လုလီကျွင်းအပေါ် လုဖန်းရဲ့ ချစ်ခင်မှုက တစ်ဖက်စွန်း ရောက်လွန်းအားကြီး၍ တစ်ချို့အချိန်များတွင် ထိုအရာက ပြဿနာကြီးများ ဖန်တီးတတ်သဖြင့် လုချောင်က ထိုအရှုပ်အထွေး
တွေကို ရှင်းရစမြဲပင်။
လုလီကျွင်း၏ မူလတန်းကျောင်းသင်ပညာရေး အစနေ့များတွင် ကျောင်းမှ အချို့ကလေးများက သူ့ကို အနိုင်ကျင့်ကြ၏။တစ်နေ့ လုလီကျွင်း အိမ်ကိုပြန်ရောက်သောအခါ သူက စိတ်ဆိုးနေသော်လည်း ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာတွေကို ပြန်ပြောချင်းမရှိ။ရူခင်းကြည့်သည့် အဆောက်အအုံငယ်မှာသာ သူထိုင်နေရင်း အချိန်တွေကို ကုန်ဆုံးလေ့ရှိသကဲ့သို့ ထိုနေရာက သူပြဿနာတွေနဲ့ ရင်ဆိုင်လာရတိုင်း အချိန်ဖြုန်းတတ်သည့် သူရဲ့ အကြိုက်ဆုံးနေရာ တစ်နေရာဖြစ်လေသည်။ထိုအချိန်တုန်းက လုချောင်က ပြည်ပမှာ ဖြစ်တယ်။
(ဒါကြောင့် ပထမဆုံးအပိုင်းမှာ ကောင်လေး အဲ့မှာ ရှိနေတာကို)
နေ့လည်ခင်း လုဖန်း အိမ်ပြန်ရောက်လာချိန်တွင် သူ လူငယ်လေးကို အိမ်တွင် မတွေ့ရပေ၊ထိုကြောင့် ပန်းခြံထဲမှာ ရှာရန် သူထွက်လာခဲ့၏။လုလီကျွင်းကို ဘယ်နေရာမှာ ရှာတွေ့နိုင်မှန်း သူသိလေတယ်။လုလီကျွင်းက အဆောက်အအုံငယ်မှာ ငြိမ်သက်စွာ ထိုင်နေတာကို မြင်လိုက်သည့်အခိုက်တွင် တစ်စုံတစ်ခုက မှားယွင်းနေမှန်းကို သူ သိလိုက်သဖြင့် ဘာတွေဖြစ်နေလဲဆိုတာ သူ(လီကျွင်း)အား မေးမြန်းတော့၏။
လုချောင်ပြီးရင် တစ်ခြားလူတွေထဲမှာ လုလီကျွင်းက လုဖန်းနဲ့ အနီးကပ်ဆုံးဖြစ်ကာ အရာမှန်သမျှကို သူ့(ဖန်း)အား မျှဝေလေ့ရှိတယ်။ချီတုံချတုံဖြစ်နေသည့် ကာလတွေ ကုန်ဆုံးသွားကာ နောက်ဆုံးမှာတော့ ကျောင်းတွင် ဖြစ်ပျက်သမျှ အရာအားလုံးကို သူ ထုတ်ဖော်ပြောလေ၏။
လုဖန်းကတော့ ကျောင်းအစတွင် အနိုင်ကျင့်ခြင်းဟာ သာမန်မျှသာဖြစ်ပြီး ဒါက မကြာခင်မှာ ပြီးသွားလိမ့်မယ်ဆိုတာ သိသော်လည်း လုလီကျွင်းက သူ့ရဲ့ ခြေထောက်တွေကို လက်ဖြင့် အနာဖြစ်လောက်အောင် ကုတ်ခြစ်နေတာကို သူမြင်လိုက်ရတဲ့အခါမှာ သူ့ရဲ့ ဒေါသူပုန်ထခြင်းကို မထိန်းချုပ်နိုင်တော့ချေ။
သူ့ညီလေးကို အနိုင်ကျင့်တဲ့ ကျောင်းသားမှန်သမျှရဲ့ သတင်းအချက်အလက်တွေကို ယူပြီး ထိုသူတို့ရဲ့ အိမ်သို့သွားလေသည်။လုဖန်းက ထိုသူတို့ရဲ့ ပစ္စည်းဥစ္စာတွေကို ဖျက်ဆီးကာ သူတို့ရဲ့ ကလေးက လုလီကျွင်းကို ထပ်ပြီး အနိုင်ကျင့်မယ်ဆိုရင် ဒီထက်ဆိုးတဲ့ ပျက်ဆီးမှုတွေ ဖြစ်လာလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့၏။
