"သူဌေး တစ်ခုခုများ ဖြစ်ခဲ့လား?"နောက်ဆုံးမှာတော့ ရှောင်မင် သတ္တိတွေကို စုစည်းကာ သူ့ကိုမေးလိုက်တော့၏။
လုချောင်မှာ သူ့အား ကြည့်ရှုနေသည်ကို သတိပြုမိတဲ့နောက် ကသိကအောက်ဖြစ်သွားကာ ချောင်းဆိုးလေသည်။လည်ချောင်းကို ရှင်းကာ သူ့ရဲ့ ဖတ်၍မရသော မျက်နှာနှင့်အတူ လုချောင် ပြန်ဖြေသည်က "ဘာမှမဟုတ်ဘူး တစ်ခုခုကို စဥ်းစားနေတာ။"
"သူဌေးမှာ ပူပန်စရာ တစ်ခုခုများ ရှိနေတာလား?"သူ့သူဌေးမှာ နားရွက်တက်ချိတ်လောက်အောင် ပြုံးနေသည့်အတွက် ဒီမေးခွန်းက အသုံးမဝင်မှန်း ရှောင်မင် သိလိုက်၏။သူ့မှာ ကောင်းတဲ့ အရာတစ်ခုခု ဖြစ်လာတာ နေလိမ့်မည်။
"မဟုတ်ဘူး။" လုချောင်က ပုံမှန် အသံဖြင့် ပြန်ဖြေလေသည်။
ရှောင်မင်နဲ့ ယာဥ်မောင်းက ဒီဆွေးနွေးခြင်းက "မဟုတ်ဘူး" တစ်လုံးနဲ့ ပြီးဆုံးသွားပြီ ထင်လို်က်သော်လည်း သူတို့ သူဌေးက ထပ်ပြောလာတာကြောင့် အ့ံအားသင့်သွားရ၏။
"ကြင်နာမှု တစ်ခုကို ပြန်ဆပ်ရမယ့်အကြောင်း စဥ်းစားနေတာ"လုချောင်က ပြောရင်းနဲ့ အချက်အလက်တွေကို ထပ်မံဖွင့်ကာ စတင် ဖတ်နေတော့သည်။
ရှောင်မင်မှာတော့ သူ့ သူဌေး အစက ပြန်ဖြေပြီးတဲ့နောက် မှာ စကားခြောက်လုံး ထပ်ပြောလာမယ်လို့ မထင်ထားလေဘူး။ယာဥ်မောင်းကလည်း အ့ံဩသွားတယ်။သူ ဒီထက် ပိုပြီးလည်း ထပ်မမေးရဲဘူး၊ သေချာတာကတော့ ဒီနေ့တစ်နေ့တာ အတွက် သူဌေးရဲ့ အကန့်အသတ်စကားလုံးတွေက စိတ်ကျေနပ်စေမှာတော့ အမှန်ပဲ။
_ _ _ _ _ _ _ _ _
ကျန်းယွီယန်သည် ကန့်လန့်ဖြတ်မျဉ်းအနီးမှ ကားထဲတွင် သူမအစ်ကိုကို စောင့်ဆိုင်းနေခဲ့၏။တစ်နာရီခွဲကြာတာတောင် သူ ပြန်မလာသေးဘူး။သူမဖုန်းခေါ်မယ့် အချိန်မှာပဲ ပြတင်းပေါက် မှ ခေါက်သံတစ်ချက် သူမကြားလိုက်ရသည်။
အဲ့ဒါကတော့ အိတ်တစ်အိတ်ကို ကိုင်ထားတဲ့ သူမ အစ်ကိုပင်။ယာဥ်မောင်းက သူ့ကို တံခါးလာဖွင့်ပေးပြီး ကျန်းယန်က အိတ်ကို ရှေ့က ခရီးသည်ထိုင်ခုံတွင် ထားလိုက်ကာ သူ့ညီမဘေးတွင် ဝင်ထိုင်လိုက်တော့၏။ယာဥ်မောင်းက ကားစက်နှိုးကာ သူတို့၏အိမ်သို့ စတင် မောင်းနှင်လေသည်။
"အိတ်ထဲက ဘာတွေလဲ?"ကျန်းယွီယန် မေး၏။
"မင်းအတွက် အ့ံဩစရာလေ"သူက မျက်စိတစ်ဖက် မှိတ်ပြကာ ပြန်ဖြေတယ်။
"ညီမအတွက်"သူမက အ့ံအားသင့်စွာ ပြန်မေးလေ၏။
