ကျန်းစံအိမ်တွင်
ကျန်းယန်နဲ့ ကျန်းယွီယန်တို့ နေ့လည်စာ စားပြီးနောက် ရုပ်ရှင်ကြည့်နေကြ၏။
"ဒါကကောင်းတယ်"ရုပ်ရှင်ကားထဲမှ တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းကို ကြည့်ရင်း သူက စိတ်ဝင်စားနေကာ ရယ်မောတော့တယ်။
"ဟုတ်တယ် ဒီတိုက်ခိုက်တဲ့ဇာတ်ကွက်က ဟာသပဲ ပြီးတော့ ဒါက ဂျက်ကီချန်းရဲ့ကားလေ ထခုန်ချင်လောက်အောင် စိတ်ဝင်စားဖို့ ကောင်းတယ်"ကျန်းယွီယန်က သူမအစ်ကိုနဲ့ ကိုက်ညီစွာ စိတ်ဝင်စားမှုအပြည့်ဖြင့် သူမ အချိန်တိုင်း ကြိုက်ရတဲ့ သရုပ်ဆောင်ကို ချီးမွမ်းပြောကြား၏။
"ဒါက ငါတို့အတူတူ ပျော်ရွှင်လို့ရတဲ့ တစ်ခုတည်းသော အရာပဲ၊မဟုတ်ရင် ငါတို့က အမြဲတမ်း စကားများနေပြီး တစ်ယောက်ကို တစ်ယောက် စိတ်အနှောင့်အယှက် ပေးနေကြတာလေ"
သူတို့နှစ်ယောက်လုံးက ဂျက်ကီချန်းရဲ့ အမာခံ ပရိတ်သတ်တွေ ဖြစ်ကြပြီး သူရဲ့ကားတွေကို တူတူကြည့်ရတာ ကြိုက်နှစ်သက်ကြတယ်။အမေရိကက သူတို့အိမ်မှာ ထိုသူရဲ့ရုပ်ရှင်ကားအစုလိုက် ရှိလေပြီး ဘယ်ကားမဆို သူတို့ ကြည့်၏။
"ထပ်စမလာနဲ့၊သာသာယာယာ ရုပ်ရှင်ကြည့်ပါရစေ။ဒါက နောက်ဆုံး တိုက်ခိုက်တဲ့အခန်း ပြီးတော့ ဒါက ဇာတ်လမ်းရဲ့ အထွတ်အထိပ်ပဲ"ကျန်းယွီယန်က ရုပ်ရှင်ကားထဲ နစ်မြုပ်နေလေပြီ။
ထိုနှစ်ယောက်က ဆိုဖာပေါ်မှာ ပျင်းရိစွာ လှဲရင်း ရုပ်ရှင်ကြည့်နေကြခြင်းပင်။
"ငါတို့ ကလေးအရွယ်တုန်းက ရုပ်ရှင်တွေကြည့်ပြီး ကွန်ဖူးအတန်းကို တက်ခဲ့ကြတာ မင်းမှတ်မိလား?"ကျန်းယန်က အမှတ်တရနေ့ရက်ဟောင်းတွေကြောင့် ပြုံးရင်း မေးလိုက်၏။
"ဟုတ်တယ်!ညီမတို့ တော်တော်ရူးခဲ့ကြတာပဲ"သူမကလည်း အတိတ်ကို သတိရရင်း ပြုံးလေတယ်။
"တကယ့်ကိုပဲ!ဘယ်လိုတိုက်ရလဲဆိုတာ မင်းမှတ်မိသေးလား?"သူ့ညီမက မေ့နေမယ်ဆိုတာ သေချာတဲ့အတွက် သူက မေးလိုက်ခြင်းပင်။
"အတတ်နိုင်ဆုံး အသက်ရှင်ဖို့ ဘယ်လိုတိုက်ရတယ်ဆိုတာ ညီမမှတ်မိတယ်"ကျန်းယွီယန်က ဂုဏ်ယူစွာ ပြန်ဖြေလိုက်၏။
"မင်း တစ်ယောက်ယောက်ကို ရိုက်ခဲ့တာ တော်တော်ကြာပြီမို့ ငါက မင်းမေ့နေပြီ ထင်တာ"သူ့ညီမကို ကြည့်ရင်း သူက ထင်မြင်ချက်ပေးလိုက်လေတယ်။
"ညီမက မလိုအပ်တဲ့ အကြမ်းဖက် မှုတွေ မကြိုက်ဘူး"သူမရဲ့ စကားလုံးတွေက ကိုယ်ကျင့်သိက္ခာအရ မှန်ကန်၏။အနည်းငယ် စိတ်ကြီးဝင်နေမှုနဲ့ သူမက ပြောခြင်းဖြစ်လေသည်။
"ဟုတ်တယ်၊ မင်းမှန်တာပေါ့။မကြာခဏ မင်းစိတ်ဆိုးတိုင်းသာ ရိုက် မယ်ဆိုရင် မင်းကြောင့် နာကျင်ခဲ့တဲ့ လူနာတွေကို ကုရင်း ငါ့ရဲ့အချိန်တွေကို ဆေးရုံမှာ ကုန်ဆုံးရတော့မှာပဲ"ကျန်းယန် သူမကို မျက်လုံးမှိတ်ပြလိုက်တယ်။
"ညီမက အဲ့လောက်တော့ မလုပ်ပါဘူး"
"ငါသိတယ် ပြီးတော့ ငါက မင်းရဲ့ အဲ့ဘက်ကို ပိုကြိုက်တယ်။"
"ဟုတ်လား!ညီမရောပဲ"သဘောတူညီရင်း သူမက မေးပြန်သည် "စကားမစပ် အစ်ကို ဘယ်အချိန်မှ ဆေးရုံကို ဆက်သွယ်မှာလဲ?"