လုလီကျွင်းရဲ့ ကျောင်းကိုတောင် သွားပြီး ဆရာ၊ဆရာမတွေကို လုလီကျွင်းသာ ထပ်မံနာကျင်ခဲ့မယ်ဆိုရင် သူတို့ရဲ့ အလုပ်တွေ ဆုံးရှုံးရလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့ပြန်သည်။လုမိသားစုရဲ့ အင်အားကြီးမှုကို သိတဲ့အတွက်ကြောင့် ဘာတစ်စုံတစ်ခုမှ ထပ်ဖြစ်မပွားလာတော့အောင် သူတို့ အကောင်းဆုံး ကြိုးစားကျတော့တယ်။ဒီသတင်းက ကျောင်းမှာပါ ပျံ့နှ့ံသွားပြီး ဘယ်သူကမှ သူ့အား ထပ်ပြီး အနိုင်မကျင့်ရဲတော့ပေ။
လုချောင်ဟာ သူတရုတ်သို့ ပြန်ရောက်လာသည့် အချိန် လုဖန်းနဲ့ ရင်ဆိုင်တွေ့ကာ ထိုဖြစ်ရပ်အကြောင်းကို ရှာဖွေလေ၏။ထိုအရာကြောင့် ပျက်ဆီးမှုတွေ ရရှိသွားသော မိသားစုတွေကို သူ သေချာကို လျော်ကြေး လိုက်ပေးရတော့သည်။
ထိုဖြစ်ရပ်အပြင် အမျိုးစုံသော ကိစ္စတွေ ထပ်ဖြစ်လာလည်း လုချောင်က အချိန်တိုင်းရှေ့ထွက်ကာ ထိုပြဿနာတွေကို ရှင်းရပြန်၏။လုချောင်က ညီငယ်လေးနဲ့ ပတ်သက်ပြီး ပြောသမျှအရာတွေကို လုဖန်းက အမြဲနားထောင်သော်လည်း ဘယ်အချိန်မဆို လုချောင်နဲ့ သူ ရင်ဆိုင်တွေ့ရလေသည်။လုလီကျွင်းကို ချစ်ခင်တဲ့ သူတို့ရဲ့ နည်းလမ်းတွေက ခြားနားတယ်လို့ သူစဉ်းစားမိခဲ့၏။လုလီကျွင်း အရွယ်ရောက်လာရင်တော့ ဒါတွေက ရပ်တန့်သွားလောက် မည်။
ညအချိန် အကြီးအကဲ လု၏ အိပ်ခန်းတွင်
အကြီးအကဲလု၊သူ့ဇနီး ကျောက်ရွှောင် နှင့် သူတို့ရဲ့သားနှစ်ယောက်က တစ်စုံတစ်ခုကို အပြင်းအထန် ဆွေးနွေးနေကြ၏။
" မင် မိသားစုကို ဖိတ်စာပို့ပြီးပြီလား?"အကြီးအကဲလု က တည်ကြည်လေးနက်သော အမူအရာကို မျက်နှာတွင် သယ်ဆောင်ထားကာ လုကျင်းဟိုင်ကို မေးလိုက်တယ်။
"ဟုတ်ကဲ့ အဖေ "လုကျင်းဟိုင်က ပြန်ဖြေတယ်။
"သူတို့က ကျွန်မတို့မိသားစုရဲ့ ပွဲကို တက်လိမ့်မယ်လို့ ရှင်ထင်လား?ကျောက်ရွှောင်က မေးပြန်တယ်။
သက်ပြင်းလေးလေးချ၍ အကြီးအကဲလု ပြန်ဖြေသည်က "ကိုယ်တော့ မထင်ဘူး၊ဒါက နှစ်ဆယ့်ရှစ်နှစ်တောင် ကြာခဲ့ပေမယ့်လည်း မင်ရှီဟုန်က ကိုယ်တို့ကို ခွင့်မလွှတ်သေးဘူးလေ"
"ဖြစ်ခဲ့တဲ့အရာတွေက ကျွန်တော့် အမှားတွေကြောင့်ပါ"သူအဖေ စိိတ်ဆိုးနေတာကို ကြည့်၍ လုကျင်းဟိုင်က ဝမ်းနည်းစွာ ပြောတယ်။
"အစ်ကို၊ဒါ အစ်ကိုရဲ့ အမှားတွေ မဟုတ်ပါဘူး။အဲ့ဒီအချိန်တုန်းက ကံမကောင်းလို့ ဖြစ်ပျက်ခဲ့တာ ဒါပေမယ့် ဒါ့အတွက်နဲ့ အစ်ကို့ကို အစ်ကိုအပြစ်မတင်ပါနဲ့"လုချန်းက သူ့အစ်ကိုကို နှစ်သိမ့်၏။