သူ အနည်းငယ် ရယ်လိုက်ကာ ပြန်ဖြေသည်က "အဲ့လောက်လည်း စိတ်လှုပ်မရှားပါနဲ့၊ငါက နောက်တာပါ၊အိတ်ထဲက ဟာတွေက ငါ့ရဲ့ အတွင်းခံတွေ"
ထို ပြောကြားချက်ကြောင့် သူမ ညည်းညူလိုက်ကာ ပြတင်းပေါက် အပြင်သို့ ငေးကြည့်နေရန်သာ ဆုံးဖြတ်လိုက်တော့တယ်။
သူမရဲ့ တုံ့ပြန်မှုကို ကြည့်ရင်း ကျန်းယန် ပြောလာ၏ "ဘာလဲ?မင်း ဘာကို မြင်ချင်လို့လဲ?ငါ စိတ်ထဲ မထားပါဘူး၊သူတို့က အတော့်ကို ဆွဲဆောင်မှုရှိတယ်လေ"ရှေ့ခုံက စျေးဝယ်အိတ်ကို ယူသလို ဟန်ဆောင်လေ၏။
"မလိုဘူး" ကျန်းယွီယန်က ဒီထပ် ပိုမပြောတော့သော်လည်း သူမက စဥ်းစားနေ၏ "ယောကျာ်းတွေက ကိုယ်အောက်ပိုင်းကို ကြွားဝါရတာ ဘာကြောင့် စိတ်ထဲ မထားကျတာလဲ?အရှက် မရှိလိုက်တာ! သူမ နောက်ခုံသို့ မှီလိုက်ကာ မျက်လုံးပိတ်ကာ အိပ်တော့သည်။သူတို့ အိမ်ကို ရောက်တဲ့အချိန်က မွန်းလွဲ ခြောက်နာရီခွဲတောင် ရှိလေပြီ။ကျန်းယွီယန်ကတော့ အရမ်းပင်ပန်းနေတာကြောင့် အိပ်ခန်းကိုသာ တန်းသွားတော့တယ်။
_ _ _ _ _ _ _
မွန်းလွဲ ခုနစ်နာရီ ၊ လု စံအိမ်
လုချောင်ကတော့ အရင်ကထက် ပိုနောက်ကျမှ အိမ်ရောက်၏။သူက ပြည့်လျှံနေတဲ့ အလုပ်တွေကို ပြီးသွားအောင် ကြိုးစားရင်း အချိန်ပိုတွေ သုံးစွဲခဲ့လေတယ်။
လုချောင် ဧည့်ခန်းကို အရောက် မှာတော့ ပုံပန်းသွင်ပြင် နှစ်ခုက သူ့ဆီကို လာကြ၏။
"အစ်ကို လုချောင် ညီမတို့ ပြန်ရောက်ပါပြီ"
သူ့ရဲ့ညီမ နှစ်ယောက် လုလျန်းနဲ့လုပေါင်က သူ့ကို လာနှုတ်ဆက်၏။
လုလျန်းကတော့ လုချောင်ရဲ့ ညီမဖြစ်ကာ လုပေါင်ကတော့ လုချန်းရဲ့ သမီးဖြစ်ပြီး လုချောင်ရဲ့ ဝမ်းကွဲညီမ ဖြစ်လေသည်။သူမက လုလျန်းထက် တစ်နှစ်ငယ်၏။ သူတို့နှစ်ယောက်က နွေရာသီ အားလပ်ရက်အတွင်း သူငယ်ချင်းတွေနဲ့အတူ ခရီးတစ်ခု သွားခဲ့ကြခြင်း ဖြစ်ပေသည်။ထိုညီအစ်မတွေက အဝတ်တစ်စုံကိုလည်း လဲလှယ်ဝတ်ကြ ကာ အကောင်းဆုံးသူငယ်ချင်းများ ဖြစ်ကြလေ၏။
လုချောင်က အပြုံးတစ်ခုနှင့် သူတို့ကို ကြည့်ကာ "မင်းတို့ရဲ့ ခရီးက ဘယ်လိုလဲ?" သူ မေးလိုက်သည်။
တောက်ပစွာ ပြုံး၍ လုလျန်း ပြန်ဖြေသည်က "ဒါက အ့ံအားသင့်စရာပဲ"
