ကျန်း စံအိမ်တွင်
ကျန်းယွီယန်မှာတော့ သူမရဲ့ ပထမဆုံးအနမ်း အခိုးခံလိုက်ရသည့် အတိတ်ကို သတိရမှတ်မိနေရင်း အိပ်ရာကို ရှုပ်ထွေးအောင် ပြုလုပ်ထား၏။ သူမ မျက် မှောင်ကြုံ့ရင်း အိပ်ရာက ထလာခဲ့ပြီးနောက် အဲ့ဒီနေ့က သူမရဲ့ ဇာတာခွင်အကြောင်း ပြောခဲ့တဲ့ သူမ အစ်ကိုရဲ့ စကားလုံးတွေကို ရုတ်တရက် သတိရသွားလေတယ်။
ရေချိုးခန်းထဲသို့ ဝင်ကာ သူမရဲ့ ပုံမှန်လုပ်ရိုးလုပ်စဥ် လုပ်ငန်းများ ပြီးမြောက်သွားတာနဲ့ ဧည့်ခန်းသို့ သွားရန် လှေကားကို တစ်ဟုန်ထိုး ပြေးဆင်းတော့၏။အဲ့ဒီကိုရောက်ရင်ပဲ အလယ်စားပွဲခုံပေါ်က သူမ သတင်းစာကို ကောက်ယူလိုက်ကာ စာမျက်နှာတွေကို အလျင်အမြန် လှန်တော့လေသည်။နောက်ဆုံးမှာတော့ သူမ ကြည့်ရှုချင်တဲ့ အရာကို ရှာတွေ့သွားပြီး ဖတ်မယ့် အချိန်မှာပဲ ထိုအရာကို ဖတ်လိုက်သော အသံတစ်သံက သူမကို ချောက်ချားစေ၏။
"မင်းရဲ့ ဇာတာခွင်က ဒီလိုပဲ ထပ်ဖြစ်မှာတဲ့လား?"
ကျန်းယွီယန်က ခေါင်းကို မလှည့်လိုက်ပေ။အဲ့ဒီအစား သူမ မျက်လုံးတွေကို ပိတ်လိုက်ကာ မသဲမကွဲပြောတော့၏ "F**k" အဲ့ဒါ ဘယ်သူမှန်း သူမ သိတယ်။ယင်းဟာ သူမ အစ်ကိုဖြစ်ပြီး သူမနောက်တွင် ရပ်နေ၏။
အသက်ကို ပြင်းပြင်းရှူ၍ ကျန်းယွီယန် သူမ အစ်ကိုကို လှည့်ကြည့်လိုက်၏။"ဘာအကြောင်းကိုများ ပြောနေတာလဲ အစ်ကိုယန်"သူမက ပြုံးလို်က်တယ်။
"မင်းက အထိတ်တလန့် အမူအရာနဲ့ လှေကားကနေ ပြေးဆင်းလာပြီး သတင်းစာကို ကောက်ယူတယ် ပြီးတာနဲ့ ကတိုက်ကရိုက်ကို လှန်တော့တာပဲ ဒါကြောင့် ငါက မင်းရဲ့ ဇာတာခွင်ကို ဖတ်နေမှန်း ငါစဥ်းစားမိတာ။တစ်ခုခုများ ဖြစ်နေလို့လား?" သူက ဆိုဖာတွင် ပျင်းရိစွာ ထိုင်ရင်း တည်ငြိမ်စွာ မေးသည်။
"ဘာကိုဖြစ်ရမှာလဲ?ညီမတို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ဟာတွေ ဘယ်လို ပြုပြင်မွမ်းမံနေတယ်ဆိုတာ ကို ညီမက ဖတ်နေတာလေ" ကျန်းယွီယန်က ရှင်းပြတယ်။
"အဲ့ဒါကြောင့်လား ဆက်သွားလေ ဒါပေမယ့် တကယ်လို့ မင်း ဒီမနက်ရဲ့ ဇာတာခွင်ကို ဖတ်မယ်ဆိုရင်တောင် မင်း သတင်းစာရဲ့ ဘယ်နေရာမှာမှ ရှာတွေ့မှာမဟုတ်ဘူး။"ကျန်းယန်က သူ့ညီမ ပြောသမျှ အရာများကို ယုံချင်ယောင်ဆောင်နေပြန်၏။