"ငါ မနက်ဖြန်လောက် ဆက်သွယ်ဖြစ်မယ်ထင်တယ် ဒါပေမယ့် ငါ တစ်ပတ်လောက် အချိန်ဆွဲမယ်လို့ စီစဥ်ထားတယ် ဒါမှ နွေရာသီအားလပ်ရက် မှာ ငါပျော်နိုင်မှာလေ"ကျန်းယန်က သူ့ခြေထောက်တွေကို ပျင်းရိစွာ ဆွဲဆန့်လိုက်ပြီး ကျန်းယွီယန်ကတော့ သက်ပြင်းချ၍သာ ပြန်တုံ့ပြန်၏။
"မင်းကရော?ကောလိပ်ကို ဘယ်အချိန်လောက် စသွားမှာလဲ?" ကျန်းယန် မေးလိုက်သည်။
"မိဘတွေ ဆုံးဖြတ်ချက်အတိုင်း ညီမလုပ်မှာ၊ တစ်ခုခုကို နားလည် သဘောပေါက်ထားလို့ သူတို့ ညီမကို ဒီကို ပြန်ခေါ်ထားတာလေ"သူမက ပြန်ဖြေပြီး မကြာခင်မှာပဲ မောင်နှမနှစ်ယောက်လုံး အသံတစ်သံကို ကြားလိုက်ရ၏။
"သမီးမှန်တယ်၊ဒါက သမီးအတွက်ပဲ"
ထိုသူဟာ အဖြူရောင် စာအိတ်ကို လက်ထဲမှာကိုင်ရင်း စာကြည့်ခန်းထဲက ထွက်လာသော သူတို့အဖေ ကျန်းဖိန်ကျင့် ဖြစ်လေသည်။သူ ထိုအရာကို သူ့သမီးကိုပေးရင်း ဆိုဖာတွင် ထိုင်လိုက်လေတယ်။
"ဒါက ဘာလဲ?"ကျမ်းယွီယန်က ထိုစာအိတ်ကို လက်ခံယူရင်း မေးလိုက်၏။
" မြို့တော် တက္ကသိုလ်ရဲ့ စီးပွားစီမံမှုမေဂျာက သမီးရဲ့ဝင်ခွင့် အချက်အလက်တွေ"သူတို့ အဖေက ပြောသည်။
"ကမ္ဘာကျော်တဲ့ ဒီနိုင်ငံရဲ့ အကောင်းဆုံး တက္ကသိုလ်တွေထဲက တစ်ခုပဲ။ကံကောင်းလိုက်တာ"ကျန်းယန်က လေချွန်လေ၏။
"ကံကောင်းတာမဟုတ်ဘူး၊ သူမက ဒါနဲ့ထိုက်တန်တယ် " ကျန်းဖိန်ကျင့်က ဂုဏ်ယူမှုအပြည့်နှင့် ပြောလိုက်သည်။
"ဟုတ် အေဖ! ကျွန်တော် သူ့ရဲ့ ထူးကဲလှတဲ့ အမှတ်တွေကို မေ့သွားတယ်"ကျန်းယန်က အရေးပေးစွာ ပြန်ပြောလေတယ်။
"ဒီအတန်းက နောက်လမှာ စမှာ"ကျန်းဖိန်ကျင့်က သတိပေး၏။
ကျနး်ယွီယန်ကတော့ အိုကေကြောင်း မသဲမကွဲ ပြန်ပြောလေတယ်။
"ဒါပေမယ့် တက္ကသိုလ်က ငါတို့မြို့တော်ရဲ့ တစ်ခြားတစ်ဖက် မှာရှိတယ်။အိမ်ကနေ တက္ကသိုလ်ကို သွားဖို့ နှစ်နာရီလောက်ကြာတယ် ဒါက မင်းအတွက် စိတ်ပျက်စရာပဲ" ကျန်းယန်က သုံးသပ်လေသည်။
