လုချောင်က သူ့လက်ထောက်နှင့်အတူ စားသောက်ဆိုင်သို့ ရောက်လာခဲ့၏။စည်းကမ်းတင်းကြပ်တဲ့ မော်ခေတ်မှာ မေ့လျော့ခြင်းခံခဲ့ရသဖြင့် 'ပြန်မရနိုင်တော့သော ဖော်စပ်နည်းများ'ဟု သတ်မှတ်ထားသည့် ချင်မျိုးဆက် မှ ရှေးဟောင်းပန်းကန်များနှင့် တည်ခင်းသောကြောင့် ထိုစားသောက်ဆိုင်က နာမည်ကြီးသည်။စားသောက်ဖွယ်စာရင်းတွင် အကောင်းဆုံး ပီကင်းဘဲ ၊ အတွင်းဘက်ကျသော မွန်ဂိုလီယန် သိုးငယ်လေးရဲ့ ခြေထောက်ကင်နှင့်နံရိုး ရှန်းရှီ ခေါက်ဆွဲ စသည့်တို့ အပြင် တစ်ခြားအရသာရှိသော ဟင်းပွဲများလည်း ပါဝင်သည်။
လုချောင်က အစည်းအဝေးပွဲတွက် ကြိုတင်မှာထားသော သီးသန့်အခန်းထဲသို့ ဝင်သွားလေသည်။ခုံခြောက်ခုံပါရှိသော စားပွဲကို အစိမ်းရောင် ပန်းတစ်ပွင့်ထိုးထားသော ပန်းအိုးဖြင့် တန်ဆာဆင်ထား၏။အတွင်းပိုင်းတွင်တော့ စားသောက်ဖွယ်စာရင်းနဲ့ ဆင်တူစွာ ရှေးဟောင်းနှင့်ခေတ်ဆန်ခြင်းကိုရော၍ အံဝင်ခွင်ကျဖြစ်အောင် အလှဆင်ထားသည်။
"သူဌေး ကျွန်တော်တို့ ဧည့်သည်တွေက ဆယ့်ငါးမိနစ်အတွင်း ရောက်လာပါလိမ့်မယ်။အဝေးပြေးလမ်းမှာ ယာဥ်သွားလာ လမ်းပိတ်ဆို့နေလို့ အနည်းငယ် နောက်ကျပါမယ်တဲ့"နင်ကောဇီ ရဲ့လက်ထောက်ဆီမှ ဖုန်းလက်ခံရရှိပြီးနောက် ရှောင်မင်က အသိပေး၏။နင်ကောဇီသည် နင်အုပ်စု၏ အကြီးအကဲ ဖြစ်သည်။လုချောင်ကတော့ သူ့ရဲ့ ဆဲလ်ဖုန်းကိုပဲ ကြည့်ရင်း အလုပ်ရှုပ်နေတာကြောင့် ခေါင်းတစ်ချက်သာ ငြိမ့်ပြလေသည်။သူက အိုကေ တစ်လုံးသာပြောပြီး သန့်စင်ခန်းသို့ ထွက်သွားတော့သည်။
_____________
စားသောက်ဆိုင်ရဲ့ တစ်ခြားတစ်ဖက် မှာတော့
ကျန်းယန် နှင့် ကျန်းယွီယန်တို့ စားသောက်ဆိုင်ထဲဝင်လာပြီး တစ်ခုတည်းသော တန်ဖိုးကြီး ခန်းမတွင် ခုံများစွာ ချထားသည့်အနက် မှ ထမင်းစားခန်း ဧရိယာတွင် ထို်င်ဖို့ ရွေးလိုက်၏။
သူတို့ ကုလားထိုင်မှာ ထိုင်ထိုင်ချင်းပဲ စားပွဲထိုးက ရောက်လာလေသည်။သူက နှုတ်ဆက်ပြီး သူတို့ စားချင်တဲ့ အရာများကို ဆုံးဖြတ်ချက် ချနိုင်ရန် မထွက်သွားမီ စားသောက်ဖွယ်စာရင်းကတ်ပြား ပေးခဲ့၏။
"မင်းလိုချင်တာ ရှိလား" ကျန်းယန် က စားသောက်ဖွယ်စာရင်းကို ကြည့်ရင်း မေးသည်။
"တစ်ခုခုပေါ့! ညီမလေး ဆာလောင်တာကို မတွေးနိုင်တော့ဘူး အစ်ကို မှာချင်တာသာ မှာလိုက်တော့"
"အိုကေ!"
