဲ့အတွက် ဒီသနားစရာကောင်းတဲ့ အစ်ကိုကို ခွင့်လွှတ်ပေးပါ"လုဖန်းကို ထွက်သွားရန် ကမ်းလှမ်းလိုက်ရင်း လုဟန်က ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။
လုဖန်းက သက်ပြင်းချကာ "ငါသွားတော့မယ်၊သွားဖို့လိုနေပြီ"
လုဖန်း အခန်းထဲက ထွက်သွားမယ့်အချိန်မှာပဲ သေးငယ်တဲ့ ပုံရိပ်လေးက အခန်းထဲဝင်လာကာ သူရဲ့လမ်းကြောင်းကို ရပ်တန့်စေလိုက်တော့၏။
..................................................................
(Zawgyi)
လုစံအိမ္တြင္......
လုလ်န္း၏ အခန္းတြင္း၌ ျဖစ္၏။ေန႕လည္စာစားၿပီးၾကခဲ့ၿပီ။
"ဒါက မလွဘူးလား?နင္ ဘယ္လိုထင္လဲ?"လုလ်န္းက ညေန ပြဲအတြက္ ျပင္ဆင္ထားသည့္ အသစ္စက္စက္ ဝတ္စုံကို လုေပါင္အား ျပရင္း ေမးလိုက္တယ္။
"အင္း လွတယ္ ၿပီးေတာ့ နင္ ဒါနဲ႕ဆို မူးေမ့သတိလဲေလာက္ေအာင္ကို ၾကည့္ေကာင္းလိမ့္မယ္၊တကယ္ေတာ့ ဒီတံဆိပ္က အၿမဲတမ္း အေကာင္းဆုံးပဲ။"လုေပါင္က ကုလားထိုင္တြင္ ပ်င္းရိစြာ ေက်ာမွီထိုင္ေနရင္း ျပန္ေျဖလိုက္၏။
"နင္ မွန္တယ္၊ဒါနဲ႕ နင့္ရဲ႕ ဝတ္စုံကေရာ?ညေနအတြက္ ျပင္ဆင္ၿပီးၿပီလား?"လုလ်န္းက ဝတ္စုံကို သူမ ဗီရိုထဲ ျပန္ထည့္ရင္း ေမးလိုက္ျပန္သည္။
"ဟင့္အင္း! ငါ အခုထိ ဘယ္တစ္ခု ဝတ္ကမလဲဆိုတာ ဆုံးျဖတ္ခ်က္ မခ်နိဳင္ေသးဘူး၊ငါတို့္ မိသားစုေတြထဲက တစ္ေယာက္ေယာက္ကို ငါ လိုက္ ေမးဖို႔လိုတယ္။ငါ့ အခန္းကို အရင္သြားရေအာင္။"လုေပါင္က တစ္စုံတစ္ခုကို ေတြးမိရင္း ႐ုတ္တရက္ ထရပ္လိုက္၏။
လုလ်န္း အခန္းမွ သူတို႔ ထြက္လာၾကၿပီး လုေပါင္အခန္းသို႔ ဦးတည္ သြားေတာ့တယ္။
သူတို႔ လမ္းေလွ်ာက္ေနစဥ္အတြင္း လုလ်န္းက ေမး၏ "ငါတို႔ ဘယ္သူ႕ကို ေမးသင့္လဲ?"
"ေယာက်ာ္းေတြထဲက တစ္ေယာက္ကို ေမးရေအာင္၊ဘယ္ဝတ္စုံ အေကာင္းဆုံးလဲဆိုတာ သူတို႔ေတြ ငါတို႔ကို ေျပာျပနိုင္လိမ့္မယ္"လုေပါင္က ျပန္ေျဖသည္။
"တကယ္လား?"
