Part (29) U
သတ်မှတ်အချိန်အတိုင်း ခရီးနှင်နေသည့် ယာဥ်တန်းက တစ်နေကုန်မောင်းပြီး ညဦးပိုင်းမှာ နားနေကြနေရာမှာ စခန်းချနားဖြစ်သည်။
ရှေ့ဆုံး ပွိုင့်သွားသည့် ကားမှ နယ်မြေလုံခြုံရေး အရင်စနည်းနာပြီး စိတ်ချရသည့်ဟန် အချက်ပြမှ တစ်ထောက်နားခြင်းပင်။
ညနေစောင်းကတည်းက စစ်ကြောင်းတစ်ခုလုံးရပ်ကာ ယာဥ်ကြံ့ခိုင်ရေးနှင့် ပစ္စည်းတွေ ရိက္ခာတွေ သေသေချာချာ ပြန်စစ်ပြီး ရွက်ဖျင်တဲများထိုးကာ သူ့အဖွဲ့နှင့်သူ နေရာယူကြပြီ။
ကားဆရာတွေကတော့ ကားခေါင်းခန်းမှာပင် နားကြမည်ဖြစ်ပြီး တစ်ချို့က အနီးအပါးစမ်းချောင်းလေးမှာ ရေတောင် သွားချိုးကြပြီ။
ရဲဘော်တစ်ချို့အကူအညီနှင့် မနိမ့်မမြင့်ကမူလေးထက်မှာ တဲထိုးပြီး စွာတေးကိုကြည့်လိုက်တော့ အပင်ကိုမှီပြီး ငိုက်နေတာကြောင့်
မနိုးတော့ပဲ စစ်စောင်ပါးလေး ခဏခြုံပေးထားလိုက်သည်။
မြေပြင်ကိုအနည်းငယ် ရှင်းလင်းကာ ထင်းတစ်ချို့စုနေတုန်း ဝမ်လုံးလုံးက မျက်လုံးလေးပွတ်ကာ နိုးလာပြီ။
"ကိုကို ဘာလုပ်နေတာလဲ..."
"ညကျရင် အေးမှာ...ခုတည်းက ထင်းကြိုစုထားတာလေ...အိပ်ပုပ်လေး အိပ်ရေးဝရဲ့လား..."
"ကိုကို့လွမ်းလို့ အိပ်မရတာ ကြာပြီ...သိလည်းသိပဲနဲ့..."
"တော်လောက်ပြီ ဝမ်လေး...မကောက်နဲ့တော့...မမှောင်ခင် ရေသွားချိုးရအောင်...ထ...."
ထင်းခြောက်လေးတွေ ကောက်နေသည့် လက်လေးကို အသာဆွဲရင်း ပြောမိတော့ မျက်လုံးလေးပြူးကာ ပါလာပုံက အူယားစရာ။
"Wow...လှလိုက်တာ...ပျော်စရာကြီးနော် ကိုကို..."
သဘာဝတရားကို ချစ်တတ်သည့် ဝမ်လုံးလေးက ဟိုအပင်ငေးလိုက် ဒီပန်းခူးလိုက်နှင့် မျက်လုံးလေးတွေ လက်နေအောင် ပျော်နေရှာတာ။
ကွေ့ဝိုက်စီးဆင်းလာသည့် စမ်းချောင်းလေးက ကျောက်စရစ် ရောင်စုံလေးတွေကို မြင်နေရသည်အထိ ကြည်လင်နေတာကြောင့် ပျော်မြူးသွားပုံလေးကို ငေးရင်း အသာဟန့်ရသည်။
"စမ်းရေက အရမ်းအေးနေတာ...ရေမဆော့ပဲ မြန်မြန်ချိုးမှရမှာ...အဝတ်လဲလိုက်နော် ဝမ်လေး...ကိုကို စောင့်နေမယ်..."
လူတစ်ကိုယ်စာ ကောင်းကောင်းလုံသည့် သဖန်းခြုံကို မေးဆတ်ပြကာ မလှမ်းမကမ်းမှာ ရေဆင်းချိုးရင်း စောင့်နေလိုက်သည်။
"ရေမဆော့နဲ့...ဝမ်လေး...ဖျားမယ်..."
"........"
"ရေမြွေမျောလာမယ်နော်..."
"ကိုကို စိတ်ပုပ်...."
မေးရိုက်သံနှင့် ပွစိပွစိပြောနေသံကြောင့် ပြုံးမိရသေးသည်။
"အား....ကိုကို...ဘောက်ဖတ်ကြီး..."
မျက်စိမှိတ်ပြီး စွတ်အော်နေတဲ့ ကောင်လေး အင်္ကျီလည်ပင်းက ဘောက်ဖတ်ပိစိလေး။
ဖယ်ပေးမည်ပြင်ဆဲ နောက်ကမြင်ကွင်းကြောင့် လူက ထိတ်ခနဲ။
"ငြိမ်ငြိမ်နေ ဝမ်လေး...မလှုပ်နဲ့..."
"ဝှစ်..."
"ဖရော....ရော...ဝရော...."
ဓါးမြှောင်လေးကို လေအလျင်အလား ပစ်လွှတ်လိုက်သော ကိုကို။
သဖန်းပင်ပေါ်က ကျလာသည့် မြွေကြီးက လူးလွန့်နေလျက်၊ အသက်နဲ့ကိုယ် အိုးစားကွဲသွားပြီ။
"ကိုကို...."
ပြေးဖက်လာသော ကိုယ်လေးကို အပေါ်ဝတ်လေး ကောက်ခြုံပေးနေတုန်း တပ်ခွဲက ဆရာကြီးတစ်ချို့ ရောက်လာပြီ။
"ဗိုလ်ကြီး...အသံတွေ ကြားလိုက်လို့..."
"ဟာ...လင်းမြွေကြီးဟ...မိုက်ပြီ...."
"ထားခဲ့ပါ ဗိုလ်ကြီး...ကျွန်တော်တို့ ရှင်းလိုက်မယ်...."