"ဒါကြောင့် အဖေက သူနေဖို့ တက္ကသိုလ်နားမှာ အိပ်ဆောင်တစ်ခု စီစဥ်ထားတယ်"သူတို့ အဖေက လက်တန်းပြန်ပြောလေ၏။
"ဒါဆို အဖေတို့နှစ်ယောက်က အလုပ်ကို သွားတဲ့အချိန် ကျွန်တော် တစ်ယောက်တည်း အိမ်မှာပေါ့။"ကျန်းယန်က ည ည်းညူသည်။"ကျွန်တော်တော့ ပျင်းတော့မှာပဲ"
"ဒါပေမယ့် အစ်ကို့ရဲ့ ပစ်ထုတ်ခံရမှုအတွက် ညီမကတော့ ပျော်ရွှင်တယ်"ကျန်းယွီယန် ဝမ်းမြောက် ပျော်ရွှင်စရာ ရယ်မောလေ၏။
"သမီး အဲ့တာကို သိမ်းထားလိုက် ပြီးတော့ ဒီညနေ နှစ်ပတ်လည်ပွဲကို အဖေတို့ တက်ရမှာ မမေ့နဲ့။ခြောက်နာရီလောက် စထွက်ကြမယ်"သတင်းပေးပြီးနောက် ကျင်းဖိန်ကျင့်က သူ့စာကြည့်ခန်းသို့ ပြန်ထွက်သွားတော့သည်။
"ညီမ ဒါကို အခန်းမှာ သွားသိမ်းဦးမယ်"ကျန်းယွီယန်က ပြောရင်း သူမ အခန်းသို့ တက်သွားတော့၏။
ကျန်းယွီယန်က စာအိတ်ကို ဗီရိုမှ အံဆွဲထဲတွင် ထည့်လိုက်ပြီး အိပ်ရာပေါ်တွင် လှဲလိုက်တော့တယ်။တံခါးကို တွန်းမဖွင့်လိုက်ခင်မှာ ငြင်သာတဲ့ ခေါက်သံတစ်ချက်နှင့် ကျန်းယန်က စျေးဝယ်အိတ်တစ်အိတ်ကို သူ့လက် မှာ ကိုင်ထားရင်း ဝင်လာခဲ့၏။
"ဘာကြောင့် ညီမ အခန်းကို လာတာလဲ?ခဏလောက်တော့ နားပါရစေဦး"ကျန်းယွီယန်က တံခါးဝမှာ ရပ်နေသည့် သူမ အစ်ကိုကို မြင်၍ ပြောလိုက်ပြီး မျက်လုံးတွေ ပြန်မှိတ်လိုက်တော့သည်။
"ငါ့မှာ မင်းအတွက် တစ်ခုခုရှိတယ်"အသိပေးရင်း ကျန်းယန်က အိပ်ရာဘက်သို့ လျှောက်လာကာ စျေးဝယ်အိတ်ကို သူမ မျက်နှာရှေ့တွင် လှုပ်ယမ်းပြလေတယ်။
"အဲ့တာက ဘာလဲ?"မျက်လုံးတွေကို ဖွင့်ရင်း အိတ်ကိုကြည့်ကာ ကျန်းယွီယန်က မေးလေ၏။ "နေဦး၊ ဒီတူညီတဲ့ စျေးဝယ်အိတ်တွေက အစ်ကို့ရဲ့....."