"အင္း!ဘယ္သူ႕ကို ေမးရမလဲ စဥ္းစားရေအာင္၊အသက္ႀကီးတဲ့ လူတေွကို ေမ့လိုက္၊ငါတို႔ အစ္ကိုေတြထဲက တစ္ေယာက္ကို ေမးသင့္တယ္"
"အစ္ကိုေတြ?ငါတို႔ အစ္ကို လုဟန္ဆီ သြားသင့္လား?"လုလ်န္းက ေမးတယ္။
လုေပါင္က ေခါင္းခါေလသည္။"ဟင့္အင္း!ဆက္စပ္ ပစၥည္းေတြနဲ႕အတူ သူ႕ဇနီးရဲ႕ ျငင္းခ်က္ေတြကို ေျဖရွင္းဖို႔ သူ႕ဦးႏွောက္ကို ဆြဲဆန့္ထားရလိမ့္မယ္ဆိုတာ ငါေသခ်ာတယ္"
လုလ်န္းကလည္း ေထာက္ခံ၏ "မွန္တယ္၊ဒါဆို အစ္ကို လုေခ်ာင္ေရာ?"
"ဟင့္အင္း ဒီေန႕က တနဂၤႏြေေန႕ ဒါေၾကာင့္ သူအႏွစ္သက္ဆုံးလူနဲ႕ အလုပ္ရႈပ္ေနမွာ"လုေပါင္က စဥ္းစားရင္း ျပန္ေျဖေလသည္။
"Yup!သူ လုလီကြၽင္းနဲ႕ ကြန္ပ်ဴတာ ကစားေနေလာက္ မွာ"လုလ်န္းက သက္ျပင္းခ်ေတာ့၏။
လုေပါင္က ေခါင္းၿငိမ့္ရင္း ထပ္ေျပာ၏ "ဒါတစ္ခုတည္း မဟုတ္ေသးဘူး။သူက ငါတို႔ကို ဘယ္လိုမွကို မဆက္ဆံတာ။အဲ့ဒီေရခဲေတာင္ႀကီးက ရေခဲေဘာလုံးေလးအတြက္သာ ေပ်ာ္ဝင္ေနတာ"
"Hmm...အမွန္ပဲ"
"ေနဦး!" လုေပါင္ရဲ႕ မ်က္လုံးေတြက ေပ်ာ္႐ႊင္မႈနဲ႕ လင္းလက္သြား၏။
"ဘာျဖစ္ျပန္တာလဲ?"လုလ်န္းက ေမးလိုက္တယ္။
စၾကၤန္လမ္း၏ အဆုံးတြင္ ရပ္ေနေသာ လူတစ္ေယာက္ကို သူမက လက္ညွိုးထိုးျပေလသည္။
"ၾကည့္!"လုေပါင္က စိတ္လႈပ္ရွားစြာေျပာတယ္။
"အစ္ကို လုဖန္း?သူက ဒီအခ်ိန္ အိမ္မွာ ဘာလို႔ ရွိေနတာလဲ?အခုက ေန႕လည္ပဲရွိေသးတယ္ ညသန္းေခါင္မွမဟုတ္တာ"လုလ်န္းရဲ႕ မ်က္ႏွာေပၚမွာ အ့ံအားသင့္ေနေသာ အမူအရာ ရွိေန၏။
လုဖန္းရဲ႕ ပုံမွန္လုပ္ရိုးလုပ္စဥ္အရ သူက မနက္စာ စားၿပီးတာနဲ႕ ထြက္သြားၿပီး ညသန္းေခါင္မွာ ျပန္လာေလ့ရွိ၏။သူ႕ကို အိမ္မွာ ဒီလို ေတြ႕ရတာ ျဖစ္ခဲေလသည္။
"သူ႕ကိုေမးရေအာင္!"ထိုစကားကို ေျပာရင္း သူမ ေရွ႕သို႔ ေလွ်ာက္သြားေလတယ္။
မိသားစုဝင္ေတြထဲမွာ လုဖန္းက ေအးစက္သလို ေနျပၿပီး တသီးတျခား ေနတတ္ေသာေၾကာင့္ လူလ်န္းမွာ သူ႕ေရွ႕ေရာက္ရင္ ေၾကာက္႐ြြံ႕ေနတတ္၏။သူမက ေၾကာက္႐ြံ႕ေနၿပီး အ့ံအားသင့္စြာ ေျပာေလတယ္ "ဘာလဲ?နင္ေသခ်င္လို႔လား?သူက ငါတို႔မိသားစုထဲက ေနာက္ထပ္ ေရခဲေတာင္ႀကီးေလ!"