အားတက်သရော ကျန်ခဲ့သော
အဖွဲ့ကို လည်ပြန်ငေးနေသော စွာတေးကို တဲထဲအမြန်ပို့ပြီး နွေးနွေးထွေးထွေး ဝတ်ခိုင်းရသည်။
အခန့်မသင့်လျှင် ရေပြောင်းမြေပြောင်းမှာ ဖျားသွားနိုင်သည် မဟုတ်လား။
ကြယ်သီးတပ်နေရင်း ကြည့်လိုက်တော့ နှုတ်ခမ်းလေး ဖိကိုက်ကာ လက်လေးတွေ ဆုပ်ခြေနေသော စွာတေးက သူ့အင်္ကျီဘောင်းဘီ ပွပွတွေထဲမြုပ်နေသည်။
မီးပုံဘေးမှာ မိုးကာဖျင်စတွေ ဖြန့်ခင်းကာ solar မီးလေးကို သစ်ကိုင်းမှာချိတ်ရင်း ဝိုင်းဖွဲ့စားကြသည့် ပကာသနကင်းသည့် ညစာထမင်းဝိုင်းလေး။
မလှမ်းမကမ်း မီးဖိုဘေးမှာတော့ ဟင်းချိုအိုးကြီးက ပွက်ပွက်ဆူလျက်။
ထမင်းချက်ထားသော ဟန်းကောတွေက အစီအရီ။
တပ်မတစ်ခုတည်း တာဝန်ကျနေပြီး ကျောင်းသားဘဝက guardian ဖြစ်ခဲ့သော ဖုန်းချူယွဲ့နှင့် ရှောင်းကျန့်၊ ဝမ်လေးတို့က တစ်ဝိုင်း ဖြစ်နေသည်။
"ဗိုလ်ကြီးတို့အတွက် အမဲကြော်လေး..."
"အာ...ရပါတယ်...ဆရာကြီးတို့စားပါ...ကျွန်တော်တို့ ဖြစ်ပါတယ်..."
"နည်းနည်းတော့ ယူပါ ဗိုလ်ကြီးရဲ့...."
ဟန်းကော အံလေးထဲမှ အမဲခြောက်ကြော် တစ်ဇွန်းစီခပ်ယူလိုက်တော့ ပြုံးပြုံးကြီး ထွက်သွားသော ဆရာကြီးကို ငေးနေသော စွာတေး။
"ဟင်းချိုက အရွက်တွေ စုံနေရောပဲနော်... ကိုကို...."
"လက်တစ်ကမ်း ဟင်းချိုလေ...."
"ဘာကြီး...."
"လက်တစ်ကမ်းက မှီသမျှအရွက် အကုန်ခူးချက်ထားတဲ့ ဟင်းချိုလို့ ပြောတာ..."
မျက်လုံးပြူးလေးနှင့် အံ့သြနေရှာသော စွာတေးက ချူယွဲ့ စကားကြောင့် ပါးစပ်လေး အဟောင်းသား။
"နောက်ဆို ငှက်ပျောအူတို့ ပန်းဇောက်ထိုးဟင်းတို့ မြက်ချဥ်ကြော်တို့ပါ ကြိုက်သွားလိမ့်မယ်..."
"မြက်ကို စားလို့ရတယ်လား..."
"စားလို့ရတဲ့ မြက်မျိုးပါ...ဝမ်လေးရယ်...ချူယွဲ့....မင်းပြောတာနဲ့ ဝမ်လေး လန့်တော့မယ်..."
"အေးပါကွာ...မနက်တုန်းက အခွက်က တစ်မျိုး ခုကျတစ်မျိုး....လုပ်ထားဦးပေါ့...ငကျန့်ရာ...."
ပြီတီတီပြောနေတာကြောင့် ခေါင်းလေးငုံ့စားနေသည့် ဝမ်လေးကတော့ အအေးပိုလား၍လား၊ အနေရခက်၍လား မသိ။
နားရွက်ဖျားလေးတွေ နီစွေးနေခဲ့လေသည်။
.........................................
"မင်း ဘယ်လိုစဥ်းစားထားလဲ...ငကျန့်...."
ညွှန်ကြားချက်နှင့်မြေပြင်အခြေအနေကိုဆွေးနွေးကြပြီး ပြန်မည်အပြု ချူယွဲ့က မေးလာတာကြောင့် သက်ပြင်းချကာ....
"ဝမ်လေးက ကလေးဆန်ပေမယ့် ခေါင်းမာတယ်...ငါမခေါ်လာရင် ထင်ရာ လျှောက်လုပ်မှာ...အဲ့ဒါကြောင့်ကတိ ဖျက်ခဲ့ရတာ....အခုလောက်ဆို အခြေအနေအမှန် သိလောက်ကြပြီပေါ့....ကြားစခန်းမှာက အလွန်ဆုံးတစ်လပဲ နေရမှာ....အတူပြန်တဲ့အခါ တပ်ရင်းမှူးကိုရော ဖိုးဖိုးကိုရော ကျေနပ်တဲ့အထိ ခွင့်လွှတ်တဲ့အထိ တောင်းပန်ပြီး လက်ထပ်ခွင့်တင်မယ် တွေးထားတယ်..."
"ထင်သလောက်တော့ မလွယ်လှပေမယ့် အချစ်စစ်မှန်ရင် ကျော်ဖြတ်နိုင်မှာပါ...ကြိုးစားထား... ငါ့ကောင်ကြီး..."
"ဒါနဲ့ မနက်က လူစစ်တုန်းက မင်းက ဘယ်လိုသိသွားတာလဲ..."
"ဖုန်းချူယွဲ့ပါကွ...မင်းကလေး ရောက်လာတုန်းက အနီးဆုံးရှိနေတာ ငါ့တပည့်ကျော်ပဲ...အတိုချုပ် အကြောင်းကြားပြီးသား...ယာဥ်တန်းဝင်ကြိုရမှာ မင်းမှန်းလည်း သိပြီးသား...surprise ဖြစ်အောင် မပြောပဲနေတာ...ဘာပဲဖြစ်ဖြစ် ဂုဏ်ပြုပါတယ်ကွာ..."