လုလျန်းက ငြိမ်သက်ကာ လှပပြီး အကြီးတွေရဲ့ စကားကို အြမဲနားထောင်ပြီး တည်ငြိမ်တဲ့ မိန်းကလေး တစ်ယောက်ဖြစ်၏။ပုံပန်းသွင်ပြင်ကတော့ သူမအမေလို အသားရေက ဖျော့တော့ကာ သူမရဲ့အစ်ကိုမောင်တွေနဲ့ တူညီတဲ့ အနက်ရောင် မျက်လုံးတစ်စုံရှိပြီး သူမတံတောင်ဆစ်မှာ အနက်ရောင် ဆံပင်တို့ အဆုံးသတ်လျက် သူမအသက်ရွယ်ရှိ မိန်းကလေးများထက် အရပ်ရှည်လေသည်။
(T/N: လုလျန်းက လုချောင်ရဲ့ ညီမ လုလီကျွင်းရဲ့ အစ်မမို့ အစ်ကိုမောင်လို့ပဲ သုံးလိုက် မယ်နော်)
"ဟုတ်တယ် ညီမတို့မှာ အကောင်းဆုံး အားလပ်ရက်တွေ ရှိခဲ့တယ်၊အစ်ကို လုချောင်ရော နေကောင်းလား? ညီမတို့ကို မလွမ်းဘူးလား?"လုပေါ်က မေးလေသည်။
လုချောင်က ပြန်ဖြေ၏။ "အစ်ကိုလည်း လွမ်းပါတယ်"
လုပေါင်က ဆိုးပြီး ပြဿနာတွေကို ဖန်တီးဖို့အတွက် အမြဲစိတ်လှုပ်ရှားနေကာ လုလျန်းကိုလည်း ပြဿနာထဲ အမြဲဆွဲထည့်လေ့ ရှိ၏။ပုတဲ့ အသွင်အပြင်၊အပြစ်ကင်းတဲ့ မျက်နှာလေးရှိပြီး သူမ တစ်ခုခုလုပ်မည့် အချိန်မှာတော့ အကျိုးဖျက်ဆီးမှုက အပြည့်ပင်ဖြစ်နေခဲ့၏။နူးညံ့သော ပုံပန်းသွင်ပြင်၊မီးခိုးရောင် မျက်လုံး၊ဖျော့တော့သော အသားရေ၊အညိုရောင် ဆံပင်တိုက သူမရဲ့ ပုခုံးထိရှိလေသည်။သူမမှာ အကြောက်ဆုံး လူတစ်ယောက်တည်းရှိကာ ထိုသူကတော့ သူမ အမေ စုဟွေ့ သာ ဖြစ်တယ်။
"ဟေ့! သူ့ကို အသက်ရှူခွင့်လေး အရင်ပေးလိုက်ဦး၊သူ အခုမှ ရုံးက ပြန်ရောက်တာလေ"
လုဟန်နှင့် သူ့ရဲ့ ဇနီး လုရှု ဖြစ်လေသည်"လုချောင် နေကောင်းလား?"သူ့ရဲ့ဝမ်းကွဲ ညီအစ်ကိုကို တိုက်ရိုက် ဦးတည်ကာ လုဟန် မေးလေ၏။
လုဟန်က လုချန်းနှင့် စုဟွေ့တို့ မိသားစုရဲ့ သားအကြီးဆုံးဖြစ်တယ်။လုမိသားစုရဲ့ တစ်ခြား ယောကျာ်းတွေလိုပဲ အရပ်ရှည်ပြီး ခံ့ညား၏။မီးခိုးရောင် မျက်လုံး၊အညိုရောင် ဆံပင် နှင့် မျက်နှာတွင် သယ်ဆောင်ထားသည့် နှစ်လိုဖွယ်ကောင်းသော အပြုံးက သူ့ကို ထက် မြတ်ပြီး ဖော်ရွေတဲ့ပုံစံကို ပြုလုပ်ပေးသည်။
သူက တိကျစွာ ဆန့်ကျင်ဘက်ဖြစ်သည့် စိတ်မပူတတ်သော လူတစ်ယောက်ဖြစ်တယ်၊ အငယ်တွေကို ကြည့်ရှုစောင့်ရှောက်ရတဲ့ အစ်ကိုကြီး တစ်ယောက် အနေနှင့် လုချောင်နဲ့လုဖန်ကို စောင့်ရှောက်ပေးသည်က သူ့ကို ပြည့်စုံသော ပုံရိပ်တစ်ခု ဖြစ်အောင် ပြုလုပ်ပေးနေ၏။
"ကျွန်တော် ကောင်းပါတယ်" လုချောင်က ပြန်ဖြေရင်း မေးသည်က "အစ်ကို ဘယ်အချိန်က ပြန်ရောက်တာလဲ?"