"စိတ္မပူနဲ႕၊ေရခဲေတာင္က အျပင္ဘက္ မွာ ခက္ထန္ေပမယ့္ အတြင္းဘက္ကေတာ့ ႏူးည့ံပါတယ္။သြားရေအာင္!"လုေပါင္က သူ႕အစ္ကိုအေၾကာင္းကို တစ္ျခားလူထက္ ေကာင္းေကာင္းသိ၏။
သူတို႔က ေရွ႕သို႔ သုတ္သုတ္ျပာျပာ ေျပးသြားျခင္းေၾကာင့္ လုဖန္း မထြက္သြားခင္မွာပဲ သူတို႔ဖမ္းမိလိုက္သည္။လုဖန္းက ဖုန္းကလိရင္း သူ႕အခန္း အျပင္သို႔ ထြက္လာခဲ့၏။အႏၱရာယ္က သူ႕ဆီလာေနမွန္း သူ မခံစားမိေခ်။
"အစ္ကို လုဖန္း"လုေပါင္ သူ႕နာမည္ကို ေခၚလိုက္၏။သူမက သူေရွ႕တြင္ ေျခစုံရပ္လိုက္ၿပီး လုလ်န္းကေတာ့ သူမေနာက္ ပုန္းေနေလ၏။
"ဘာလဲ?"သူရပ္တန့္လိုက္ကာ လုပ္ေနက်အတိုင္း ေအးစိမ့္စိမ့္နိုင္သည့္ အမူအရာနဲ႕ ေမးလိုက္သည္။
သူ႕ရဲ႕ ျပင္းထန္တဲ့ ျပန္ေျဖမႈက သူတို႔ႏွစ္ေယာက္ကို ေၾကာက္လန့္ေစတယ္။"ညီ...ညီမတို႔ အစ္ကိုရဲ႕ အကူအညီလိုလို႔၊ညီမတို႔ဆီ လာနိုင္မလား?"
"အဲ့ဒါကဘာလဲ?" တူညီတဲ့အသံနဲ႕ သူက ျပန္ေမးေလ၏။
လုေပါင္က သူမကိုယ္တိုင္ စိတ္ကို ၿငိမ္သက္လိုက္ကာ "ညီမ ဒါကို ဒီမွာ ျပလို႔မရဘူး..."သူမ တန္းလန္းထားခဲ့ေလတယ္။
"ဒါဆို?"သူမ အစ္ကိုက ျပန္ေမးသည္။
"အစ္ကို ညီမရဲ႕ အခန္းကို လာမွရမယ္"သူမက ေတာင္းဆိုလိုက္ေသာ္လည္း အခုထိ ေၾကာက္႐ြံ႕ေနေသး၏။
"ငါ့ကို ဒီမွာျပ၊ငါ အေလာႀကီးေနတယ္"လုဖန္းက စိတ္အႏွောင့္ အယွက္ျဖစ္ေနတဲ့ အသံနဲ႕ အသိေပးသည္။
ခ်က္ခ်င္းပဲ လုေပါင္က သူမရဲ႕ အသံကို ေျပာင္းလိုက္ရေတာ့တယ္။မိန္းမငယ္ေလးက သူမရဲ႕အစ္ကိုႀကီးကို တစ္စုံတစ္ခု ေမးေနသလိုမ်ိဳး သူမရဲ႕ လ်ိဳ႕ဝွက္လက္နက္ကို ထုတ္သုံးရေတာ့သည္။
"အစ္ကို ေက်းဇူးျပဳၿပီး"သူမရဲ႕ ေခြးေပါက္ေလး၏ မ်က္လုံးမ်ားႏွင့္ မသဲမကြဲေျပာ၏။