"အစ်ကိုယန် ညီမ သန့်စင်ခန်း သွားဖို့ လိုတယ်" သူမက ပြောသည်။
"သွားလေ မင်းက ငယ်တော့တဲ့ မိန်းကလေးမှ မဟုတ်တာ အစ်ကို မင်းလက်ကိုကိုင်ပြီး အိမ်သာကို လမ်းညွှန်ဖို့လိုသေးလား?"ကျန်းယန်က စားသောက်ဖွယ်စာရင်းကိုသာ ကြည့်နေသော်လည်း သူ့မျက်နှာတွင် စနောက်လိုသော အပြုံးတစ်ခု ရှိနေသည်။
ကျန်းယွီယန် က မယုံကြည်နိုင်ပဲ ည ည်းညူသည် "အစ်ကို တစ်ခါလောက် တည်ကြည်လေးနက်လို့ မရဘူးလား?"သူမက မျက် မှောင်ကြုပ်၍ မေး၏။
"တည်ကြည်လေးနက်တာ?အိုကေ ဒါဆို အစ်ကို မင်းကို အဲ့နေရာ ခေါ်သွားမယ် ထ။"သူက ထရပ်ဖို့ ပြင်ဆင်ရင်း ပြောလေသည်။
"အစ်ကိုက မဖြစ်တော့ဘူးပဲ"သူမက စိန်းစိန်းဝါးဝါးကြည့်၏။
"ငါသိတယ်"သူမ၏ စိတ်အနှောင့်အယှက်ဖြစ်နေသော အမူအရာကို မြင်ပြီးနောက် ဝမ်းသာ၍ ပြုံးလိုက်သည်။
ကျန်းယွီယန်က မတ်တပ်ရပ်လိုက်ပြီး သန့်စင်ခန်းသို့ ခြေလှမ်းပြင်းပြင်း လျှောက်သွားတော့၏။
ကျန်းယန်သည် ဒေါပွပြီး အဝေးသို့ လျှောက်သွားသော သူ့ညီမကို ကြည့်နေခဲ့သည်။သူ့မျက်လုံးများတွင် အချစ်နှင့်နွေးထွေးမှုများ ပြည့်နှက်နေကာ နှစ်လိုဖွယ် အပြုံးက သူ့မျက်နှာတွင်ရှိနေ၏။"ချစ်စရာကောင်းတဲ့ ညီမလေးတစ်ယောက် ရှိတာထက် ဘယ်အရာမှ ကံမကောင်းဘူး ပြီးတော့ သူမကို စိတ်အနှောင့်အယှက်ပေးရတာလောက် ဘယ်အရာမှ စိတ်လှုပ်ရှားစရာမကောင်းဘူး။" သူက တတွတ်တွတ် ပြောနေလေသည်။
ကျန်းယွီယန် ဖြတ်လျှောက်သွားချိန်တွင် စားပွဲထိုးများသည် လျှောက်လမ်း၌ ပစ်စည်းများကို ဘီးတပ်တွန်းလှည်းဖြင့် ရွှေ့နေကြသည်။သူတို့က တွန်းလှည်းကို သန့်စင်ခန်းနားတွင် ထားခဲ့ကြသဖြင့် သူမအစ်ကိုကို ကျိန်ဆဲ၍ ဖျက်လက်သွက်စွာ လျှောက်လာလေသည့် ကျန်းယွီယန်သည် ပြည့်သိပ်ထည့်ထားသော ဘီးတပ်တွန်းလှည်း၏ အောက်ခြေတွင် အဝတ်အပိုင်းအစလေး ထွက်နေတာ သတိပြုခဲ့ချင်းမရှိပေ။
ညာဘက်ကို လှည့်လိုက်ရင်ပဲ ထိုအဝတ်စနှင့် သူမ ခြေထောက်ပတ်၍ သူမရဲ့ ထိန်းချုပ်မှု ပျက်ယွင်းသွားသလို တစ်စုံတစ်ယောက်ကို တိုက် မိပြီး ရှေ့သို့ လဲကျသွားတော့၏။
တစ်ချိန်တည်းမှာပဲ လုချောင်သည် သန့်စင်ခန်း ရဲ့ဘယ်ဘက်သို့ လှည့်ထွက်လာသည့် အချိန် တစ်စုံတစ်ယောက်က သူ့ကို တိုက် မိလာ၏။သူဒီထက် နားမလည်နို်င်ခင်မှာပဲ ကြမ်းပြင်သို့ လဲကျသွားတော့သည်။