"မကြာသေးခင် ကာလကပဲ"လုဟန်က ပြန်ဖြေ၏။
လွန်ခဲ့သော နှစ်အနည်းငယ်က အကြီးအကဲ လုသည် သူ့သားနှစ်ယောက် နှင့်အတူ နေထိုင်လိုသဖြင့် လုချန်းကို မြို့သို့ ပြန်ခေါ်ခဲ့သည်။အဲ့ဒီအချိန်မှာတော့ ထိုမြို့ထဲက စီးပွားရေးတာဝန် မှန်သမျှက လုဟန်ကို ကျရောက်သွား၏။အဲ့မြို့မှာရှိတဲ့ စီးပွားရေးက လုကော်ပိုရေးရှင်းရဲ့ မူရင်းဖြစ်ကာ လျစ်လျူရှူလို့မရပဲ အချိန်တိုင်းလိုလို မိသားစုရဲ့ တစ်စုံတစ်ယောက်ကို လိုအပ်နေသည်။
"အစ်ကို ပြန်လာပြီပဲ" လုလီကျွင်းက သူ့အစ်ကိုကို မြင်သောအခါ ပြေးလာလေ၏။လုချောင်က သူ့ခေါင်းလေးကို အပြုံးတစ်ခုနှင့် ပွတ်သတ်ပေးလိုက်သည်။
"ကျွန်တော့်အစ်မတွေ ကျွန်တော်အတွက် ဘာယူလာလဲဆိုတာ မြင်ပြီးပြီလား?အိမ်မ က်ဖမ်းသူတဲ့ အခုကစပြီး အိမ်မ က်ဆိုးတွေ မရဘူးတဲ့ အဲ့ဒါက မကောင်းဘူးလား?"ပိုးမျှင်ဖြင့် ပြုလုပ်ထားသည့် အရောင်အသွေးစုံသော အိမ်မ က်ဖမ်းသူ တစ်ခုကို သူ့လက်ထဲတွင် ကိုင်ထားခဲ့၏။
"အမှန်တကယ်ပဲ" လုချောင်က ပြန်ဖြေ၏ "အစ်ကို သန့်စင်ပြီးတဲ့ အခါကျရင် မင်းနဲ့တူတူ ဖမ်းမယ်လေ"
လုလီကျွင်းက ခေါင်းငြိမ့်သည် "အဖိုးက ပန်းခြံကိုလာဖို့ အားလုံးကိုခေါ်နေတယ် ဒါကြောင့် အဲ့ကို ကျွန်တော် သွားနှင့်မယ်နော်"
"Ok!အစ်ကို မကြာခင် အဲ့ကို လာခဲ့မယ်"
_ _ _ _ _ _ _
ကျန်းစံအိမ်တွင်
ကျန်းယွီယန်က မျက်လုံးများကို ပိတ်ထားပြီး သူမ အိပ်ရာတွင် လဲလျောင်းနေသည်။ရေချိုးခန်း အရှေ့မှ ဖြစ်ရပ်နှင့် ထိုယောကျာ်းမှထွက်ခလာခဲ့သော စကားများကို သူမ ပြန်သတိရသွားသည်။ထ ထိုင်လိုက်ကာ သူမရဲ့ နှုတ်ခမ်းကို ထိ၍ အ့ံအားသင့်စွာ ဆိုသည် "ငါ့ရဲ့ ပထမဆုံးအနမ်းပဲ၊ဘယ်လိုတောင် ဖြစ်သွားရတာလဲ?"
"ငါ့ရဲ့ ပထမဆုံးအနမ်းက ဒီလိုဖြစ်သွားတယ် ပြီးတော့လည်း ထူးဆန်းတဲ့ လူနဲ့"သူမ နားလည်သဘောပေါက်သွားပြီး မူးမေ့သွားကာ အိပ်ရာသို့ ပြန်လှဲချလိုက်တော့၏။ ငိုနေရင်းအိပ်ရာလွှမ်းစောင်နှင့် ခေါင်းအုံးကို အဝေးသို့ပစ်လိုက်ကာ သူမ ဆံပင်တွေကို ဆွဲဆောင့်နေလေတော့သည်။
"ငါ့ရဲ့ပထမဆုံးအနမ်း....ငါ့ရဲ့ ပထမဆုံးအနမ်းကို အခိုးခံလိုက်ရပြီ"
..................................................