"ကျေးဇူးကွာ...အေးလာပြီ...ဝမ်လေး ကြောက်နေတော့မယ်...သွားပြီ သားကြီးရေ....."
ချူယွဲ့ဆီက ပြန်လာတော့ ဝမ်လေးက ဆရာသမားတွေနှင့် အဖွဲ့ကျနေပြီ။
မီးဖိုနံဘေးမှာ ဝါးဆစ်ခွက်ထဲက ရေနွေးပူပူလေးသောက်ရင်း ကန်စွန်းဥဖုတ်တွေ စားနေသည့် ဝမ်လုံးလေးက သူ့ကို မြင်တော့ ပလုပ်ပလောင်း လှမ်းခေါ်တော့သည်။
"ကိုကို...."
"တစ်ယောက်တည်း ပျင်းနေမှာ စိုးလို့ စကားပြောနေကြတာပါ ဗိုလ်ကြီး..."
"ရပါတယ်ဗျာ...ကျေးဇူးတောင် တင်ရမှာကို...ကဲ နားကြဦးဗျာ...ဝမ်လေး...သွားရအောင်..."
"ကျေးဇူးတင်ပါတယ်...ဦးဦး ဆရာကြီးတို့..."
အအေးဒဏ်ကြောင့် ကျုံ့ထားသည့်ကိုယ်လေးကို ကုတ်အရှည်ထဲ နောက်ကနေ သိုင်းဖက်ထားပြီး ပုခုံးပေါ် မေးတင်ထားမိဆဲ တဖွဲဖွဲကျလာသော နှင်းစက်များ။
"နှင်း...နှင်းတွေ...first snow နော် ကိုကို..."
"လှလိုက်တာကွာ..."
"ပထမဆုံးနှင်းကျတဲ့ အချိန်မှာ
အတူတူရှိခြင်းဟာ တစ်သက်တာလုံးအတွက် ချစ်ခြင်းတဲ့***....ကိုကိုရဲ့...အဖိုးကြီးတွေ ဖြစ်တဲ့အထိ အတူတူ ရှိသွားကြမယ်နော်...ကိုကို...."
တဖွဲဖွဲကျဆင်းနေသော နှင်းမှုံနှင်းပွင့်များကို လက်လေးတွေဆန့်တန်းကာ ခံယူရင်း ပြုံးမော့နေသည့် မြတ်နိုးမှုအစုစုလေး။
"မလွှဲမရှောင်သာ ကြုံမယ့် နောင်လာမယ့် နှစ်ပေါင်းငါးဆယ်...
ခေါင်းထက်ကဆံပင် ဖွေးဖွေးလှုပ်ကာ
ဘာတွေညာတွေ မသန်စွမ်းချိန်...
မင်းအိမ်မှာဆိုလည်း အိမ်ထောင်မျိုးဆက် မြေးမြစ်တွေ
တိုးပွားရင်းနဲ့ အများကြီးရှိလာ...
နင်ရယ်ငါရယ် နောင်တစ်ချိန်မှာ....
အခုအချိန်လို မဟုတ်ပဲ မပူပြင်းတဲ့အချစ်များနဲ့....
သားတို့နားမလည် မြေးတို့နားမလည်
သူငယ်ပြန်တယ် ထင်လည်းထင်...
အများသူငါ မမြင်အောင် စာတွေ ခိုးခိုးရေးကြမယ်...
အဖိုးကြီးငါ့ကို အဖိုးလေးမင်းက ကိုကိုတွေ ဘာတွေ ခေါ်ပါဦး...."
"အဖိုးကြီးလို့ပဲ ခေါ်မှာ..."
"ခေါ်ချင်ဦးကွာ...."
ဆံပင်ပေါ်က နှင်းမှုံစတို့ကို အသာဖယ်ပေးရင်း ခပ်တိုးတိုးညည်းပြမိသည့် သီချင်းလေးအဆုံးမှာ ပြုံးစိစိ ပြောနေသည့် နှုတ်ခမ်းလေးကို ပိတ်ပစ်တာကြောင့် ရင်ဘတ်ဆီထုလာသည့် လက်သီးဆုပ်လေးတွေ။
နှင်းကျသည့်ညလေးကို အိပ်ရမှာ နှမျောသည် ဆိုသဖြင့် မီးပုံနံဘေးမှာ နှစ်ယောက်သား စတည်းချနေကြတာ။
ရင်ခွင်ထဲက ဝမ်လုံးလေးကတော့ နှုတ်ခမ်းလေးထော်ကာ မေးမြန်းလို့ စပ်စုလို့မဆုံးတော့ပြီ။
"ဦးဦးဆရာကြီးတို့က ကိုကို့ကို အရမ်းခင်တဲ့ပုံပဲနော်...."
"ဘာလို့လဲ ဝမ်လေးရဲ့...."
"ဟင်းနည်းနည်းလေးကို လာခွဲကျွေးတာလေ...အရမ်းခင်လို့ မဟုတ်ဘူးလား..."
"အသက်အားဖြင့် ကိုကိုကငယ်ရင်တောင် ရာထူးအခြေအနေအရ လေးစားမှုနဲ့ တတ်နိုင်သမျှ အလေးပေးတတ်တာက ချစ်စရာကောင်းတဲ့ အထက်အောက် အပြန်အလှန်ထားရှိတဲ့ ရိုသေလေးစားမှုပဲ...မိဝေးဘဝေး နေရတဲ့သူချင်း သွေးမတော်သားမစပ်ပေမယ့် အသက်ပေးပြီး အတူတိုက်နေရတဲ့ ရဲဘော်ရဲဘက်တွေ....သေဖော်သေဖက်တွေကိုး...."
"ဟုတ်တယ်နော်..."