သူမ ပြောလို့ မပြီးသေးခင်မှာပဲ သူ့အစ်ကိုက ဆက်ပြောသည် "စိတ်မပူနဲ့၊ဒီထဲမှာ အတွင်းခံတွေ မရှိဘူး။"သူက အိတ်ကို သူမအား ပေး၏။
ကျန်းယွီယန်က ကုတင်စွန်းမှာ ထိုင်လိုက်ပြီး အိတ်ထဲမှ လက်ဆောင်ဘူးကို ဆွဲထုတ်လိုက်သည်။သူမ အဲ့ဒါကို ဖွင့်လိုက်ရင်ပဲ အထဲတွင် လှပသော ဝတ်စုံ ရှိနေတာကို မြင်လိုက်ရလေတယ်။အထဲမှာ စာတိုလေးတစ်စောင်က နစ်မြုပ်နေသေး၏.......'ငါ့ရဲ့ချစ်လှစွာသော ညီမလေးအတွက်'
ထိုဝတ်စုံက ဘူးထဲမှ ဆွဲထုတ်လိုက်ကာ စားသောက်ဆိုင်ရှေ့မှ သူမ တွေ့ရှိခဲ့သည့် ဝတ်စုံနှင့် တူညီနေကြောင်း သူမ သတိပြုမိလိုက်သည်။သူမ မကူညီနိုင်တော့ပဲ အ့ံဩနေရင်းသာ သူမ အစ်ကိုကို စိုက်ကြည့်နေတော့တယ်။
"လွှမ်းမိုးသွားတယ်လို့ ခံစားရလား?"သူက မေးလိုက်၏။
သူမက ခေါင်းငြိမ့်ပြသည့် အတွက် သူက ဆက်ပြောလေတယ်။
"ကောင်းတာပေါ့ မင်းဖြစ်သင့်တာပဲ။ငါ ဒါ့အတွက် အချိန် ဘယ်လောက်တောင် ဖြုန်းတီးခဲ့ရလဲ မင်း သိလား?ငါ ဆိုင်ကို ရောက်တဲ့ အချိန် ဆယ့်ငါးမိနစ်အတွင်း ပြီးမယ်ထင်ခဲ့တာ ဒါပေမယ့် မင်းရဲ့ ခွက်အရွယ်အစားကြောင့် ငါ အချိန်မိနစ်သုံးဆယ်လောက် ယူလိုက်ရတယ်"
"ထပ်ပြီးတော့လား" သူမက မျက် မှောင်ကြုံ့သွားပေမယ့် လက်ဆောင်ရရှိလို့ ပျော်ရွှင်နေတဲ့အတွက် များများစားစား ထပ်မပြောတော့ပေ။
"ဒီဝတ်စုံက ကောင်းတဲ့အမွေအနှစ်တွေ ရထားတဲ့ မိန်းကလေးနဲ့မှ လိုက်တယ်လို့ ငါမပြောခဲ့ဘူးလား?အရောင်းဝန်ထမ်းက မင်းရဲ့ အရွယ်အစားကို ရှာဖို့ မိနစ်နှစ်ဆယ်လောက် အချိန်ယူလိုက်ရတယ်"
(T/N:သူပြောချင်တာ ခင်ဗျားလေးတို့ ပေါက် မှာပါနော် ဟားဟား)
"မညာနဲ့ အစ်ကို ဝတ်စုံကိုကြည့်ပြီး ဘယ်လိုလို့ အရွယ်အစားကို ခန့်မှန်းနိုင်မှာလဲ?"သူမ မေးလိုက်တယ်။
"နောက်ဆုံးမှာတော့ ငါက ယောကျာ်းတစ်ယောက်ပဲလေ။လူတစ်ယောက် မှာ ထူးခြားတဲ့ လေ့လာစူးစမ်းခြင်း ကျွမ်းကျင်မှုက ကောင်းကောင်းကို ရှိသင့်တယ်"သူက သူမကို မျက်စိ မှိတ်ပြပြန်တယ်။
သူမ အိပ်ရာမှထလိုက်ပြီး သူ့အစ်ကိုဆီသို့ ဦးတည် လျှောက်သွားတော့၏။"အစ်ကို့ ခေါင်းထဲမှာ တစ်ခုခု ရှိနေတာပဲ"သူမက ပြောပြီး လက် မြှောက်လိုက်ကာ သူ့ဆံပင်တွေကို ဆွဲလိုက်တော့သည်။
.............................................................