အကြီးအကဲလုက ခေါင်းငြိမ့်ကာ ပြောသည် "လုချန်း မှန်တယ် အဲ့ဒါမင်းအမှား မဟုတ်ဘူး။အဲ့ဒီကလေးက အစွန်းရောက် ခြေလှမ်းလှမ်းလိမ့်မယ်လို့ ဘယ်သူကထင်ခဲ့လို့လဲ?"တစ်ခဏလောက် ရပ်တန့်သွားကာ အကြီးအကဲလုက ဝမ်းနည်း
နည်းနေတဲ့ အသံဖြင့် မသဲမကွဲ ဆက်ပြောပြန်၏ "မင်ဖန်စု! ဒီချစ်ဖို့ကောင်းတဲ့ မိန်းကလေး လှပတဲ့ ဝိညာဥ်တစ်ခုအတွက် ကြေကွဲစရာ အဆုံးသတ်ပဲ"
လုကျင်းဟိုင်က ထပ်ပေါင်း၏ "မှန်တယ် အဖေ သူဒီလိုမျိုး လုပ်လာလိမ့်လို့ ကျွန်တော် ဘယ်တော့ကမှ မတွေးမိခဲ့ဘူး။"
"ကျွန်မတို့ အတိတ်ကို ပြန်မရနိုင်ပေမယ့် သူတို့နဲ့ အစကနေ ပြန်စလို့ ရနိုင်မလား?"ကျောက်ရွှောင်က မေးပြန်၏။
"ကိုယ်လည်း ပြန်ပေါင်းချင်တယ် ဒါပေမယ့် ကိုယ့် သူငယ်ချင်း မင်ရှီဟုန် အကြောင်းကို ကိုယ်ကောင်းကောင်းသိတယ်။သူက ကိုယ့်မျက်နှာကို ထပ်တွေ့ချင်မှာ မဟုတ်ဘူး။ဒီအမုန်းတွေ ပျောက်ကွယ်သွားမယ့်နေ့ကို ကိုယ်စောင့်နေမယ် ပြီးတော့ အတိတ်ကလိုပဲ ကိုယ်တို့ တူတူပြန်နေသွားကြမယ်။ဒါပေမယ့် ဒီနှစ်တွေမှာတော့ ကိုယ်ရဲ့ ဆန္ဒနဲ့ ယုံကြည်မှုတွေပဲ ဖြစ်နေတယ်လေ"အကြီးအကဲလုက မျက်ရည်တွေ စိုစွတ်နေကာ ဝမ်းနည်းနေသော အသံနှင့် ပြောလေတယ်။
အတိတ်က ဒဏ်ရာတွေကို ကုစားနိုင်လောက်အောင် ဘယ်စကားလုံးမှ မလုံလောက်တာကြောင့် ဘယ်သူမှ စကားဆက် မပြောတော့ချေ။
နောက်နေ့မနက် မင် စံအိမ်တွင်
အကြီးအကဲ မင်ရှီဟုန်သည် သူ့သား မင်ယုရှန်းနှင့် ချွေးမ ကျန်းကျဲ့နဲ့အတူ မနက်စာစားနေ၏။
"အဖေ လုမိသားစုက အကြီးအကဲလုရဲ့ မင်္ဂလာနှစ်ပတ်လည်ပွဲ ဖိတ်စာကို ပို့လိုက်တယ်"ကျန်းကျဲ့ကပြောရင်း ထိုကဒ်ကို သူမယောကျာ်း မင်ယုရှန်းကို ပေးလေတယ်။
လုမိသားစုရဲ့ နာမည်ကို ကြားတာနဲ့ အကြီးအကဲ မင်ရဲ့ မျက်နှာက ဒေါသကြောင့် နီရဲလာကာ ပြောဆိုသည်က "အမှိုက်ပုံးထဲ လွှင့်ပစ်လိုက် မဟုတ်ရင် မီးရှို့လိုက်"
"ဒါပေမယ့် အဖေ အကြီးအကဲလုက အတိတ်တုန်းက အဖေရဲ့ သူငယ်ချင်းကောင်းလေ။နှစ်တွေ အများကြီးလည်း ကြာမြင့်လာပြီ။ကျွန်မတို့ အရာအားလုံးကို မေ့ပစ်ပြီး ရှေ့ဆက်သင့်တယ်လေ "ကျန်းကျဲ့က ဒေါသထွက်နေတဲ့ လူနှစ်ယောက်ကို အကြုံပြုလေသည်။
"လုံလောက်ပြီ!"သူ့အဖေရဲ့ ဒေါသတွေကို မျက် မြင်တွေ့လိုက်ရတဲ့ အခါမှာတော့ မင်ယုရှန်းက သူ့ဇနီးကို ရပ်တန့်လေတယ်။
မင်ရှီဟုန်က သူမရဲ့ စကားလုံးတွေကြောင့် အမျက်ခြောင်းခြောင်းထလာပြီး ပြော၏"မင်းဘာလို့ ဒီလိုပြောနိုင်ကတာလဲ?သူတို့ ငါ့ရဲ့ မင်ဖန်စုကို ဘယ်လိုလုပ်ခဲ့လဲ မင်းမေ့သွားပြီလား?"