"နောက်တန်းမှာ မူးရင်သာ မူးနေမယ်...ရှေ့တန်းမှာ သူသေကိုယ်သေ fighter တွေပဲ....တကယ် ချစ်စရာ အမူအကျင့်လေးတွေ..."
"သူ့ရဲဘော်တွေကို ဂုဏ်ဆာနေတာနော်...ဒါနဲ့ ပန်းဇောက်ထိုးဆိုတာ ပန်းပင်ကဇောက်ထိုး ဖြစ်နေတာလား ကိုကို...မနက်က ပြောတဲ့ဟာလေ ..."
"တောဟင်းရွက်တစ်မျိုးပါ ဝမ်လေးရယ်..."
"ငှက်ပျောအူကရော ဟင်းချက်ရတာလား..."
"ပဲဟင်းချက်ပြီး ခပ်တယ်...မီးမွှေးဖို့ အဆင်မပြေတဲ့အခါ ကျတော့လည်း အူတိုင်အနုလေးကိုပဲ စုပ်ရတာမျိုးပေါ့..."
"ရှေ့တန်းမှာ အဲ့လိုစားရတာလားဟင်...ကိုကို..."
"အမြဲတော့ မဟုတ်ပါဘူး...ရိက္ခာနည်းတဲ့အခါမျိုး ရှာလို့မလွယ်တဲ့အခါမျိုးမှပါ...လက်လှမ်းမီသမျှ အသီးအရွက်တွေနဲ့ ငါးရှာဖားရှာ ရှာရင်းကလည်း ဟင်းဖြစ်တာပဲလေ..."
"ကိုကိုရယ်...."
"စိတ်မကောင်း ဖြစ်နေတာလား...ကိုကို့အချစ်က...."
"ဝမ်လေးတို့ အေးအေးဆေးဆေး နေနိုင်ဖို့ ကိုကိုတို့ရဲ့ နေ့တွေညတွေ ပုံပေးထားရတာနော်..."
"လူကြီးလေး ကျနေတာပဲ...စစ်သားဆိုတာ အမိန့်နဲ့တာဝန်ကို လေးစားလိုက်နာရတဲ့ သူတွေပဲ..အများကြီးတွေးပြီး စိတ်မကောင်းမဖြစ်ပါနဲ့ ဝမ်လေးရယ်..."
"ကိုကိုက အရမ်းချစ်ပေးလို့ ကိုကို့ချစ်သူ ဖြစ်ရတာ ပျော်တယ်...နိုင်ငံတော်ကို ကာကွယ်နေတဲ့ စစ်သားကြီးရဲ့ ချစ်သူ ဖြစ်ရလို့လည်း ဂုဏ်ယူတယ်...ချစ်လိုက်ရတာ ကိုကိုရယ်....
"စကားတွေ တတ်နေတာကွာ...အချွဲလေး...ကိုကိုကလည်း ဘာကိုမှမမက်မောပဲ ကိုကို့ပဲ ချစ်ပေးတဲ့ ချစ်သူလေးကို အရမ်းချစ်ရပါတယ်ဗျာ...."
"အဲဒါဆို ပုံပြောပြ...."
"ဟိုးရှေးရှေးတုန်းက အရမ်းချွဲပြီး အရမ်းလည်တဲ့ ဝမ်ဝက်လေးတစ်ကောင် ရှိသတဲ့....."
ပထမဆုံးနှင်းကျတဲ့ညကို မအိပ်ရက်ဘူးဆိုတဲ့ ဝမ်လုံးလုံးလေးဟာ ချစ်သူရဲ့ရင်ခွင်ထဲမှာ ပုံပြင်တွေ နားထောင်ရင်း အိမ်မက်ထဲအထိ နှင်းရုပ်လေးတွေ အတူတူလုပ်နေခဲ့ပါသတဲ့။
.........................................
Note >>>
First Snow Together means Love for a lifetime
(ပထမဆုံး နှင်းကျတဲ့အချိန်မှာ အတူရှိခြင်းဟာ တစ်သက်တာလုံးအတွက် ချစ်ခြင်းလို့အဓိပ္ပါယ် ရပါတယ်တဲ့) ***
တပ်ကိုအခြေခံထားပေမယ့် စိတ်ကူးပုံဖော်ထားတာမို့ data တွေ လွဲကောင်းလွဲနေမှာပါ
မြက်ချဥ်ကြော်က တကယ်စားလို့ရပါတယ်
ပုံကတော့ ရှာမရလို့ ရတာလေးတွေပဲ ထည့်ပေးထားပါတယ်
ရွှေရတုအချစ် သီချင်းလေး ခံစားပေးပါဦး
Love U All ♥
#NwayOo
19.11.2020 (10:50) PM
~~~~~~~~~~~~~~~~~~~~
Part (29) Z
သတ္မွတ္အခ်ိန္အတိုင္း ခရီးႏွင္ေနသည့္ ယာဥ္တန္းက တစ္ေနကုန္ေမာင္းၿပီး ညဦးပိုင္းမွာ နားေနၾကေနရာမွာ စခန္းခ်နားျဖစ္သည္။
ေရွ႕ဆုံး ပြိဳင့္သြားသည့္ ကားမွ နယ္ေျမလုံၿခဳံေရး အရင္စနည္းနာၿပီး စိတ္ခ်ရသည့္ဟန္ အခ်က္ျပမွ တစ္ေထာက္နားျခင္းပင္။
ညေနေစာင္းကတည္းက စစ္ေၾကာင္းတစ္ခုလုံးရပ္ကာ ယာဥ္ႀကံ့ခိုင္ေရးႏွင့္ ပစၥည္းေတြ ရိကၡာေတြ ေသေသခ်ာခ်ာ ျပန္စစ္ၿပီး ႐ြက္ဖ်င္တဲမ်ားထိုးကာ သူ႔အဖြဲ႕ႏွင့္သူ ေနရာယူၾကၿပီ။
ကားဆရာေတြကေတာ့ ကားေခါင္းခန္းမွာပင္ နားၾကမည္ျဖစ္ၿပီး တစ္ခ်ိဳ႕က အနီးအပါးစမ္းေခ်ာင္းေလးမွာ ေရေတာင္ သြားခ်ိဳးၾကၿပီ။
ရဲေဘာ္တစ္ခ်ိဳ႕အကူအညီႏွင့္ မနိမ့္မျမင့္ကမူေလးထက္မွာ တဲထိုးၿပီး စြာေတးကိုၾကည့္လိုက္ေတာ့ အပင္ကိုမွီၿပီး ငိုက္ေနတာေၾကာင့္
မႏိုးေတာ့ပဲ စစ္ေစာင္ပါးေလး ခဏၿခဳံေပးထားလိုက္သည္။
ေျမျပင္ကိုအနည္းငယ္ ရွင္းလင္းကာ ထင္းတစ္ခ်ိဳ႕စုေနတုန္း ဝမ္လုံးလုံးက မ်က္လုံးေလးပြတ္ကာ ႏိုးလာၿပီ။
"ကိုကို ဘာလုပ္ေနတာလဲ..."