(Zawgyi)
"သူေဌး တစ္ခုခုမ်ား ျဖစ္ခဲ့လား?"ေနာက္ဆုံးမွာေတာ့ ေရွာင္မင္ သတၱိေတြကို စုစည္းကာ သူ႕ကိုေမးလိုက္ေတာ့၏။
လုေခ်ာင္မွာ သူ႕အား ၾကည့္ရႈေနသည္ကို သတိျပဳမိတဲ့ေနာက္ ကသိကေအာက္ျဖစ္သြားကာ ေခ်ာင္းဆိုးေလသည္။လည္ေခ်ာင္းကို ရွင္းကာ သူ႕ရဲ႕ ဖတ္၍မရေသာ မ်က္ႏွာႏွင့္အတူ လုေခ်ာင္ ျပန္ေျဖသည္က "ဘာမွမဟုတ္ဘူး တစ္ခုခုကို စဥ္းစားေနတာ။"
"သူေဌးမွာ ပူပန္စရာ တစ္ခုခုမ်ား ရွိေနတာလား?"သူ႕သူေဌးမွာ နား႐ြက္တက္ခ်ိတ္ေလာက္ေအာင္ ၿပဳံးေနသည့္အတြက္ ဒီေမးခြန္းက အသုံးမဝင္မွန္း ေရွာင္မင္ သိလိုက္၏။သူ႕မွာ ေကာင္းတဲ့ အရာတစ္ခုခု ျဖစ္လာတာ ေနလိမ့္မည္။
"မဟုတ္ဘူး။" လုေခ်ာင္က ပုံမွန္ အသံျဖင့္ ျပန္ေျဖေလသည္။
ေရွာင္မင္နဲ႕ ယာဥ္ေမာင္းက ဒီေဆြးႏြေးျခင္းက "မဟုတ္ဘူး" တစ္လုံးနဲ႕ ၿပီးဆုံးသြားၿပီ ထင္လို္က္ေသာ္လည္း သူတို႔ သူေဌးက ထပ္ေျပာလာတာေၾကာင့္ အ့ံအားသင့္သြားရ၏။
"ၾကင္နာမႈ တစ္ခုကို ျပန္ဆပ္ရမယ့္အေၾကာင္း စဥ္းစားေနတာ"လုေခ်ာင္က ေျပာရင္းနဲ႕ အခ်က္အလက္ေတြကို ထပ္မံဖြင့္ကာ စတင္ ဖတ္ေနေတာ့သည္။
ေရွာင္မင္မွာေတာ့ သူ႕ သူေဌး အစက ျပန္ေျဖၿပီးတဲ့ေနာက္ မွာ စကားေျခာက္လုံး ထပ္ေျပာလာမယ္လို႔ မထင္ထားေလဘူး။ယာဥ္ေမာင္းကလည္း အ့ံဩသြားတယ္။သူ ဒီထက္ ပိုၿပီးလည္း ထပ္မေမးရဲဘူး၊ ေသခ်ာတာကေတာ့ ဒီေန႕တစ္ေန႕တာ အတြက္ သူေဌးရဲ႕ အကန့္အသတ္စကားလုံးေတြက စိတ္ေက်နပ္ေစမွာေတာ့ အမွန္ပဲ။
_ _ _ _ _ _ _ _ _
က်န္းယြီယန္သည္ ကန့္လန့္ျဖတ္မ်ဥ္းအနီးမွ ကားထဲတြင္ သူမအစ္ကိုကို ေစာင့္ဆိုင္းေနခဲ့၏။တစ္နာရီခြဲၾကာတာေတာင္ သူ ျပန္မလာေသးဘူး။သူမဖုန္းေခၚမယ့္ အခ်ိန္မွာပဲ ျပတင္းေပါက္ မွ ေခါက္သံတစ္ခ်က္ သူမၾကားလိုက္ရသည္။
အဲ့ဒါကေတာ့ အိတ္တစ္အိတ္ကို ကိုင္ထားတဲ့ သူမ အစ္ကိုပင္။ယာဥ္ေမာင္းက သူ႕ကို တံခါးလာဖြင့္ေပးၿပီး က်န္းယန္က အိတ္ကို ေရွ႕က ခရီးသည္ထိုင္ခုံတြင္ ထားလိုက္ကာ သူ႕ညီမေဘးတြင္ ဝင္ထိုင္လိုက္ေတာ့၏။ယာဥ္ေမာင္းက ကားစက္ႏွိုးကာ သူတို႔၏အိမ္သို႔ စတင္ ေမာင္းႏွင္ေလသည္။
"အိတ္ထဲက ဘာေတြလဲ?"က်န္းယြီယန္ ေမး၏။
"မင္းအတြက္ အ့ံဩစရာေလ"သူက မ်က္စိတစ္ဖက္ မွိတ္ျပကာ ျပန္ေျဖတယ္။
"ညီမအတြက္"သူမက အ့ံအားသင့္စြာ ျပန္ေမးေလ၏။