"သူမကို ခွင့်လွှတ်လိုက်ပါ အဖေ၊ သူမက ဒီလို ဆိုလိုတာမဟုတ်ပါဘူး"မင်ယုရှန်းက သူ့အဖေ တည်ငြိမ်သွားအောင် ကြိုးစားပေမယ့်လည်း နောက်ကျသွားလေပြီ။
"ဒါဆို သူမက ဘာကို ဆိုလိုတာလဲ?သူတို့က ငါ့သမီးကို သတ်လိုက်ကြတယ် ပြီးတော့ ငါ့သမီးရဲ့ သွေးတွေ စွန်းထင်နေတဲ့ ဒီလူတွေကို သူမက ခွင့်လွှတ်ဖို့ပြောတယ်လေ။"အကြီးအကဲ မင်က ဒေါသတွေလောင်ကျွမ်းနေကာ ဆက်ပြော၏
"ငါ တစ်နေ့ သေ သွားတဲ့ အချိန်ကျရင် ငါ့ရဲ့အသုဘကို အဲ့ဒီ မိမစစ် ဖမစစ်ကောင် လုဟွမ်းနဲ့ သူ့သား လုကျင်းဟိုင်ကို မလာစေနဲ့၊သူတို့ လာခဲ့ရင် ချက်ချင်း မောင်းထုတ်လိုက်၊ငါသေ သွားပြီးရင်တောင် သူတို့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး။"
(အကြီးအကဲ လုရဲ့ နာမည်အပြည့်အစုံကို အခုမှသိတော့တယ်)
ကျန်းကျဲ့က တစ်ခုခု ပြောချင်သော်လည်း အကြီးအကဲ မင်က ထမင်းစားစားပွဲမှ အလျင်အမြန် ထသွားတာကြောင့် တစ်လုံးမှ မပြောလိုက်နိုင်ချေ။
"မင်း ဘာလို့ လု မိသားစုက ဟာတွေ အမြဲယူလာရတာလဲ?အဖေက သူတို့ကို ဘယ်လောက်တောင် မုန်းလဲဆိုတာ မင်းမသိဘူးလား?ငါ့ညီမကို သူတို့ လုပ်ခဲ့တာတွေ မင်းဘယ်လိုတောင် ခွင့်လွှတ်နိုင်ကတာလဲ?ငါလည်း သူတို့ကို ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး။"မင်းယုရှန်းက ပြောလေ၏။
"အတိတ်မှာဖြစ်ခဲ့တဲ့ အရာတွေက သူတို့ အမှားချည်းပဲ မဟုတ်ဘူး။"
"ဒါက သူတို့တွေရဲ့ အမှားပဲ ပြီးတော့ အဲ့တာက အမှန်တရားဖြစ်တယ်။ဘယ်တော့မှမမေ့နဲ့"
မင်ယုရှန်းကလည်း ပြောပြီးတာနဲ့ ထွက်သွားတော့သည်။
(Happy Chanyeol day ❤
ကောင်လေး ဒီနေ့မှာ ပေါ်လာမယ်လို့ မျှော်လင့်နေတယ် ကောင်လေးကို လွမ်းလိုက်တာ)
...............................................................