"ဘာကြောင့်လဲ?အဲဒါက ဘယ်နားမှာလဲ?" သူမ သိချင်စိတ်ပြင်းပြစွာ မေးတယ်။
"ဒီမှာလေ"သူက သူ့ခေါင်းကို လက်ညှိုးဖြင့် ထိုး
ပြလေသည်။
"ဟုတ်လား? ဒါဆိုရင် အစ်ကိုက ဒါကို ကိုယ့်ဟာကိုယ် လုပ်ခဲ့တာပေါ့၊အစ်ကို....."သူမက ကူရှင်ကို သူရှိတဲ့ နေရာအား ပစ်၍ သူ့မျက် နှာကို ရိုက်လေတယ်။
"Ouch.ငါ့ရဲ့ ကြည့်ကောင်းလှတဲ့ မျက်နှာလေး..အ့ဲဒါက နာတယ်ကွ....အား" နာကျင်နေသလိုမျိုး သူက ဟန်ဆောင်နေ၏။
"အိုက်တင်တွေ ပိုနေတာ ရပ်လိုက်တော့၊ပြဇာတ်ဘုရင်မရဲ့" သူမ တစ်ခြား ကူရှင်ကို သူ့ထံ ထပ်ပစ်လိုက်ပြန်သည်။
"ဒါကြောင့် မင်းရဲ့ ဇာတာခွင်ကို ရှာနေခဲ့တာပဲ"သူက ကျယ်လောင်စွာ ရယ်မောကာ ဆက်ပြောလေ၏။
"နှစ်တွေ အများကြီး ကြာပြီးကာမှ ဒီမြို့မှာ ငါတို့ လျှောက်လည်ကြတာလေ ပြီးတော့ ငါက မင်းကို စိတ်လှုပ်ရှားစေချင်တာ၊ မင်းရဲ့ အပန်းဖြေေနတောကို မြင်ရတော့ ငါလည်း သည်းမခံနိုင်တော့ဘူး ဒါကြောင့် ငါ တစ်စုံတစ်ခုလုပ်ဖို် စီစဥ်လိုက်တော့တာ"သူက ထပ်ရယ်ပြန်ပြီး သူ့ရဲ့ အောင်မြင်မှုကြောင့် ပျော်ရွှင်နေတော့တယ်။
"အစ်ကိုယန်က တကယ်ကို ကလိမ်က ကျစ်ကျတာပဲ"သူမက ပြောရင်း ဆိုဖာတွင် ကျောမှီ ထိုင်လိုက်ကာ အစာအိမ်တွင် သူမလက်ကို ဖိတင်ထားလေသည်။
"မင်း ဒီလို တုံ့ပြန်ပုံအရဆိုရင် တကယ်မှန်သွားတာပေါ့၊ငါ့စကားလုံးတွေက မှန်သွားတယ်လို့ ငါထင်တယ်၊တစ်ခုခုများ ဖြစ်ခဲ့လို့လား?တစ်ယောက်ယောက်က မင်းဆီကနေ တစ်ခုခု ခိုးသွားတယ်မလား?"
"ရပ်လိုက်တော့" သူမ စိတ်အနှောင့် အယှက်ဖြစ်စွာ ပြောလေ၏။
"ဖြစ်နိုင်ချေ ရှိတာကို ငါပြောမယ်၊မင်းက ဓမ္မတာ လာနေပြီး အဲ့ဒါကို ရှာတွေ့သွားတဲ့ တစ်ယောက်က မင်းရဲ့ လစဥ်သုံးပစ္စည်းကို ခိုးသွားတယ်"ကျန်းယန်က ရယ်မောနေရင်း ပေါ့ပါးစွာ စနောက်နေတယ်။
"တစ်ယောက်ယောက်က ဘာကြောင့် ငါ့အိတ်ထဲကနေ လစဥ်သုံးပစ္စည်းကို ခိုးမှာလဲ?အစ်ကို ယုတ္တိတန်အောင် မပြောနိုင်ဘူးလား?"