သူ အနည္းငယ္ ရယ္လိုက္ကာ ျပန္ေျဖသည္က "အဲ့ေလာက္လည္း စိတ္လႈပ္မရွားပါနဲ႕၊ငါက ေနာက္တာပါ၊အိတ္ထဲက ဟာေတြက ငါ့ရဲ႕ အတြင္းခံေတြ"
ထို ေျပာၾကားခ်က္ေၾကာင့္ သူမ ညည္းၫူလိုက္ကာ ျပတင္းေပါက္ အျပင္သို႔ ေငးၾကည့္ေနရန္သာ ဆုံးျဖတ္လိုက္ေတာ့တယ္။
သူမရဲ႕ တုံ႕ျပန္မႈကို ၾကည့္ရင္း က်န္းယန္ ေျပာလာ၏ "ဘာလဲ?မင္း ဘာကို ျမင္ခ်င္လို႔လဲ?ငါ စိတ္ထဲ မထားပါဘူး၊သူတို႔က အေတာ့္ကို ဆြဲေဆာင္မႈရွိတယ္ေလ"ေရွ႕ခုံက ေစ်းဝယ္အိတ္ကို ယူသလို ဟန္ေဆာင္ေလ၏။
"မလိုဘူး" က်န္းယြီယန္က ဒီထပ္ ပိုမေျပာေတာ့ေသာ္လည္း သူမက စဥ္းစားေန၏ "ေယာက်ာ္းေတြက ကိုယ္ေအာက္ပိုင္းကို ႂကြားဝါရတာ ဘာေၾကာင့္ စိတ္ထဲ မထားက်တာလဲ?အရွက္ မရွိလိုက္တာ! သူမ ေနာက္ခုံသို႔ မွီလိုက္ကာ မ်က္လုံးပိတ္ကာ အိပ္ေတာ့သည္။သူတို႔ အိမ္ကို ေရာက္တဲ့အခ်ိန္က မြန္းလြဲ ေျခာက္နာရီခြဲေတာင္ ရွိေလၿပီ။က်န္းယြီယန္ကေတာ့ အရမ္းပင္ပန္းေနတာေၾကာင့္ အိပ္ခန္းကိုသာ တန္းသြားေတာ့တယ္။
_ _ _ _ _ _ _
မြန္းလြဲ ခုနစ္နာရီ ၊ လု စံအိမ္
လုေခ်ာင္ကေတာ့ အရင္ကထက္ ပိုေနာက္က်မွ အိမ္ေရာက္၏။သူက ျပည့္လွ်ံေနတဲ့ အလုပ္ေတြကို ၿပီးသြားေအာင္ ႀကိဳးစားရင္း အခ်ိန္ပိုေတြ သုံးစြဲခဲ့ေလတယ္။
လုေခ်ာင္ ဧည့္ခန္းကို အေရာက္ မွာေတာ့ ပုံပန္းသြင္ျပင္ ႏွစ္ခုက သူ႕ဆီကို လာၾက၏။
"အစ္ကို လုေခ်ာင္ ညီမတို႔ ျပန္ေရာက္ပါၿပီ"
သူ႕ရဲ႕ညီမ ႏွစ္ေယာက္ လုလ်န္းနဲ႕လုေပါင္က သူ႕ကို လာႏႈတ္ဆက္၏။
လုလ်န္းကေတာ့ လုေခ်ာင္ရဲ႕ ညီမျဖစ္ကာ လုေပါင္ကေတာ့ လုခ်န္းရဲ႕ သမီးျဖစ္ၿပီး လုေခ်ာင္ရဲ႕ ဝမ္းကြဲညီမ ျဖစ္ေလသည္။သူမက လုလ်န္းထက္ တစ္ႏွစ္ငယ္၏။ သူတို႔ႏွစ္ေယာက္က ႏြေရာသီ အားလပ္ရက္အတြင္း သူငယ္ခ်င္းေတြနဲ႕အတူ ခရီးတစ္ခု သြားခဲ့ၾကျခင္း ျဖစ္ေပသည္။ထိုညီအစ္မေတြက အဝတ္တစ္စုံကိုလည္း လဲလွယ္ဝတ္ၾက ကာ အေကာင္းဆုံးသူငယ္ခ်င္းမ်ား ျဖစ္ၾကေလ၏။
လုေခ်ာင္က အၿပဳံးတစ္ခုႏွင့္ သူတို႔ကို ၾကည့္ကာ "မင္းတို႔ရဲ႕ ခရီးက ဘယ္လိုလဲ?" သူ ေမးလိုက္သည္။
ေတာက္ပစြာ ၿပဳံး၍ လုလ်န္း ျပန္ေျဖသည္က "ဒါက အ့ံအားသင့္စရာပဲ"