"ညက်ရင္ ေအးမွာ...ခုတည္းက ထင္းႀကိဳစုထားတာေလ...အိပ္ပုပ္ေလး အိပ္ေရးဝရဲ႕လား..."
"ကိုကို႔လြမ္းလို႔ အိပ္မရတာ ၾကာၿပီ...သိလည္းသိပဲနဲ႔..."
"ေတာ္ေလာက္ၿပီ ဝမ္ေလး...မေကာက္နဲ႔ေတာ့...မေမွာင္ခင္ ေရသြားခ်ိဳးရေအာင္...ထ...."
ထင္းေျခာက္ေလးေတြ ေကာက္ေနသည့္ လက္ေလးကို အသာဆြဲရင္း ေျပာမိေတာ့ မ်က္လုံးေလးျပဴးကာ ပါလာပုံက အူယားစရာ။
"Wow...လွလိုက္တာ...ေပ်ာ္စရာႀကီးေနာ္ ကိုကို..."
သဘာဝတရားကို ခ်စ္တတ္သည့္ ဝမ္လုံးေလးက ဟိုအပင္ေငးလိုက္ ဒီပန္းခူးလိုက္ႏွင့္ မ်က္လုံးေလးေတြ လက္ေနေအာင္ ေပ်ာ္ေနရွာတာ။
ေကြ႕ဝိုက္စီးဆင္းလာသည့္ စမ္းေခ်ာင္းေလးက ေက်ာက္စရစ္ ေရာင္စုံေလးေတြကို ျမင္ေနရသည္အထိ ၾကည္လင္ေနတာေၾကာင့္ ေပ်ာ္ျမဴးသြားပုံေလးကို ေငးရင္း အသာဟန္႔ရသည္။
"စမ္းေရက အရမ္းေအးေနတာ...ေရမေဆာ့ပဲ ျမန္ျမန္ခ်ိဳးမွရမွာ...အဝတ္လဲလိုက္ေနာ္ ဝမ္ေလး...ကိုကို ေစာင့္ေနမယ္..."
လူတစ္ကိုယ္စာ ေကာင္းေကာင္းလုံသည့္ သဖန္းၿခဳံကို ေမးဆတ္ျပကာ မလွမ္းမကမ္းမွာ ေရဆင္းခ်ိဳးရင္း ေစာင့္ေနလိုက္သည္။
"ေရမေဆာ့နဲ႔...ဝမ္ေလး...ဖ်ားမယ္..."
"........"
"ေရေႁမြေမ်ာလာမယ္ေနာ္..."
"ကိုကို စိတ္ပုပ္...."
ေမး႐ိုက္သံႏွင့္ ပြစိပြစိေျပာေနသံေၾကာင့္ ၿပဳံးမိရေသးသည္။
"အား....ကိုကို...ေဘာက္ဖတ္ႀကီး..."
မ်က္စိမွိတ္ၿပီး စြတ္ေအာ္ေနတဲ့ ေကာင္ေလး အက်ႌလည္ပင္းက ေဘာက္ဖတ္ပိစိေလး။
ဖယ္ေပးမည္ျပင္ဆဲ ေနာက္ကျမင္ကြင္းေၾကာင့္ လူက ထိတ္ခနဲ။
"ၿငိမ္ၿငိမ္ေန ဝမ္ေလး...မလႈပ္နဲ႔..."
"ဝွစ္..."
"ဖေရာ....ေရာ...ဝေရာ...."
ဓါးေျမႇာင္ေလးကို ေလအလ်င္အလား ပစ္လႊတ္လိုက္ေသာ ကိုကို။
သဖန္းပင္ေပၚက က်လာသည့္ ေႁမြႀကီးက လူးလြန္႔ေနလ်က္၊ အသက္နဲ႔ကိုယ္ အိုးစားကြဲသြားၿပီ။
"ကိုကို...."
ေျပးဖက္လာေသာ ကိုယ္ေလးကို အေပၚဝတ္ေလး ေကာက္ၿခဳံေပးေနတုန္း တပ္ခြဲက ဆရာႀကီးတစ္ခ်ိဳ႕ ေရာက္လာၿပီ။
"ဗိုလ္ႀကီး...အသံေတြ ၾကားလိုက္လို႔..."
"ဟာ...လင္းေႁမြႀကီးဟ...မိုက္ၿပီ...."
"ထားခဲ့ပါ ဗိုလ္ႀကီး...ကြၽန္ေတာ္တို႔ ရွင္းလိုက္မယ္...."