"ဟင့်အင်း၊ ယုတ္တိတန်အောင်ပြောခြင်းက ငါ တတ်မြောက်တဲ့ အရာမဟုတ်ဘူး"တစ်ခြားတစ်ယောက်က ပြော၏။
"အစ်ကို...အစ်ကို မဖြစ်နိုင်ဘူး၊အစ်ကိုကို့ ကျိန်ဆဲဖို့အတွက် စကားလုံးတွေက မလုံလောက်တော့ဘူး"သူမက နောက်ထပ်ကူရှင်ကို သူ့အား ထပ်ပစ်ပြန်၏။
"နောက်ထပ် အသစ်ကလေး ထပ်ပြောပါဦး"သူက ကူရှင်ကို ဖမ်းလိုက်ရင်း စိန်ခေါ်သည်။
"ဒီမှာ ဘာတွေဖြစ်နေကြတာလဲ?"အဲ့ဒါဟာ သူတို့ရဲ့ အမေဖြစ်လေ၏။သူမ ဧည့်ခန်းထဲသို့ လာရင်း ကူရှင်နှစ်ခုက ကြမ်းပြင်ပေါ် ကျနေတာကို မြင်လိုက်ရတယ်။
"ဘာမှမဟုတ်ဘူး အမေ ယွီယန်က ကွန်ဖူးပန်ဒါ လုပ်နေတာ!"သူ့ညီမအား ပြောင်ပြလေသည်။
"စိတ်တိုအောင်လုပ်နေတဲ့ ကျားမကို ရိုက်နေတာလေ"
"ဟေ့! မင်း ငါ့ကို အမြဲတမ်း ဘာလို့ မိန်းကလေးဇာတ်ကောင်တွေပဲ ပေးနေတာလဲ?ပထမက Matilda အခုကျတော့ ကျားမ!"ည ည်းညူသံက သူ့ပါးစပ်က ထွက်လာလေသည်။
"စိတ်တိုနေတဲ့ငှက်!ကွန်ဖူးပန်ဒါ!အဲ့ဒါတွေကလည်း အမတွေပဲလား?"
"အဲ့ဒါတွေက ချစ်ဖို့ကောင်းပြီး မင်းနဲ့ ကောငျးကောငျး လိုက်လို့ ငါပြောတာလေ"
"စကားအမျှင်မပြတ်ပြောတဲ့ မိန်းမတွေလို အစ်ကိုက ငါ့ကို စိတ်တိုစေလို့ ပြောနေတာလေ"
သူ့တို့အမေသာ ကြားဝင်မဖြတ်လိုက်ရင် သူတို့က ဆက်ဖြစ်နေကြဦးမှာပင်။
"မင်းတို့နှစ်ယောက်လုံး တော်သင့်ပြီ၊ညစာက အဆင်သင့်ဖြစ်နေပြီ၊ထမင်းစား စားပွဲကို လာခဲ့ကြတော့"မိုရုလန်က ပြောရင်းနဲ့ ထမင်းစားခန်းသို့ ပြန်ဝင်သွားတော့၏။သူတို့ ကလေးကဲ့သို့ ရန်ဖြစ်နေကျတိုင်း သူမတားရလေသည်။
"Ok အမေ" ညီညာစွာပြောရင်း မောင်နှစ်မ နှစ်ယောက်က ထမင်းစားခန်းကို ဦးဆောင်သွားတော့၏။
................................................
လုစံအိမ်တွင်
လူတိုင်းက လုချောင်ရဲ့ အိမ်ထောင်ပြုရရေးကို ဆွေးနွေးရင်း အလုပ်ရှုပ်နေကြစဥ် ပြိုင်ကား တစ်စီးက အဆောက်အအုံဥပစာကို အရှိန်နှုန်း အပြည့်ဖြင့် ဝင်လာလေ၏။
"ဒီလူကလေးက ဒီနေ့တော့ အိမ်ကို စောစော ပြန်လာတာပဲ၊နေက အနောက်အရပ်က ထွက်သွားပြီလား?"အကြီးအကဲ လုက မေးသည်။
"ကျွန်တော် မစစ်ကြည့်မိဘူး အဖေ"သူ့သား စောစောပြန်လာ၍ လုချန်းကလည်း အ့ံအားသင့်ကာ ပြောတယ်။
ညသန်းခေါင် မရောက်ခင် အိမ်ပြန်လာတာက သူ့အတွက်တော့ တွေ့ခဲသည့် အရာပင်။