(Zawgyi)
လုလီကြၽင္းအေပၚ လုဖန္းရဲ႕ ခ်စ္ခင္မႈက တစ္ဖက္စြန္း ေရာက္လြန္းအားႀကီး၍ တစ္ခ်ိဳ႕အခ်ိန္မ်ားတြင္ ထိုအရာက ျပႆနာႀကီးမ်ား ဖန္တီးတတ္သျဖင့္ လုေခ်ာင္က ထိုအရႈပ္အေထြး
ေတြကို ရွင္းရစၿမဲပင္။
လုလီကြၽင္း၏ မူလတန္းေက်ာင္းသင္ပညာေရး အစေန႕မ်ားတြင္ ေက်ာင္းမွ အခ်ိဳ႕ကေလးမ်ားက သူ႕ကို အနိုင္က်င့္ၾက၏။တစ္ေန႕ လုလီကြၽင္း အိမ္ကိုျပန္ေရာက္ေသာအခါ သူက စိတ္ဆိုးေနေသာ္လည္း ျဖစ္ပ်က္ခဲ့သမွ် အေၾကာင္းအရာေတြကို ျပန္ေျပာခ်င္းမရွိ။႐ူခင္းၾကည့္သည့္ အေဆာက္အအုံငယ္မွာသာ သူထိုင္ေနရင္း အခ်ိန္ေတြကို ကုန္ဆုံးေလ့ရွိသကဲ့သို႔ ထိုေနရာက သူျပႆနာေတြနဲ႕ ရင္ဆိုင္လာရတိုင္း အခ်ိန္ျဖဳန္းတတ္သည့္ သူရဲ႕ အႀကိဳက္ဆုံးေနရာ တစ္ေနရာျဖစ္ေလသည္။ထိုအခ်ိန္တုန္းက လုေခ်ာင္က ျပည္ပမွာ ျဖစ္တယ္။
(ဒါေၾကာင့္ ပထမဆုံးအပိုင္းမွာ ေကာင္ေလး အဲ့မွာ ရွိေနတာကို)
ေန႕လည္ခင္း လုဖန္း အိမ္ျပန္ေရာက္လာခ်ိန္တြင္ သူ လူငယ္ေလးကို အိမ္တြင္ မေတြ႕ရေပ၊ထိုေၾကာင့္ ပန္းၿခံထဲမွာ ရွာရန္ သူထြက္လာခဲ့၏။လုလီကြၽင္းကို ဘယ္ေနရာမွာ ရွာေတြ႕နိုင္မွန္း သူသိေလတယ္။လုလီကြၽင္းက အေဆာက္အအုံငယ္မွာ ၿငိမ္သက္စြာ ထိုင္ေနတာကို ျမင္လိုက္သည့္အခိုက္တြင္ တစ္စုံတစ္ခုက မွားယြင္းေနမွန္းကို သူ သိလိုက္သျဖင့္ ဘာေတြျဖစ္ေနလဲဆိုတာ သူ(လီကြၽင္း)အား ေမးျမန္းေတာ့၏။
လုေခ်ာင္ပြီးရင္ တစ္ျခားလူေတြထဲမွာ လုလီကြၽင္းက လုဖန္းနဲ႕ အနီးကပ္ဆုံးျဖစ္ကာ အရာမွန္သမွ်ကို သူ႕(ဖန္း)အား မွ်ေဝေလ့ရွိတယ္။ခ်ီတုံခ်တဳံျဖစ္ေနသည့္ ကာလေတြ ကုန္ဆုံးသြားကာ ေနာက္ဆုံးမွာေတာ့ ေက်ာင္းတြင္ ျဖစ္ပ်က္သမွ် အရာအားလုံးကို သူ ထုတ္ေဖာ္ေျပာေလ၏။
လုဖန္းကေတာ့ ေက်ာင္းအစတြင္ အနိုင္က်င့္ျခင္းဟာ သာမန္မွ်သာျဖစ္ၿပီး ဒါက မၾကာခင္မွာ ၿပီးသြားလိမ့္မယ္ဆိုတာ သိေသာ္လည္း လုလီကြၽင္းက သူ႕ရဲ႕ ေျခေထာက္ေတြကို လက္ျဖင့္ အနာျဖစ္ေလာက္ေအာင္ ကုတ္ျခစ္ေနတာကို သူျမင္လိုက္ရတဲ့အခါမွာ သူ႕ရဲ႕ ေဒါသူပုန္ထျခင္းကို မထိန္းခ်ဳပ္နိုင္ေတာ့ေခ်။
သူ႕ညီေလးကို အနိုင္က်င့္တဲ့ ေက်ာင္းသားမွန္သမွ်ရဲ႕ သတင္းအခ်က္အလက္ေတြကို ယူၿပီး ထိုသူတို႔ရဲ႕ အိမ္သို႔သြားေလသည္။လုဖန္းက ထိုသူတို႔ရဲ႕ ပစၥည္းဥစၥာေတြကို ဖ်က္ဆီးကာ သူတို႔ရဲ႕ ကေလးက လုလီကြၽင္းကို ထပ္ၿပီး အနိုင္က်င့္မယ္ဆိုရင္ ဒီထက္ဆိုးတဲ့ ပ်က္ဆီးမႈေတြ ျဖစ္လာလိမ့္မယ္လို႔ ၿခိမ္းေျခာက္ခဲ့၏။