လုဖန္းက သူမကို ျမင္ေသာ္လည္း ဆက္ကစားေနသည္။ သူမက သူ႕ကို တစ္စုံတစ္ခု ေမးတိုင္း ထိုသို႔ လုပ္ျပခဲ့သည္မွာ ၾကာျမင့္ခဲ့ေခ်ၿပီ။သူမကို ျငင္းပယ္ဖို႔ မျဖစ္နိုင္ေတာ့မွန္း သူေတြ႕ရွိသြားေတာ့သည္။
"အဲ့ဒါကို ျမန္ျမန္လုပ္"သူ အသိေပးလိုက္၏။
ေရခဲေတာင္ႀကီး အနည္းငယ္ အရည္ေပ်ာ္သြားတာနဲ႕ လုေပါင္က အလြန္ ေပ်ာ္႐ႊင္သြား၏။သူမက အခန္းသို႔ ဦးတည္သြားလိုက္ေသာ္လည္း အခန္းထဲသို႔ မဝင္ပဲ တံခါးနားတြင္ ရပ္ေနေလသည္။
"ဒီမွာထိုင္"လုေပါင္က သူမအခန္းထဲမွာ ကုလားထိုင္ကို ၫႊန္ျပရင္း အသိေပးေလ၏။
ဘာမွမတုံ႕ျပန္ပဲ လုဖန္းကေတာ့ ထိုေနရာတြင္သာ ရပ္ေနေလသည္။လုေပါင္က အလ်င္အျမန္ ဗီရိုကို ဖြင့္လိုက္ကာ ဝတ္စုံႏွစ္စုံ ထုတ္ယူလိုက္၏။သူမက တစ္စုံကို လုလ်န္းကို ေပးလိုက္ကာ တစ္စုံကို သူမလက္တြင္ ကိုင္ထားလိုက္တယ္။
"အစ္ကို လုဖန္း ဘယ္အေရာင္က ၾကည့္လို႔ေကာင္းလဲ? ညီမဆိုလိုတာက ဘယ္ဟာက ညီမနဲ႕ အေကာင္းဆုံး လိုက္ဖက္လဲ?"သူမရဲ႕ အသံက ေမွ်ာ္လင့္ျခင္းမ်ားႏွင့္ ျပည့္ေနေလကာ ေမးလိုက္၏။
"ဘာက ကြာျခားလို႔လဲ?"သူ႕ႏွာေခါင္းရဲ႕ အထက္ရိုးပိုင္းကို လက္ မ လက္ညွိးႏွင့္ ညွစ္ရင္း ဝတ္စုံေတြကို ၾကည့္ကာ ေမးလိုက္သည္။
လုဖန္းက ထိုႏွစ္ေယာက္ကို ျမင္ကတည္းက စိတ္အႏွောင့္ အယွက္ျဖစ္သြား၏ သို႔ေသာ္လည္းသူတို႔ စိတ္မေကာင္း ျဖစ္မသြားေစခ်င္တဲ့အတြက္ေၾကာင့္ ထြက္သြားဖို႔ မေျပာလိုက္ဘူး။
"အစ္ကို လုဖန္း ေသခ်ာၾကည့္"သူမ ခုနက သူ႕မ်က္ႏွာေပၚမွ အႏွောင့္အယွက္ျဖစ္ေနမႈကို ျမင္လိုက္ၿပီးေသာ္လည္း စိတ္လႈပ္ရွားစြာျဖင့္ သူ႕အား ထပ္ေမးလိုက္ျပန္တယ္။
"ႏွစ္ခုလုံးက ပန္းေရာင္ေတြႀကီးပဲ"သူက ေကာက္ခ်က္ခ်လိဳက္ေသာ္လည္း တကယ့္ကို စိတ္တိုေနၿပီ။