"အစ်ကို လုဖန်း ဒီကိုလာ" လုလီကျွင်းက သူ့အသံကိုမြှင့်၍ ခေါ်လိုက်လေ၏။
လုဖန်းက မိသားစုဝင်တွေ ပန်းခြံထဲမှာ ထိုင်နေကြတာကို မြင်ပြီးသားပင် ၊ သူက သောက်လာတဲ့ အတွက်ကြောင့် သူ့အခန်းကိုသာ သွားဖို့လုပ်လိုက်သော်လည်း သူ့ညီလေးရဲ့ ခေါ်သံကို ကြားလိုက်ရတာကြောင့် အစီအစဥ်ကို ပြောင်းလိုက်ရတော့တယ်။သူချစ်ခင်ပြီး ဂရုစိုက်တဲ့ လုလီကျွင်းကိုတော့ သူမငြင်းနိုင်ပါ။တစ်ခြားမိသားစုဝင်တွေနဲ့ အပြင်ကလူတွေကိုလည်း ကိစ္စမရှိဘူးဆိုရင် သူက သူတို့ကို ဂရုစိုက်နေမှာ မဟုတ်ဘူး။
လုလီကျွင်းကြောင့်သာလျှင် လုဖန်းက တစ်ခြားလူတွေ ရှိရာဆီသို့ လျှောက်လာတော့၏။ထိုင်နေကြတဲ့နေရာကို ဦးတည်သွားမယ့်အစား သူက အကွာအဝေး အနည်းငယ်လောက် မှာ ရပ်လိုက်ပြီး သစ်ပင်အောက်က သစ်သားခုံတန်းလျားတွင်သာ ထိုင်လိုက်လေတယ်။
သစ်ပင်အောက်က မှောင်နေလေသည်။သူက သောက်ထားတဲ့ အတွက်ကြောင့် မိသားစုတွေနဲ့ နီးနီးကပ်ကပ် မနေချင်ဘူး။လုလီကျွင်းကိုလည်း သူ့ရဲ့ ဒီအခြေအနေကို မမြင်စေချင်ပါ။
လုလီကျွင်းက လုဖန်းနားကို ချဥ်းကပ်လာပြီး ဘေးတွင်ထိုင်လိုက်ကာ "အစ်ကို လူတိုင်းက အစ်ကို လုချောင် အိမ်ထောင်ပြုဖို့အတွက် ဆွေးနွေးနေကြတာ သိလား?"
လုဖန်းကတော့ ဘာမှ ပြန်ပြောခြင်းမရှိပေ။လက်နှစ်ဖက်ကို တစ်ခြား ထိုင်ခုံတစ်ဖက် မှာထား၍ ကိုယ်ကိုအားပြုမှီနေရကာ သူ့ခေါင်းကတော့ ကောင်းကင်ကိုသာ တိမ်းစောင်းနေရင်း ငြိမ်သက်စွာ ထိုင်နေလေသည်။သူက မျက်လုံးတွေကို ပိတ်ထားခဲ့လေတယ်။
"အစ်ကို လုဖန်း၊အစ်ကိုကော လက်ထပ်တော့မှာလား?"လုလီကျွင်းကမေး၏။
"အစ်ကို မလုပ်ဘူး" ခေါင်းကတော့ ရှေ့ကိုပဲ ဦးတည်နေကာ သူ ပြောလေသည်။
"ဘာလို့လဲ?"
"ဘာလို့လဲဆိုတော့ မင်းလိုပဲ စိတ်အနှောင့် အယှက်ပေးနိုင်တဲ့ မိန်းကလေးကို ရှာနေတုန်းလေ" လုဖန်းက ပြန်ဖြေတယ်။
"တကယ်လား" လုလီကျွင်းက ရယ်နေတော့တယ်။
တစ်ခြားတစ်ယောက်တော့ သက်ပြင်းချသံသာ ပေးလေ၏။
"ဒါပေမယ့် အစ်ကိုလုချောင်ကတော့ ကောင်းတဲ့ မိန်းကလေးကိုပဲ ရွေးလိမ့်မယ်၊ကျွန်တော် သူ့ကို ယုံကြည်တယ်"
လုဖန်းကတော့ သက်ပြင်းသာ ထပ်ချပြန်တယ်။
"အဲ့မိန်းကလေးက ကျွန်တော့်ကို ချစ်ပြီး ဂရုစိုက်ပေးမယ်လို့ သူကပြောတယ်၊ သူ့လိုပဲတဲ့"
"အင်း....."