လုလီကြၽင္းရဲ႕ ေက်ာင္းကိုေတာင္ သြားၿပီး ဆရာ၊ဆရာမေတြကို လုလီကြၽင္းသာ ထပ္မံနာက်င္ခဲ့မယ္ဆိုရင္ သူတို႔ရဲ႕ အလုပ္ေတြ ဆုံးရႈံးရလိမ့္မယ္လို႔ ၿခိမ္းေျခာက္ခဲ့ျပန္သည္။လုမိသားစုရဲ႕ အင္အားႀကီးမႈကို သိတဲ့အတြက္ေၾကာင့္ ဘာတစ္စုံတစ္ခုမွ ထပ္ျဖစ္မပြားလာေတာ့ေအာင္ သူတို႔ အေကာင္းဆုံး ႀကိဳးစားက်ေတာ့တယ္။ဒီသတင္းက ေက်ာင္းမွာပါ ပ်ံ့ႏွ႕ံသြားၿပီး ဘယ္သူကမွ သူ႕အား ထပ္ၿပီး အနိုင္မက်င့္ရဲေတာ့ေပ။
လုေခ်ာင္ဟာ သူတ႐ုတ္သို႔ ျပန္ေရာက္လာသည့္ အခ်ိန္ လုဖန္းနဲ႕ ရင္ဆိုင္ေတြ႕ကာ ထိုျဖစ္ရပ္အေၾကာင္းကို ရွာေဖြေလ၏။ထိုအရာေၾကာင့္ ပ်က္ဆီးမႈေတြ ရရွိသြားေသာ မိသားစုေတြကို သူ ေသခ်ာကို ေလ်ာ္ေၾကး လိုက္ေပးရေတာ့သည္။
ထိုျဖစ္ရပ္အျပင္ အမ်ိဳးစုံေသာ ကိစၥေတြ ထပ္ျဖစ္လာလည္း လုေခ်ာင္က အခ်ိန္တိုင္းေရွ႕ထြက္ကာ ထိုျပႆနာေတြကို ရွင္းရျပန္၏။လုေခ်ာင္က ညီငယ္ေလးနဲ႕ ပတ္သက္ၿပီး ေျပာသမွ်အရာေတြကို လုဖန္းက အၿမဲနားေထာင္ေသာ္လည္း ဘယ္အခ်ိန္မဆို လုေခ်ာင္နဲ႕ သူ ရင္ဆိုင္ေတြ႕ရေလသည္။လုလီကြၽင္းကို ခ်စ္ခင္တဲ့ သူတို႔ရဲ႕ နည္းလမ္းေတြက ျခားနားတယ္လို႔ သူစဥ္းစားမိခဲ့၏။လုလီကြၽင္း အ႐ြယ္ေရာက္လာရင္ေတာ့ ဒါေတြက ရပ္တန့္သြားေလာက္ မည္။
ညအခ်ိန္ အႀကီးအကဲ လု၏ အိပ္ခန္းတြင္
အႀကီးအကဲလု၊သူ႕ဇနီး ေက်ာက္ေ႐ႊာင္ ႏွင့္ သူတို႔ရဲ႕သားႏွစ္ေယာက္က တစ္စုံတစ္ခုကို အျပင္းအထန္ ေဆြးႏြေးေနၾက၏။
"မင္ မိသားစုကို ဖိတ္စာပို႔ၿပီးၿပီလား?"အႀကီးအကဲလု က တည္ၾကည္ေလးနက္ေသာ အမူအရာကို မ်က္ႏွာတြင္ သယ္ေဆာင္ထားကာ လုက်င္းဟိုင္ကို ေမးလိုက္တယ္။
"ဟုတ္ကဲ့ အေဖ "လုက်င္းဟိုင္က ျပန္ေျဖတယ္။
"သူတို႔က ကြၽန္မတို႔မိသားစုရဲ႕ ပြဲကို တက္လိမ့္မယ္လို႔ ရွင္ထင္လား?ေက်ာက္ေ႐ႊာင္က ေမးျပန္တယ္။
သက္ျပင္းေလးေလးခ်၍ အႀကီးအကဲလု ျပန္ေျဖသည္က "ကိုယ္ေတာ့ မထင္ဘူး၊ဒါက ႏွစ္ဆယ့္ရွစ္ႏွစ္ေတာင္ ၾကာခဲ့ေပမယ့္လည္း မင္ရွီဟုန္က ကိုယ္တို႔ကို ခြင့္မလႊတ္ေသးဘူးေလ"
"ျဖစ္ခဲ့တဲ့အရာေတြက ကြၽန္ေတာ့္ အမွားေတြေၾကာင့္ပါ"သူအေဖ စိိတ္ဆိုးေနတာကို ၾကည့္၍ လုက်င္းဟိုင္က ဝမ္းနည္းစြာ ေျပာတယ္။
"အစ္ကို၊ဒါ အစ္ကိုရဲ႕ အမွားေတြ မဟုတ္ပါဘူး။အဲ့ဒီအခ်ိန္တုန္းက ကံမေကာင္းလို႔ ျဖစ္ပ်က္ခဲ့တာ ဒါေပမယ့္ ဒါ့အတြက္နဲ႕ အစ္ကို႔ကို အစ္ကိုအျပစ္မတင္ပါနဲ႕"လုခ်န္းက သူ႕အစ္ကိုကို ႏွစ္သိမ့္၏။