ထို တိုတောင်းသော အချိန်လေးအတွင်းမှာပဲ လုချောင်သည် သူ့ပေါ်တွင် လဲကျနေသော ကျန်းယွီယန်နှင့်အတူ ကြမ်းပြင်တွင် လဲလျောင်းနေလေသည်။လဲကျ၍ ခံစားရမည့် နာကျင်မှုကို အားတင်းရန် သူမက မျက်လုံးများ ပိတ်ထားခဲ့၏ သို့သော်လည်း သူမသည် နွေးထွေးပြီး တောင့်တင်းသန်မာသော ကိုယ်ပေါ်သို့ အစား ပြုတ်ချခဲ့ရသောကြောင့် ထိတ်လန့်သွားသည်။
သူမ နှုတ်ခမ်းကို နူးည့ံသော တစ်စုံတစ်ရာက ထိနေသဖြင့် မျက်လုံးများကို ဖွင့်လိုက်၏။သူမကို စိုက်ကြည့်နေသော အနက်ရောင် မျက်လုံးတစ်စုံကို သူမ မြင်လိုက်ရလေသည်။သူတို့နှုတ်ခမ်းများက ထိကပ်နေခဲ့ပေ၏။အနမ်းတစ်ခုအတွက် အလွန်ပင်နီးကပ်သွားကြောင်းကို သတိပြုမိပြီး ကျန်းယွီယန် နောက်သို့ မဆုတ်မီ အချိန်ထိ နှစ်ယောက်လုံး အေးခဲနေကြသည်။သူမ သူ့ကို်ယ်ကို တွန်းထုတ်လိုက်ပြီး အလျင်အမြန် ထလိုက်သော်လည်း ခြေချော်ပြီး တိုက် မိကာ သူ့ကိုယ်ပေါ်သို့ ထပ်မံလဲကျပြန်သည်။
"အား..." လုချောင် နာကျင်မှု ကြောင့်ငိုကြွေးမိသွားပြီး သူမလက် မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်မိသွားသည်။
ငိုနေမှုကို စိုက်ကြည့်နေပြီး သူမ မလှုပ်ရဲလေဘူး "ကျွန်မ...ကျွန်မ တောင်းပန်ပါတယ် အ..အဆင်ပြေရဲ့လားဟင်?"
"အဝေး..အဝေး ကို ရွှေ့"သူက သွားကိုကြိတ်ရင်း ပြော၏။
သူရဲ့နာကျင်မှုကို ဖောက်၍ ထွက်လာသော အသံကို သူမ နားမလည်ဘူး "ဘာလဲ?" သူ့အပေါ်တွင် လဲနေရင်းဖြင့် သူမကမေး၏။
"မြစ်လေးတွေရမယ့် ငါအဖိုးရဲ့အိမ် မ က်တွေကို မင်းဖိထားတယ်"သူမျက်လုံးများတွင် နာကျင်မှုကာ ထင်ရှားနေကာ အောက်သို့ ညွှန်ပြရင်း ပြောလေသည်။ထိုမေးခွန်းကို ဖြေပြီးချိန်မှာပဲ ထိုယောကျာ်း၏ ခေါင်းသည် မြေပြင်ပေါ်သို့ ပြန်ကျသွားပြီး နာကျင်မှုကြောင့် ကျယ်လောင်စွာ ည ည်းညူနေလေသည်။
ကျန်းယွီယန်သည် သူမထိမိထားသော ထိတ်လန့်စရာ တစ်စုံတစ်ခုကို သတိပြုမိပြီး သူ့ကိုယ်ပေါ်မှ အဝေးသို့ ရွှေ့သွားတော့သည်။သူမ ခြေထောက်တေွကို ကြည့်ရင်း သူမ လုပ်ခဲ့တဲ့ ဘယ်အရာက သူ့ကို နာကျင်စေသွားတယ်ဆိုတာ နားလည်သွားတော့သည်။