"ဒါကြောင့် ကျွန်တော်ကလည်း သူမကို ချစ်ပြီး ဂရုစိုက်ပေးမှာ"
"အင်း.."လုဖန်းက စကားအများကြီးပြောမယ့်အစား ည ည်းညူနေကာ လုလီကျွင်း ပြောသမျှကို နားထောင်ပြီး ထောက်ခံချင်ယောင်ဆောင်နေတော့သည်။
"အစ်ကို လုဖန်း ၊ သူမက တစ်ခြားမိန်းကလေးတွေလို အစ်ကို့ကို နှောင့်ယှက် မှာမဟုတ်ဘူး။ဒါကြောင့် အစ်ကိုဖန်းကလည်း သူမကို ချစ်ပြီး ဂရုစိုက်ပေးမှာလား မှန်တယ်မလား?"
လုဖန်းကတော့ ပြန်မဖြေပါ။ လုလီကျွင်းက သူပြောနေတဲ့ စကားတွေကို သူ နားမလည်မှန်း သိတဲ့အတွက် တိတ်တိတ်နေခြင်းကိုသာ နှစ်သက်နေလေတော့သည်။
"အစ်ကို လုဖန်း ၊ အစ်ကို နားထောင်နေရဲ့လား?"ပြန်ဖြေသံကို မကြားရသောအခါ သူက လုဖန်းလက်ကို လှုပ်ယမ်းလိုက်ပြီး ထပ်မေးလေ၏ "အစ်ကိုလည်း ကျွန်တော်တို့လိုပဲ သူမကို ချစ်မှာလား မှန်တယ်မလား?"
"အင်း.. "လုဖန်းမှာတော့ သူ့ညီက ဒီမေးခွန်းကိုပဲ ထပ်ခါတလဲလဲ ထပ်မေးနေမှာစိုးတဲ့အတွက် ည ည်းညူရင်းသာ ပြန်ဖြေလိုက်ခြင်းပင်။
"အဲ့ဒါကကောင်းတယ်" လုလီကျွင်းက ပျော်ရွှင်စွာ ပြောတော့တယ်။
အနာဂတ်မှာ ဒီကတိဟာ သူတို့ရဲ့ဘဝအတွက် တိကျသေချာတဲ့ အမှန်တရားတစ်ခု ဖြစ်လာအောင် ပြုလုပ်လိမ့်မယ်ဆိုတာ သူတို့နှစ်ယောက်လုံး မသိခဲ့ကြလေဘူး။
(ဒီလောက်ဆို ခင်ဗျားလေးတို့ မှန်းနိုင်လောက်ပါတယ် ဘယ်သူပါထပ်ပါလာတာလဲဆိုတာကို ဒါနဲ့ ကျန်းယန်က တို့ကောင်လေးပါ 😃)
..................................................................
(Zawgyi)
ကျန်း စံအိမ်တွင်
ပြလေသည်။
"Ouch.ငါ့ရဲ့ ကြည့်ကောင်းလှတဲ့ မျက်နှာလေး..အဲ့ဒါက နာတယ်ကွ....အား" နာကျင်နေသလိုမျိုး သူက ဟန်ဆောင်နေ၏။
"နှစ်တွေ အများကြီး ကြာပြီးကာမှ ဒီမြို့မှာ ငါတို့ လျှောက်လည်ကြတာလေ ပြီးတော့ ငါက မင်းကို စိတ်လှုပ်ရှားစေချင်တာ၊ မင်းရဲ့ အပန်းဖြေနေတောကို မြင်ရတော့ ငါလည်း သည်းမခံနိုင်တော့ဘူး ဒါကြောင့် ငါ တစ်စုံတစ်ခုလုပ်ဖို စီစဉ်လိုက်တော့တာ"သူက ထပ်ရယ်ပြန်ပြီး သူ့ရဲ့ အောင်မြင်မှုကြောင့် ပျော်ရွှင်နေတော့တယ်။
................................................
လုစံအိမ်တွင်
"ကျွန်တော် မစစ်ကြည့်မိဘူး အဖေ"သူ့သား စောစောပြန်လာ၍ လုချန်းကလည်း အံ့အားသင့်ကာ ပြောတယ်။
လုလီကျွင်းက လုဖန်နားကို ချဉ်းကပ်လာပြီး ဘေးတွင်ထိုင်လိုက်ကာ "အစ်ကို လူတိုင်းက အစ်ကို လုချောင် အိမ်ထောင်ပြုဖို့အတွက် ဆွေးနွေးနေကြတာ သိလား?"
"ဘာလို့လဲ?"
"အင်း....."