အားတက္သေရာ က်န္ခဲ့ေသာ
အဖြဲ႕ကို လည္ျပန္ေငးေနေသာ စြာေတးကို တဲထဲအျမန္ပို႔ၿပီး ေႏြးေႏြးေထြးေထြး ဝတ္ခိုင္းရသည္။
အခန္႔မသင့္လွ်င္ ေရေျပာင္းေျမေျပာင္းမွာ ဖ်ားသြားႏိုင္သည္ မဟုတ္လား။
ၾကယ္သီးတပ္ေနရင္း ၾကည့္လိုက္ေတာ့ ႏႈတ္ခမ္းေလး ဖိကိုက္ကာ လက္ေလးေတြ ဆုပ္ေျခေနေသာ စြာေတးက သူ႔အက်ႌေဘာင္းဘီ ပြပြေတြထဲျမဳပ္ေနသည္။
မီးပုံေဘးမွာ မိုးကာဖ်င္စေတြ ျဖန္႔ခင္းကာ solar မီးေလးကို သစ္ကိုင္းမွာခ်ိတ္ရင္း ဝိုင္းဖြဲ႕စားၾကသည့္ ပကာသနကင္းသည့္ ညစာထမင္းဝိုင္းေလး။
မလွမ္းမကမ္း မီးဖိုေဘးမွာေတာ့ ဟင္းခ်ိဳအိုးႀကီးက ပြက္ပြက္ဆူလ်က္။
ထမင္းခ်က္ထားေသာ ဟန္းေကာေတြက အစီအရီ။
တပ္မတစ္ခုတည္း တာဝန္က်ေနၿပီး ေက်ာင္းသားဘဝက guardian ျဖစ္ခဲ့ေသာ ဖုန္းခ်ဴယြဲ႕ႏွင့္ ေရွာင္းက်န္႔၊ ဝမ္ေလးတို႔က တစ္ဝိုင္း ျဖစ္ေနသည္။
"ဗိုလ္ႀကီးတို႔အတြက္ အမဲေၾကာ္ေလး..."
"အာ...ရပါတယ္...ဆရာႀကီးတို႔စားပါ...ကြၽန္ေတာ္တို႔ ျဖစ္ပါတယ္..."
"နည္းနည္းေတာ့ ယူပါ ဗိုလ္ႀကီးရဲ႕...."
ဟန္းေကာ အံေလးထဲမွ အမဲေျခာက္ေၾကာ္ တစ္ဇြန္းစီခပ္ယူလိုက္ေတာ့ ၿပဳံးၿပဳံးႀကီး ထြက္သြားေသာ ဆရာႀကီးကို ေငးေနေသာ စြာေတး။
"ဟင္းခ်ိဳက အ႐ြက္ေတြ စုံေနေရာပဲေနာ္... ကိုကို...."
"လက္တစ္ကမ္း ဟင္းခ်ိဳေလ...."
"ဘာႀကီး...."
"လက္တစ္ကမ္းက မွီသမွ်အ႐ြက္ အကုန္ခူးခ်က္ထားတဲ့ ဟင္းခ်ိဳလို႔ ေျပာတာ..."
မ်က္လုံးျပဴးေလးႏွင့္ အံ့ၾသေနရွာေသာ စြာေတးက ခ်ဴယြဲ႕ စကားေၾကာင့္ ပါးစပ္ေလး အေဟာင္းသား။
"ေနာက္ဆို ငွက္ေပ်ာအူတို႔ ပန္းေဇာက္ထိုးဟင္းတို႔ ျမက္ခ်ဥ္ေၾကာ္တို႔ပါ ႀကိဳက္သြားလိမ့္မယ္..."
"ျမက္ကို စားလို႔ရတယ္လား..."
"စားလို႔ရတဲ့ ျမက္မ်ိဳးပါ...ဝမ္ေလးရယ္...ခ်ဴယြဲ႕....မင္းေျပာတာနဲ႔ ဝမ္ေလး လန္႔ေတာ့မယ္..."
"ေအးပါကြာ...မနက္တုန္းက အခြက္က တစ္မ်ိဳး ခုက်တစ္မ်ိဳး....လုပ္ထားဦးေပါ့...ငက်န္႔ရာ...."
ၿပီတီတီေျပာေနတာေၾကာင့္ ေခါင္းေလးငုံ႔စားေနသည့္ ဝမ္ေလးကေတာ့ အေအးပိုလား၍လား၊ အေနရခက္၍လား မသိ။
နား႐ြက္ဖ်ားေလးေတြ နီေစြးေနခဲ့ေလသည္။
.........................................
"မင္း ဘယ္လိုစဥ္းစားထားလဲ...ငက်န္႔...."
ၫႊန္ၾကားခ်က္ႏွင့္ေျမျပင္အေျခအေနကိုေဆြးေႏြးၾကၿပီး ျပန္မည္အျပဳ ခ်ဴယြဲ႕က ေမးလာတာေၾကာင့္ သက္ျပင္းခ်ကာ....
"ဝမ္ေလးက ကေလးဆန္ေပမယ့္ ေခါင္းမာတယ္...ငါမေခၚလာရင္ ထင္ရာ ေလွ်ာက္လုပ္မွာ...အဲ့ဒါေၾကာင့္ကတိ ဖ်က္ခဲ့ရတာ....အခုေလာက္ဆို အေျခအေနအမွန္ သိေလာက္ၾကၿပီေပါ့....ၾကားစခန္းမွာက အလြန္ဆုံးတစ္လပဲ ေနရမွာ....အတူျပန္တဲ့အခါ တပ္ရင္းမႉးကိုေရာ ဖိုးဖိုးကိုေရာ ေက်နပ္တဲ့အထိ ခြင့္လႊတ္တဲ့အထိ ေတာင္းပန္ၿပီး လက္ထပ္ခြင့္တင္မယ္ ေတြးထားတယ္..."
"ထင္သေလာက္ေတာ့ မလြယ္လွေပမယ့္ အခ်စ္စစ္မွန္ရင္ ေက်ာ္ျဖတ္ႏိုင္မွာပါ...ႀကိဳးစားထား... ငါ့ေကာင္ႀကီး..."
"ဒါနဲ႔ မနက္က လူစစ္တုန္းက မင္းက ဘယ္လိုသိသြားတာလဲ..."