(Zawgyi)
က်န္းစံအိမ္တြင္
က်န္းယန္နဲ႕ က်န္းယြီယန္တို႔ ေန႕လည္စာ စားၿပီးေနာက္ ႐ုပ္ရွင္ၾကည့္ေနၾက၏။
"ဒါကေကာင္းတယ္"႐ုပ္ရွင္ကားထဲမွ တိုက္ခိုက္တဲ့ ဇာတ္ဝင္ခန္းကို ၾကည့္ရင္း သူက စိတ္ဝင္စားေနကာ ရယ္ေမာေတာ့တယ္။
"ဟုတ္တယ္ ဒီတိုက္ခိုက္တဲ့ဇာတ္ကြက္က ဟာသပဲ ၿပီးေတာ့ ဒါက ဂ်က္ကီခ်န္းရဲ႕ကားေလ ထခုန္ခ်င္ေလာက္ေအာင္ စိတ္ဝင္စားဖို႔ ေကာင္းတယ္"က်န္းယြီယန္က သူမအစ္ကိုနဲ႕ ကိုက္ညီစြာ စိတ္ဝင္စားမႈအျပည့္ျဖင့္ သူမ အခ်ိန္တိုင္း ႀကိဳက္ရတဲ့ သ႐ုပ္ေဆာင္ကို ခ်ီးမြမ္းေျပာၾကား၏။
"ဒါက ငါတို႔အတူတူ ေပ်ာ္႐ႊင္လို႔ရတဲ့ တစ္ခုတည္းေသာ အရာပဲ၊မဟုတ္ရင္ ငါတို႔က အၿမဲတမ္း စကားမ်ားေနၿပီး တစ္ေယာက္ကို တစ္ေယာက္ စိတ္အႏွောင့္အယွက္ ေပးေနၾကတာေလ"
သူတို႔ႏွစ္ေယာက္လုံးက ဂ်က္ကီခ်န္းရဲ႕ အမာခံ ပရိတ္သတ္ေတြ ျဖစ္ၾကၿပီး သူရဲ႕ကားေတြကို တူတူၾကည့္ရတာ ႀကိဳက္ႏွစ္သက္ၾကတယ္။အေမရိကက သူတို႔အိမ္မွာ ထိုသူရဲ႕႐ုပ္ရွင္ကားအစုလိုက္ ရွိေလၿပီး ဘယ္ကားမဆို သူတို႔ ၾကည့္၏။
"ထပ္စမလာနဲ႕၊သာသာယာယာ ႐ုပ္ရွင္ၾကည့္ပါရေစ။ဒါက ေနာက္ဆုံး တိုက္ခိုက္တဲ့အခန္း ၿပီးေတာ့ ဒါက ဇာတ္လမ္းရဲ႕ အထြတ္အထိပ္ပဲ"က်န္းယြီယန္က ႐ုပ္ရွင္ကားထဲ နစ္ျမဳပ္ေနေလၿပီ။
ထိုႏွစ္ေယာက္က ဆိုဖာေပၚမွာ ပ်င္းရိစြာ လွဲရင္း ႐ုပ္ရွင္ၾကည့္ေနၾကျခင္းပင္။
"ငါတို႔ ကေလးအ႐ြယ္တုန္းက ႐ုပ္ရွင္ေတြၾကည့္ၿပီး ကြန္ဖူးအတန္းကို တက္ခဲ့ၾကတာ မင္းမွတ္မိလား?"က်န္းယန္က အမွတ္တရေန႕ရက္ေဟာင္းေတြေၾကာင့္ ၿပဳံးရင္း ေမးလိုက္၏။
"ဟုတ္တယ္!ညီမတို႔ ေတာ္ေတာ္႐ူးခဲ့ၾကတာပဲ"သူမကလည္း အတိတ္ကို သတိရရင္း ၿပဳံးေလတယ္။
"တကယ့္ကိုပဲ!ဘယ္လိုတိုက္ရလဲဆိုတာ မင္းမွတ္မိေသးလား?"သူ႕ညီမက ေမ့ေနမယ္ဆိုတာ ေသခ်ာတဲ့အတြက္ သူက ေမးလိုက္ျခင္းပင္။
"အတတ္နိုင္ဆုံး အသက္ရွင္ဖို႔ ဘယ္လိုတိုက္ရတယ္ဆိုတာ ညီမမွတ္မိတယ္"က်န္းယြီယန္က ဂုဏ္ယူစြာ ျပန္ေျဖလိုက္၏။
"မင္း တစ္ေယာက္ေယာက္ကို ရိုက္ခဲ့တာ ေတာ္ေတာ္ၾကာၿပီမို႔ ငါက မင္းေမ့ေနၿပီ ထင္တာ"သူ႕ညီမကို ၾကည့္ရင္း သူက ထင္ျမင္ခ်က္ေပးလိုက္ေလတယ္။
"ညီမက မလိုအပ္တဲ့ အၾကမ္းဖက္ မႈေတြ မႀကိဳက္ဘူး"သူမရဲ႕ စကားလုံးေတြက ကိုယ္က်င့္သိကၡာအရ မွန္ကန္၏။အနည္းငယ္ စိတ္ႀကီးဝင္ေနမႈနဲ႕ သူမက ေျပာျခင္းျဖစ္ေလသည္။
"ဟုတ္တယ္၊ မင္းမွန္တာေပါ့။မၾကာခဏ မင္းစိတ္ဆိုးတိုင္းသာ ရိုက္ မယ္ဆိုရင္ မင္းေၾကာင့္ နာက်င္ခဲ့တဲ့ လူနာေတြကို ကုရင္း ငါ့ရဲ႕အခ်ိန္ေတြကို ေဆး႐ုံမွာ ကုန္ဆုံးရေတာ့မွာပဲ"က်န္းယန္ သူမကို မ်က္လုံးမွိတ္ျပလိုက္တယ္။
"ညီမက အဲ့ေလာက္ေတာ့ မလုပ္ပါဘူး"
"ငါသိတယ္ ၿပီးေတာ့ ငါက မင္းရဲ႕ အဲ့ဘက္ကို ပိုႀကိဳက္တယ္။"
"ဟုတ္လား!ညီမေရာပဲ"သေဘာတူညီရင္း သူမက ေမးျပန္သည္ "စကားမစပ္ အစ္ကို ဘယ္အခ်ိန္မွ ေဆး႐ုံကို ဆက္သြယ္မွာလဲ?"