အႀကီးအကဲလုက ေခါင္းၿငိမ့္ကာ ေျပာသည္ "လုခ်န္း မွန္တယ္ အဲ့ဒါမင္းအမွား မဟုတ္ဘူး။အဲ့ဒီကေလးက အစြန္းေရာက္ ေျခလွမ္းလွမ္းလိမ့္မယ္လို႔ ဘယ္သူကထင္ခဲ့လို႔လဲ?"တစ္ခဏေလာက္ ရပ္တန့္သြားကာ အႀကီးအကဲလုက ဝမ္းနည္း
နည္းေနတဲ့ အသံျဖင့္ မသဲမကြဲ ဆက္ေျပာျပန္၏ "မင္ဖန္စု! ဒီခ်စ္ဖို႔ေကာင္းတဲ့ မိန္းကေလး လွပတဲ့ ဝိညာဥ္တစ္ခုအတြက္ ေၾကကြဲစရာ အဆုံးသတ္ပဲ"
လုက်င္းဟိုင္က ထပ္ေပါင္း၏ "မွန္တယ္ အေဖ သူဒီလိုမ်ိဳး လုပ္လာလိမ့္လို႔ ကြၽန္ေတာ္ ဘယ္ေတာ့ကမွ မေတြးမိခဲ့ဘူး။"
"ကြၽန္မတို႔ အတိတ္ကို ျပန္မရနိုင္ေပမယ့္ သူတို႔နဲ႕ အစကေန ျပန္စလို႔ ရနိုင္မလား?"ေက်ာက္ေ႐ႊာင္က ေမးျပန္၏။
"ကိုယ္လည္း ျပန္ေပါင္းခ်င္တယ္ ဒါေပမယ့္ ကိုယ့္ သူငယ္ခ်င္း မင္ရွီဟုန္ အေၾကာင္းကို ကိုယ္ေကာင္းေကာင္းသိတယ္။သူက ကိုယ့္မ်က္ႏွာကို ထပ္ေတြ႕ခ်င္မွာ မဟုတ္ဘူး။ဒီအမုန္းေတြ ေပ်ာက္ကြယ္သြားမယ့္ေန႕ကို ကိုယ္ေစာင့္ေနမယ္ ၿပီးေတာ့ အတိတ္ကလိုပဲ ကိုယ္တို႔ တူတူျပန္ေနသြားၾကမယ္။ဒါေပမယ့္ ဒီႏွစ္ေတြမွာေတာ့ ကိုယ္ရဲ႕ ဆႏၵနဲ႕ ယုံၾကည္မႈေတြပဲ ျဖစ္ေနတယ္ေလ"အႀကီးအကဲလုက မ်က္ရည္ေတြ စိုစြတ္ေနကာ ဝမ္းနည္းေနေသာ အသံႏွင့္ ေျပာေလတယ္။
အတိတ္က ဒဏ္ရာေတြကို ကုစားနိုင္ေလာက္ေအာင္ ဘယ္စကားလုံးမွ မလုံေလာက္တာေၾကာင့္ ဘယ္သူမွ စကားဆက္ မေျပာေတာ့ေခ်။
ေနာက္ေန႕မနက္ မင္ စံအိမ္တြင္
အႀကီးအကဲ မင္ရွီဟုန္သည္ သူ႕သား မင္ယုရွန္းႏွင့္ ေခြၽးမ က်န္းက်ဲ့နဲ႕အတူ မနက္စာစားေန၏။
"အေဖ လုမိသားစုက အႀကီးအကဲလုရဲ႕ မဂၤလာႏွစ္ပတ္လည္ပြဲ ဖိတ္စာကို ပို႔လိုက္တယ္"က်န္းက်ဲ့ကေျပာရင္း ထိုကဒ္ကို သူမေယာက်ာ္း မင္ယုရွန္းကို ေပးေလတယ္။
လုမိသားစုရဲ႕ နာမည္ကို ၾကားတာနဲ႕ အႀကီးအကဲ မင္းရဲ႕ မ်က္ႏွာက ေဒါသေၾကာင့္ နီရဲလာကာ ေျပာဆိုသည္က "အမွိုက္ပုံးထဲ လႊင့္ပစ္လိုက္ မဟုတ္ရင္ မီးရွို႔လိုက္"
"ဒါေပမယ့္ အေဖ အႀကီးအကဲလုက အတိတ္တုန္းက အေဖရဲ႕ သူငယ္ခ်င္းေကာင္းေလ။ႏွစ္ေတြ အမ်ားႀကီးလည္း ၾကာျမင့္လာၿပီ။ကြၽန္မတို႔ အရာအားလုံးကို ေမ့ပစ္ၿပီး ေရွ႕ဆက္သင့္တယ္ေလ "က်န္းက်ဲ့က ေဒါသထြက္ေနတဲ့ လူႏွစ္ေယာက္ကို အႀကဳံျပဳေလသည္။
"လုံေလာက္ၿပီ!"သူ႕အေဖရဲ႕ ေဒါသေတြကို မ်က္ ျမင္ေတြ႕လိုက္ရတဲ့ အခါမွာေတာ့ မင္ယုရွန္းက သူ႕ဇနီးကို ရပ္တန့္ေလတယ္။
မင္ရွီဟုန္က သူမရဲ႕ စကားလုံးေတြေၾကာင့္ အမ်က္ေျခာင္းေျခာင္းထလာၿပီး ေျပာ၏"မင္းဘာလို႔ ဒီလိုေျပာနိုင္ကတာလဲ?သူတို႔ ငါ့ရဲ႕ မင္ဖန္စုကို ဘယ္လိုလုပ္ခဲ့လဲ မင္းေမ့သြားၿပီလား?"