"ဖုန္းခ်ဴယြဲ႕ပါကြ...မင္းကေလး ေရာက္လာတုန္းက အနီးဆုံးရွိေနတာ ငါ့တပည့္ေက်ာ္ပဲ...အတိုခ်ဳပ္ အေၾကာင္းၾကားၿပီးသား...ယာဥ္တန္းဝင္ႀကိဳရမွာ မင္းမွန္းလည္း သိၿပီးသား...surprise ျဖစ္ေအာင္ မေျပာပဲေနတာ...ဘာပဲျဖစ္ျဖစ္ ဂုဏ္ျပဳပါတယ္ကြာ..."
"ေက်းဇူးကြာ...ေအးလာၿပီ...ဝမ္ေလး ေၾကာက္ေနေတာ့မယ္...သြားၿပီ သားႀကီးေရ....."
ခ်ဴယြဲ႕ဆီက ျပန္လာေတာ့ ဝမ္ေလးက ဆရာသမားေတြႏွင့္ အဖြဲ႕က်ေနၿပီ။
မီးဖိုနံေဘးမွာ ဝါးဆစ္ခြက္ထဲက ေရေႏြးပူပူေလးေသာက္ရင္း ကန္စြန္းဥဖုတ္ေတြ စားေနသည့္ ဝမ္လုံးေလးက သူ႔ကို ျမင္ေတာ့ ပလုပ္ပေလာင္း လွမ္းေခၚေတာ့သည္။
"ကိုကို...."
"တစ္ေယာက္တည္း ပ်င္းေနမွာ စိုးလို႔ စကားေျပာေနၾကတာပါ ဗိုလ္ႀကီး..."
"ရပါတယ္ဗ်ာ...ေက်းဇူးေတာင္ တင္ရမွာကို...ကဲ နားၾကဦးဗ်ာ...ဝမ္ေလး...သြားရေအာင္..."
"ေက်းဇူးတင္ပါတယ္...ဦးဦး ဆရာႀကီးတို႔..."
အေအးဒဏ္ေၾကာင့္ က်ဳံ႕ထားသည့္ကိုယ္ေလးကို ကုတ္အရွည္ထဲ ေနာက္ကေန သိုင္းဖက္ထားၿပီး ပုခုံးေပၚ ေမးတင္ထားမိဆဲ တဖြဲဖြဲက်လာေသာ ႏွင္းစက္မ်ား။
"ႏွင္း...ႏွင္းေတြ...first snow ေနာ္ ကိုကို..."
"လွလိုက္တာကြာ..."
"ပထမဆုံးႏွင္းက်တဲ့ အခ်ိန္မွာ
အတူတူရွိျခင္းဟာ တစ္သက္တာလုံးအတြက္ ခ်စ္ျခင္းတဲ့***....ကိုကိုရဲ႕...အဖိုးႀကီးေတြ ျဖစ္တဲ့အထိ အတူတူ ရွိသြားၾကမယ္ေနာ္...ကိုကို...."
တဖြဲဖြဲက်ဆင္းေနေသာ ႏွင္းမႈံႏွင္းပြင့္မ်ားကို လက္ေလးေတြဆန္႔တန္းကာ ခံယူရင္း ၿပဳံးေမာ့ေနသည့္ ျမတ္ႏိုးမႈအစုစုေလး။
"မလႊဲမေရွာင္သာ ႀကဳံမယ့္ ေနာင္လာမယ့္ ႏွစ္ေပါင္းငါးဆယ္...
ေခါင္းထက္ကဆံပင္ ေဖြးေဖြးလႈပ္ကာ
ဘာေတြညာေတြ မသန္စြမ္းခ်ိန္...
မင္းအိမ္မွာဆိုလည္း အိမ္ေထာင္မ်ိဳးဆက္ ေျမးျမစ္ေတြ
တိုးပြားရင္းနဲ႔ အမ်ားႀကီးရွိလာ...
နင္ရယ္ငါရယ္ ေနာင္တစ္ခ်ိန္မွာ....
အခုအခ်ိန္လို မဟုတ္ပဲ မပူျပင္းတဲ့အခ်စ္မ်ားနဲ႔....
သားတို႔နားမလည္ ေျမးတို႔နားမလည္
သူငယ္ျပန္တယ္ ထင္လည္းထင္...
အမ်ားသူငါ မျမင္ေအာင္ စာေတြ ခိုးခိုးေရးၾကမယ္...
အဖိုးႀကီးငါ့ကို အဖိုးေလးမင္းက ကိုကိုေတြ ဘာေတြ ေခၚပါဦး...."
"အဖိုးႀကီးလို႔ပဲ ေခၚမွာ..."
"ေခၚခ်င္ဦးကြာ...."
ဆံပင္ေပၚက ႏွင္းမႈံစတို႔ကို အသာဖယ္ေပးရင္း ခပ္တိုးတိုးညည္းျပမိသည့္ သီခ်င္းေလးအဆုံးမွာ ၿပဳံးစိစိ ေျပာေနသည့္ ႏႈတ္ခမ္းေလးကို ပိတ္ပစ္တာေၾကာင့္ ရင္ဘတ္ဆီထုလာသည့္ လက္သီးဆုပ္ေလးေတြ။
ႏွင္းက်သည့္ညေလးကို အိပ္ရမွာ ႏွေမ်ာသည္ ဆိုသျဖင့္ မီးပုံနံေဘးမွာ ႏွစ္ေယာက္သား စတည္းခ်ေနၾကတာ။
ရင္ခြင္ထဲက ဝမ္လုံးေလးကေတာ့ ႏႈတ္ခမ္းေလးေထာ္ကာ ေမးျမန္းလို႔ စပ္စုလို႔မဆုံးေတာ့ၿပီ။
"ဦးဦးဆရာႀကီးတို႔က ကိုကို႔ကို အရမ္းခင္တဲ့ပုံပဲေနာ္...."
"ဘာလို႔လဲ ဝမ္ေလးရဲ႕....
"ဟင္းနည္းနည္းေလးကို လာခြဲေကြၽးတာေလ...အရမ္းခင္လို႔ မဟုတ္ဘူးလား..."