"ငါ မနက္ျဖန္ေလာက္ ဆက္သြယ္ျဖစ္မယ္ထင္တယ္ ဒါေပမယ့္ ငါ တစ္ပတ္ေလာက္ အခ်ိန္ဆြဲမယ္လို႔ စီစဥ္ထားတယ္ ဒါမွ ႏြေရာသီအားလပ္ရက္ မွာ ငါေပ်ာ္နိုင္မွာေလ"က်န္းယန္က သူ႕ေျခေထာက္ေတြကို ပ်င္းရိစြာ ဆြဲဆန့္လိုက္ၿပီး က်န္းယြီယန္ကေတာ့ သက္ျပင္းခ်၍သာ ျပန္တုံ႕ျပန္၏။
"မင္းကေရာ?ေကာလိပ္ကို ဘယ္အခ်ိန္ေလာက္ စသြားမွာလဲ?" က်န္းယန္ ေမးလိုက္သည္။
"မိဘေတြ ဆုံးျဖတ္ခ်က္အတိုင္း ညီမလုပ္မွာ၊ တစ္ခုခုကို နားလည္ သေဘာေပါက္ထားလို႔ သူတို႔ ညီမကို ဒီကို ျပန္ေခၚထားတာေလ"သူမက ျပန္ေျဖၿပီး မၾကာခင္မွာပဲ ေမာင္ႏွမႏွစ္ေယာက္လုံး အသံတစ္သံကို ၾကားလိုက္ရ၏။
"သမီးမွန္တယ္၊ဒါက သမီးအတြက္ပဲ"
ထိုသူဟာ အျဖဴေရာင္ စာအိတ္ကို လက္ထဲမွာကိုင္ရင္း စာၾကည့္ခန္းထဲက ထြက္လာေသာ သူတို႔အေဖ က်န္းဖိန္က်င့္ ျဖစ္ေလသည္။သူ ထိုအရာကို သူ႕သမီးကိုေပးရင္း ဆိုဖာတြင္ ထိုင္လိုက္ေလတယ္။
"ဒါက ဘာလဲ?"က်မ္းယြီယန္က ထိုစာအိတ္ကို လက္ခံယူရင္း ေမးလိုက္၏။
" ၿမိဳ႕ေတာ္ တကၠသိုလ္ရဲ႕ စီးပြားစီမံမႈေမဂ်ာက သမီးရဲ႕ဝင္ခြင့္ အခ်က္အလက္ေတြ"သူတို႔ အေဖက ေျပာသည္။
"ကမၻာေက်ာ္တဲ့ ဒီနိုင္ငံရဲ႕ အေကာင္းဆုံး တကၠသိုလ္ေတြထဲက တစ္ခုပဲ။ကံေကာင္းလိုက္တာ"က်န္းယန္က ေလခြၽန္ေလ၏။
"ကံေကာင္းတာမဟုတ္ဘူး၊ သူမက ဒါနဲ႕ထိုက္တန္တယ္ " က်န္းဖိန္က်င့္က ဂုဏ္ယူမႈအျပည့္ႏွင့္ ေျပာလိုက္သည္။
"ဟုတ္ အေဖ! ကြၽန္ေတာ္ သူ႕ရဲ႕ ထူးကဲလွတဲ့ အမွတ္ေတြကို ေမ့သြားတယ္"က်န္းယန္က အေရးေပးစြာ ျပန္ေျပာေလတယ္။
"ဒီအတန္းက ေနာက္လမွာ စမွာ"က်န္းဖိန္က်င့္က သတိေပး၏။
က်နး္ယြီယန္ကေတာ့ အိုေကေၾကာင္း မသဲမကြဲ ျပန္ေျပာေလတယ္။
"ဒါေပမယ့္ တကၠသိုလ္က ငါတို႔ၿမိဳ႕ေတာ္ရဲ႕ တစ္ျခားတစ္ဖက္ မွာရွိတယ္။အိမ္ကေန တကၠသိုလ္ကို သြားဖို႔ ႏွစ္နာရီေလာက္ၾကာတယ္ ဒါက မင္းအတြက္ စိတ္ပ်က္စရာပဲ" က်န္းယန္က သုံးသပ္ေလသည္။