"သူမကို ခြင့္လႊတ္လိုက္ပါ အေဖ၊ သူမက ဒီလို ဆိုလိုတာမဟုတ္ပါဘူး"မင္ယုရွန္းက သူ႕အေဖ တည္ၿငိမ္သြားေအာင္ ႀကိဳးစားေပမယ့္လည္း ေနာက္က်သြားေလၿပီ။
"ဒါဆို သူမက ဘာကို ဆိုလိုတာလဲ?သူတို႔က ငါ့သမီးကို သတ္လိုက္ၾကတယ္ ၿပီးေတာ့ ငါ့သမီးရဲ႕ ေသြးေတြ စြန္းထင္ေနတဲ့ ဒီလူေတြကို သူမက ခြင့္လႊတ္ဖို႔ေျပာတယ္ေလ။"အႀကီးအကဲ မင္က ေဒါသေတြေလာင္ကြၽမ္းေနကာ ဆက္ေျပာ၏
"ငါ တစ္ေန႕ ေသ သြားတဲ့ အခ်ိန္က်ရင္ ငါ့ရဲ႕အသုဘကို အဲ့ဒီ မိမစစ္ ဖမစစ္ေကာင္ လုဟြမ္းနဲ႕ သူ႕သား လုက်င္းဟိုင္ကို မလာေစနဲ႕၊သူတို႔ လာခဲ့ရင္ ခ်က္ခ်င္း ေမာင္းထုတ္လိုက္၊ငါေသ သြားၿပီးရင္ေတာင္ သူတို႔ကို ခြင့္လႊတ္မွာ မဟုတ္ဘူး။"
(အႀကီးအကဲ လုရဲ႕ နာမည္အျပည့္အစုံကို အခုမွသိေတာ့တယ္)
က်န္းက်ဲ့က တစ္ခုခု ေျပာခ်င္ေသာ္လည္း အႀကီးအကဲ မင္က ထမင္းစားစားပြဲမွ အလ်င္အျမန္ ထသြားတာေၾကာင့္ တစ္လုံးမွ မေျပာလိုက္နိုင္ေခ်။
"မင္း ဘာလို႔ လု မိသားစုက ဟာေတြ အၿမဲယူလာရတာလဲ?အေဖက သူတို႔ကို ဘယ္ေလာက္ေတာင္ မုန္းလဲဆိုတာ မင္းမသိဘူးလား?ငါ့ညီမကို သူတို႔ လုပ္ခဲ့တာေတြ မင္းဘယ္လိုေတာင္ ခြင့္လႊတ္နိုင္ကတာလဲ?ငါလည္း သူတို႔ကို ဘယ္ေတာ့မွ ခြင့္လႊတ္မွာမဟုတ္ဘူး။"မင္ယုရွန္းက ေျပာေလ၏။
"အတိတ္မွာျဖစ္ခဲ့တဲ့ အရာေတြက သူတို႔ အမွားခ်ည္းပဲ မဟုတ္ဘူး။"
"ဒါက သူတို႔ေတြရဲ႕ အမွားပဲ ၿပီးေတာ့ အဲ့တာက အမွန္တရားျဖစ္တယ္။ဘယ္ေတာ့မွမေမ့နဲ႕"
မင္ယုရွန္းကလည္း ေျပာၿပီးတာနဲ႕ ထြက္သြားေတာ့သည္။
(Happy Chanyeol day ❤
ေကာင္ေလး ဒီေန႕မွာ ေပၚလာမယ္လို႔ ေမွ်ာ္လင့္ေနတယ္ ေကာင္ေလးကို လြမ္းလိုက္တာ)