သူမ ခြေထောက်က သူ့ရဲ့အဆောင်အယောင်ကို ထိမိပြီး ထပ်မံလဲကျလေ၏။
ကျန်းယွီယန်က စိတ်ပူသွားသော်လည်း ဒီအချိန်တော့ ပို၍ သတိထားတော့သည်။လုချောင်က ကောင်းမွန်စွာ ထလာ၍ သူ့အဘိုး၏ ဆုတောင်းများကို ဒီအဖြစ်အပျက်က အဆုံးသတ်မသွားေစဖို့သာ မျှော်လင့်ပြီး ကြမ်းပြင်တွင်သာ ဆက်ထိုင်နေခဲ့လေသည်။
(T/N: ပထမဆုံး အနမ်းတောင် ဘာမှန်းမသိတော့လောက်အောင် ပြန်နေရင်းနဲ့ကို အူတက်နေတာပါပဲ အဲ့အပိုင်းလေးကို မပီပြင်လို့ တကယ်တောင်းပန်ပါတယ်ရှင် ဒါနဲ့ ပြန်မယ့်အသစ်လေးက တစ်ရက်ခြားတစ်ခါနော် )
..........................................................
(Zawgyi)
_____________
ကျန်းယန် နှင့် ကျန်းယှီယန်တို့ စားသောက်ဆိုင်ထဲဝင်လာပြီး တစ်ခုတည်းသော တန်ဖိုးကြီး ခန်းမတွင် ခုံများစွာ ချထားသည့်အနက် မှ ထမင်းစားခန်း ဧရိယာတွင် ထိုင်ဖို့ ရွေးလိုက်၏။
"အိုကေ!"
ကျန်းယှီယန် က မယုံကြည်နိုင်ပဲ ည ည်းညူသည် "အစ်ကို တစ်ခါလောက် တည်ကြည်လေးနက်လို့ မရဘူးလား?"သူမက မျက် မှောင်ကြုပ်၍ မေး၏။
ကျန်းယှီယန်က မတ်တပ်ရပ်လိုက်ပြီး သန့်စင်ခန်းသို့ ခြေလှမ်းပြင်းပြင်း လျှောက်သွားတော့၏။
ကျန်းယှီယန် ဖြတ်လျှောက်သွားချိန်တွင် စားပွဲထိုးများသည် လျှောက်လမ်း၌ ပစ်စည်းများကို ဘီးတပ်တွန်းလှည်းဖြင့် ရွှေ့နေကြသည်။သူတို့က တွန်းလှည်းကို သန့်စင်ခန်းနားတွင် ထားခဲ့ကြသဖြင့် သူမအစ်ကိုကို ကျိန်ဆဲ၍ ဖျက်လက်သွက်စွာ လျှောက်လာလေသည့် ကျန်းယှီယန်သည် ပြည့်သိပ်ထည့်ထားသော ဘီးတပ်တွန်းလှည်း၏ အောက်ခြေတွင် အဝတ်အပိုင်းအစလေး ထွက်နေတာ သတိပြုခဲ့ချင်းမရှိပေ။
ကျန်းယှီယန်သည် သူမထိမိထားသော ထိတ်လန့်စရာ တစ်စုံတစ်ခုကို သတိပြုမိပြီး သူ့ကိုယ်ပေါ်မှ အဝေးသို့ ရွှေ့သွားတော့သည်။သူမ ခွထေောကျတှေကို ကြည့်ရင်း သူမ လုပ်ခဲ့တဲ့ ဘယ်အရာက သူ့ကို နာကျင်စေသွားတယ်ဆိုတာ နားလည်သွားတော့သည်။
ကျန်းယှီယန်က စိတ်ပူသွားသော်လည်း ဒီအချိန်တော့ ပို၍ သတိထားတော့သည်။လုချောင်က ကောင်းမွန်စွာ ထလာ၍ သူ့အဘိုး၏ ဆုတောင်းများကို ဒီအဖြစ်အပျက်က အဆုံးသတ်မသွားစေဖို့သာ မျှော်လင့်ပြီး ကြမ်းပြင်တွင်သာ ဆက်ထိုင်နေခဲ့လေသည်။