"ဒါေၾကာင့္ အေဖက သူေနဖို႔ တကၠသိုလ္နားမွာ အိပ္ေဆာင္တစ္ခု စီစဥ္ထားတယ္"သူတို႔ အေဖက လက္တန္းျပန္ေျပာေလ၏။
"ဒါဆို အေဖတို႔ႏွစ္ေယာက္က အလုပ္ကို သြားတဲ့အခ်ိန္ ကြၽန္ေတာ္ တစ္ေယာက္တည္း အိမ္မွာေပါ့။"က်န္းယန္က ည ည္းၫူသည္။"ကြၽန္ေတာ္ေတာ့ ပ်င္းေတာ့မွာပဲ"
"ဒါေပမယ့္ အစ္ကို႔ရဲ႕ ပစ္ထုတ္ခံရမႈအတြက္ ညီမကေတာ့ ေပ်ာ္႐ႊင္တယ္"က်န္းယြီယန္ ဝမ္းေျမာက္ ေပ်ာ္႐ႊင္စရာ ရယ္ေမာေလ၏။
"သမီး အဲ့တာကို သိမ္းထားလိုက္ ၿပီးေတာ့ ဒီညေန ႏွစ္ပတ္လည္ပြဲကို အေဖတို႔ တက္ရမွာ မေမ့နဲ႕။ေျခာက္နာရီေလာက္ စထြက္ၾကမယ္"သတင္းေပးၿပီးေနာက္ က်င္းဖိန္က်င့္က သူ႕စာၾကည့္ခန္းသို႔ ျပန္ထြက္သြားေတာ့သည္။
"ညီမ ဒါကို အခန္းမွာ သြားသိမ္းဦးမယ္"က်န္းယြီယန္က ေျပာရင္း သူမ အခန္းသို႔ တက္သြားေတာ့၏။
က်န္းယြီယန္က စာအိတ္ကို ဗီရိုမွ အံဆြဲထဲတြင္ ထည့္လိုက္ၿပီး အိပ္ရာေပၚတြင္ လွဲလိုက္ေတာ့တယ္။တံခါးကို တြန္းမဖြင့္လိုက္ခင္မွာ ျငင္သာတဲ့ ေခါက္သံတစ္ခ်က္ႏွင့္ က်န္းယန္က ေစ်းဝယ္အိတ္တစ္အိတ္ကို သူ႕လက္ မွာ ကိုင္ထားရင္း ဝင္လာခဲ့၏။
"ဘာေၾကာင့္ ညီမ အခန္းကို လာတာလဲ?ခဏေလာက္ေတာ့ နားပါရေစဦး"က်န္းယြီယန္က တံခါးဝမွာ ရပ္ေနသည့္ သူမ အစ္ကိုကို ျမင္၍ ေျပာလိုက္ၿပီး မ်က္လုံးေတြ ျပန္မွိတ္လိုက္ေတာ့သည္။
"ငါ့မွာ မင္းအတြက္ တစ္ခုခုရွိတယ္"အသိေပးရင္း က်န္းယန္က အိပ္ရာဘက္သို႔ ေလွ်ာက္လာကာ ေစ်းဝယ္အိတ္ကို သူမ မ်က္ႏွာေရွ႕တြင္ လႈပ္ယမ္းျပေလတယ္။
"အဲ့တာက ဘာလဲ?"မ်က္လုံးေတြကို ဖြင့္ရင္း အိတ္ကိုၾကည့္ကာ က်န္းယြီယန္က ေမးေလ၏။ "ေနဦး၊ ဒီတူညီတဲ့ ေစ်းဝယ္အိတ္ေတြက အစ္ကို႔ရဲ႕....."