"အသက္အားျဖင့္ ကိုကိုကငယ္ရင္ေတာင္ ရာထူးအေျခအေနအရ ေလးစားမႈနဲ႕ တတ္နိုင္သမွ် အေလးေပးတတ္တာက ခ်စ္စရာေကာင္းတဲ့ အထက္ေအာက္ အျပန္အလွန္ထားရွိတဲ့ ရိုေသေလးစားမႈပဲ...မိေဝးဘေဝး ေနရတဲ့သူခ်င္း ေသြးမေတာ္သားမစပ္ေပမယ့္ အသက္ေပးၿပီး အတူတိုက္ေနရတဲ့ ရဲေဘာ္ရဲဘက္ေတြ....ေသေဖာ္ေသဖက္ေတြကိုး...."
"ဟုတ္တယ္ေနာ္..."
"ေနာက္တန္းမွာ မူးရင္သာ မူးေနမယ္...ေရွ႕တန္းမွာ သူေသကိုယ္ေသ fighter ေတြပဲ....တကယ္ ခ်စ္စရာ အမူအက်င့္ေလးေတြ..."
"သူ႕ရဲေဘာ္ေတြကို ဂုဏ္ဆာေနတာေနာ္...ဒါနဲ႕ ပန္းေဇာက္ထိုးဆိုတာ ပန္းပင္ကေဇာက္ထိုး ျဖစ္ေနတာလား ကိုကို...မနက္က ေျပာတဲ့ဟာေလ ..."
"ေတာဟင္း႐ြက္တစ္မ်ိဳးပါ ဝမ္ေလးရယ္..."
"ငွက္ေပ်ာအူကေရာ ဟင္းခ်က္ရတာလား..."
"ပဲဟင္းခ်က္ၿပီး ခပ္တယ္...မီးေမႊးဖို႔ အဆင္မေျပတဲ့အခါ က်ေတာ့လည္း အူတိုင္အႏုေလးကိုပဲ စုပ္ရတာမ်ိဳးေပါ့..."
"ေရွ႕တန္းမွာ အဲ့လိုစားရတာလားဟင္...ကိုကို..."
"အၿမဲေတာ့ မဟုတ္ပါဘူး...ရိကၡာနည္းတဲ့အခါမ်ိဳး ရွာလို႔မလြယ္တဲ့အခါမ်ိဳးမွပါ...လက္လွမ္းမီသမွ် အသီးအ႐ြက္ေတြနဲ႔ ငါးရွာဖားရွာ ရွာရင္းကလည္း ဟင္းျဖစ္တာပဲေလ..."
"ကိုကိုရယ္...."
"စိတ္မေကာင္း ျဖစ္ေနတာလား...ကိုကို႔အခ်စ္က...."
"ဝမ္ေလးတို႔ ေအးေအးေဆးေဆး ေနႏိုင္ဖို႔ ကိုကိုတို႔ရဲ႕ ေန႔ေတြညေတြ ပုံေပးထားရတာေနာ္..."
"လူႀကီးေလး က်ေနတာပဲ...စစ္သားဆိုတာ အမိန္႔နဲ႔တာဝန္ကို ေလးစားလိုက္နာရတဲ့ သူေတြပဲ..အမ်ားႀကီးေတြးၿပီး စိတ္မေကာင္းမျဖစ္ပါနဲ႔ ဝမ္ေလးရယ္..."
"ကိုကိုက အရမ္းခ်စ္ေပးလို႔ ကိုကို႔ခ်စ္သူ ျဖစ္ရတာ ေပ်ာ္တယ္...ႏိုင္ငံေတာ္ကို ကာကြယ္ေနတဲ့ စစ္သားႀကီးရဲ႕ ခ်စ္သူ ျဖစ္ရလို႔လည္း ဂုဏ္ယူတယ္...ခ်စ္လိုက္ရတာ ကိုကိုရယ္....
"စကားေတြ တတ္ေနတာကြာ...အခြၽဲေလး...ကိုကိုကလည္း ဘာကိုမွမမက္ေမာပဲ ကိုကို႔ပဲ ခ်စ္ေပးတဲ့ ခ်စ္သူေလးကို အရမ္းခ်စ္ရပါတယ္ဗ်ာ...."
"အဲဒါဆို ပုံေျပာျပ...."
"ဟိုးေရွးေရွးတုန္းက အရမ္းခြၽဲၿပီး အရမ္းလည္တဲ့ ဝမ္ဝက္ေလးတစ္ေကာင္ ရွိသတဲ့...."
ပထမဆုံးႏွင္းက်တဲ့ညကို မအိပ္ရက္ဘူးဆိုတဲ့ ဝမ္လုံးလုံးေလးဟာ ခ်စ္သူရဲ႕ရင္ခြင္ထဲမွာ ပုံျပင္ေတြ နားေထာင္ရင္း အိမ္မက္ထဲအထိ ႏွင္း႐ုပ္ေလးေတြ အတူတူလုပ္ေနခဲ့ပါသတဲ့။
.........................................
Note >>>
First Snow Together means Love for a lifetime
(ပထမဆုံး ႏွင္းက်တဲ့အခ်ိန္မွာ အတူရွိျခင္းဟာ တစ္သက္တာလုံးအတြက္ ချစ်ခြင်းလို့အဓိပ္ပါယ် ရပါတယ္တဲ့) ***
တပ္ကိုအေျခခံထားေပမယ့္ စိတ္ကူးပုံေဖာ္ထားတာမို႔ data ေတြ လြဲေကာင္းလြဲေနမွာပါ
ျမက္ခ်ဥ္ေၾကာ္က တကယ္စားလို႔ရပါတယ္
ပုံကေတာ့ ရွာမရလို႔ ရတာေလးေတြပဲ ထည့္ေပးထားပါတယ္
ေ႐ႊရတုအခ်စ္ သီခ်င္းေလး ခံစားေပးပါဦး
Love U All ♥
#NwayOo
19.11.2020 (10:50) PM