လုလ်န္းက ၿငိမ္သက္ကာ လွပၿပီး အႀကီးေတြရဲ႕ စကားကို အၿမဲနားေထာင္ၿပီး တည္ၿငိမ္တဲ့ မိန္းကေလး တစ္ေယာက္ျဖစ္၏။ပုံပန္းသြင္ျပင္ကေတာ့ သူမအေမလို အသားေရက ေဖ်ာ့ေတာ့ကာ သူမရဲ႕အစ္ကိုေမာင္ေတြနဲ႕ တူညီတဲ့ အနက္ေရာင္ မ်က္လုံးတစ္စုံရွိၿပီး သူမတံေတာင္ဆစ္မွာ အနက္ေရာင္ ဆံပင္တို႔ အဆုံးသတ္လ်က္ သူမအသက္႐ြယ္ရွိ မိန္းကေလးမ်ားထက္ အရပ္ရွည္ေလသည္။
(T/N: လုလ်န္းက လုေခ်ာင္ရဲ႕ ညီမ လုလီကြၽင္းရဲ႕ အစ္မမို႔ အစ္ကိုေမာင္လို႔ပဲ သုံးလိုက္ မယ္ေနာ္)
"ဟုတ္တယ္ ညီမတို႔မွာ အေကာင္းဆုံး အားလပ္ရက္ေတြ ရွိခဲ့တယ္၊အစ္ကို လုေခ်ာင္ေရာ ေနေကာင္းလား? ညီမတို႔ကို မလြမ္းဘူးလား?"လုေပၚက ေမးေလသည္။
လုေခ်ာင္က ျပန္ေျဖ၏။ "အစ္ကိုလည္း လြမ္းပါတယ္"
လုေပါင္က ဆိုးၿပီး ျပႆနာေတြကို ဖန္တီးဖို႔အတြက္ အၿမဲစိတ္လႈပ္ရွားေနကာ လုလ်န္းကိုလည္း ျပႆနာထဲ အၿမဲဆြဲထည့္ေလ့ ရွိ၏။ပုတဲ့ အသြင္အျပင္၊အျပစ္ကင္းတဲ့ မ်က္ႏွာေလးရွိၿပီး သူမ တစ္ခုခုလုပ္မည့္ အခ်ိန္မွာေတာ့ အက်ိဳးဖ်က္ဆီးမႈက အျပည့္ပင္ျဖစ္ေနခဲ့၏။ႏူးညံ့ေသာ ပုံပန္းသြင္ျပင္၊မီးခိုးေရာင္ မ်က္လုံး၊ေဖ်ာ့ေတာ့ေသာ အသားေရ၊အညိုေရာင္ ဆံပင္တိုက သူမရဲ႕ ပုခုံးထိရွိေလသည္။သူမမွာ အေၾကာက္ဆုံး လူတစ္ေယာက္တည္းရွိကာ ထိုသူကေတာ့ သူမ အေမ စုေဟြ႕ သာ ျဖစ္တယ္။
"ေဟ့! သူ႕ကို အသက္ရႉခြင့္ေလး အရင္ေပးလိုက္ဦး၊သူ အခုမွ ႐ုံးက ျပန္ေရာက္တာေလ"
လုဟန္ႏွင့္ သူ႕ရဲ႕ ဇနီး လုရႈ ျဖစ္ေလသည္"လုေခ်ာင္ ေနေကာင္းလား?"သူ႕ရဲ႕ဝမ္းကြဲ ညီအစ္ကိုကို တိုက္ရိုက္ ဦးတည္ကာ လုဟန္ ေမးေလ၏။
လုဟန္က လုခ်န္းႏွင့္ စုေဟြ႕တို႔ မိသားစုရဲ႕ သားအႀကီးဆုံးျဖစ္တယ္။လုမိသားစုရဲ႕ တစ္ျခား ေယာက်ာ္းေတြလိုပဲ အရပ္ရွည္ၿပီး ခံ့ညား၏။မီးခိုးေရာင္ မ်က္လုံး၊အညိုေရာင္ ဆံပင္ ႏွင့္ မ်က္ႏွာတြင္ သယ္ေဆာင္ထားသည့္ ႏွစ္လိုဖြယ္ေကာင္းေသာ အၿပဳံးက သူ႕ကို ထက္ ျမတ္ၿပီး ေဖာ္ေ႐ြတဲ့ပုံစံကို ျပဳလုပ္ေပးသည္။
သူက တိက်စြာ ဆန့္က်င္ဘက္ျဖစ္သည့္ စိတ္မပူတတ္ေသာ လူတစ္ေယာက္ျဖစ္တယ္၊ အငယ္ေတြကို ၾကည့္ရႈေစာင့္ေရွာက္ရတဲ့ အစ္ကိုႀကီး တစ္ေယာက္ အေနႏွင့္ လုေခ်ာင္နဲ႕လုဖန္ကို ေစာင့္ေရွာက္ေပးသည္က သူ႕ကို ျပည့္စုံေသာ ပုံရိပ္တစ္ခု ျဖစ္ေအာင္ ျပဳလုပ္ေပးေန၏။
"ကြၽန္ေတာ္ ေကာင္းပါတယ္" လုေခ်ာင္က ျပန္ေျဖရင္း ေမးသည္က "အစ္ကို ဘယ္အခ်ိန္က ျပန္ေရာက္တာလဲ?"