"မဟုတ္ဘူး အစ္ကို! ဒါက ခရမ္းေရာင္သန္းၿပီး ဒါက အျပာေရာင္သန္းတယ္"လုေပါင္က ဝတ္စုံတစ္စုံခ်င္းစီကို ထိုးျပရင္း ေျပာ၏။
သူက စိတ္အႏွောင့္ အယွက္ျဖစ္မႈႏွင့္ ဆူပူေတာ့မည့္ အခ်ိန္မွာပဲ တစ္စုံတစ္ေယာက္က သူ႕ကို ျဖတ္ေတာက္လိုက္သည္။
"မင္းတို႔ လူမွန္ကို ဖမ္းမိထားတာပဲ"လုဟန္က အခန္းထဲသို႔ ဝင္လာရင္း ထင္ျမင္ခ်က္ေပးေလသည္။
သူက တံခါး အျပင္ဘက္ကေန ထိုျဖစ္ရပ္တစ္ခုလုံးကို ၾကည့္ေနခဲ့ၿပီး သူ႕ညီရဲ႕ စိတ္အႏွောင့္ အယွက္ျဖစ္မႈႏွင့္ စိတ္တိုလာေသာ မ်က္ႏွာကို ၾကည့္ကာ ရယ္ခ်င္တာကို ထိန္းမရေတာ့ေခ်။
"အစ္ကို လုဟန္ ဘယ္တစ္ခုေကာင္းလဲဆိုတာ အစ္ကို ညီမကိုေျပာ"လုေပါင္က ေငးစိုက္ၾကည့္ေနျခင္းကို လုဖန္းမွ လုဟန္သို႔ ေျပာင္းလိုက္ေတာ့၏။
"ငါ့ကို မေမးနဲ႕ေတာ့ ဒီေန႕အတြက္ မင္းရဲ႕ေယာင္းမ ေမးခြန္းေတြနဲ႕ပဲ ငါ့အကန့္အသတ္က ျပည့္စုံသြားၿပီ"လုဟန္က ေလးေလးပင္ပင္ သက္ျပင္းခ်ေတာ့သည္။
"အေရာင္ေတြရဲ႕ ကဲွဲပြားချက်ကို အစ္ကို ျမင္နိုင္တယ္ မွန္တယ္မလား?" သူမ ေမွ်ာ္လင့္ေနတာက တစ္ခုတည္း 'ဟုတ္တယ္'
"အေရာင္ေတြရဲ႕ အရိပ္ေတြ ကဲွဲပြားခြားနားတာကို မိန္းမေတြသာလွ်င္ ျမင္နိုင္ၾကတယ္။မင္းကို မကူညီနိုင္တဲ့အတြက္ ဒီသနားစရာေကာင္းတဲ့ အစ္ကိုကို ခြင့္လႊတ္ေပးပါ"လုဖန္းကို ထြက္သြားရန္ ကမ္းလွမ္းလိုက္ရင္း လုဟန္က ကုလားထိုင္တြင္ ဝင္ထိုင္လိုက္သည္။
လုဖန္းက သက္ျပင္းခ်ကာ "ငါသြားေတာ့မယ္၊သြားဖို႔လိုေနၿပီ"
လုဖန္း အခန္းထဲက ထြက္သြားမယ့္အခ်ိန္မွာပဲ ေသးငယ္တဲ့ ပုံရိပ္ေလးက အခန္းထဲဝင္လာကာ သူရဲ႕လမ္းေၾကာင္းကို ရပ္တန့္ေစလိုက္ေတာ့၏။