သူမ ေျပာလို႔ မၿပီးေသးခင္မွာပဲ သူ႕အစ္ကိုက ဆက္ေျပာသည္ "စိတ္မပူနဲ႕၊ဒီထဲမွာ အတြင္းခံေတြ မရွိဘူး။"သူက အိတ္ကို သူမအား ေပး၏။
က်န္းယြီယန္က ကုတင္စြန္းမွာ ထိုင္လိုက္ၿပီး အိတ္ထဲမွ လက္ေဆာင္ဘူးကို ဆြဲထုတ္လိုက္သည္။သူမ အဲ့ဒါကို ဖြင့္လိုက္ရင္ပဲ အထဲတြင္ လွပေသာ ဝတ္စုံ ရွိေနတာကို ျမင္လိုက္ရေလတယ္။အထဲမွာ စာတိုေလးတစ္ေစာင္က နစ္ျမဳပ္ေနေသး၏.......'ငါ့ရဲ႕ခ်စ္လွစြာေသာ ညီမေလးအတြက္'
ထိုဝတ္စုံက ဘူးထဲမွ ဆြဲထုတ္လိုက္ကာ စားေသာက္ဆိုင္ေရွ႕မွ သူမ ေတြ႕ရွိခဲ့သည့္ ဝတ္စုံႏွင့္ တူညီေနေၾကာင္း သူမ သတိျပဳမိလိုက္သည္။သူမ မကူညီနိုင္ေတာ့ပဲ အ့ံဩေနရင္းသာ သူမ အစ္ကိုကို စိုက္ၾကည့္ေနေတာ့တယ္။
"လႊမ္းမိုးသြားတယ္လို႔ ခံစားရလား?"သူက ေမးလိုက္၏။
သူမက ေခါင္းၿငိမ့္ျပသည့္ အတြက္ သူက ဆက္ေျပာေလတယ္။
"ေကာင္းတာေပါ့ မင္းျဖစ္သင့္တာပဲ။ငါ ဒါ့အတြက္ အခ်ိန္ ဘယ္ေလာက္ေတာင္ ျဖဳန္းတီးခဲ့ရလဲ မင္း သိလား?ငါ ဆိုင္ကို ေရာက္တဲ့ အခ်ိန္ ဆယ့္ငါးမိနစ္အတြင္း ၿပီးမယ္ထင္ခဲ့တာ ဒါေပမယ့္ မင္းရဲ႕ ခြက္အ႐ြယ္အစားေၾကာင့္ ငါ အခ်ိန္မိနစ္သုံးဆယ္ေလာက္ ယူလိုက္ရတယ္"
"ထပ္ၿပီးေတာ့လား" သူမက မ်က္ ေမွာင္ႀကဳံ႕သြားေပမယ့္ လက္ေဆာင္ရရွိလို႔ ေပ်ာ္႐ႊင္ေနတဲ့အတြက္ မ်ားမ်ားစားစား ထပ္မေျပာေတာ့ေပ။
"ဒီဝတ္စုံက ေကာင္းတဲ့အေမြအႏွစ္ေတြ ရထားတဲ့ မိန္းကေလးနဲ႕မွ လိုက္တယ္လို႔ ငါမေျပာခဲ့ဘူးလား?အေရာင္းဝန္ထမ္းက မင္းရဲ႕ အ႐ြယ္အစားကို ရွာဖို႔ မိနစ္ႏွစ္ဆယ္ေလာက္ အခ်ိန္ယူလိုက္ရတယ္"
(T/N:သူေျပာခ်င္တာ ခင္ဗ်ားေလးတို႔ ေပါက္ မွာပါေနာ္ ဟားဟား)
"မညာနဲ႕ အစ္ကို ဝတ္စုံကိုၾကည့္ၿပီး ဘယ္လိုလို႔ အ႐ြယ္အစားကို ခန့္မွန္းနိုင္မွာလဲ?"သူမ ေမးလိုက္တယ္။
"ေနာက္ဆုံးမွာေတာ့ ငါက ေယာက်ာ္းတစ္ေယာက္ပဲေလ။လူတစ္ေယာက္ မွာ ထူးျခားတဲ့ ေလ့လာစူးစမ္းျခင္း ကြၽမ္းက်င္မႈက ေကာင္းေကာင္းကို ရွိသင့္တယ္"သူက သူမကို မ်က္စိ မွိတ္ျပျပန္တယ္။
သူမ အိပ္ရာမွထလိုက္ၿပီး သူ႕အစ္ကိုဆီသို႔ ဦးတည္ ေလွ်ာက္သြားေတာ့၏။"အစ္ကို႔ ေခါင္းထဲမွာ တစ္ခုခု ရွိေနတာပဲ"သူမက ေျပာၿပီး လက္ ျမႇောက္လိုက္ကာ သူ႕ဆံပင္ေတြကို ဆြဲလိုက္ေတာ့သည်။