"မၾကာေသးခင္ ကာလကပဲ"လုဟန္က ျပန္ေျဖ၏။
လြန္ခဲ့ေသာ ႏွစ္အနည္းငယ္က အႀကီးအကဲ လုသည္ သူ႕သားႏွစ္ေယာက္ ႏွင့္အတူ ေနထိုင္လိုသျဖင့္ လုခ်န္းကို ၿမိဳ႕သို႔ ျပန္ေခၚခဲ့သည္။အဲ့ဒီအခ်ိန္မွာေတာ့ ထိုၿမိဳ႕ထဲက စီးပြားေရးတာဝန္ မွန္သမွ်က လုဟန္ကို က်ေရာက္သြား၏။အဲ့ၿမိဳ႕မွာရွိတဲ့ စီးပြားေရးက လုေကာ္ပိုေရးရွင္းရဲ႕ မူရင္းျဖစ္ကာ လ်စ္လ်ဴရႉလို႔မရပဲ အခ်ိန္တိုင္းလိုလို မိသားစုရဲ႕ တစ္စုံတစ္ေယာက္ကို လိုအပ္ေနသည္။
"အစ္ကို ျပန္လာၿပီပဲ" လုလီကြၽင္းက သူ႕အစ္ကိုကို ျမင္ေသာအခါ ေျပးလာေလ၏။လုေခ်ာင္က သူ႕ေခါင္းေလးကို အၿပဳံးတစ္ခုႏွင့္ ပြတ္သတ္ေပးလိုက္သည္။
"ကြၽန္ေတာ့္အစ္မေတြ ကြၽန္ေတာ္အတြက္ ဘာယူလာလဲဆိုတာ ျမင္ၿပီးၿပီလား?အိမ္မ က္ဖမ္းသူတဲ့ အခုကစၿပီး အိမ္မ က္ဆိုးေတြ မရဘူးတဲ့ အဲ့ဒါက မေကာင္းဘူးလား?"ပိုးမွ်င္ျဖင့္ ျပဳလုပ္ထားသည့္ အေရာင္အေသြးစုံေသာ အိမ္မ က္ဖမ္းသူ တစ္ခုကို သူ႕လက္ထဲတြင္ ကိုင္ထားခဲ့၏။
"အမွန္တကယ္ပဲ" လုေခ်ာင္က ျပန္ေျဖ၏ "အစ္ကို သန့္စင္ၿပီးတဲ့ အခါက်ရင္ မင္းနဲ႕တူတူ ဖမ္းမယ္ေလ"
လုလီကြၽင္းက ေခါင္းၿငိမ့္သည္ "အဖိုးက ပန္းၿခံကိုလာဖို႔ အားလုံးကိုေခၚေနတယ္ ဒါေၾကာင့္ အဲ့ကို ကြၽန္ေတာ္ သြားႏွင့္မယ္ေနာ္"
"Ok!အစ္ကို မၾကာခင္ အဲ့ကို လာခဲ့မယ္"
_ _ _ _ _ _ _
က်န္းစံအိမ္တြင္
က်န္းယြီယန္က မ်က္လုံးမ်ားကို ပိတ္ထားၿပီး သူမ အိပ္ရာတြင္ လဲေလ်ာင္းေနသည္။ေရခ်ိဳးခန္း အေရွ႕မွ ျဖစ္ရပ္ႏွင့္ ထိုေယာက်ာ္းမွထြက္ခလာခဲ့ေသာ စကားမ်ားကို သူမ ျပန္သတိရသြားသည္။ထ ထိုင္လိုက္ကာ သူမရဲ႕ ႏႈတ္ခမ္းကို ထိ၍ အ့ံအားသင့္စြာ ဆိုသည္ "ငါ့ရဲ႕ ပထမဆုံးအနမ္းပဲ၊ဘယ္လိုေတာင္ ျဖစ္သြားရတာလဲ?"
"ငါ့ရဲ႕ ပထမဆုံးအနမ္းက ဒီလိုျဖစ္သြားတယ္ ၿပီးေတာ့လည္း ထူးဆန္းတဲ့ လူနဲ႕"သူမ နားလည္သေဘာေပါက္သြားၿပီး မူးေမ့သြားကာ အိပ္ရာသို႔ ျပန္လွဲခ်လိဳက္ေတာ့၏။ ငိုေနရင္းအိပ္ရာလႊမ္းေစာင္ႏွင့္ ေခါင္းအုံးကို အေဝးသို႔ပစ္လိုက္ကာ သူမ ဆံပင္ေတြကို ဆြဲေဆာင့္ေနေလေတာ့သည္။
"ငါ့ရဲ႕ပထမဆုံးအနမ္း....ငါ့ရဲ႕ ပထမဆုံးအနမ္းကို အခိုးခံလိုက္ရၿပီ"